Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 092
Obunachilar
Ma'lumot yo'q24 soatlar
-337 kun
-19130 kun
Postlar arxiv
လွန်ခဲ့တဲ့ 10 နှစ် ဒီလိုနေ့က သခင်ကြီးမာရှယ်က ယူနိုက်တက်ကစားသမားဘဝ ပထမသွင်းဂိုးကို ပထမဆုံးကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်က လီဗာပူးလ်အသင်းနဲ့ဖြစ်ပီး 3 ဂိုး 1 ဂိုး နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ် ။
#MUMS
မန်ချက်စတာယူနိုက်တက်အသင်းက ဆာအဲလက်စ်အနားယူပြီးကတည်းကစပီး ယူရို 1B ကျော်သုံးစွဲခဲ့ပေမဲ့ အခုအချိန်ထိ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တစ်ကြိမ်မှ ကျော်ဖြတ်ထားနိုင်ခြင်း မရှိခဲ့သေးတာဖြစ်ပါတယ် ။
#MUMS
ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက နောက်ပိုင်းနှစ်တွေထဲ အကောင်းဆုံးခေါ်ယူမှုအဖြစ် နောက်ခံလူ မာဇာရာဝီကို သတ်မှတ်ခဲ့တယ်လို့ သိရပါတယ် ။
#MUMS
မန်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေတဲ့ စီးတီးကစားသမားများ 🥳
🇫🇷 Rayan Cherki
🇩🇿 Rayan Aït-Nouri
🏴 Marcus Bettinelli
🇭🇷 Josko Gvardiol
🇺🇿 Abdukodir Khusanov
🏴 Rico Lewis
🏴 John Stones
🏴 Phil Foden
🇭🇷 Mateo Kovacic
🏴 Nico O’Reilly
🏴 Kalvin Philipps
🇧🇷 Savinho
🇪🇬 Omar Marmoush
#MUMS
မန်ချက်စတာဒါဘီပွဲစဉ်ကို အန်တိုနီတေလာ ကိုင်တွယ်သွားမာဖြစ်ပီး အဆိုပါ ဒိုင်လူကြီး ကိုင်တွယ်တဲ့ ပွဲစဉ်တွေမာ အသင်းက ရှုံးပွဲပိုများနေခဲ့တာဖြစ်ပါတယ် ။
#MUMS
မောင်ဟာလန်း 5 ဂိုးသွင်းထားလို့ ကြောက်နေမယ် မထင်နဲ့နော်
ဒီနှစ်ယောက်ရှိမယ့် ခံစစ်ပိုင်းကို ပိုယုံကြည်တယ် 💪
#MUMS
အမ်ဘီမို 🗣️
ငါ့ကစားသမားဘဝ အောင်မြင်မှုအများကြီး ရချင်ပါတယ် ။ ဒီအတွက်လည်း ပိုပီး ကြိုးစားအားထုတ်ရမာဖြစ်သလို ၊ အသင်းအတွက်လည်း အကောင်းဆုံးပေးဆပ်သွားဖို့လည်း လိုပါတယ် ။
#MUMS
ကတ်စမဲရိုးက ဒီနေ့မာဘဲ အသင်းလေ့ကျင့်ရေးကွင်း ကာရင်တန်ကို ပြန်လည်ရောက်ရှိလာခဲ့ပီး လေ့ကျင့်ခန်းပြန်ဆင်းနေပီလို့ သိရပါတယ် ။
#MUMS
ရီးရဲလ်အသင်းက လာမယ့်ရာသီ အသင်းရဲ့ ခံစစ်ပိုင်းကို သွေးသစ်လောင်းဖို့အတွက် အသင်းရဲ့ နောက်ခံလူ ယိုရိုကို ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
နည်းပြအမိုရင်ကို အသင်းရဲ့ တာဝန်ရှိသူတွေက အပြည့်အဝ ယုံကြည်မှု ပေးထားကြပီး ရာထူးကနေ ထုတ်ပယ်သွားဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ် ။ အသင်းအတွက် လိုအပ်တဲ့ ကစားသမားမှန်သမျှလည်း ဝယ်ပေးသွားအုံးမာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
ပရီးမီးယားလိဂ်ရဲ့ နံပတ် 8 ရဲ့ အကောင်းဆုံးစာရင်းမာ ဘရူနိုတယောက် ပါဝင်လာဖို့ ထိုက်တန်ပါတယ် ။ တဦးချင်း စွမ်းဆောင်ရည်က ဘယ်ကစားသမားထက်မဆို သာလွန်နေခဲ့ပေမဲ့ ဆုဖလားအောင်မြင်မှုမာတော့ တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်ဖို့က အတော်လေး အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ် ။ ဒီဟာကဘဲ ဘရူနိုရဲ့ ကစားသမားဘဝကို အကောင်းဆုံးအရှုံးသမားအဖြစ် အများက ထင်မြင်ခဲ့ရတာဖြစ်ပါတယ် ။
#MUMS
ဒီနေ့က ကပ္ပတိန်ကြီးဘရူနိုရဲ့ အသက် 31 နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ် ။ မွေးနေ့လက်ဆောင်အဖြစ် အသင်းဖက်က ဒီရာသီဆုဖလားတခုခု အရယူပေးဖို့ တာဝန်ရှိပါတယ် 😅
😈🎂 Happy birthday, Bruno Fernandes!
#MUMS
အန်ဒရေအိုနာနာ အသင်းကနေ ထွက်ခွာခဲ့လို့ ဂိုးသမားသစ် ဆာမန်လာမန်းက နံပတ် 1 ဂိုးသမားဖြစ်လာဖွယ်ရှိနေပီး ဘရင်ဒါမာ အရန်ဂိုးသမားဖြစ်လာတော့မာဖြစ်ပါတယ် ။
#MUMS
Big Breaking News!!! ဆရာကြီး ထွက်ပါပြီ
တူရကီကလပ် ထရက်ဇွန်စပေါအသင်းဟာ အိုနာနာကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့် မပါဝင်ဘဲ အငှားသီးသန့်နဲ့သာ ခေါ်ယူမှာဖြစ်ပြီး အငှားခေါ်ယူကြေးလည်း ပေးချေစရာ မလိုပါဘူး။
ထရက်ဇွန်စပေါအသင်းဟာ အိုနာနာကို အပြီးသတ်ဝယ်ယူခွင့် မပါဝင်တဲ့ အငှားသီးသန့်နဲ့သာ ခေါ်ယူမှာဖြစ်သလို အငှားခေါ်ယူကြေးလည်း ပေးချေစရာ မလိုပါဘူး။
#MUMS
မေဆင်မောင့်ရဲ့ ဒဏ်ရာက စစ်ဆေးချက်များအရ ပြင်းထန်ခြင်း မရှိဘူးလို့ သိရပါတယ် ။ အလျင်စလို ပွဲထွက်ကစားခိုင်းမာ မဟုတ်ဘဲ အပေါ့စားလေ့ကျင့်ခန်းတွေကိုသာ အရင်ဆုံး ပြုလုပ်သွားဖို့ ကြံ့ခိုင်းရေးနည်းပြတွေက မှာကြားထားခဲ့တယ်လို့ သိရပါတယ် ။
#MUMS
