Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 604
Obunachilar
-424 soatlar
-327 kunlar
-18030 kunlar
Postlar arxiv
ပြိုင်ဘက်အဖြစ် ဆုံတွေ့ကြမယ့် ယူနိုက်တက်အသင်းသားများ 👀👏
နှစ်သင်းစလုံး နောက်တဆင့်ကို တက်ရောက်သွားနိုင်မယ်လို့ ဆုတောင်းပေးလိုက်ပါတယ် 🥳
#MUMS
နောက်ပိုင်းနှစ်တွေမာ လုဒ်ရှောအနေနဲ့ ပွဲကစားရတာထက် ဒဏ်ရာကြောင့် ပိုပီးအနားယူနေရတာက ပိုများနေခဲ့ပါတယ် ။ ဒီလိုကစားသမားမျိုးကို အသင်းအနေနဲ့ မှီခိုနေမယ့်အစား လူသစ်ခေါ်ပီးအစားထိုးနိုင်ဖို့ လုပ်ဆောင်သင့်နေတာ ကြာပါပီ ။ ကစားခွင့်ရတဲ့အချိန်တိုင်းမာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားတာကို သိပေမဲ့ ဒီလိုမျိုးရေရှည်ဆို အဆင်မပြေလို့ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာက ပိုပီးကောင်းမွန်တဲ့ နည်းလမ်းတခုဖြစ်တယ်ဆိုတာ အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ အသိဆုံး ဖြစ်မယ်ထင်ပါတယ် ။
#MUMS
မကြာခင် Here we go တော့မယ့် ဇာကီရဲ့ အပြောင်းအရွေ့မာ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားခဲ့ပီး ပြောင်းရွေ့ကြေးနဲ့ လစာညှိနှိုင်းမှုတွေသာ ကျန်တော့တာဖြစ်ပါတယ် ။ ကစားသမားဘက်ကတော့ အသင်းပြောင်းဖို့ မီးစိမ်းပြထားပီးပီလည်း ဖြစ်ပါတယ် ။
#MUMS
Repost from Amazing Football
မျှော်လင့်ချက်မဲ့သွားခဲ့ပြီဖြစ်တဲ့ လီဝန်ဒေါ့စကီးရဲ့ပိုလန်
Poland 1-3 Austria FT Highlights
#Amazingfootball
မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ အသင်းရဲ့ ကစားသမားဖြစ်တဲ့ ချီဆာကို ထည့်သွင်းကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ် ။ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ် ။
#MUMS
Repost from Amazing Football
အဖြုန်းကောင်းခဲ့တဲ့ ပြင်သစ်
Netherlands 0-0 France FT Highlights
#Amazingfootball
ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ လေ့ကျင့်ရေးကွင်း ကာရင်တန်နားမာရှိနေတဲ့ အဆောက်အဦတို့ကို ပြန်လည်ပြုပြင်သွားမာဖြစ်ပီး အသုံးစရိတ် ပေါင်သန်း 50 အထိ သုံးစွဲသွားဖွယ် ရှိနေပါတယ် ။
#MUMS
ကိုယ့်ရဲ့ တန်ဖိုးကို နားမလည် ၊ အလေးအနက်မထားတတ်တဲ့ ရပ်ဝန်းမာတော့ မင်းတို့ဒီလိုဘဲ ခံစားနေရအုံးမာပေါ့ကွာ 💔😭
#MUMS
Repost from Amazing Football
အုပ်စုနောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ စပိန်
Spain 1-0 Italy FT Highlights
#Amazingfootball
ကိုဘီရဲ့ပထမဆုံးယူရိုပြိုင်ပွဲမာ ပွဲထွက်ကစားတာကို ကြည့်ချင်ပါတယ်ဆို ဆောက်ဂိတ်က လူစားလဲတောင် ပေးမဆော့သွားဘူး 👊😭
#MUMS
