အရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်.. လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်.. ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့.. အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်.. ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်.. မနည်းမေ့ဖျောက်ထားရတဲ့ အိပ်မက်ဆိုးကြီးကို နိုးထစေခဲ့တာက ဘယ်သူလဲ.. သူတို့တွေထဲက တစ်ယောက်ပဲလား.. အဲဒီလူကရော ဘာရည်ရွယ်ချက်နဲ့များ သူတို့ကိုလှုံ့ဆော်ခဲ့တာလဲ.. သူတို့တွေကရော ဘယ်လိုများကြုံတွေ့ခဲ့ရလို့ အချင်းချင်းမဆက်သွယ်ဘဲ လူထုကိုလည်း အမှန်အတိုင်း ပေးမသိခဲ့တာလဲ.. တောကြီးမျက်မည်းထဲမှာ သူတို့တွေ အသက်ရှင်ကျန်နေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. ဆိုတာကိုတော့ သည်းထိပ်ရင်ဖို အတိတ်နဲ့ပစ္စပ္ပုန်ကို အခါခါကူးရင်း စီးမျောခံစားကြည့်လိုက်ကြပါလို့.. (သွေးထွက်သံယိုနဲ့ သည်းထိပ်ရင်ဖိုအခန်းတွေပါတာမို့ အသည်းငယ်တတ်သူများ မကြည့်သင့်ပါ..)- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/763
𝐈 𝐄𝐫𝐫𝐨𝐫 ဇာတ်လမ်းတွဲ ရီဗျူး
📈 Telegram kanali 𝐈 𝐄𝐫𝐫𝐨𝐫 ဇာတ်လမ်းတွဲ ရီဗျူး analitikasi
𝐈 𝐄𝐫𝐫𝐨𝐫 ဇာတ်လမ်းတွဲ ရီဗျူး (@ierrorse) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 115 233 obunachidan iborat bo'lib, Kino toifasida 1 590-o'rinni va Myanma mintaqasida 859-o'rinni egallagan.
📊 Auditoriya ko‘rsatkichlari va dinamika
невідомо sanasidan buyon loyiha tez o‘sib, 115 233 obunachiga ega bo‘ldi.
25 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -308 ga, so‘nggi 24 soatda esa -29 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.
- Tasdiqlash holati: Tasdiqlanmagan
- Jalb etish (ER): Auditoriya o‘rtacha 7.20% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.14% ini tashkil etuvchi reaksiyalarni to‘playdi.
- Post qamrovi: Har bir post o‘rtacha 8 293 marta ko‘riladi; birinchi sutkada odatda 1 309 ta ko‘rish yig‘iladi.
- Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 9 ta reaksiya keladi.
📝 Tavsif va kontent siyosati
Kanal uchun tavsif kiritilmagan.
Yuqori yangilanish chastotasi (oxirgi ma’lumot 26 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.
The Terminator (1984) Terminator: Judgement Day (1991) Terminator: Rise Of The Machines (2003) Terminator Salvation (2009) Terminator: Genisys (2015) Terminator: Dark Fate (2019)- ချန်နယ်လင့်ကို အရင်Join ပါ https://t.me/+FkT3FROdNGs1NzM1 ဗွီဒီယိုလင့်ကို နှိပ်ပါ https://t.me/c/3928521448/107 ဇာတ်လမ်းအညွှန်း ကွန်မန့်မှာကြည့်ပါ Main Channel
နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် အတွဲ၃ လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစကနေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။ ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။ ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။ ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။ ဇာတ်လမ်းအကျဉ်း ပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေကနေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ပြည့်မှာပဲ အန္တရာယ်ပေးမဲ့ မိစ္ဆာတွေရောက်လာတာကြောင့် သူ့အမေနဲ့အတူ သွေးနှောနတ်ဘုရားတွေကို လေ့ကျင့်ပေးတဲ့စခန်းဆီကို ပြေးရပါတော့တယ်။ အဲဒီစခန်းကိုရောက်ဖို့ မိစ္ဆာတွေလက်က လွတ်အောင်ပြေးရင်း စခန်းထဲကနေ ဘာတွေကို ဆက်ရင်ဆိုင်ရမလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/745
ခုလို အေးစိမ့်နေတဲ့ ရာသီမျိုးမှာ တယောက်ထဲဇိမ်နဲ့ကြည့်လို့အကောင်းဆုံးက ဟော်ရာကားပါပဲ အမေရိကန်ဟော်ရာ စတိုရီဆိုတဲ့ ဇာတ်လမ်းတွေဟာ အပိုင်းရာချီရှိပြီး အတော်လေးလည်း ကျယ်ပျံ့ပါတယ်။ တပိုင်းနဲ့တပိုင်း ဆက်စပ်မထားဘဲ သီးခြားကြောက်စရာဇာတ်လမ်းတစ်ပုဒ်စီချင်းမို့ သရဲပုံပြင်တွေကို တစ်ပုဒ်ပြီး တစ်ပုဒ်နားထောင်နေရသလို အရသာရှိနေမှာပါ။ ဇာတ်လမ်းတွေကလည်း ဖန်တရာတေ ဟော်ရာဇာတ်လမ်းတွေမဟုတ်ဘဲ တပိုင်းပြီးတပိုင်း ဆန်းသစ်တဲ့စီးရီးမို့ ဟော်ရာပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မှာပါ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/712
Pirates of the Caribbean: Dead Man's Chest (2006)Collection Movie ချန်နယ်လင့် https://t.me/ierrorDC/31
Yellowjackets၊ Mean Girls နဲ့ Carrie တို့လို လူငယ်သဘာဝ လျှို့ဝှက်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တွေနဲ့ သဘာဝလွန် ထိတ်လန့်သည်းဖို ရသတွေကို ပေါင်းစပ်ထားတဲ့ စီးရီးကောင်းတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ အသစ်စက်စက် ထွက်ရှိလာတဲ့ "The Body (၂၀၂၆)" စီးရီးသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ Under the Bridge နဲ့ Not Okay တို့ကို ဖန်တီးခဲ့သူ ဒါရိုက်တာ Quinn Shephard ရိုက်ကူးထားပြီး မင်းသမီး Riley Keough က Executive Producer အဖြစ် ပါဝင်ထုတ်လုပ်ထားတဲ့ စိတ်ဝင်စားဖွယ် Teen Psychological Horror-Drama စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၂၀၀၄ ခုနှစ်က စည်းကမ်းတင်းကျပ်တဲ့ ကက်သလစ် အထက်တန်းကျောင်းတစ်ကျောင်းကို နောက်ခံထားပါတယ်။ အဲဒီကျောင်းက "Lions" လို့ခေါ်တဲ့ အကအဖွဲ့ ) ဟာ အသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ အန်ညာ နဲ့ အဲလစ်စ် တို့ ဦးဆောင်တဲ့ ခပ်ဆိုးဆိုး မိန်းကလေးအဖွဲ့တစ်ခုပါ။ တစ်ညမှာတော့ သူတို့အဖွဲ့ထဲကို အသစ်ဝင်လာတဲ့ ရိုးသားဖြူစင်တဲ့ ကျောင်းသူသစ်လေး ဂရေ့စ်ကို အဖွဲ့ဝင်အဖြစ် လက်ခံတဲ့ အထိမ်းအမှတ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး လျှို့ဝှက် အစီအရင်တစ်ခု ကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ မထင်မှတ်ထားတဲ့ အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ဂရေ့စ် တစ်ယောက် Coma ဝင် သွားခဲ့ပါတော့တယ်။သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်နဲ့ လျှို့ဝှက်ချက်ကြီး ပေါ်ပေါက်သွားမှာကို စိုးရိမ်ကြောက်လန့်နေကြတဲ့ အန်ညာ၊ အဲလစ်စ် နဲ့ လစ်ဇ်ဘက် တို့ အဖွဲ့သားတွေဟာ အပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့အတွက် ထူးဆန်းတဲ့ အကြားအမြင်တွေနဲ့ ဘာသာရေးဆိုင်ရာ ဗျာဒိတ်တော်တွေ ကို မြင်တွေ့ခဲ့ရတယ်လို့ လိမ်လည်ထွက်ဆိုလိုက်ကြပါတယ်။ သူတို့ရဲ့ မုသားစကားလေးတစ်ခုကနေ တစ်မြို့လုံးအနှံ့ ဘာသာရေး အစွန်းရောက်မှုနဲ့ အုပ်စုလိုက် စိတ်ခြောက်ခြားမှု ကြီးတစ်ခု ဘယ်လို ကူးစက်ပျံ့နှံ့သွားမလဲ၊ သူတို့လိမ်ညာခဲ့တဲ့ သဘာဝလွန် ဖြစ်ရပ်တွေကရော တကယ်ပဲ လက်တွေ့ဖြစ်လာမလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ စာရေးဆရာကြီး Arthur Miller ရဲ့ နာမည်ကျော် The Crucible ပြဇာတ်ကနေ ဉာဏ်ကွန့်မြူးထားတဲ့ ဒီစီးရီးဟာ လူငယ်တွေကြားက မနာလိုမှု၊ လျှို့ဝှက်ချက်၊ အပြစ်ရှိသလို ခံစားရမှု နဲ့ အကြောက်တရားတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်လောက်အထိ ရူးသွပ်သွားအောင် ကြိုးကိုင်ခြယ်လှယ်နိုင်သလဲ ဆိုတာကို သရော်ဟန် နဲ့ ထိထိမိမိ ရိုက်ကူးထားပါတယ်။ လိမ်ညာမှုသက်သက်လား၊ တကယ့် သဘာဝလွန် ဖြစ်ရပ်လား ဆိုတာကို ပရိသတ်တွေ အဆုံးထိ ဒွိဟဖြစ်နေအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ "The Body (၂၀၂၆)" ဟာ သမားရိုးကျ ကျောင်းသားလူငယ် ဒရာမာစီးရီးမျိုး မဟုတ်ဘဲ၊ မှောင်မိုက်တဲ့ လှည့်ကွက်တွေ၊ ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် ပေါင်းစပ်ထားတဲ့ စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ထိုင်တည်း အစအဆုံး ဆက်တိုက်ကြည့်ရှုချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ Mystery / Psychological Thriller စီးရီးသစ်ရှာနေသူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/700
မြန်မာ့ဝတ်စားဆင်ယင်မှု့နဲ့ ယဥ်ကျေးမှု့အကတွေကို ထည့်သုံးထားလို့ ဝေဖန်မှု့မြငိ့တက်နေတဲ့ Scarlet Heart Ullavee (2026) ထွက်ရှိလို့လာပါပြီ မင်းသား မင်ဖ အဖြစ် Win Metawin ဖောင်းနွမ်/နာ့ဘွန်း အဖြစ် Tu Tontawan မင်းသားဆန်ထပ် အဖြစ် Nanon Korapat အိမ်ရှေ့မင်းသား အင်ထာရတ် အဖြစ် Tay Tawan မင်းသား ကျုံဟမ် အဖြစ် Fourth မင်းသား ဖာ့ဟမ်းအဖြစ် Phuwin မင်းသားကုန်ထိုင် အဖြစ် Perth Tanapon ဇာတ်လမ်းအကျဥ်း ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူသေဆုံးသွားခဲ့တာမို့ မိခင်ဖြစ်သူနဲ့ပဲ နေလာရတဲ့ နာ့ဘွန်းတစ်ယောက် မိခင်ကပါ သေဆုံးသွားခဲ့သလို အခင်ဆုံးသူငယ်ချင်းနဲ့ ချစ်ရသူကပါ ဖောက်ပြန်နေခဲ့တာမို့ လောကကြီးကို စိတ်ကုန်နေခဲ့ပါတယ် တစ်နေ့ ရှေးရှေးက တည်ရှိခဲ့တဲ့ "အာလဝီ"ဆိုတဲ့ လန်းနာ၊တရုတ်နဲ့ မြန်မာနိုင်ငံကြားက တားမြစ်မြို့တော်တစ်ခုအကြောင်း