uz
Feedback
NOM

NOM

Kanalga Telegram’da o‘tish

NOM Official Backup Channel - 2

Ko'proq ko'rsatish
Myanma38 251Toif belgilanmagan
201
Obunachilar
Ma'lumot yo'q24 soatlar
-17 kunlar
-830 kunlar
Postlar arxiv
NOM
201
Repost from News Of Myanmar
🇮🇷 - အီရန်သတင်းဌာနတစ်ခုဖြစ်သည့် တက်စ်နင်မ် နှင့် ကာ့ဒ် သတင်းရင်းမြစ်များက အစ္စရေးနှင့် အမေရိကန်မီဒီယာအချို့တွင် ဖော်ပြခဲ့သည့် - "အီရန်နိုင်ငံအပေါ် ကာ့ဒ်လက်နက်ကိုင်များ၏ ထိုးစစ်ဆင်မှု" သတင်းများကို ငြင်းဆိုလိုက်သည်။ တက်စ်နင်မ်သတင်းဌာန၏ ဖော်ပြချက်အရ "အီလန် ပြည်နယ်၏ နယ်စပ်ဒေသများသည် ယခုအချိန်အထိ လုံးဝလုံခြုံလျက်ရှိကြောင်း၊ အီရတ်နယ်စပ်ကို ဖြတ်ကျော်ပြီး ကာ့ဒ်လက်နက်ကိုင်အဖွဲ့ဝင် ထောင်ပေါင်းများစွာ အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ဆိုသည့် အမေရိကန်မီဒီယာများ၏ သတင်းမှာ မှန်ကန်မှုမရှိကြောင်း" သိရသည်။ NOM

NOM
201
Repost from News Of Myanmar
"ကျွန်ုပ်တို့သည် ဒုံးကျည်များကို ပစ်လွှတ်နေရင်းနှင့်ပင် တစ်ပြိုင်နက်တည်း ထုတ်လုပ်နေကြခြင်းဖြစ်သည်" — အီရန်ဗိုလ်ချုပ်ကြီး အီရန်ဗိုလ်ချုပ် ဆာဒါး ဘာမန် ကာဂါ က လက်ရှိတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်ကြားမှ ၎င်းတို့၏ စက်မှုကဏ္ဍကြံ့ခိုင်မှုကို ပြသသည့်အနေဖြင့် အောက်ပါအတိုင်း သတင်းစကားပါးခဲ့သည် - "ကျွန်ုပ်တို့သည် ဒုံးကျည်များကို ပစ်လွှတ်နေသလို တစ်ဖက်တွင်လည်း ဆက်လက်ထုတ်လုပ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စစ်လက်နက်ပစ္စည်း အရန်အင်အားနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ မရှိပါ။" NOM

NOM
201
အီရတ်နိုင်ငံက ဒေသတွင်း ဘောလုံးပွဲတပွဲ ကစားနေချိန် ဒုံးကျည်တွေက ကွင်းပေါ်ကနေ ပျံသန်းသွားနေတာပါ။ ဒါပေမယ့် ပွဲကို ဆက်ကစားနေသလို ထိုင်ကြည့်နေသူတွေကလည်း လုံး၀ကို မတုန်မလှုပ်ပါပဲ၊ ပွဲစီစဉ်တင်ဆက်သူကလည်း သူ့အလုပ်သူ ဆက်လုပ်နေပြီး ဒုံးကျည်တွေ ပျံသန်းနေတာက သူတို့အတွက် မထူးဆန်းတဲ့အလားပါပဲ။ ဒုံးကျည်တွေအောက်က ဘောလုံးပွဲလို့တောင် ဆိုရပါလိမ့်မယ်။ News Of Myanmar NOM

