uz
Feedback
HM Movies

HM Movies

Kanalga Telegram’da o‘tish

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ @ETh1235

Ko'proq ko'rsatish
7 350
Obunachilar
Ma'lumot yo'q24 soatlar
+857 kun
+43130 kun
Postlar arxiv
J_a-c_k T_h-e G_i-a_n-t S_l-a_y-e_r ( 2013 )

ဧရာမဘီလူးကြီးတို့နယ်မြေကို လူပိစိလေး ရောက်ရှိသွားသောအခါ.. J_a-c_k T_h-e G_i-a_n-t S_l-a_y-e_r ( 2013 ) အညွှန်း* 🔽🔽🔽 ဒီရုပ်
ဧရာမဘီလူးကြီးတို့နယ်မြေကို လူပိစိလေး ရောက်ရှိသွားသောအခါ.. J_a-c_k T_h-e G_i-a_n-t S_l-a_y-e_r ( 2013 ) အညွှန်း* 🔽🔽🔽 ဒီရုပ်ရှင်ဟာ ၂၀၁၃ ခုနှစ်မှာ မူရင်းအင်္ဂလိပ် ဝတ္ထုဖြစ်တဲ့ Jack the giant Killer နဲ့ Jack and the Beanstalk ဆိုတဲ့စာအုပ်နှစ်အုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ကောင်းကင်နဲ့ မြေကြီးအကြားက ဂွမ်တူဝါ ဆိုတဲ့ နယ်မြေတစ်ခုမှာ ဧရာမလူသန်ကြီးတွေနေကြပါတယ်။ လူပြည်က ဘုန်းတော်ကြီးတွေဟာ ဘုရားသခင်နဲ့ဆက်သွယ်နိုင်ဖို့ မှော်ပညာနဲ့ပြုလုပ်ထားတဲ့ ပဲစေ့တွေကိုမြေပြင်မှာစိုက်လိုက်ရာက ပေါက်လာတဲ့အပင်ကြီးတွေဟာ ထိုအကောင်ကြီးတွေ နေထိုင်ရာတိုင်းပြည်ကိုတည့်တည့်ရောက်သွားပါတယ်။ အဲဒီမှာ သူတို့တွေ့လိုက်ရတာက ငြိမ်းချမ်းတဲ့ကာင်းကင်ဘုံမဟုတ်ပဲ သွေးဆာနေတဲ့လူသန်ကြီးတွေဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ အပင်ကြီးတွေကနေတဆင့် လူ့ပြည်ကိုဆင်းသက်လာပြီး လူသားတွေကို ရ!က်စ!က်ကြ!မ်းကြု!တ်စွာစားသောက်ကြတဲ့ လူသန်ကြီးတွေကိုတားဆီးဖို့ သူတို့နှလုံးသားနဲ့လုပ်ထားတဲ့ သရဖူတစ်ခုကို ဘုရင်ကြီးအဲရစ်ကပြုလုပ်ခဲ့ပြီး လူသန်ကြီးတွေကို နေရင်းအရပ်ကိုပြန်ပို့နိုင်ခဲ့ပါတယ်။ #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽

Rampage 2018

R_a-m_p-a_g-e ( 2018 ) အညွှန်း* 🔽🔽🔽 မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်
R_a-m_p-a_g-e ( 2018 ) အညွှန်း* 🔽🔽🔽 မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽

The Legend of Maula Jatt (2025) ဇာတ်ကားသစ်

ဥပဒေဆိုတာ သူတို့ပါးစပ်ဖျားမှာပဲရှိတဲ့ နတ်ထ်မိသားစုကို လက်စားပြန်ချေဖို့ အရွယ်ရောက်တဲ့အထိစောင့်ခဲ့ရတဲ့ကောင်လေး... 𝐓𝐡𝐞 𝐋𝐞�
ဥပဒေဆိုတာ သူတို့ပါးစပ်ဖျားမှာပဲရှိတဲ့ နတ်ထ်မိသားစုကို လက်စားပြန်ချေဖို့ အရွယ်ရောက်တဲ့အထိစောင့်ခဲ့ရတဲ့ကောင်လေး... 𝐓𝐡𝐞 𝐋𝐞𝐠*𝐞𝐧𝐝 𝐨𝐟 𝐌𝐚*𝐮𝐥𝐚 𝐉𝐚*𝐭𝐭 ===================== ပါကစ္စတန်ရဲ့ နာမည်ကြီး မင်းသား ဖဝါဒ်ခန်း နှင့်  SRK နဲ့ တွဲရိုက်ခဲ့တဲ့ Raees ထဲက မင်းသမီး မာဟီရားခန်း တို့ရဲ့  The Legend of Maula Jatt ရုပ်ရှင်ကို B-Town ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ကိုယ့်နယ်မြေကလူတွေကိုသတ်ချင်သလိုသတ် အမျိုးသမီးတွေကိုကြိုက်သလိုဖမ်းခေါ်နေတဲ့မျိုးနွယ်စုတစ်ခု။ ကိုယ့်ဘက်ကလူများပေမယ့် ကြောက်စိတ်တစ်ခုထဲနဲ့ဘာမှပြန်မလုပ်နိုင်ခဲ့ကြဘူး။ အဲ့ဒီနယ်မြေအတွက် ပြန်တိုက်ထုတ်ပေးမဲ့ တစ်ဦးတည်းသောသူကတော့ Maula Jattတဲ့.....။ Maulaဟာ သူ့မိဘတွေသတ်ခံရပြီးကတည်းက အတိတ်ကိုမေ့နေတဲ့သူ။ သူဟာတစ်ခုခုကိုအလိုမကျနေမှန်းသိပေမယ့် ဘာကိုအလိုမကျနေမှန်းလဲဝေခွဲမရ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ နန်းတော်အတွင်းကနေလှိုက်စားပြီးပျက်စီးချင်တိုင်းပျက်စီးနေတဲ့နတ်ထ်မိသားစုက သူ့မိဘတွေကိုခေါင်းဖြတ်သတ်ခဲ့မှန်းသိသွားတဲ့အခါ...။ နတ်ထ်မိသားစုမှာအာဏာအရှိဆုံးနဲ့အရူးဆုံးက နူရီဂျီဗာ....။ သူဟာငယ်ငယ်လေးကတည်းက ခေါင်းပြတ်တွေနဲ့ကစားစရာလုပ်ပြီးကစားလာတဲ့လူဆိုး...။ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက သူတို့နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်တဲ့နေရာပဲ။ သေခြင်းတရားကိုပွေ့ဖက်ပြီး အကြောက်တရားကိုဖောက်ထုတ်ထားတဲ့ Ma*ulaတစ်ယောက် တန်ပြန်ကလဲ့စားပြန်ချေနိုင်မှာလားဆိုတာကတော့....။

Riki-Oh: The Story of Ricky (1991) ဒီဇာတ်ကားက ၁၉၉၁ ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ ခုနှစ်ပါ ဇ
+4
Riki-Oh: The Story of Ricky (1991) ဒီဇာတ်ကားက ၁၉၉၁ ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂ္ဂလိကတွေကိုလွှဲပေးထားတယ်ဆိုပြီး ဇာတ်လမ်းဆင်ထားပါတယ် အဲ့ထောင်ကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်၊ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ် အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ် ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ ပြီးတော့ ထောင်ကလဲ ပုဂ္ဂ္ဂလိကဆိုတဲ့အတိုင်း ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ၊ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ #Crd

Outlander (2008) “ဘုရင့်သမီးတော် ဖရီရာနဲ့ ခေနမ်တို့က လူမျိုးမတူပါဘူး ခေတ်မီလက်နက်တွေတီထွင်တဲ့ဒေသကလာတဲ့ခေနမ်ဟာ ဖရီရာတို့ရဲ့ရှေ
Outlander (2008) “ဘုရင့်သမီးတော် ဖရီရာနဲ့ ခေနမ်တို့က လူမျိုးမတူပါဘူး ခေတ်မီလက်နက်တွေတီထွင်တဲ့ဒေသကလာတဲ့ခေနမ်ဟာ ဖရီရာတို့ရဲ့ရှေးကျတဲ့ဒေသကို အကြောင်းတစ်ခုခုနဲ့ရောက်လာပါတယ် အဲအချိန်မှာပဲ ဖရီရာတို့ဒေသမှာ လူစုကွဲနေပါတယ် ရွာသားတွေသေကုန်ပါတယ် “ထူးဆန်းစွာ အသတ်ခံရမှုဟာ လူတွေချင်းသတ်တာလား ဘယ်သူကလဲ ခေနမ်ကရော ဘာလို့အဲဒေသကိုရောက်လာတာလဲ ” စိတ်လှုပ်ရှားစရာအပြည့်နဲ့သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်လို့ ပရိတ်သတ်ကြီးရေ ” လူထူးလူဆန်းခေနမ်နဲ့အတူ မိုရ်ဝင်”ကဘာလဲဆိုတာ ကြည့်ကြည့်လိုက်ကြပါအုံးနော်