ပရောဂျက်လုပ်ဖို့ လေ့လာရင်း နာ့ဘွန်းတစ်ယောက် “အာလဝီ”မြို့တော်ထဲက “ဖောင်းနွမ်”ဆိုတဲ့ မိန်းကလေးရဲ့ ခန္ဓာထဲ ရောက်သွားပါတော့တယ် နာ့ဘွန်းတဖြစ်လဲ ဖောင်းနွမ်တစ်ယောက် အိမ်ပြန်ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်တာမို့ လက်ရှိဘဝမှာပဲ ကြိုးစားနေခဲ့ရပါတော့တယ် သမိုင်းမှတ်တမ်းတွေအရ အာလဝီရဲ့ နောက်ဆုံး မင်းဆက်က မောင်နှမအရင်းတွေကို သတ်ဖြတ် နန်းတက်ထားတာလို့ သိထားတဲ့ “အာလဝီ” မြို့တော်က မင်းသားတွေရဲ့ကြား နန်းလုမှုတွေ သစ္စာဖောက်မှုတွေ ချစ်ခင်မှုတွေကြား ဖောင်းနွမ်တစ်ယောက် ဆက်ရှင်သန်နိုင်ပါ့မလား ဒီဘက်ခေတ်ကိုရော ပြန်ရောက်လာနိုင်ပါ့မလားဆိုတာ “Scarlet heart Ullavee” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/686
Avengers Endgame: Encore (၂၀၂၆) ဟာ ၂၀၁၉ ခုနှစ်က စံချိန်တင် အောင်မြင်ခဲ့တဲ့ Avengers: Endgame ရုပ်ရှင်ကို အသစ်ပြန်လည် တည်းဖြတ် (Updated Cut) ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ရုံပြန်တင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီ Encore ဗားရှင်းမှာတော့ မူရင်းထက် ပိုတောက်ပတဲ့ အရောင်အသွေး (Color grading အသစ်) တွေ အသုံးပြုထားပြီး ၄ မိနစ်ကနေ ၆ မိနစ်စာ အသစ်ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာပါတယ်။ ဒီအခန်းသစ်တွေဟာ နောက်ထွက်လာမယ့် "Avengers: Doomsday" ရုပ်ရှင်အတွက် အဓိက လမ်းခင်းပေးထားတာပါ။ အရင် Endgame ရဲ့ ခံစားမှုကို အပြည့်အဝပြန်ရစေမယ့်အပြင် ရှေ့ဆက်လာမယ့် Marvel ရဲ့ ဇာတ်လမ်းသစ်တွေအတွက် အရေးကြီးတဲ့ အချိတ်အဆက်တွေ ပါဝင်လာတာမို့ Marvel ပရိသတ်တွေ အနေနဲ့ မဖြစ်မနေ ပြန်ကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်ဗျာ။- DC & Marvel ချန်နယ်လင့် https://t.me/ierrorDC/28
Prime Video ရဲ့ လတ်တလော နာမည်ကြီး French Romantic Drama စီးရီးသစ်လေးကို တင်ဆက်လိုက်ရပါတယ်..ဒီစီးရီးဟာ စာရေးဆရာမ C.S. Quill ရဲ့ နာမည်ကျော် French Romantic novel ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး Belrose တက္ကသိုလ် မြို့ပြကျောင်းပရဝဏ် နောက်ခံပေါ်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ Belrose တက္ကသိုလ်ကျောင်းသူ လွိုက်စ်တစ်ယောက် ချစ်သူကောင်လေး မက်စ်ဆီကနေ ရက်ရက်စက်စက် လမ်းခွဲခံလိုက်ရပြီး နေစရာပါမရှိတော့ဘဲ ဖုန်းဘက်ထရီကုန်လို့ အကူအညီမဲ့သွားချိန်မှာ ကယ်တင်ရှင်လို ပေါ်လာသူကတော့ ကျောင်းသား ride-share app တစ်ခုဖြစ်တဲ့ "Campus Drivers" ကို တည်ထောင်ထားတဲ့ လိန်းပါပဲ။ ဘယ်သူ့ကိုမှ ရင်ဘတ်ထဲ အလွယ်တကူမထည့်တတ်တဲ့ လိန်းက အကူအညီမဲ့နေတဲ့ လွိုက်စ်ကို သူ့တိုက်ခန်းမှာ ယာယီခိုလှုံခွင့်ပေးလိုက်ရာကနေ သူတို့နှစ်ယောက် အတူစတင်နေထိုင်ခဲ့ကြပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ သူတို့ကြားမှာ ရင်ခုန်သံတွေ ပေါက်ဖွားလာပေမယ့် လိန်းရဲ့ တိုက်ခန်းထဲက အမြဲသော့ခတ်ထားတဲ့ အခန်းတစ်ခန်းနဲ့ အတိတ်က အမှောင်ရိပ်တွေက သူတို့ကို