NOM
201
“လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ စတင်ပုံက ဒီလိုဖြစ်လာပါပြီ၊ လူသန်းပေါင်းများစွာရဲ့ ကံကြမ္မာကို Russian Rulette (က
“လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ စတင်ပုံက ဒီလိုဖြစ်လာပါပြီ၊ လူသန်းပေါင်းများစွာရဲ့ ကံကြမ္မာကို Russian Rulette (ကျည်တတောင့်ပဲ ထည့်ပြီး ကျည်အိမ်ကို ကျပန်းလှည့်ကာ ကိုယ့်ခေါင်းကိုယ်ချိန်ပြီး အလှည့်ကျပစ်ရတဲ့ ဂိမ်း) ကစားလို့ မရပါဘူး၊ စပိန်အစိုးရရဲ့ ရပ်တည်ချက်ကတော့ စကားလုံးလေးလုံးတည်းပဲရှိပါတယ်၊ “စစ်ပွဲကို ကန့်ကွက်ပါတယ်” - စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်းချက်ဇ်

NOM
201
Repost from News Of Myanmar
🌟 - ဟစ်ဇဘိုလာ အဖွဲ့က လက်ဘနွန်တောင်ပိုင်း၊ ဒူဟိုင်ရာ (Duhayra) မြို့အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်ကြောင်းတစ်ခုကို ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။ တိုက်ပွဲမှာအနီးကပ်ရင်ဆိုင်တိုက်ပွဲများထိဖြစ်ပွားခဲ့ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းအတည်ပြုထားသည်။ NOM

NOM
201
Repost from News Of Myanmar
"အီရန်အစိုးရနှင့် သမိုင်းတစ်လျှောက် အဆင်မပြေမှုများရှိခဲ့သည့် ဘာလိုချီ (Balochi) မျိုးနွယ်စုများက ခွဲထွက်ရေးသမားများ၏ ရန်မှ အီရန်နယ်စပ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်းနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။" အစိုးရနဲ့ ပြဿနာရှိပေမဲ့ နိုင်ငံပြင်ပက ခွဲထွက်ရေးအုပ်စုတွေကိုတော့ လက်မခံဘဲ နိုင်ငံတော်အတွက် ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ ဆိုလိုတာပါ။ NOM

NOM
201
Repost from News Of Myanmar
+2
အီရန်ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားရေးဒုံးကျည်ပေါင်း ၄၀ ခန့်ဖြင့်ပစ်ချခဲ့ရ အစ္စရေးနိုင်ငံ တဲလ်အဗီးဗ် (Tel Aviv) မြို့သို့ အီရန်ကပစ်လွှတ်လိုက်သည့် ဒုံးကျည်နှစ်စင်းကို ပစ်ချရန်အတွက် ကြားဖြတ်ဟန့်တားရေးဒုံးကျည်အစင်းပေါင်း ၄၀ ခန့်ကို အသုံးပြု၍ ပစ်ချခဲ့ရ။ NOM

NOM
201
Repost from News Of Myanmar
အီရန်​၏တိုက်ခိုက်မှုကြောင့် အမေရိကန် ရေတပ်ဖျက်သင်္ဘောတစ်စီးထိမှန်မီးလောင် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အမေရိကန်ရေတပ်၏ အာလီဘတ
အီရန်​၏တိုက်ခိုက်မှုကြောင့် အမေရိကန် ရေတပ်ဖျက်သင်္ဘောတစ်စီးထိမှန်မီးလောင် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အမေရိကန်ရေတပ်၏ အာလီဘတ်ခ်-ကလပ်စ် ဖျက်သင်္ဘော Arleigh Burke-class အီရန်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်၊ သင်္ဘောပေါ်ရှိ ဆက်သွယ်ရေးဌာနချုပ် (Communications HQ) တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ NOM

