uz
Feedback
NOM

NOM

Kanalga Telegram’da o‘tish

NOM Official Backup Channel - 2

Ko'proq ko'rsatish
Myanma37 771Toif belgilanmagan
202
Obunachilar
-124 soatlar
+27 kunlar
-430 kunlar
Postlar arxiv
NOM
202
ဂါဇာကနေ တပ်တွေပြန်ရုတ်သိမ်းချိန်မှာ အစ္စရေးက အုတ်ခဲအသွင်ဖန်တီးကာ Spy ကိရိယာတွေ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ NOM

NOM
202
အစိုးရ shutdown လုပ်နေချိန်အတွင်း အစားအသောက် အခမဲ့ ပေးဝေရာ နေရာမှာ ကန်စစ်သားတွေပါ တန်းစီနေတာကို မြင်ရတာဖြစ်ပါတယ်။ Shutdown လုပ်ထားမှု ဒုတိယမြောက်ရက်သတ္တပတ်ထဲကို ရောက်လာပြီးနောက် ကန်စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အစားအသောက်အခမဲ့ပေးဝေမှုမှာ ဝင်ရောက်တန်းစီခဲ့ကြပါတယ်။ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေကြား ဘတ်ဂျက်အငြင်းပွားမှုကြောင့် စစ်တပ်အပါအဝင် အစိုးရဝန်ထမ်းအားလုံးရဲ့ လစာကို ပေးချေမှု မလုပ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ NOM

NOM
202
မြောက်ပိုင်းနယ်စပ်မှာ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တာလီဘန်တွေက
မြောက်ပိုင်းနယ်စပ်မှာ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တာလီဘန်တွေက အတည်ပြုခဲ့ပါတယ်။ တောင်ထူထပ်တဲ့ နေရာအများအပြားမှာ တိုက်ပွဲတွေ ဖြစ်နေပြီး လက်နက်ငယ်နဲ့ အမြောက်တွေ အသုံးပြုနေတယ်လို့ နှစ်ဖက်စလုံးက ဆိုပါတယ်။ ပါကစ္စတန်က အာဖဂန်လေပိုင်နက်ကို ကျူးကျော်ပြီး နယ်စပ်အတွင်းက စျေးတခုကို ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်တယ်လို့ တာလီဘန်တွေက ပြောဆိုခဲ့သလို ပါကစ္စတန်ကလည်း အာဖဂန်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ တာလီဘန်တွေဟာ အမေရိကန်တပ်ဖွဲ့တွေ ချန်ထားရစ်ခဲ့တဲ့ မော်တော်ကားနဲ့ လက်နက်တွေကို တိုက်ပွဲဖြစ်ပွားနေရာဆီ ပို့ဆောင်ပေးနေပြီး တိုက်ခိုက်နေတယ်လို့လည်း လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။ NOM

NOM
202
၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးသံမကြားရတဲ့ ညတညကို ဂါဇာပြည်သူတွေ မြင်တွေ့ခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဂါဇာပြည်သူတွေဟာ မြို့တွင်းကို
၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးသံမကြားရတဲ့ ညတညကို ဂါဇာပြည်သူတွေ မြင်တွေ့ခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဂါဇာပြည်သူတွေဟာ မြို့တွင်းကို ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ပါတယ်။ NOM

NOM
202
အသက် ၇၉ နှစ်အရွယ် ဒေါ်နယ်ထရမ့်ရဲ့ နှလုံးဟာ ၆၅ နှစ်အရွယ် လူသားတဦးရဲ့ နှလုံးလိုမျိုး ဖြစ်နေပြီး ကောင်းမွန်နေတယ်လို့ အိမ်ဖြူတော်
အသက် ၇၉ နှစ်အရွယ် ဒေါ်နယ်ထရမ့်ရဲ့ နှလုံးဟာ ၆၅ နှစ်အရွယ် လူသားတဦးရဲ့ နှလုံးလိုမျိုး ဖြစ်နေပြီး ကောင်းမွန်နေတယ်လို့ အိမ်ဖြူတော်ဆရာဝန်တွေက ပြောဆိုလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ ထူးခြားတဲ့ကျန်းမာမှုရှိတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုခဲ့တာကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ NOM