ခြောက်လှန့်နေခဲ့ပါတယ်။ တောင်တန်းတွေပေါ်က အားလပ်ရက် ခရီးစဉ်တစ်ခုမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ပေါက်ကွဲထွက်လာပြီး အနမ်းတွေနဲ့အတူ စတင်ချစ်မိသွားခဲ့ကြပါတယ်။ ဒါပေမဲ့ လိန်းရဲ့ရင်ထဲမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ရတဲ့ ဒဏ်ရာကြီးက အမြဲတမ်း တားဆီးနေခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ်တွေက မော်တော်ဆိုင်ကယ် မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူ့အစ်ကို မိုက်ခ်ရဲ့ သေဆုံးမှုအတွက် သူ့ကိုယ်သူ အပြစ်တင်နေတာပါပဲ။ လွိုက်စ်က Campus Drivers ကားလေးနဲ့ လိုက်လာပြီး ဝေါ်ကီတော်ကီကတစ်ဆင့် ငိုသံပါကြီးနဲ့ နှစ်သိမ့်ပေးတဲ့အခါမှာတော့ လိန်းရဲ့ နှလုံးသားကို ပိတ်ဆို့ထားတဲ့ ရေခဲတုံးတွေ အရည်ပျော်ကျသွားပြီး နှစ်ယောက်သား ရင်ချင်းအပ်လို့ အချစ်ကို ဝန်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဘဝက ပုံပြင်တစ်ပုဒ်လို အမြဲ သာယာမနေပါဘူး။ လိန်းရဲ့မိခင်က လိန်းကို လော့စ်အိန်ဂျလိစ်ကို ရုပ်ရှင်အလုပ်နဲ့သွားဖို့ ဖိအားပေးလာခဲ့ပြီး သူသာမသွားရင် လွိုက်စ်ရဲ့ ဆေးပညာသင်ဆုကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့... လွိုက်စ်ရဲ့ အနာဂတ်နဲ့ သူတို့နှစ်ယောက် အချစ်ကြားမှာ လိန်းတစ်ယောက် ဘယ်လိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို စွန့်စားရွေးချယ်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် Romance Drama ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/657
ကောလိပ်ကျောင်းသားဘ၀မှာကတည်းက ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန်ဟာ ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရပါတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက် သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက်ပိုက်ဆံလိုလာခဲ့ပါတယ်။ ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/650
မြန်မာ့ဝတ်စားဆင်ယင်မှု့နဲ့ ယဥ်ကျေးမှု့အကတွေကို ထည့်သုံးထားလို့ ဝေဖန်မှု့မြငိ့တက်နေတဲ့ Scarlet Heart Ullavee (2026) ထွက်ရှိလို့လာပါပြီ မင်းသား မင်ဖ အဖြစ် Win Metawin ဖောင်းနွမ်/နာ့ဘွန်း အဖြစ် Tu Tontawan မင်းသားဆန်ထပ် အဖြစ် Nanon Korapat အိမ်ရှေ့မင်းသား အင်ထာရတ် အဖြစ် Tay Tawan မင်းသား ကျုံဟမ် အဖြစ် Fourth မင်းသား ဖာ့ဟမ်းအဖြစ် Phuwin မင်းသားကုန်ထိုင် အဖြစ် Perth Tanapon ဇာတ်လမ်းအကျဥ်း ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူသေဆုံးသွားခဲ့တာမို့ မိခင်ဖြစ်သူနဲ့ပဲ နေလာရတဲ့ နာ့ဘွန်းတစ်ယောက် မိခင်ကပါ သေဆုံးသွားခဲ့သလို အခင်ဆုံးသူငယ်ချင်းနဲ့ ချစ်ရသူကပါ ဖောက်ပြန်နေခဲ့တာမို့ လောကကြီးကို စိတ်ကုန်နေခဲ့ပါတယ် တစ်နေ့ ရှေးရှေးက တည်ရှိခဲ့တဲ့ "အာလဝီ"ဆိုတဲ့ လန်းနာ၊တရုတ်နဲ့ မြန်မာနိုင်ငံကြားက တားမြစ်မြို့တော်တစ်ခုအကြောင်း ပရောဂျက်လုပ်ဖို့ လေ့လာရင်း နာ့ဘွန်းတစ်ယောက် “အာလဝီ”မြို့တော်ထဲက “ဖောင်းနွမ်”ဆိုတဲ့ မိန်းကလေးရဲ့ ခန္ဓာထဲ ရောက်သွားပါတော့တယ် နာ့ဘွန်းတဖြစ်လဲ ဖောင်းနွမ်တစ်ယောက် အိမ်ပြန်ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်တာမို့ လက်ရှိဘဝမှာပဲ ကြိုးစားနေခဲ့ရပါတော့တယ် သမိုင်းမှတ်တမ်းတွေအရ အာလဝီရဲ့ နောက်ဆုံး မင်းဆက်က မောင်နှမအရင်းတွေကို သတ်ဖြတ် နန်းတက်ထားတာလို့ သိထားတဲ့ “အာလဝီ” မြို့တော်က မင်းသားတွေရဲ့ကြား နန်းလုမှုတွေ သစ္စာဖောက်မှုတွေ ချစ်ခင်မှုတွေကြား ဖောင်းနွမ်တစ်ယောက် ဆက်ရှင်သန်နိုင်ပါ့မလား ဒီဘက်ခေတ်ကိုရော ပြန်ရောက်လာနိုင်ပါ့မလားဆိုတာ “Scarlet heart Ullavee” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/641
ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ် ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/629
လတ်တလော ရေပန်းစားနေတဲ့ Doctor-X kdrama စီးရီးရဲ့ မူရင်းဗားရှင်းကို တခဲနက်တောင်းဆိုနေကြတဲ့ ပရိသတ်ကြီးအတွက် Masterpiece လို့ တင်စားထားရတဲ့ ဆူရှီမြေက Doctor-X Medical Drama စီးရီးတွဲကြီးထဲကမှ Season (1) ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ "ဆရာဝန်လိုင်စင်မလိုတဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး" ဆိုတဲ့ စကားကို အမြဲပါးစပ်ဖျားမှာ တပ်ထားပြီး ကိုယ်မှန်ရင် ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခတွေကိုတောင် ဂရုမစိုက်တတ်တဲ့ ဆတ်ဆတ်ကြဲအမျိုးသမီးခွဲစိတ်အထူးကု ဒါအိမို မီချီကို တစ်ဖြစ်လဲ ဒေါက်တာ X အကြောင်းဖြစ်ပါတယ်... ဒါအိမို မီချီကိုဆိုတာ ခွဲစိတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတဲ့ အလွတ်တန်းဆရာဝန်မလေးတစ်ယောက်၊ ဆေးရုံတစ်ရုံကနေ တစ်ရုံကို လှည့်လည်သွားလာနေတဲ့ Freelance ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပညာကို အရိုးထဲအထိစိမ့်အောင်ချစ်မြတ်နိုး ဝါသနာပါတဲ့ဆရာဝန် .. ဆေးရုံတွေဆိုတာက လူနာကိုကယ်တင်ဖို့ထက် ရာထူးအာဏာပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏစွဲတွေနဲ့ နိုင်ငံရေးပရိယာယ်တွေ ကြွယ်ဝတဲ့နေရာကြီးဖြစ်နေချိန် .. အကျင့်ပျက်ခြစားပြီး လုပ်ငန်းခွင်ကြမ်းတမ်းတဲ့ တက္ကသိုလ်ဆေးရုံကြီးလို နေရာမျိုးဆီကို မိချီကိုတစ်ယောက် ရောက်လာတဲ့အခါ... တခြားဆရာဝန်တွေက ရာထူးတက်ဖို အထက်ဖားအောက်ဖိကြ၊ အမှားတွေကို ဖုံးကွယ်ကြနဲ့ အာလူးဖုတ်နေချိန်မှာ မိချီကိုကတော့ aura အပြည့် swag အပြည့်နဲ့ ဟန်ပဲရှိတဲ့ ဆရာဝန်လောကရဲ့ဘိုးတော်တွေကို ဘယ်လိုပညာပေးသွားမလဲဆိုတာကို Season (7) ခုစာ တဝကြီး ရှုစားရမှာပါ။ ဂျပန်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး Ryoko Yonekura, Yuki Uchida နဲ့ Kei Tanaka စတဲ့ ထိတ်ထိတ်ကြဲတွေ ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်တာပါ။ ရာထူးအာဏာကို မက်မောတဲ့ ဆရာဝန်တွေကြားမှာ မိချီကိုတစ်ယောက် ကျရှုံးမှုဆိုတာ မရှိတဲ့ သူ့ရဲ့ ခွဲစိတ်မှတ်တမ်းနဲ့ "ကျွန်မ မကျရှုံးဖူးဘူး"ဆိုတဲ့ ဆောင်ပုဒ်စကားအတိုင်း လူနာတွေကို ဘယ်လိုအကြိတ်အနယ် ကယ်တင်သွားမလဲ... ဆေးရုံအုပ်ကြီးတွေရဲ့ အကောက်ကြံမှုတွေကိုရော ဘယ်လို အပိုင်ဖြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာမို့လို Medical Drama ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/553
