uz
Feedback
#nso

#nso

Kanalga Telegram’da o‘tish
6 491
Obunachilar
-324 soatlar
-287 kunlar
-16230 kunlar
Postlar arxiv
#nso
6 490
မြန်မာစာတန်းထိုးဇာတ်ကားတွေကို ကြောငြာမပါပဲ တိုက်ရိုက်ကြည့်နိုင်မယ့် website လေး။ လက်ရှိမှာတော့ ကြော်ငြာမတွေ့ရသေး၊ Member စနစ်
မြန်မာစာတန်းထိုးဇာတ်ကားတွေကို ကြောငြာမပါပဲ တိုက်ရိုက်ကြည့်နိုင်မယ့် website လေး။ လက်ရှိမှာတော့ ကြော်ငြာမတွေ့ရသေး၊ Member စနစ်မဖြစ်သေး။ https://nanoflix.io/ #nso

#nso
6 490
Facebook များ error တက်ကြသေးလား။ ကျွန်တော်တော့ ဝင်တာ ဝင်မရတော့ဘူး :D
Facebook များ error တက်ကြသေးလား။ ကျွန်တော်တော့ ဝင်တာ ဝင်မရတော့ဘူး :D

#nso
6 490
CEIR Check တဲ့ App ရဲ့ version 2 လေးပါ။ အရင်အဟောင်းမှာက cloudflare ဘက်က bot ထင်ပြီး you have been blocked လိုမျိုး error ပြပြီး သုံးမရတာကို ပြန်ပြင်ပေးထားပါတယ်။ အရင်အဟောင်းကိုဖျက်ပြီး အခုအသစ်ကို ပြောင်းလဲအသုံးပြုနိုင်ပါပြီ။ #nso

#nso
6 490
IMEI Clone ပွားခံရတာတွေအတွက်က ပထမဦးဆုံး network မှာ activate ဖြစ်တဲ့ဖုန်းကိုသာ မူရင်းလို့ သတ်မှတ်ပြီး ကျန် အနောက်မှာ imei duplicate ဖြစ်နေတဲ့ device တွေကို blacklist လုပ်တာမျိုး၊ location လိုက်ပြီး ဖမ်းတာမျိုးတွေနဲ့ imei ပွားရောင်းချတဲ့သူ၊ သွင်းလာတဲ့သူ၊ လုပ်ပေးတဲ့သူတွေကအစလိုက်ပြီး အရေးယူရင်တော့ 95% လောက်တော့ သက်သာသွားမယ်ထင်တယ်။ အဲ့ဒီမှာအားနည်းချက်လေးတစ်ခုပဲရှိတာက ဖုန်းအသစ်က imei က အပြင်ပေါက်ကြားထားပြီး clone ပွားခံထားရရင် ဖုန်းအသစ်က မသုံးရသေးခင်မှာ ပွားထားတဲ့အလုံးက ( network activate ) သုံးသွားရင်တော့ ပွားခံထားရတဲ့ဖုန်းအသစ်ကို ဝယ်မိတဲ့သူက ဒုက္ခတော့ရောက်နိုင်သေးတယ်။
အဲ့တော့ ရောင်းတဲ့သူတင်မဟုတ်ပဲ ဝယ်တဲ့သူတွေပါက ခေါင်းစားပါပြီ။ တစ်ခုခုဆိုရင် သေချာဖြေရှင်းပေးနိုင်ပြီး တာဝန်ယူပေးမယ့်ဆိုင်မျိုးကို ရွေးရတော့မှာပဲဖြစ်ပါတယ်။
https://www.facebook.com/share/p/1Ag8qbqFuJ/ #nso