NOM
201
Repost from News Of Myanmar
🔫 📡 🏨 ကနေဒါအိမ်ခြံမြေကျွမ်းကျင်သူ ရိုင်ယန် ကတော့ အပန်းဖြေနားနေဖို့ ဟိုတယ်ရွေးချယ်တော့မယ်ဆိုရင် အခုလိုအကြံပြုထားပါတယ်။ 👇 "ဇိမ်ခံဟိုတယ်လုပ်ငန်းတွေမှာ နောက်ထပ် ခေတ်စားလာမယ့်အရာက ကျန်းမာရေးစောင့်ရှောက်မှု ဒါမှမဟုတ် ခန္ဓာကိုယ်ကြံ့ခိုင်မှု (Biohacking) တွေ မဟုတ်တော့ပါဘူး။ အဲဒါကတော့ လေကြောင်းရန်ကာကွယ်ရေးစနစ် (Air defense maxing) ပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ တနေ့တခြား ပိုပြီးတော့ ရန်လိုလာသလို အခြေအနေတွေကလည်း ပိုပြီး ရူးသွပ်စရာ ကောင်းလာပါတယ်။ တကယ်လို့ အမြောက်ဆံတွေ ကျရောက်လာတဲ့အခါ သင်တို့ရဲ့ လှပတဲ့ Infinity pool (အနားသတ်မဲ့ ရေကူးကန်) တွေက ဘာအသုံးကျတော့မှာလဲ? ကျွန်တော်က တစ်ညကို ဒေါ်လာ ၂၀၀၀ ကျော် ပေးရတဲ့အခါ အသံလုံတဲ့ အခန်း၊ လှပတဲ့ အပြင်အဆင်နဲ့ ဝန်ဆောင်မှုကောင်းတွေကိုပဲ လိုချင်တာ မဟုတ်ပါဘူး။ ကျွန်တော်က အရည်အသွေးမြင့်မားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပါ လိုချင်တာပါ။ နောက်ပိုင်းမှာ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် (Star rating) တွေထဲမှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ် ပါဝင်မှု ရှိမရှိဆိုတာကိုပါ စံသတ်မှတ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းလာတော့မှာပါ။ ဒါကြောင့် နောက်တစ်ခါ သင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ရှာတော့မယ်ဆိုရင် 'ဒီဟိုတယ်က လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အမြင့်ဆုံးအထိ တပ်ဆင်ထားရဲ့လား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ မမေ့ပါနဲ့။ NOM

NOM
201
Repost from News Of Myanmar
ရုရှားစစ်တပ်အင်အား တိုးမြှင့်ရန် သမ္မတပူတင် အမိန့်ဒီကရီထုတ်ပြန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ထုတ်ပြန်လိုက်သည့် တရားဝင်အမိန့်ဒီ
ရုရှားစစ်တပ်အင်အား တိုးမြှင့်ရန် သမ္မတပူတင် အမိန့်ဒီကရီထုတ်ပြန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ထုတ်ပြန်လိုက်သည့် တရားဝင်အမိန့်ဒီကရီအရ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စုစုပေါင်းအင်အားကို ၂,၃၉၁,၇၇၀ ဦး အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။ ၎င်းအရေအတွက်ထဲတွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်အင်အား ၁,၅၀၂,၆၄၀ ဦး ပါဝင်မည်ဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
သတင်းများအရ သီရိလင်္ကာနိုင်ငံအနီးတွင် အီရန်နိုင်ငံ၏ Dena Mowj-class ဖရီးဂိတ်စစ်သင်္ဘောကို အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းက တော်ပီဒိုနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဒဏ်ရာရရှိထားသည့် သင်္ဘောသား ၃၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူ ၁၄၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါစစ်သင်္ဘောသည် အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာရေတပ်စစ်ရေးလေ့ကျင့်မှုမှအပြန် အိန္ဒိယရေပိုင်နက်အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ "ဒါဟာ သူတို့ ငါတို့ကို တိုက်ခိုက်နေတဲ့ပုံစံပဲ။ တိုက်ပွဲဝင်နေတာမျိုးလည်းမဟုတ်၊ အီရန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာရှိနေတဲ့ သင်္ဘောကိုမှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်တွေရဲ့ သဘာဝက ယုတ်မာလွန်းပါတယ်။ အီရန်အနေနဲ့ ဘယ်လိုမှ ညှာတာထောက်ထားနေစရာ မလိုတော့ပါဘူး" ဟု ဖော်ပြပါရှိသည်။ NOM