ကွင်းဆက်စိတ္တဇကောင်တွေကိုမှ လိုက်ရှင်းတဲ့ စိတ္တဇကြီး ပြန်လာပါပြီ။ ကမ္ဘာကျော်ဒက်စ်တာ ဇာတ်လမ်းတွဲတွေဟာ မူရင်း ၇ တွဲရှိသလို Dexter: Original Sin (2024) တစ်တွဲ၊ Dexter: New Blood (2021) တစ်တွဲလည်းထွက်ထားခဲ့ပြီး အကုန်ကောင်းနေတာချည်းပါပဲ။ အခုထွက်လာတဲ့ Dexter: Resurrection ကတော့ New Blood ရဲ့ အဆက်ပါ။ ဒီအပိုင်းအားလုံး i error မန်ဘာချန်နယ်မှာ အပြည့်အစုံတင်ထားပြီးပါပြီ😊 ဇာတ်လမ်းအကျဉ်း ဒက်စ်တာကို သေနတ်ဒဏ်ရာနဲ့ ရှောပြီထင်ထားပေမဲ့ ဆေးရုံမှာ ကိုမာဝင်ပြီး ပြန်နိုးလာခဲ့ပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့သားဟယ်ရစ်ဆင်က နယူးယောက်မှာ ခြေရာဖျောက်ပြီး နေနေခဲ့တာပါ။ ဒါပေမဲ့ ကွင်းဆက်မုဒိန်းကောင်တစ်ကောင်ကို တွေ့တဲ့အခါမှာ အမှောင်စိတ်တွေကိုမထိန်းနိုင်တော့ဘဲ ရှော့မိပြီး ကိုးပိုင်းပိုင်းလိုက်မိပါတယ်။ အဲဒီကနေ နယူးယောက်စုံထောက်တွေက ကွင်းဆက်ရပြီးလိုက်လာသလို၊ ဒက်စ်တာတစ်ယောက် သူ့သားကို ကယ်ဖို့ ကြိုးစားရင်း သူ့အတိတ်က ရဲတွေကိုပါ အလွတ်ပြေးဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/591
သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။ သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။ ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပိုခေါင်းကိုက်ရတာပေါ့။ နိုင်ငံခေါင်းဆောင်တွေ အချင်းချင်းချနေရင်တောင် ကြားထဲက ပြေရာပြေကြောင်းပြောပြီး နိုင်ငံလိုက် ထမချအောင်ကလည်း ဆွဲရပါသေးတယ်။ ၂၀၂၃ ထွက် Drama, Thriller အမျိုးအစားဖြစ်တဲ့ The Diplomat ထဲမှာတော့ အမျိုးသမီးသံအမတ် ကိတ်ဝိုင်လာ ခေါင်းခြောက်နေရတဲ့အကြောင်းကို တွေ့ရမှာပါ။ တိုက်နေခိုက်နေ စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ရ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက ဒုသံအမတ် ကိတ်ဝိုင်လာက အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးမြို့ကို သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စောင့်နေရင်းမှာ ဗြိတိန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဆိုင်းမဆင့်ဘုံမဆင့် ဝန်ထမ်းဦးစီးမှုးက ခေါ်ပြီး မဟာမိတ်ဖြစ်တဲ့ ဗြိတိန်ကို သံအမတ်အနေနဲ့ စေလွှတ်လာပါတယ်။ ဒီလိုနဲ့ပဲ ကိတ်ဝိုင်လာတစ်ယောက် မယောင်မလည်နဲ့ ဗြိတိန်သံအမတ်ဖြစ်လာပါတယ်။ ရှေ့တန်းမှာပဲ ခပ်ကြမ်းကြမ်း ဟောဟောဒိုင်းဒိုင်း အလုပ်လုပ်တတ်တဲ့ ကိတ်ဝိုင်လာအတွက်တော့ လန်ဒန်လို စည်းကမ်းကြီးပြီး ကြွကြွရွရွ နေရတဲ့နေရာမှာ ရောက်သွားတော့ အမြီးအမောက်မတည့်တာတွေ ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒီလိုကသီလင်တဖြစ်တာလေးထက် အများကြီး ကြီးတဲ့ ပြဿနာတွေက သူ့ကို စောင့်ကြိုနေကြပါတယ်။ ကမ္ဘာ့အရေးစိတ်ဝင်စားသူတွေ သိကြတဲ့ လတ်တလော ခေတ်သစ်သမိုင်းအကြောင်းအရာတွေကြားမှာ သံအမတ် ကိတ်ဝိုင်လာ အတွက် ပြဿနာတွေနဲ့ ရောထွေးတင်ပြထားပါတယ်။ နိုင်ငံရေး ဇာတ်ကားကြီးဆိုပြီး ပျင်းမနေရဘဲ ဇာတ်လမ်းကစိတ်ဝင်စားစရာကောင်းသလို တစ်ခါတစ်ခါမှာ ဟာသလေးတွေနှောပြီး ပြထားတဲ့အတွက် ဟားရမှာလည်း အသေအချာပါပဲ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/575