#nso
6 490
တကယ်ပဲ imei တွေပွားသုံးခံနေရပြီလား ??? Risk ကရော ? -- ဖုန်းကတော့ OPPO A8, ဒါပေမယ့်... IMEI က iPhone 12 ရဲ့ imei iPhone 12 ပို
+1
တကယ်ပဲ imei တွေပွားသုံးခံနေရပြီလား ??? Risk ကရော ? -- ဖုန်းကတော့ OPPO A8, ဒါပေမယ့်... IMEI က iPhone 12 ရဲ့ imei iPhone 12 ပိုင်ရှင်တော့ နစ်နာပြီ။ imei clone ပွားခံရတာနဲ့ blacklist ထဲရောက်ဖို့က မကြာခင်လာတော့မှာ။ တကယ်အမှန်ကန်သုံးနေတဲ့ သူတစ်ယောက်က သူ့ imei ကို အခြားဖုန်းမှာ ပွားခံလိုက်ရတာနဲ့ ကိုယ့်ဖုန်းရော၊ သူ့ဖုန်းပါ လိုင်းမတက်တော့တာတွေ ဖြစ်လာပါလိမ့်မယ်။ IMEI Clone ပွားတာအတွက် ဥပဒေတွေဘယ်လိုရှိလာမလဲတော့ မသိပေမယ့်၊ ဥပဒေသပ်သပ်ထွက်လာရင် အလုပ်ရှပ်ကုန်ကြဦးမှာ။ ဒါကြောင့် ဖုန်းပဲဝယ်ဝယ်၊ ရောင်းရောင်း CEIR မှာတော့ imei လေးတော့ တစ်ချက်အရင်စစ်သင့်ပါတယ်။ ---- - ဖုန်းသုံးရင် မိမိတို့ IMEI ကိုလဲ public မှာ မပေါက်သွားဖို့ ဂရုစိုက်ဖို့လိုပါတယ်။ - ဖုန်းသွားပြင်ရင်လဲ ယုံကြည်စိတ်ချရပြီး၊ နာမည်အထိမခံပဲ မှန်မှန်ကန်ကန်လုပ်ပေးတဲ့ ဆိုင်တွေကိုသာ သေချာရွေးဖို့လိုလာပါတယ်။ ( ပြီးတော့ ဆားဗစ်ဆိုင်တွေရော၊ အရောင်းဆိုင်တွေကအစ ဘောက်ချာမှာ imei အပြည့်ရေးထည့်တာမျိုးရှောင်သင့်ပါတယ်။ ) #nso

#nso
6 490
photo content

#nso
6 490
Corporation Agreement.docx0.41 KB

#nso
6 490
CEIR Checker App ရဲ့ screenshot လေးပါ။ App သုံးနည်းကတော့ - App ကိုဖွင့်လိုက်ရင် CEIR Website အဆုံးထိပေါ်လာတာကိုစောင့်ပေးပါ။ V
CEIR Checker App ရဲ့ screenshot လေးပါ။ App သုံးနည်းကတော့ - App ကိုဖွင့်လိုက်ရင် CEIR Website အဆုံးထိပေါ်လာတာကိုစောင့်ပေးပါ။ Verification တွေ ပြီးသွားလို့ CEIR Website ပေါ်လာပြီဆိုရင်တော့ အောက်နားက အပြာရောင်ခလုတ်ကိုနှိပ်ပြီးတော့ ဝင်နိုင်ပါပြီဗျ။ ပြီးရင်တော့ အခုပုံထဲအတိုင်း IMEI နေရာမှာ မိမိတို့စစ်ချင်တဲ့ imei ရိုက်ထည့်ပြီး START CHECK ဆိုတာလေးနှိပ်ပြီးစစ်နိုင်ပါပြီ။ #nso

#nso
6 490
CEIR ကို website ထိသွားစရာမလိုပဲ IMEI ထည့်ပြီး အလွယ်စစ်လို့ရတဲ့ App လေးပါ။

#nso
6 490

#nso
6 490
CEIR စစ်လို့ရတဲ့ telegram bot လေးပါ။ @ceirimie_bot #nso
CEIR စစ်လို့ရတဲ့ telegram bot လေးပါ။ @ceirimie_bot #nso