NOM
202
Tennessee က စက်ရုံမှာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၁၆ ဦးစလုံး သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ပျောက်ဆုံးနေသူ
Tennessee က စက်ရုံမှာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၁၆ ဦးစလုံး သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေကို စနေနေ့ညပိုင်းအထိ မျှော်လင့်ချက်ကြီးစွာနဲ့ ရှာဖွေခဲ့ပေမယ့်လည်း သေဆုံးခဲ့ပြီလို့ Humphreys Conty ရဲအရာရှိ ခရစ္စဒေးဗစ်က ပြောဆိုခဲ့ပါတယ်။ စက်ရုံဟာ ဘယ်လိုကြောင့်‌ ပေါက်ကွဲခဲ့ရလဲဆိုတာကို အခုထက်ထိ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။ NOM

NOM
202
အစိုးရ shutdown လုပ်ထားတဲ့ကာလအတွင်း ကန်တပ်ဖွဲ့ဝင်တွေအတွက် လစာပေးချေဖို့ ရနိုင်သမျှ ရန်ပုံငွေအားလုံးကို အသုံးချဖို့အတွက် ဒေါ်န
အစိုးရ shutdown လုပ်ထားတဲ့ကာလအတွင်း ကန်တပ်ဖွဲ့ဝင်တွေအတွက် လစာပေးချေဖို့ ရနိုင်သမျှ ရန်ပုံငွေအားလုံးကို အသုံးချဖို့အတွက် ဒေါ်နယ်ထရမ့်က ပင်တဂွန်ကို တိုက်ရိုက်ညွှန်ကြားမှုတွေ လုပ်ဆောင်လိုက်ပါတယ်။ NOM

NOM
202
မြောက်ကိုရီးယားဟာ သူတို့ရဲ့ နောက်ဆုံးပေါ် အင်အားပြင်း နူကလီးယားတပ်ဆင်ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ထုတ်ဖော်ပြသသွာ
မြောက်ကိုရီးယားဟာ သူတို့ရဲ့ နောက်ဆုံးပေါ် အင်အားပြင်း နူကလီးယားတပ်ဆင်ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ အာဏာရပါတီတည်ထောင်မှု နှစ်ပတ်လည်အခမ်းအနားမှာ ပြသခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ဘယ်အစိတ်အပိုင်းကိုဆို ရောက်ရှိအောင် ပစ်လွှတ်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ဖိလစ်ပိုင်တောင်ပိုင်းမှာ ကြောက်မက်ဖွယ်ရာ ငလျင်ကြီး လှုပ်ခတ်ပြီး နောက်တရက်မှာပဲ ပြင်းအား ၅.၃ ရှိတဲ့ ငလျင်တခု မနီလာမြို့ရဲ့ အနေ
ဖိလစ်ပိုင်တောင်ပိုင်းမှာ ကြောက်မက်ဖွယ်ရာ ငလျင်ကြီး လှုပ်ခတ်ပြီး နောက်တရက်မှာပဲ ပြင်းအား ၅.၃ ရှိတဲ့ ငလျင်တခု မနီလာမြို့ရဲ့ အနောက်မြောက်ဘက်မှာ ထပ်မံလှုပ်ခတ်သွားခဲ့ပါတယ်။ NOM

