Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 704
Obunachilar
-424 soatlar
-417 kunlar
-17530 kunlar
Postlar arxiv
အယ်လ်ဟီလယ်အသင်းက World Cup အပြီး ဘရူနိုကို တရားဝင်ကမ်းလှမ်းဖို့ အတည်ပြုခဲ့ပါတယ် ။ ကစားသမားဘက်က အသင်းမှာ ပျော်ရွင်နေတယ်ဆိုပေမဲ့ အနာဂတ်အတွက် ဘာမှကြိုတင်ပြောလို့မရကြောင်း အပြောင်းအရွေ့သတင်းနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ် ။
#MUMS
အသင်းရဲ့ လစာအများဆုံးကစားသမားတွေကို တဖြည်းဖြည်းနဲ့ ရှင်းထုတ်နေတာ လာမယ့်ရာသီဆို တစ်ယောက်မှ မရှိတော့ပါဘူး ။ အားလုံးတပြေးညီ လစာကို ကန့်သတ်ပြီး အသင်းရဲ့ယိုယွင်းပျက်စီးနေခဲ့တဲ့ အရာတွေကို တစ်ဆင့်ချင်း ကိုင်တွယ်နေပြီလည်း ဖြစ်ပါတယ် ။
#MUMS
လာမယ့်ရာသီ left winger အတွက် အသင်းဘက်က စောင့်ကြည့်နေတဲ့ ကစားသမားများ 👀
#MUMS
Shea Lacey က ဒဏ်ရာကြောင့် နားနေရတာကနေ အခုဆို ပြန်လည်သက်သာလာခဲ့ပြီး ပထမအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းစဆင်းဖို့ ရှိနေပြီလို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းလိုက်နေခဲ့တဲ့ ဖောရက်စ်ကွင်းလယ်လူ အန်ဒါဆန်က စီးတီးအသင်းကို ရွေးချယ်ဖို့များနေပြီး ကာဆယ်ကွင်းလယ်လူ ဂီမာရက်စ်က အခုဆိုအသင်းနဲ့ ကျယ်ကျယ်လောင်လောင် သတင်းထွက်နေခဲ့ပြီလည်း ဖြစ်ပါတယ် ။
#MUMS
လာမယ့်ပွဲစဉ် 5 ပွဲကတော့ ကြည့်ကောင်းမယ့် ပွဲတွေကြီးပါဘဲ
✔️ Aston Villa — Mar 15 (9d gap) H
✔️ Bournemouth — Mar 20 (5d) A
✔️ Leeds United — Apr 13 (24d) H
✔️ Chelsea — Apr 18 (5d) A
✔️ Brentford — Apr 25 (7d) H
@manchester 🏴
#MUMS
အီဗရာ 🗣️
အသင်းမှာ အရင်က ကစားခဲ့ကြတဲ့သူတွေက လက်ရှိအသင်းနည်းပြကို ဆွဲချနေတဲ့ ပုံစံကို ငါ့အနေနဲ့ သဘောမကျပါဘူး ။ ဒါက ကူညီရာမရဘဲ ရေနစ်သူကို ဝါးကူထိုးပေးနေသလို ဖြစ်နေတယ်လို့ ခံစားရပါတယ် ။
#MUMS
တချိန်က အသင်းရဲ့ legend တစ်ဦးဖြစ်တဲ့ ရွိုင်ရယ်ဂစ် တင်ရှိထားခဲ့တဲ့ စံချိန်ကို ဘရူနိုက နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှုပြုလုပ်ပြီး အရင်တင်ထားခဲ့တဲ့ စံချိန်ဟောင်းကို ချိုးဖြတ်လိုက်ပြီလည်း ဖြစ်ပါတယ် ။
#MUMS
Lammens 🗣️
ရှုံးတဲ့ဆိုတဲ့ အရာက ဘယ်လောက်ခံရခက်လဲဆိုတာ ငါတို့ကြုံတွေ့ခဲ့ရပြီးပါပြီ ။ ငါတို့အနေနဲ့ ပွဲစဉ်တိုင်း အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ တစ်ခါတစ်လေမှာ မလိုချင်တဲ့ ရလဒ်မျိုးတွေ ရတတ်တယ်ဆိုတာ ကာဆယ်နဲ့ပွဲက သက်သေပါဘဲ ။
#MUMS
ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာကနေ မလိုချင်ခဲ့တဲ့ အရှုံးရလဒ်ကို ပိုင်ဆိုင်သွားခဲ့ရတာ မဆန်းပါဘူး ။
တကယ်ဆန်းတာက အခုတည်းက ဖလားရတယ်ဆိုပြီး အောင်ပွဲခံနေကြတဲ့ တကယ့်ကောင်ဒေဘဲ :)
#MUMS
နာဂျယ်စမန်းက မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပြီး အသင်းဘက်ကလည်း ကားရစ်ကို ရေရှည်နည်းပြအဖြစ် ခန့်အပ်ချင်နေလို့ ရာသီကုန်နည်းပြသစ် ခန့်အပ်ဖို့က လွန်ဆွဲနေမယ့် သဘောမှာ ရှိနေပါတယ် ။
#MUMS
အရာအားလုံးကို ကျောခိုင်းထားလိုက်ပါတယ်
ဥပမာ မာလာစီယာလိုပေါ့
#MUMS
တစ်ယောက်ထုတ်ခံရတဲ့ အသင်းကို ရှုံးတာကြီးကျတော့ များတာပေါ့ကွာ ။ ဒါပေမဲ့ အေးဆေးပါ ။ အဆင့် 3 ကနေ မကျသွားလို့ ☹️
#MUMS
တန့်ကြီးကတော့ အခုထိအသင်းလိုအပ်ချက်တိုင်း ဂိုးသွင်းပေးနေတုန်းပါဘဲ 🤩
#MUMS
အက်ဒီဟိုဝီ 🗣️ ပုံစံကောင်းတွေ ပြသနေတဲ့ မန်ယူအသင်းကို အိမ်ကွင်းမှာ ငါတို့ရပ်တန့်ပစ်မှာပါ ။ ဒီအသင်းရဲ့ အားသာချက် ၊ အားနည်းချက်တွေကိုလည်း ငါ့အနေနဲ့ သိထားလို့ သူတို့အတွက် တကယ်ကို ခက်ခဲလာမှာ သေချာပါတယ် ။
#MUMS
ခက်ခဲမယ့် အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ လက်ရှိအကောင်းဆုံးပုံစံကြောင့် အနိမ့်ဆုံးတော့ မရှုံးအောင် ကစားနိုင်မယ်လို့ ထင်ပါတယ် ။ နယူးရဲ့ ကွင်းလယ်ပိုင်းကို အသာရအောင် ယှဉ်ဆော့နိုင်ရင် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မယ်လို့ ထင်လို့ ဘယ်လိုမျိုးရလဒ် ထွက်ပေါ်လာနိုင်မယ် ထင်လဲ ညီကိုတို့ ?
#MUMS
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