#nso
6 490
ဖုန်းဆိုင်တွေအတွက် လိုအပ်မယ့် CEIR Checker Tool Contact : https://fb.me/mgkboy #nso
+2
ဖုန်းဆိုင်တွေအတွက် လိုအပ်မယ့် CEIR Checker Tool Contact : https://fb.me/mgkboy #nso

#nso
6 490
Short Drama တွေကြည့်ရတာ ဝါသနာပါတဲ့သူတွေအတွက် ကျွန်တော် တကယ်သုံးကြည့်ပြီး အရမ်းအဆင်ပြေတဲ့ Website လေးတစ်ခု တွေ့ထားလို့ Share ပ
Short Drama တွေကြည့်ရတာ ဝါသနာပါတဲ့သူတွေအတွက် ကျွန်တော် တကယ်သုံးကြည့်ပြီး အရမ်းအဆင်ပြေတဲ့ Website လေးတစ်ခု တွေ့ထားလို့ Share ပေးတာပါ။ အရင်ကဆို ဇာတ်လမ်းတစ်ကားကြည့်ဖို့ Facebook မှာဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် ဟိုတစ်ပိုင်း ဒီတစ်ပိုင်း လိုက်ရှာရတာနဲ့တင် တော်တော်အချိန်ကုန်ပြီး စိတ်ညစ်ရတယ်။ အခု dramafren.org ကို သုံးကြည့်တော့မှ အဲဒီဒုက္ခတွေ ကင်းသွားတာ။ အကြိုက်ဆုံးအချက်က သူ့ဆီမှာ Short drama တွေကို တစ်စုတစ်စည်းတည်း စုတင်ပေးထားတော့ တခြားနေရာတွေမှာ လိုက်ရှာစရာကို မလိုတော့တာပဲ။ ကိုယ်ကြည့်ချင်တဲ့ကားကို တစ်နေရာတည်းမှာ အလွယ်တကူရှာပြီး အပိုင်းတွေ ဆက်တိုက်ကြည့်လို့ရလို့ တကယ်မိုက်တယ်။ ဟိုရှာဒီရှာနဲ့ အချိန်မကုန်ချင်ဘူး၊ ဇာတ်လမ်းလေးတွေကို တစ်နေရာတည်းမှာ စိတ်အေးချမ်းသာစွာနဲ့ ကြည့်ချင်တယ်ဆိုရင်တော့ အဲဒီ Website ကို တစ်ချက်လောက် သွားစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ တကယ် အဆင်ပြေပါတယ်။ Link : https://dramafren.org အားနည်းချက်က Popup ကြော်ငြာလေးတွေ တက်တာမျိုးပါပဲ။ #nso

#nso
6 490
၅ လပိုင်းရောက်တော့မှာဆိုတော့ IMEI 1 ပဲ paid ဖြစ်ပြီး 2 Unpaid ဖြစ်နေတဲ့သူတွေအနေနဲ့ အခွန်ဆောင်စရာမလိုပဲ form တင်လို့ရတုန်း တင်
၅ လပိုင်းရောက်တော့မှာဆိုတော့ IMEI 1 ပဲ paid ဖြစ်ပြီး 2 Unpaid ဖြစ်နေတဲ့သူတွေအနေနဲ့ အခွန်ဆောင်စရာမလိုပဲ form တင်လို့ရတုန်း တင်ထားကြပါ။ ပြီးတော့ တစ်ချို့လာမေးကြတဲ့အထဲ ကျွန်တော့်ဖုန်းက unpaid လဲပြနေတယ်၊ အခွန်လဲမဆောင်ရသေးဘူး။ သုံးလို့ရနေသေးတယ်ဆိုတာတွေပါ။ CEIR မှာစစ်လိုက်ရင် unpaid ပြပြီး အခွန်မဆောင်ရသေးရင် အခွန်မဆောင်ခင် သူတို့ပေးသုံးထားတဲ့ ကာလရဲ့ နောက်ဆုံး date လေးပါပါတယ်။ ပုံထဲမှာဆိုရင် end of grace period ဆိုတဲ့ date ပါ။ အဲ့ဒီ date ကို ကျော်သွားရင်တော့ လိုင်းတက်/မတက်က မသေချာတော့ပါဘူး။ တကယ်လိုင်းတွေပိတ်/မပိတ်ကိုတော့ မနက်ဖြန်ကစပြီး အဖြေသိရလောက်မယ်ထင်ပါတယ်။ #nso