12 Str*ong (2018)

သဲကန္တာရမှာ အသက်ရှင်သန်ဖို့အတွက် ကြိုးစားရမယ့် စစ်သား12ယောက် 🎬 12 Strong (2018) Mmsub 🔴 ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ခ
သဲကန္တာရမှာ အသက်ရှင်သန်ဖို့အတွက် ကြိုးစားရမယ့် စစ်သား12ယောက် 🎬 12 Strong (2018) Mmsub 🔴 ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။

Ne*xt G*en [2018]

သူငယ်ချင်း စက်ရုပ်လေးနဲ့အတူ ကမ္ဘာကြီးကို ဖျက်စီးဖို့ လုပ်နေတဲ့ လူ‌ဆိုးတွေကို လိုက်တီးကြ‌သောအခါ..... 😘 Next Gen 📱 ဇာတ်လမ်းလေ
သူငယ်ချင်း စက်ရုပ်လေးနဲ့အတူ ကမ္ဘာကြီးကို ဖျက်စီးဖို့ လုပ်နေတဲ့ လူ‌ဆိုးတွေကို လိုက်တီးကြ‌သောအခါ..... 😘 Next Gen 📱 ဇာတ်လမ်းလေးကတော့ မေ ဆိုတဲ့ကောင်မလေးဟာ သူငယ်ငယ်ကတည်းက အဖေနဲ့အမေ ကွဲသွားတာကို မြင်‌တွေ့ခဲ့ရပြီး ၊ အဖေကိုလွမ်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ် ။ အမေဖြစ်သူကလည်း ယောကျ်ားနဲ့ကွဲကွာသွားပြီးနောက် စက်ရုပ်‌တွေက သူ့အတွက် စိတ်ထွက်ပေါက်လို့ ခံယူပြီးသမီးထက် စက်ရုပ်တွေကိုပိုအလေးပေးခဲ့ပါတယ် ။ အဲ့ဒါကြောင့် မေက စက်ရုပ်တွေကိုမုန်းတီးပြီး စက်ရုပ်တွေအပေါ်အရမ်းအားကိုးလွန်းတဲ့ လူတွေကိုမုန်းတီးနေခဲ့တာပါ။ တစ်ဖက်မွာလည်း Gen 6 Q-Bots စက်ရုပ်တွေကလူတိုင်း လိုချင်တဲ့အိမ်သုံးစက်ရုပ်လေးတွေဖြစ်လာခဲ့ပါတယ် အဲ့ဒီ စက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ဒေါက်တာရိုက်စ်ဟာ ဒီ Gen 6 စက်ရုပ်တွေကို အလွဲသုံးစားလုပ်မယ့် CEO ကြီး ဂျက်စတင်ပင်ရဲ့အကြံကိုသိနေခဲ့ပါတယ် ။ အဲ့ဒါ‌ကြောင့် သူက Q-Bots တွေထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တိတ်တခိုးဖန်တီးခဲ့ပြီး ၊ အဲ့ဒီစက်ရုပ်နဲ့ မေ တို့ အမှတ်မထင်တွေဆုံသွားတဲ့အခါဘာ‌တွေဆက်ဖြစ်ကြမလဲ ဂျက်စတင်ပင်ရဲ့ အစီအစဥ်ကဘာလဲ ဒေါက်တာရိုက်စ်ရဲ့ စက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုလိုက်ပါ။

တာတေကြီး (အရှေးကူမားရ်) ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလ
တာတေကြီး (အရှေးကူမားရ်) ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။ အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။ အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။

Harbin (2024) WEB-DL 720p (CM)

Harbin (2024)
Harbin (2024)

ဇာတ်ကားလင့်👇👇👇https://t.me/M2025and2024update

Harbin (2024) ****** IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ Par
Harbin (2024) ****** IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ Park Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ် မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။ ၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးကို ကိုရီးယား တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း (Hyun Bin) က ဦးဆောင်ခဲ့ပြီး  လွတ်လပ်ရေး လှုပ်ရှားမှု မဟာမိတ် အဖွဲ့ဝင်တွေနဲ့ အတူ သတင်းအချက်အလက်တွေ စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည် သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲပါတော့တယ်။ ဇာတိ‌‌သွေး၊ ဇာတိမာန် အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီ စစ်ဆင်‌ရေးကြီးဟာ စွန့်စားမှုတွေ၊စွန့်လွှတ်မှုတွေ ကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို ‌ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။