လတ်တလော ရေပန်းစားနေတဲ့ Doctor-X kdrama စီးရီးရဲ့ မူရင်းဗားရှင်းကို တခဲနက်တောင်းဆိုနေကြတဲ့ ပရိသတ်ကြီးအတွက် Masterpiece လို့ တင်စားထားရတဲ့ ဆူရှီမြေက Doctor-X Medical Drama စီးရီးတွဲကြီးထဲကမှ Season (1) ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ "ဆရာဝန်လိုင်စင်မလိုတဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး" ဆိုတဲ့ စကားကို အမြဲပါးစပ်ဖျားမှာ တပ်ထားပြီး ကိုယ်မှန်ရင် ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခတွေကိုတောင် ဂရုမစိုက်တတ်တဲ့ ဆတ်ဆတ်ကြဲအမျိုးသမီးခွဲစိတ်အထူးကု ဒါအိမို မီချီကို တစ်ဖြစ်လဲ ဒေါက်တာ X အကြောင်းဖြစ်ပါတယ်... ဒါအိမို မီချီကိုဆိုတာ ခွဲစိတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတဲ့ အလွတ်တန်းဆရာဝန်မလေးတစ်ယောက်၊ ဆေးရုံတစ်ရုံကနေ တစ်ရုံကို လှည့်လည်သွားလာနေတဲ့ Freelance ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပညာကို အရိုးထဲအထိစိမ့်အောင်ချစ်မြတ်နိုး ဝါသနာပါတဲ့ဆရာဝန် .. ဆေးရုံတွေဆိုတာက လူနာကိုကယ်တင်ဖို့ထက် ရာထူးအာဏာပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏစွဲတွေနဲ့ နိုင်ငံရေးပရိယာယ်တွေ ကြွယ်ဝတဲ့နေရာကြီးဖြစ်နေချိန် .. အကျင့်ပျက်ခြစားပြီး လုပ်ငန်းခွင်ကြမ်းတမ်းတဲ့ တက္ကသိုလ်ဆေးရုံကြီးလို နေရာမျိုးဆီကို မိချီကိုတစ်ယောက် ရောက်လာတဲ့အခါ... တခြားဆရာဝန်တွေက ရာထူးတက်ဖို အထက်ဖားအောက်ဖိကြ၊ အမှားတွေကို ဖုံးကွယ်ကြနဲ့ အာလူးဖုတ်နေချိန်မှာ မိချီကိုကတော့ aura အပြည့် swag အပြည့်နဲ့ ဟန်ပဲရှိတဲ့ ဆရာဝန်လောကရဲ့ဘိုးတော်တွေကို ဘယ်လိုပညာပေးသွားမလဲဆိုတာကို Season (7) ခုစာ တဝကြီး ရှုစားရမှာပါ။ ဂျပန်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး Ryoko Yonekura, Yuki Uchida နဲ့ Kei Tanaka စတဲ့ ထိတ်ထိတ်ကြဲတွေ ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်တာပါ။ ရာထူးအာဏာကို မက်မောတဲ့ ဆရာဝန်တွေကြားမှာ မိချီကိုတစ်ယောက် ကျရှုံးမှုဆိုတာ မရှိတဲ့ သူ့ရဲ့ ခွဲစိတ်မှတ်တမ်းနဲ့ "ကျွန်မ မကျရှုံးဖူးဘူး"ဆိုတဲ့ ဆောင်ပုဒ်စကားအတိုင်း လူနာတွေကို ဘယ်လိုအကြိတ်အနယ် ကယ်တင်သွားမလဲ... ဆေးရုံအုပ်ကြီးတွေရဲ့ အကောက်ကြံမှုတွေကိုရော ဘယ်လို အပိုင်ဖြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာမို့လို Medical Drama ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။- ဇာတ်လမ်းတွဲချန်နယ်လင့် https://t.me/+brp10_4uPtg3M2Y1 ဗွီဒီယိုလင့် https://t.me/c/4202066202/553