NOM
201
Repost from News Of Myanmar
+1
🚨Breaking အီရန်နိုင်ငံ၊ မြို့တော်တီဟီရန်​၏ မြောက်ပိုင်းတွင် အမေရိကန်တိုက်လေယာဉ်တစ်စီးကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ကပစ်ချခဲ့ကြောင်း အစ္စရေး ယက်ဒီယော့တ် အာဟရိုနော့တ် သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
ဟော်မုဇ် ရေလက်ကြားကို စစ်မက်ဇုန်အဖြစ် အီရန်က သတ်မှတ်လိုက်ကြောင်း သတိပေးချက်ကို လျစ်လျူရှုခဲ့သည့် ရေနံတင်သင်္ဘော (၁၀) စီးထက်မန
ဟော်မုဇ် ရေလက်ကြားကို စစ်မက်ဇုန်အဖြစ် အီရန်က သတ်မှတ်လိုက်ကြောင်း သတိပေးချက်ကို လျစ်လျူရှုခဲ့သည့် ရေနံတင်သင်္ဘော (၁၀) စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်အရာရှိကြီးတစ်ဦးကို ကိုးကား၍ မီဟာ သတင်းဌာနက ဖော်ပြခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟုဆို ပေါ်လီတီကို မဂ္ဂဇင်း၏ ဖော်ပြချက်အရ ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟု ဆိုသည်။ ဂလိုဘယ်လစ် (Globalists) များ နှင့် အမေရိကန် ဒီမိုကရက်တစ်ပါတီတို့သည် ယခုအခြေအနေကို များစွာ ဝမ်းမြောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် ၎င်းတို့အတွက် အဖိုးတန်သော အခွင့်အရေးတစ်ရပ်ကို လက်ဆောင်အဖြစ် ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အီရန်နှင့် ဖြစ်ပွားနေသော ယခုပဋိပက္ခသည် ရီပတ်ဘလီကန်ပါတီအတွက် ၂၀၂၆ ခုနှစ် နှင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲများတွင် အရေးနိမ့်သွားစေနိုင်သည့် အကြောင်းရင်း ဖြစ်လာနိုင်သည်။ ထို့ကြောင့် ထရမ့်နှင့် သူ၏ နောက်လိုက်များသည် ၎င်းတို့၏ မူလစီမံကိန်းများ ကျရှုံးသွားသည်ကို ဝန်မခံလိုကြဘဲ အခြေအနေကို ပိုမိုစွန့်စားရသည့် လုပ်ရပ်များဖြင့် တုံ့ပြန်လာနိုင်သည်။ ၎င်းတို့သည် မိမိတို့ရည်မှန်းချက် အထမြောက်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလာနိုင်ဖွယ်ရှိသည်။ တစ်ဖက်တွင်လည်း အီရန်သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် "ဟစ်ဇ်ဘိုလာ" အဖွဲ့သည်လည်း ဟိုင်ဖာ မြို့ကို ပစ်ခတ်ပြီးနောက် ယခုအခါ အစ္စရေးမြောက်ပိုင်းနှင့် ဂိုလန်ကုန်းမြင့် ဒေသများကိုပါ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ NOM