#nso
6 490
IMEI 1 Paid ဖြစ်ပြီး IMEI 2 Unpaid ဖြစ်နေတာလေး form တင်တာ error ဖြစ်နေလို့ဆိုပြီး တင်ကြည့်ပေးလိုက်တာ Approve ဖြစ်သွားပြီ။ ဆို
IMEI 1 Paid ဖြစ်ပြီး IMEI 2 Unpaid ဖြစ်နေတာလေး form တင်တာ error ဖြစ်နေလို့ဆိုပြီး တင်ကြည့်ပေးလိုက်တာ Approve ဖြစ်သွားပြီ။ ဆိုတော့ မိမိမှာ imei 1 paid ပြနေပြီး 2 က unpaid ဖြစ်နေတယ်ဆိုရင် ceir website မှာ အခွန်ထပ်ဆောင်စရာမလိုပဲ တင်လို့ရပါတယ်။ ( မပိတ်ခံရခင် တင်တာပိုကောင်းပါတယ်။ ) လိုအပ်တာက - *#06# နှိပ်ပြီး ပေါ်လာတဲ့ imei 1 / 2 ပါတဲ့ screenshot ပုံ - မှတ်ပုံတင် ရှေ့/နောက် ပုံနဲ့ ကျန်တာတော့ မှတ်ပုံတင်ထဲအတိုင်း အချက်အလက်တွေ ဖြည့်ပေးဖို့ပါပဲ။ ပြီးရင်တော့ သူတို့ ceir ဘက်က approve လုပ်ပြီးတဲ့အချိန်ကိုစောင့်ရုံပါပဲ။ approve ဖြစ်သွားပြီဆိုရင်တော့ imei 1 / 2 နှစ်ခုစလုံး ငွေမကုန်ပဲနဲ့ paid ဖြစ်သွားပါလိမ့်မည်။ #nso