ဖီနာဘာချီအသင်းအနေနဲ့ လက်ရှိအချိန်မာ ဗစ်တာလင်ဒီလော့စ်ရဲ့ အပြောင်းအရွေ့အတွက် မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးပြောဆိုနေကြတယ်လို့ သိရပါတယ် ။ နှစ်ဖက်အသင်းကြား ဆွေးနွေးမှုတွေဟာ အပေါင်းလက္ခဏာဆောင်နေကြလို့ မကြာခင်အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိကြပါတယ် ။
#MUMS
မန်ယူအသင်းဟာ အံ့အားသင်ဖွယ်ရာ အပြောင်းအရွေ့တခုအဖြစ် အသင်းရဲ့ ကွင်းလယ်လူ ကတ်စမဲရိုးနေရာမာ အစားထိုးဖို့အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကစားသမား အီဒါဆန်အဲဗာရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ နည်းပြတန်ဟက်ကိုယ်တိုင်ကလည်း အေဂျက်စ်မာထဲက အဆိုပါကစားသမားကို ကြိုက်နှစ်သက်တာကြောင့် ဒီအပြောင်းအရွေ့က ဖြစ်ပေါ်လာနိုင်ချေ ရှိနေခဲ့ပါတယ် ။
#MUMS
Repost from Amazing Football
တိုက်စစ်ကောခံစစ်ပါမျှတနေတဲ့ အိမ်ရှင်အသင်း
Germany 2-0 Hungary FT Highlights
#Amazingfootball
စကော့တလန်ဇီဒန်းက နိုင်ငံအသင်းရောက်လို့ကတော့ ဂိုးသွင်းတာကို ထမင်းစားရေသောက်သလို အလွယ်တကူ လုပ်ပြနေတော့တာဘဲ 🔥❤️
နောက်တဆင့်ရောက်အောင် ထပ်ပီးထမ်းတင်ပေးလိုက်ပါအုံး တုတ်ကြီးရာ 💪
#MUMS
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေဟာ အဲဗာတန်နောက်ခံလူ ဘရင်းဝှစ် ၊ ဘိုလော့နာတိုက်စစ်မှူး ဇာကီ စတဲ့ ကစားသမားတွေအတွက် အပြောင်းအရွေ့ဖြစ်မြောက်ဖို့ အတော်လေး အာရုံစိုက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ် ။ မကြာခင် အပြောင်းအရွေ့အတွက် ထူးခြားမှုများ ပေါ်လာလိမ့်မယ်လို့လည်း ဆိုခဲ့ကြပါတယ် ။
#MUMS
အသင်းနဲ့ အတော်လေး သတင်းထွက်နေခဲ့တဲ့ ဘိုလော့နာအသင်းတိုက်စစ်မှူးဇာကီရဲ့ သွင်းဂိုးများ ❤️⚽
#MUMS
မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီမာ အသင်းရဲ့ လူငယ်တောင်ပံကစားသမား အာမတ်ဒီယာလိုကို အငှားချသွားမာမဟုတ်ဘဲ အသင်းမာ ကစားခိုင်းဖို့ ရှိနေတယ်လို့ သိရပီး အတွေ့အကြုံများများရအောင် ပွဲထွက်ကစားခိုင်းဖို့ လိုအပ်နေတယ်လို့ အသင်းတာဝန်ရှိသူတွေက ယူဆနေကြတာ ဖြစ်ပါတယ် ။
#MUMS
ဘိုလော့နာအသင်းတိုက်စစ်မှူး ဇာကီနဲ့ မန်ယူအသင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာမာ တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပီး စာချုပ်ကိစ္စ ၊ လစာငွေ ၊ အပိုဆုကြေး စတာတွေကို ကစားသမားရဲ့ အေးဂျင့်နဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ် ။ အဆိုပါ ကစားသမားကို အေစီမီလန်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေလို့ အပြိုင်ခေါ်ယူရဖွယ် ရှိနေပါတယ် ။
#MUMS
2024 -25 ဘောလုံးရာသီ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ 👀
#MUMS
2024 -25 ခုနစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မာ မန်ယူအသင်းအနေနဲ့ အိမ်ကွင်းအိုးထရက်ဖို့စ်မာ ဖူလ်ဟမ်အသင်းကို လက်ခံကစားရမာဖြစ်ပါတယ် ။
#MUMS