NOM
202
ဂရင်းလန်းအပါအဝင် အာတိတ်နဲ့ မြောက်အတ္တလန္တိတ်ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် ဒိန်းမတ်ဟာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၄.၂
ဂရင်းလန်းအပါအဝင် အာတိတ်နဲ့ မြောက်အတ္တလန္တိတ်ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် ဒိန်းမတ်ဟာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၄.၂ ဘီလီယံ သုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန်ဆီကနေ နောက်ထပ် F-35 တိုက်လေယာဉ် ၁၆ စင်း ဝယ်ယူဖို့အထိ စီစဉ်ထားတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်မှာ စက်ရုံတခု အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၁၉ ဦးအထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ လေးဦး
အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်မှာ စက်ရုံတခု အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၁၉ ဦးအထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ လေးဦးကိုတော့ ဆေးရုံပို့ဆောင်ထားနိုင်ခဲ့ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေရဆဲပါ။ Accurate Energetic Systems စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါစက်ရုံဟာ ကာကွယ်ရေး၊ အာကာသယာဉ်နဲ့ ဖြိုဖျက်မှုတွေကို ဆောင်ရွက်ပေးတဲ့ စွမ်းအင်ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။ စက်ရုံနဲ့ အနီးနားမှာ နေထိုင်သူတွေရဲ့ ပြောဆိုချက်အရ ပေါက်ကွဲမှုဟာ အရမ်းကျယ်လောက်ပြီး အိမ်တောင်မှ ပြိုကျတော့မှာလားလို့ ထင်မှတ်ရလောက်အထိ ကြီးမားခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
202
စင်ကာပူမှာ အမျိုးသားတဦးကို ဘိန်းဖြူ ၅၂ ဂရမ်လက်ဝယ်တွေ့ရှိမှုကြောင့် သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်းက အမိန့်ချမှတ်ခဲ့တ
စင်ကာပူမှာ အမျိုးသားတဦးကို ဘိန်းဖြူ ၅၂ ဂရမ်လက်ဝယ်တွေ့ရှိမှုကြောင့် သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်းက အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံက သင်းအုပ်ဆရာတဦးရဲ့ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် Pannir Selvam Pranthaman ဆိုသူဖြစ်ကာ သေဒဏ်ပေးခံလိုက်ရတာပါ။ ၂၀၁၄ ခုနှစ်အတွင်းက သူ့ဆီမှာ ဘိန်းဖြူတွေ တွေ့ရှိခဲ့လို့ ဖမ်းဆီးခံခဲ့ရပြီး သူ့မိသားစုက နှစ်အတန်ကြာ အမှုကို လိုက်လံရင်ဆိုင်ပေးခဲ့ပါတယ်။ အယူခံမှုအများအပြားနဲ့အတူ စင်ကာပူသမ္မတအထိပါ အသနားခံစာ တင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ စင်ကာပူမှာ ဘိန်းဖြူ ၁၅ ဂရမ် ဒါမှမဟုတ် ဆေးခြောက် ၅၀၀ ဂရမ်ထက် ပိုပြီး လက်ဝယ်တွေ့ရှိပါက သေဒဏ်ချမှတ်ဖို့အထိ ပြဌာန်းထားတာပါ။ Pannir ကတော့ သူ့ဆီမှာ မူးယစ်ဆေးဝါးတွေ ပါလာတာကို မသိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ကြိုးတိုက်အချုပ်ထောင်အတွင်းမှာ သူဟာ သီချင်းနဲ့ ကဗျာတွေရေးစပ်ပြီး အေးအေးဆေးဆေးနေထိုင်တတ်ကာ ကြင်နာပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်တယ်လို့ သူ့သူငယ်ချင်းတွေကလည်း ပြောဆိုခဲ့ကြပါတယ်။ NOM

NOM
202
ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ အရန်ရေနံစိမ်းသိုလှောင်ထားနိုင်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တောင်အမေရိကနိုင်ငံဟာာ ရေနံစ
ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ အရန်ရေနံစိမ်းသိုလှောင်ထားနိုင်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တောင်အမေရိကနိုင်ငံဟာာ ရေနံစည်ပေါင်း ဘီလျံကို သိန်းနဲ့ချီကာ ပိုင်ဆိုင်ထားပြီး ဆော်ဒီထက်တောင်မှ တဆနီးပါး များပြားနေပါတယ်။ NOM