#nso
6 490
ဖုန်းဝယ်မယ်ဆိုရင် အရင်က ကိုယ်အဆင်ပြေရာဆိုင်ကနေဝယ်လိုက်ရုံပဲ။ အခုတော့ အဲ့လိုမဟုတ်တော့ပဲ၊ သတိထားရမယ့် အချက်တွေပေါ်လာပါပြီ။ -- က
ဖုန်းဝယ်မယ်ဆိုရင် အရင်က ကိုယ်အဆင်ပြေရာဆိုင်ကနေဝယ်လိုက်ရုံပဲ။ အခုတော့ အဲ့လိုမဟုတ်တော့ပဲ၊ သတိထားရမယ့် အချက်တွေပေါ်လာပါပြီ။ -- ကျွန်တော့် တစ်ဦးတည်းအမြင်အရ လက်ရှိမှာ ၄ လပိုင်းမရောက်ခင် အရှေ့က CEIR မှာ paid ဖြစ်ထားတဲ့ ဖုန်းတွေက စိတ်အချရဆုံးလိုဖြစ်နေပါတယ်။ ထို့အတွက် လက်ရှိမှာ ဖုန်းမဝယ်ခင် ( ဒါမှမဟုတ် ) မရောင်းခင် ၊ ကိုယ်ဝယ်/ရောင်းမယ့်ဖုန်းက ၄ လပိုင်းမရောင်ခင်က အခွန် paid ဖြစ်ပြီးသားအလုံးလားဆိုတာ စိတ်ချရအောင် စစ်ဖို့လိုလာပါပြီ။ ၄ လပိုင်းနောက်ပိုင်းဖုန်းတွေက အခွန်ဆောင်ရတာဖြစ်တဲ့အတွက် အခွန်တကယ်ဆောင်ထားကြောင်း CEIR က ပေးတဲ့ Application ID လေးပါမှသာ တစ်ဝက်လောက်စိတ်ချရပါဦးမည်။ အဲ့ဒီ Appliation ID နဲ့ ceir website မှာ သေချာစစ်ဆေးပြီးမှသာ တကယ်အခွန်ဆောင်ထားတာမှန်ကန်ကြောင်း ( အခွန်ရုံးဘက်ကို ငွေချေပြီးတာ ) သေချာမှသာ 100% အရောင်း/အဝယ် ပြုလုပ်သင့်ပါတယ်။ --------- လက်ရှိ ကျနော့်အနေနဲ့ ဖုန်းဝယ်/ရောင်း ဖို့ ဆိုရင် စိတ်ချရအောင်အတွက် ကျင့်သုံးမယ့် နည်းစနစ်ကတော့ - ဖုန်းဝယ်မယ်ဆိုရင် CEIR မှာ စစ်ပြီး 4 လပိုင်းအရှေ့က အခွန် Paid ဖြစ်ထားတဲ့ဖုန်းဆိုရင် "ဝယ်" - 4 လပိုင်း အနောက်မှာမှ အခွန်ဆောင်ထားပြီးသားပြောရင် Application ID တောင်းမယ်၊ မပေးနိုင်ရင် "မဝယ်" Application ID ပေးခဲ့ရင်လဲ CEIR မှာ ထပ်စစ်ပြီးတော့ အခွန်တကယ် ဆောင် ငွေချေထားကြောင်း သေချာရင် "ဝယ်" ဆိုတာမျိုးပါ။

#nso
6 490
မိမိတို့ဖုန်းကို CEIR မှာ တရားဝင်အခွန်ဆောင်လိုက်ပြီး ကျသင့်ငွေ ပေးချေလိုက်တဲ့အချိန်မှာ Paid ဖြစ်သွားပြီဆိုတာနဲ့ အခုပုံထဲလိုမျ
မိမိတို့ဖုန်းကို CEIR မှာ တရားဝင်အခွန်ဆောင်လိုက်ပြီး ကျသင့်ငွေ ပေးချေလိုက်တဲ့အချိန်မှာ Paid ဖြစ်သွားပြီဆိုတာနဲ့ အခုပုံထဲလိုမျိုး Application ID ဆိုတာလေး CEIR Website က တစ်ခုထုတ်ပေးပါတယ်။ CEIR Website မှာ တရားဝင်အခွန်ဆောင်လိုက်တဲ့သူတွေအနေနဲ့ အဲ့ဒီ Application ID ကို တွဲမှတ်ထားဖို့လိုပါတယ်။
နောက်ဆိုရင် ဖုန်းပြန်ဝယ်တာပဲဖြစ်ဖြစ်၊ ဖုန်းပြန်ရောင်းတာပဲဖြစ်ဖြစ် ဝယ်သူ၊ ရောင်းသူ နှစ်ဦးနှစ်ဖက် အရောင်းဝယ်လုပ်မယ့် ဖုန်းက အခွန်ဆောင်ထားတာ သေချာလားဆိုတာစစ်ဖို့အတွက် Application ID က လိုလာတော့မှာပါ။
အဲ့ဒီ Application ID နဲ့ပဲ မည်သည့်အချိန်မဆို CEIR Website မှာ အခွန်ဆောင်ထားကြောင်း သေချာအောင် ပြန်စစ်လို့ရပါတယ်။ ---- CEIR မှာ တရားဝင် ငွေချေပြီးတော့ အခွန်ဆောင်ထားတဲ့ဖုန်းဆိုရင် Application ID နဲ့စစ်လိုက်ရင် ပေါ်လာတဲ့ပုံလေးကို comment မှာတင်ပေးထားပါတယ်။
အကယ်လို့ ဖုန်းတစ်လုံးက ၄ လပိုင်းနောက်ပိုင်းမှာ
CEIR Website ကနေ တရားဝင် အခွန်ဆောင်ထားတဲ့ဖုန်းလို့
ရောင်းတဲ့ဘက်ကဖြစ်ဖြစ်၊ ဝယ်တဲ့ဘက်ကဖြစ်ဖြစ်
ပြောလာရင်
Application ID ကို တောင်းပြီးတော့ CEIR မှာ စစ်လိုက်ပါ။
Comment ထဲမှာတင်ထားတဲ့ပုံစံမျိုး မပေါ်လာဘူးဆိုရင်
အရောင်းအဝယ်လုပ်ဖို့ သတိထားရပါတော့မည်။
Application ID နဲ့စစ်ဖို့က https://ceir.gov.mm/pay-tax ကိုသွားပြီးတော့ Application ID ဆိုတာကိုရွေးပြီး ID ထည့်ပြီး စစ်နိုင်ပါသည်။ ---- မှတ်ချက်။ ။ ယခု Post သည် CEIR Website ကနေ အခွန်ဆောင်ထားတဲ့ဖုန်းတွေအတွက် ရေးပေးထားခြင်းဖြစ်ပါသည်။ #nso