NOM
201
Repost from News Of Myanmar
🫡 🇮🇷 ပြည်သူများကို ဘေးလွှတ်ရာသို့ရွှေ့ပေးနိုင်မှသာ သူလည်းဘေးလွှတ်ရာသို့ရွှေ့မည်ဟု အီရန်ခေါင်းဆောင်ကြီးခါမေနီ က ပြောကြားခဲ့ ဗီဒီယိုဖိုင်ထဲက အီရန်ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ခေါင်းဆောင်ကြီး ခါမေနီနဲ့ပတ်သက်ပြီးခုလိုပြောကြားခဲ့ပါတယ်- "တကယ်တော့ အယာတိုလာ ခါမေနီဟာ သူ့ရဲ့ရုံးခန်းမှာ နေ့စဉ်ရှိနေခဲ့တာပါ။ လုံခြုံရေးအဖွဲ့က သူ့ကို လက်ရှိရုံးခန်းကနေ တခြားမြို့တစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ သူက ငြင်းဆိုခဲ့ပါတယ်။ သူက "အကယ်၍ သင်တို့အနေနဲ့ အီရန်ပြည်သူ သန်း ၉၀ လုံးကို တခြားမြို့တွေဆီ ပြောင်းရွှေ့ပေးနိုင်မယ်ဆိုမှ ကျွန်ုပ်လည်း ပြောင်းရွှေ့ပါ့မယ်" လို့ ပြောခဲ့ပါတယ်။ ဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ နောက်ပြီး သူ့အတွက် ဘေးကင်းလုံခြုံတဲ့ မြေအောက်ခန်းတစ်ခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းတဲ့အခါမှာလည်း "အကယ်၍ အီရန်ပြည်သူ သန်း ၉၀ လုံးအတွက် မြေအောက်ခန်းတွေ ဆောက်ပေးနိုင်မယ်ဆိုရင် ကျွန်ုပ်လည်း ပြည်သူတွေပြီးမှ အဲဒီမှာ နေပါ့မယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ရုံးခန်းနဲ့ နေအိမ်မှာပဲ ဆက်လက်ရှိနေခဲ့တာပါ။ အဲဒီနောက် မနက်ပိုင်းမှာတော့ ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေက သူ့ရဲ့ရုံးခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သူနဲ့အတူ ဇနီးဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ တူတော်မောင်အချို့ သေဆုံးသွားခဲ့ရပါတယ်" NOM

NOM
201
Repost from News Of Myanmar
🗳 အီရန်အပေါ် သမ္မတ ထရမ့်၏ စစ်ရေးဆိုင်ရာလုပ်ဆောင်ချက်များကို ကန့်သတ်ရန် ဒီမိုကရက်တစ်ပါတီက တင်သွင်းထားသည့် "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်" (War Powers Resolution) ကို အထက်လွှတ်တော်တွင် ယနေ့ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီဘက်က ယင်းကို ပယ်ချလိမ့်မည်ဟု မျှော်လင့်ရသည်။ NOM

