uz
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
7 704
Obunachilar
-424 soatlar
-417 kunlar
-17530 kunlar
Postlar arxiv
မိုက်ကယ်ကားရစ်ဦးဆောင်နေတဲ့ မန်ယူအသင်းက လာမယ့်ရာသီ UCL ဝင်ခွင့်အတွက်က ဖြစ်နိုင်ချေ 21 မှတ်ထဲကနေ အနည်းဆုံး 10 မှတ် ရဖို့ လိုအပ်
မိုက်ကယ်ကားရစ်ဦးဆောင်နေတဲ့ မန်ယူအသင်းက လာမယ့်ရာသီ UCL ဝင်ခွင့်အတွက်က ဖြစ်နိုင်ချေ 21 မှတ်ထဲကနေ အနည်းဆုံး 10 မှတ် ရဖို့ လိုအပ်နေပြီး ဒါက UCL ဝင်ခွင့်အတွက် အမှန်တကယ်လိုအပ်တဲ့ ရမှတ်ဘဲ ဖြစ်ပါတယ် ။ ဒါက မိုက်ကယ်ကားရစ်အတွက် စာမဖွဲ့လောက်တဲ့ အရာ‌ဖြစ်လို့ အကောင်းဆုံးကျော်လွှားသွားဖို့ အခက်အခဲရှိမှာ မဟုတ်ပါဘူး ။ #MUMS

အနီချင်းတူတာတောင် ဒီတစ်ခုက ရက်ရက်စက်စက်ဘဲ 😛🏆 #MUMS
အနီချင်းတူတာတောင် ဒီတစ်ခုက ရက်ရက်စက်စက်ဘဲ 😛🏆 #MUMS

ကာရာဘောင်ဖလားဖိုင်နယ် အာဆင်နယ် Vs မန်စီးတီးပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻 ‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏 ❗️Main Channel Link 👇🏻 https://t.me/mfn2026 ❗️ Live Channel Link 👇🏻 https://t.me/+JRotNDK1wP81NmVl

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုဆိုရင် လီဗာပူးလ်အသင်းကို 6 မှတ် ၊ ချယ်လ်ဆီးအသင်းကို 7 မှတ် ဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ #M
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုဆိုရင် လီဗာပူးလ်အသင်းကို 6 မှတ် ၊ ချယ်လ်ဆီးအသင်းကို 7 မှတ် ဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ #MUMS

မိုက်ကယ်ကားရစ် 🗣️ ဒီဖြစ်ရပ်နှစ်ခုမှာ ဘာကွာသွားလို့ ငါတို့အသင်းက ပင်နယ်တီမရခဲ့တာလဲဆိုတာ မသိတော့ပါဘူး ။ တချို့သောအရာတွေက ခွဲခြ
မိုက်ကယ်ကားရစ် 🗣️ ဒီဖြစ်ရပ်နှစ်ခုမှာ ဘာကွာသွားလို့ ငါတို့အသင်းက ပင်နယ်တီမရခဲ့တာလဲဆိုတာ မသိတော့ပါဘူး ။ တချို့သောအရာတွေက ခွဲခြားဆက်ခံခဲ့ရတယ်‌ဆိုတာ ဒီနေ့လိုဖြစ်ရပ်က အကောင်းဆုံးသက်သေပါဘဲ ။ #MUMS

ဒီနေ့ပွဲစဉ်ရဲ့ ကျက်သရေအတုံးဆုံးတစ်ယောက် 🖕👊 #MUMS
ဒီနေ့ပွဲစဉ်ရဲ့ ကျက်သရေအတုံးဆုံးတစ်ယောက် 🖕👊 #MUMS

ဒိုင်နှိပ်စက်လို့ အမှတ်လျှော့ခံခဲ့ရတဲ့ အသင်းတွေထဲ ကိုယ်တွေအသင်းလည်း ပါတယ်ဆိုတာ သိစေချင်ရုံလေးပါ ။ အခုလိုမျိုး သေချာပေါက် ပင်နယ်တီရမယ့် အခြေအနေမျိုးကနေမှ ပြန်ပြီး ဂိုးပေးခံလိုက်ရတာက တကယ်ကို မမျှမတ ခွဲခြားဆက်ဆံခံလိုက်ရသလိုပါဘဲ :) #MUMS

ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲကနေ ရမှတ် 1 မှတ်ကို ထပ်မံစုဆောင်းသွားနိုင်ခဲ့ပါတယ် ။ လိုအပ်ချက်ထက် အခုလိုမျိုးအခြေအနေက ပိုပြီးအ
ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲကနေ ရမှတ် 1 မှတ်ကို ထပ်မံစုဆောင်းသွားနိုင်ခဲ့ပါတယ် ။ လိုအပ်ချက်ထက် အခုလိုမျိုးအခြေအနေက ပိုပြီးအဆင်ပြေနေလို့ ဝေးကွာခဲ့တဲ့ ဥရောပဝင်ခွင့် တစ်နေရာကို ပြန်ပြီးရယူနိုင်ဖို့ အားကောင်းလာခဲ့ပါတယ် ။ #MUMS

တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးပေးနိုင်မှုအများဆုံး 18 ကြိမ်ကို ကျော်ဖြတ်နိုင်ဖို့ ဘရူနိုအနေနဲ့ အကောင်းဆုံးဆိုတဲ့
တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးပေးနိုင်မှုအများဆုံး 18 ကြိမ်ကို ကျော်ဖြတ်နိုင်ဖို့ ဘရူနိုအနေနဲ့ အကောင်းဆုံးဆိုတဲ့ အနေထားမှာ ရှိနေပါတယ် ။ လက်ရှိပွဲအရေအတွက်ကလည်း ကျန်နေသေးလို့ နောက်ထပ် 3 ကြိမ်သာ ထပ်မံဖန်တီးပေးနိုင်ခဲ့ပါက စံချိန်သစ်ပါ တင်သွားမှာ ဖြစ်ပါတယ် ။ ဘရူနိုရဲ့ prime time တွေထဲက နောက်ထပ်အကောင်းဆုံး အချိန်ကိုပါ ဒီရာသီထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ် ။ #MUMS

နောက်ခံလူဒီလိုက်စ်က ဒီရာသီအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်သွားဖို့ ရှိနေတယ်လို့ နည်းပြကားရစ်က ပြေကြားလိုက်ပါတယ် ။ #MUMS
နောက်ခံလူဒီလိုက်စ်က ဒီရာသီအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်သွားဖို့ ရှိနေတယ်လို့ နည်းပြကားရစ်က ပြေကြားလိုက်ပါတယ် ။ #MUMS

အူဂါဒေးက သူ့ရဲ့ပွဲကစားချိန်မိနစ်နည်းပါးနေခြင်းကြောင့် အသင်းမှာ မပျော်မရွင်ဖြစ်နေပြီး အသင်းပြောင်းဖို့အတွက် လုပ်ဆောင်လာတော့မှာ
အူဂါဒေးက သူ့ရဲ့ပွဲကစားချိန်မိနစ်နည်းပါးနေခြင်းကြောင့် အသင်းမှာ မပျော်မရွင်ဖြစ်နေပြီး အသင်းပြောင်းဖို့အတွက် လုပ်ဆောင်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။ #MUMS

ဘရူနိုဂွီမာရက်စ်အတွက် ပြောင်းရွေ့ကြေးပေါင်သန်း 80 နဲ့ ခေါ်ယူနိုင်ဖို့ အပြောင်းအရွေ့အတွက် ကာဆယ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးနေပြီလိ
ဘရူနိုဂွီမာရက်စ်အတွက် ပြောင်းရွေ့ကြေးပေါင်သန်း 80 နဲ့ ခေါ်ယူနိုင်ဖို့ အပြောင်းအရွေ့အတွက် ကာဆယ်အသင်းနဲ့ တွေ့ဆုံဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာပါတယ် ။ #MUMS

🤩🤩 #MUMS

ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဖြစ်နေသေးတဲ့ မာတီနက်စ်ကို နည်းပြကားရစ်က အလျင်စလို အသုံးပြုသွားဖို့ မရှိသေးဘူးလို
ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဖြစ်နေသေးတဲ့ မာတီနက်စ်ကို နည်းပြကားရစ်က အလျင်စလို အသုံးပြုသွားဖို့ မရှိသေးဘူးလို့ သိရပါတယ် ။ #MUMS

Radek Vitek ကို အသင်းရဲ့ အနာဂတ်ပထမဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ် ။ အခုချိန်မှာ Bristol City မှာရှိနေပေမဲ့ ပ
Radek Vitek ကို အသင်းရဲ့ အနာဂတ်ပထမဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ် ။ အခုချိန်မှာ Bristol City မှာရှိနေပေမဲ့ ပြန်ပြီးခေါ်ယူဖို့က လွယ်ကူတဲ့ အနေထားမှာ ရှိနေပါတယ် ။ #MUMS

