uz
Feedback
HM Movies

HM Movies

Kanalga Telegram’da o‘tish

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

Ko'proq ko'rsatish
7 293
Obunachilar
+1624 soatlar
+1517 kun
+46130 kun
Postlar arxiv
The Front Line (2011)

The Front Line (2011) ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက
The Front Line (2011) ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင် တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက် သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ… တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ….အသက်ရောရှင်ရဲ့လား…. တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ် နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင် သရုပ်ဖော် ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ်

War Horse (2011)

War Horse (2011) 📱IMDb Rating ___7.2/10 ,Rotteen ___76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြ
War Horse (2011) 📱IMDb Rating ___7.2/10 ,Rotteen ___76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို နာမည်ကြီး ဒါရိုက်တာ Steven Spielberg က မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ် ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်… ဇာတ်လမ်းကတော့ ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့ပြီး ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတင်ထားပါတယ် Albertရဲ့ အဖေ Ted Narracott ဟာ လယ်ထွန်တတ်တဲ့ မြင်း မဝယ်ပဲစစ်မြင်းကို ဝယ်ချလာတဲ့ အခါ ပြဿနာမျိုးစုံတက်တော့တာပါပဲ... Albert က မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးခဲ့ပေမဲ့ အခြေအနေတွေကြောင့် ဒီမြင်းလေး ကို စစ်တပ်ကို ရောင်းခဲ့ရပါတယ်… ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ…

Pulung.Gantung.2024.720p.NF.WEB-DL (CM)

ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝ
ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။ သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။

''ပုဂံမြို့သူ'' အစအဆုံး အောက်ကလင့်မှာ join ပီးဝင်ရောက်ကြည့်ရှုနိုင်ပါပီ ဇာတ်ကားလင့် 🔽 https://t.me/myanmarmyintmyat/72 ❗️❗️❗
''ပုဂံမြို့သူ'' အစအဆုံး အောက်ကလင့်မှာ join ပီးဝင်ရောက်ကြည့်ရှုနိုင်ပါပီ ဇာတ်ကားလင့် 🔽 https://t.me/myanmarmyintmyat/72 ❗️❗️❗️❗️❗️ https://t.me/myanmarmyintmyat

Veneciafrenia.2024.720p (CM)

ပိန်နိုင်ငံသား သူငယ်ချင်းတစ်စုဟာ သူတို့အုပ်စုထဲကတစ်ယောက် လက်မထပ်ခင် နောက်ဆုံးခရီးအဖြစ် ဗင်းနစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။ လမ
ပိန်နိုင်ငံသား သူငယ်ချင်းတစ်စုဟာ သူတို့အုပ်စုထဲကတစ်ယောက် လက်မထပ်ခင် နောက်ဆုံးခရီးအဖြစ် ဗင်းနစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။ လမ်းမှာ သူတို့သတိထားမိတာကတော့ မြို့ခံတွေဟာ ခရီးသွားသင်္ဘောကြီးတွေကိုဆန္ဒပြနေတာ၊ ခရီးသည်တွေအပေါ် အမြင်မကြည်ကြတာတွေကိုပါပဲ။ ရောက်ရောက်ချင်းညမှာပဲ သူတို့တစ်အုပ်လုံး သောက်စားပျော်ပါးကြရင်း လမ်းမှာတွေ့တဲ့ မျက်နှာဖုံးစွပ်ပါတီတစ်ခုကို ဝင်နွှဲပြီး အမူးလွန်သွားခဲ့ကြပါတယ်။ နောက်တစ်နေ့မနက် ဟိုတယ်ပြန်ရောက်ချိန်မှာတော့ သူတို့ထဲက တစ်ယောက်ဟာ ပျောက်ချင်းမလှပျောက်နေခဲ့ပါပြီ။ ဒီလိုနဲ့သူငယ်ချင်းပျောက်ကိုပြန်ရှာရင်း၊ ဟိုတယ်နဲ့ ရဲတပ်ဖွဲ့တွေဆီမှာ အကူအညီတောင်းခံရင်းသိလာရတာကတော့ ဟိုတယ်ကလူတွေရော အထောက်အထားတွေအရပါ ပျောက်သွားတဲ့သူငယ်ချင်း သူတို့နဲ့အတူရှိနေခဲ့တာကို သက်သေခံနိုင်တဲ့အရာတစ်ခုမှရှိမနေခဲ့တာပါ။ ဒါပေမယ့် အခိုင်အမာသိကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ လက်မလျှော့ပဲ ရှာဖွေရင်း နောက်တစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရသလို ကျန်တဲ့သူတွေပါ

Young.Hearts.2024.720p.WEBRip (CM)

အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့ ငယ်ဘဝရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အီလီရတ
အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့ ငယ်ဘဝရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အီလီရတ်စ် ဘဝမှာတော့ အဲ့ရင်ခုန်သံကို ဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။ လှိုင်းတွန့်တွန့် ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင် ပြုံးတတ်တဲ့ ကောင်လေးက အီလီရတ်စ် တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။ စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာ ဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ် တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်ပေါက်အရွယ် ယောကျာ်းလေးတွေ ထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်း ပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ် အတွက်က ဝန်ထုပ်ဝန်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။ အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ် က သူ့ခံစားချက်တွေကို သူပြန်ကြောက်မိလာတယ်။

Ep 20(End)

Ep 19

Ep 18

Ep 17

Ep 16

Ep 15

Ep 14

Ep 13

Ep 12