NOM
201
စစ်ပွဲစတင်ချိန်ကစလို့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ဟာ ဒေါ်လာ ၂ ဘီလျံနီးပါးတန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိ
စစ်ပွဲစတင်ချိန်ကစလို့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ဟာ ဒေါ်လာ ၂ ဘီလျံနီးပါးတန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ဆုံးရှုံးပြီးဖြစ်တယ်လို့ Anadolu အေဂျင်စီရဲ့ ခန့်မှန်းချက်နဲ့ အချက်အလက်တွေက ဆိုပါတယ်။ အကြီးမားဆုံးဆုံးရှုံးမှုကတော့ ကာတာက Al Udeid လေတပ်စခန်းမှာရှိတဲ့ ဒေါ်လာ ၁.၁ဘီလီယံတန်ဖိုးရှိတဲ့ အမေရိကန်ရဲ့ AN/FPS-132 ကြိုတင်သတိပေးရေဒါစနစ်ဖြစ်ပြီး စနေနေ့က အီရန်ဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးခဲ့တယ်ဆိုတာကို ကာတာကလည်း အတည်ပြုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
စပိန်က လက်မခံလို့ ကန်တိုက်လေယာဉ် ၁၅ စင်း နေရာပြောင်းရွှေ့ခဲ့ရ စပိန်တောင်ပိုင်းက Rota နဲ့ Moron စစ်စခန်းတွေကနေ အမေရိကန်တိုက်လေ
စပိန်က လက်မခံလို့ ကန်တိုက်လေယာဉ် ၁၅ စင်း နေရာပြောင်းရွှေ့ခဲ့ရ စပိန်တောင်ပိုင်းက Rota နဲ့ Moron စစ်စခန်းတွေကနေ အမေရိကန်တိုက်လေယာဉ် ၁၅ စင်းအထိ ထွက်ခွာသွားခဲ့တယ်လို့ လေယာဉ်ခရီးစဉ်ခြေရာခံဝက်ဘ်ဆိုက် FlightRadar24 ရဲ့ မြေပုံတွေမှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ အခြေစိုက်စခန်းတွေကို အမေရိကန်နဲ့ စပိန်က ပူးတွဲလည်ပတ်နေတာဖြစ်ပေမယ့် စပိန်နိုင်ငံခြားရေး ဝန်ကြီး Jose Manuel Albares က စပိန်ရဲ့အချုပ်အခြာအာဏာအောက်မှာရှိနေတဲ့ စစ်စခန်းတွေကို အီရန်အပေါ် တိုက်ခိုက်နေမှုမှာ အသုံးပြုခွင့်မပေးဘူးလို့ ပြောဆိုကာ ရှုတ်ချခဲ့ပါတယ်။ ဒါကြောင့် အဆိုပါလေယာဉ်တွေဟာ စပိန်အခြေစိုက်စခန်းတွေကနေ ထွက်ခွာသွားခဲ့ပြီး အနည်းဆုံး ၇ စင်းက ဂျာမနီ Ramstein လေတပ်စခန်းမှာ ဆင်းသက်ခဲ့တယ်လို့ FlightRadar24 က ပြသထားပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အမေရိကန် အထက်လွှတ်တော်အမတ် အဲလစ်ဇဘတ် ဝါရင် (Elizabeth Warren) က အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အဆင့် အစည်းအဝေးတစ်ခုအပြီးမှာ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို အခုလို ပြောကြားသွားတာဖြစ်ပါတယ် - "ကျွန်မ အီရန်နဲ့ပတ်သက်တဲ့ လျှို့ဝှက်အဆင့် ရှင်းလင်းပွဲတစ်ခုကနေ အခုလေးတင် ထွက်လာတာပါ။ ကျွန်မတစ်ခုပဲ ပြောနိုင်ပါတယ်။ အခြေအနေက သင်တို့ထင်ထားတာထက် အများကြီး ပိုဆိုးပါတယ်။ သင်တို့ စိုးရိမ်နေကြတာဟာ တကယ်လည်း စိုးရိမ်စရာကောင်းလို့ပါ။ ထရမ့်အစိုးရမှာ အီရန်နဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိပါဘူး။ ဒီအကျိုးအမြတ်မရှိတဲ့ စစ်ပွဲဟာ မုသားတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး ကျွန်မတို့နိုင်ငံအပေါ် ဘယ်လိုမျိုး အရေးပေါ် ခြိမ်းခြောက်မှုမှမရှိဘဲနဲ့ စတင်ခဲ့တာပါ။ ဒေါ်နယ်ထရမ့်ဟာ အခုထိ ဒီစစ်ပွဲအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုမှ မပေးနိုင်သေးသလို စစ်ပွဲကို ဘယ်လို အဆုံးသတ်မလဲဆိုတဲ့ အစီအစဉ်လည်း သူ့မှာ မရှိပါဘူး။ သင်တို့အများစုလိုပဲ ကျွန်မ တကယ်ကို ဒေါသထွက်မိပါတယ်။ ဒေါ်နယ်ထရမ့် လုပ်ဆောင်နေတဲ့ အရာတွေအပေါ် ကျွန်မ ဒေါသထွက်သလို ဒီမလိုအပ်ဘဲဖြစ်နေတဲ့ ပဋိပက္ခကြားမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ကျွန်မတတ်နိုင်သမျှ ဆက်လက် ကြိုးစားသွားပါမယ်။" NOM