NOM
202
မာခရွန်ကို သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ပြင်သစ်မီဒီယာတွေက တောင်းဆိုနေကြပါပြီ။ သူ့အပေါ် ယုံကြည်မှုဟာ ၁၄% အထိ ကျဆင်းသွားခ
မာခရွန်ကို သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ပြင်သစ်မီဒီယာတွေက တောင်းဆိုနေကြပါပြီ။ သူ့အပေါ် ယုံကြည်မှုဟာ ၁၄% အထိ ကျဆင်းသွားခဲ့ပြီး ၄% ကသာ အပြည့်အ၀ယုံကြည်ကြပြီး ၁၀% ကတော့ တစိတ်တပိုင်းသာ ယုံကြည်မှုရှိတော့တယ်လို့ စစ်တမ်းတွေက ဖော်ပြနေကြပါတယ်။ NOM

NOM
202
၂၀၂၅ အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီးဖြစ်သူ မာရီယာကိုရီနာမာချာဒိုက ရရှိသွားခဲ့ပါတယ်
၂၀၂၅ အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီးဖြစ်သူ မာရီယာကိုရီနာမာချာဒိုက ရရှိသွားခဲ့ပါတယ်။ ဒီနေ့မှာပဲ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ဒီဆုအတွက် တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် ဒီဆုကို မျှော်လင့်နေတဲ့ ဒေါ်နယ်ထရမ့်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားခဲ့ရပါပြီ။ NOM

NOM
202
ဗင်နီဇွဲလားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။ ဗင်နီဇွဲလားဟာ ကမ်းရိုးတန်းနဲ့ မြို့တော်တဝိုက်မှာ လေကြောင်းရန်ကာကွယ်
ဗင်နီဇွဲလားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။ ဗင်နီဇွဲလားဟာ ကမ်းရိုးတန်းနဲ့ မြို့တော်တဝိုက်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြန့်ကြက်ဖို့ အမိန့်ပေးခဲ့ပြီး ကာရာကက်စ်ကို သွားတဲ့ အဓိကလမ်းမကြီး ၂ ခုကိုလည်း ပိတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အရေးပေါ်အစည်းအဝေးပြုလုပ်ပေးဖို့ ကုလကို တောင်းဆိုလိုက်ပါတယ်။ NOM

NOM
202
ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ရသင့်တယ်လို့ ဝါရှင်တန်ပို့စ်က သုံးသပ်ဖော်ပြထားတဲ့ ဆောင်းပါးကို ထရမ့်က ပြန်လည်မျှဝေပြီး ကျေးဇူး
ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ရသင့်တယ်လို့ ဝါရှင်တန်ပို့စ်က သုံးသပ်ဖော်ပြထားတဲ့ ဆောင်းပါးကို ထရမ့်က ပြန်လည်မျှဝေပြီး ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။ 😁😁😁 NOM

NOM
202
+1
ဖိလစ်ပိုင်ငလျင်လှုပ်ချိန် ဖြစ်ပွားခဲ့တဲ့ အခြေအနေတချို့ဖြစ်ပါတယ်။ NOM

NOM
202
ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခတ်ချိန် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဆောက်လက်စ အဆောက်အဦးအပေါ်မှာ ဆောက်လုပ်ရေးလုပ်သားတွေ အခက်တွေ့နေခဲ့ကြပါတယ်။ NOM

NOM
202
ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြင်းအား ၇.၄ အဆင့်ရှိတဲ့ ငလျင်ကြီးတခု ဒီနေ့လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာ လူတွေဟာ ဘေးလွတ်ရာမှာ ထိုင်နေခဲ့ကြပြီး ကြောက်လန့်တကြား ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာ သတိပေးကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး အရေးပေါ်တုံပြန်ကယ်ဆယ်ရေးတွေကို ဆောင်ရွက်နေပါတယ်။ NOM