HM Movies
Kanalga Telegram’da o‘tish
7 340
Obunachilar
+1824 soatlar
+1297 kun
+46430 kun
Postlar arxiv
7 341
Family By Choice (2024)
*****
စ/ဆုံး
အားလုံးစောင့်မျှော်နေကြတဲ့ Go Ahead (Original Chinese Drama) ရဲ့ …
(Korea Remake) Family By Choice ကို တင်ဆက်ပေးသွားမှာပါ။
ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ True Beauty နဲ့ ပရိသတ်အာရုံကို ဖမ်းစားခဲ့တဲ့အပြင်..
Why Her? နဲ့ မမTeamကို တုန်လှုပ်စေခဲ့တဲ့ Hwang In Youp…
The Golden Spoon နဲ့ The King’s Affection မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီး Jung Chae Yeon…
Our Blues နဲ့ DearMအပြင် Gyeongseong Creature Season 2မှာပါ ပါဝင်ထားတဲ့ Bae Hyeon Seongနဲ့..
တခြားလူသိများတဲ့ သရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
————–
သွေးသားမတော်စပ်ပေမဲ့ ငယ်စဉ်ကတည်းက လေးနက်တဲ့ ဆက်ဆံရေးတွေ ရှိကြတဲ့…
Kim San Ha, Yun Ju Won နဲ့ Kang Hae Jun တို့ ၃ယောက်နဲ့…
ငယ်ဘဝရဲ့ စိတ်ဒဏ်ရာ ကိုယ်စီရှိနေကြတဲ့ ကလေးတွေကို ပျိုးထောင်ပေးရင်း နေထိုင်လာတဲ့…
အဖေနှစ်ယောက်အကြောင်းကို နွေးနွေးထွေးထွေး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးပါ။
ပခုံးဖက်ပေါင်းရင်း ကြီးပြင်းလာခဲ့တဲ့ ၃ယောက်သား အရွယ်ရာက်လာပြီးတဲ့နောက်…
မိသားစုအရင်းတွေရဲ့ ကိစ္စတွေနဲ့ ရှုပ်ထွေးလာချိန်မှာ Kim San Ha နဲ့ Kang Hae Jun တို့က…
Yun Ju Won ကို ထားခဲ့ပြီး ထွက်သွားဖို့ အကြောင်းဖန်လာပါတယ်။
၁၀နှစ်ကြာပြီးမှ ပြန်ဆုံစည်းရမဲ့ သူတို့၃ယာက်ရဲ့ ဆက်ဆံရေး အရင်လို ပြန်ဖြစ်နိုင်မလား…
သံယောဇဉ်တွေဟာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။
ဒီဇာတ်ကားလေးရဲ့ Chinese Original ကိုလည်းလူကြိုက်များခဲ့တဲ့အပြင်…
Korea Remake ကလည်း ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွတ်သင့်တဲ့…
နောက်ထပ် ဇာတ်ကားကောင်းဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်