ရှောရဲ့နေရာအတွက် အသင်းဘက်က လူသစ်ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ် ။ လာမယ့်ရာသီ ပွဲဆက်တွေ များလာတဲ့အခါ ရှောရဲ့ ကစားချိန်မိန
ရှောရဲ့နေရာအတွက် အသင်းဘက်က လူသစ်ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ် ။ လာမယ့်ရာသီ ပွဲဆက်တွေ များလာတဲ့အခါ ရှောရဲ့ ကစားချိန်မိနစ်ကို လျှော့ကျနိုင်ဖို့ အခုတည်းက ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ် ။ #MUMS

အသင်းရဲ့ဖန်မှန်ရင် သူ့ကိုမေ့လို့မရတဲ့အထဲ ပါကြလိမ့်မယ် ထင်ပါတယ် ။ ဒုတိယလူဆို‌တဲ့ စကားက တခြားသူတွေအတွက် ရိုမဲရိုးအတွက်ဆို ပိုပြ
အသင်းရဲ့ဖန်မှန်ရင် သူ့ကိုမေ့လို့မရတဲ့အထဲ ပါကြလိမ့်မယ် ထင်ပါတယ် ။ ဒုတိယလူဆို‌တဲ့ စကားက တခြားသူတွေအတွက် ရိုမဲရိုးအတွက်ဆို ပိုပြီးမှန်ပါလိမ့်မယ် ။ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး စောဒကတက်တာမျိုးလည်း မရှိ၊ အသင်းရဲ့ အချစ်တော်ကစားသမားတစ်ယောက် ဖြစ်လာတာ မဆန်းပါဘူး ။ လက်စွမ်းကလည်း ဒုတိယလူနဲ့ မတန်အောင် အမှန်တကယ် လက်စွမ်းပြနိုင်ခဲ့ပြီး ရှိခဲ့တဲ့ အချိန်အတွင်း အသင်းနဲ့ဆုဖလားအောင်မြင်မှု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ သူ့ရဲ့‌ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါပြီ ။ Our No.2 Forever GK 😭❤️ #MUMS

ကတ်စမဲရိုးထွက်ခွာရင် ပြန်ပြီးဖြည့်‌ရမယ့် ကွက်လပ်က နည်းနည်းတော့ risk များပါတယ် ။ သူ့လိုမျိုး ဝါရင့် ၊ သမ္ဘာရင့် ကွင်းလယ်လူဖြစ်
ကတ်စမဲရိုးထွက်ခွာရင် ပြန်ပြီးဖြည့်‌ရမယ့် ကွက်လပ်က နည်းနည်းတော့ risk များပါတယ် ။ သူ့လိုမျိုး ဝါရင့် ၊ သမ္ဘာရင့် ကွင်းလယ်လူဖြစ်ရမှာဖြစ်ပြီး လိုအပ်လာရင်လည်း ဂိုးသွင်းပေးရမယ့် တာဝန်ကလည်း ရှိနေပြန်ပါတယ် ။ သူ့လိုမျိုး ရဖို့က ဈေးကွက်ထဲမှာ ရှားကောင်းရှားနိုင်ပေမဲ့ profile တူ ကစားသမားမျိုးရနိုင်ပါတယ် ။ စိတ်ဓာတ်နဲ့ အသင်းအပေါ် ပေးဆပ်မှုကျတော့ ဘယ်လိုမှ အလွယ်တကူရှာနိုင်မယ်လို့ မထင်ပါဘူး ။ #MUMS

အူနိုင်းမရီ 🗣️ မန်ယူအသင်းရဲ့ မနေ့ကကစားဟန်က တကယ်ကို ထိပ်တန်းအဆင့်ပါ ။ သူတို့အသင်းရဲ့ ကစားပုံကို ငါ့အနေနဲ့ မယှဉ်နိုင်ခဲ့ဘူးဆို
အူနိုင်းမရီ 🗣️ မန်ယူအသင်းရဲ့ မနေ့ကကစားဟန်က တကယ်ကို ထိပ်တန်းအဆင့်ပါ ။ သူတို့အသင်းရဲ့ ကစားပုံကို ငါ့အနေနဲ့ မယှဉ်နိုင်ခဲ့ဘူးဆိုတာ ဝန်ခံပါတယ် ။ #MUMS

ဗီလာနဲ့ပွဲစဉ်က နောက်တန်းမှာ အမှန်တကယ် ခြေစွမ်းပြခဲ့ပြီး တကယ်ကောင်းတဲ့ ဖျက်ထုတ်မှုတွေ လုပ်ခဲ့တဲ့ ယိုရိုရဲ့ ကစားဟန်များ 🔥🤩 #MUMS