NOM
201
Repost from News Of Myanmar
🇲🇲 🇦🇫 🇨🇲 🇸🇩 - ယူကေနိုင်ငံက မြန်မာ၊ အာဖဂန်၊ ကင်မရွန်းနှင့် ဆူဒန်ကျောင်းသားများအား ကျောင်းဗီဇာထုတ်ပေးမှု ရပ်ဆိုင်းမည် ယ
🇲🇲 🇦🇫 🇨🇲 🇸🇩 - ယူကေနိုင်ငံက မြန်မာ၊ အာဖဂန်၊ ကင်မရွန်းနှင့် ဆူဒန်ကျောင်းသားများအား ကျောင်းဗီဇာထုတ်ပေးမှု ရပ်ဆိုင်းမည် ယူကေနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ မြင့်တက်လာနေတာကြောင့် အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံတို့က ကျောင်းသားတွေအတွက် ကျောင်းဗီဇာ (Study Visa) ထုတ်ပေးတာကို ရပ်ဆိုင်းတော့မယ်လို့ ယူကေအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အာဖဂန်နိုင်ငံသားတွေအတွက် အလုပ်ဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ကျောင်းဗီဇာနဲ့ လာရောက်သူတွေကြားမှာ ခိုလှုံခွင့် (Asylum) တောင်းခံမှုတွေ အဆမတန် များပြားလာတဲ့အတွက် နိုင်ငံလေးခုက နိုင်ငံသားတွေအပေါ် "ဗီဇာအရေးပေါ်တားဆီးပိတ်ပင်မှု" ကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးလိုက်တာဖြစ်ကြောင်း ယူကေ ပြည်ထဲရေးဝန်ကြီးဌာန က အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခိုလှုံခွင့်တောင်းခံမှု မြင့်တက်လာခြင်း - အာဖဂန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံသား ကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၄၇၀ ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ အစိုးရ၏ သဘောထား - "ဗြိတိန်နိုင်ငံဟာ စစ်ပွဲနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ထွက်ပြေးလာသူတွေကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဗီဇာစနစ်ကိုတော့ အလွဲသုံးစားလုပ်ခွင့် မပေးနိုင်ပါဘူး" လို့ ပြည်ထဲရေးဝန်ကြီး ရှာဗားနား မာမွတ် (Shabana Mahmood) က ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အခြေအနေ - ယူကေနိုင်ငံရေးမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ အဓိကပြဿနာတစ်ခု ဖြစ်လာနေပြီး လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေးကို အပြင်းအထန်ကိုင်စွဲထားတဲ့ Reform UK ပါတီဟာ လူထုသဘောထားစစ်တမ်းတွေမှာ အားကောင်းလာနေပါတယ်။ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ရဲ့ အစိုးရအဖွဲ့ဟာ လူထုရဲ့ မကျေနပ်မှုကို ဖြေလျှော့ဖို့နဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို နှင်ထုတ်တဲ့လုပ်ငန်းစဉ်တွေကို ပိုမိုတင်းကျပ် မြန်ဆန်အောင် လုပ်ဆောင်နေပါတယ်။ ယူကေ သတင်းစာနယ်ဇင်းအဖွဲ့ (PA) ရဲ့ အဆိုအရ- ဒီဗီဇာပိတ်ပင်မှုကို ကြာသပတေးနေ့မှာ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းအသစ်အဖြစ် တရားဝင် စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။ ခိုလှုံခွင့်တောင်းခံထားသူတွေရဲ့ ဒုက္ခသည်အဆင့်အတန်း (Refugee Status) ကို ၃၀ လတစ်ကြိမ် (နှစ်နှစ်ခွဲတစ်ကြိမ်) ပြန်လည်စစ်ဆေးမယ့် စည်းမျဉ်းအသစ်ကိုလည်း ချမှတ်ဖို့ မျှော်လင့်ရပါတယ်။ ဒါဟာ ယူကေနိုင်ငံကို ခိုလှုံခွင့်တောင်းခံသူတွေအတွက် ဆွဲဆောင်မှုမရှိအောင် လုပ်ဆောင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားတွေရဲ့ ခိုလှုံခွင့်တောင်းခံမှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပေမဲ့ ခိုလှုံခွင့်စနစ်ထဲမှာ ရှိနေသူ စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျောင်းဗီဇာနဲ့ လာသူတွေ ဖြစ်နေတာကြောင့် အခုလို ထပ်မံတင်းကျပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ NOM