#nso
6 490
CEIR အတွက် ၄ လပိုင်းနောက်ပိုင်းမှာ အခွန်တရားဝင်ဆောင်လို့ရပြီဆိုတော့ ၄ လပိုင်း နောက်ပိုင်းမှ အခွန်ဆောင်ထားတဲ့ဖုန်းလား ? ( ဒါမှ
+1
CEIR အတွက် ၄ လပိုင်းနောက်ပိုင်းမှာ အခွန်တရားဝင်ဆောင်လို့ရပြီဆိုတော့ ၄ လပိုင်း နောက်ပိုင်းမှ အခွန်ဆောင်ထားတဲ့ဖုန်းလား ? ( ဒါမှမဟုတ် ) ၄ လပိုင်းအရှေ့တုန်းကဖုန်းလားဆိုတာကို လက်ဖက်ရည်ဖိုးသာသာ fee တစ်ခုနဲ့ စစ်ပေးပါတယ်။ အဓိကတော့ second ဝယ်ရောင်းတွေအတွက် လိုအပ်မှာဖြစ်ပါတယ်။ Freepass ဖုန်းလား၊ ၄ လပိုင်းနောက်မှာ အခွန်ဆောင်ထားတဲ့ဖုန်းလားဆိုတာ။ imei လေးပဲပေးရုံပါပဲ။ device model လေးကအစ report မှာ ပါပါမည်။ device လွဲနေသလား၊ imei ပြောင်းခံထားရတဲ့ဖုန်းတွေလားဆိုပါ အပေါ်ယံခွဲခြားလို့ရသွားပါမည်။ #nso

#nso
6 490
Skyvpn အတွက် Premium Traffic တိုးဖို့အတွက် UserID ကြည့်နည်းလေးပါ။ ထို UserID လေးနဲ့ ကျွန်တော့်ထံမှာ 100GB ကို ၅၀၀၀ ကျပ်ဖြင့်
+5
Skyvpn အတွက် Premium Traffic တိုးဖို့အတွက် UserID ကြည့်နည်းလေးပါ။ ထို UserID လေးနဲ့ ကျွန်တော့်ထံမှာ 100GB ကို ၅၀၀၀ ကျပ်ဖြင့် Premium Traffic တိုးနိုင်ပါသည်။