Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 101
Obunachilar
Ma'lumot yo'q24 soatlar
-347 kun
-19430 kun
Postlar arxiv
ဇာဇီက သူ့အနေနဲ့ ပွဲကစားချိန်မိနစ် မရပါက အခုလာမယ့် အပြောင်းအရွေ့မာ အသင်းကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေကို ပြောကြားလိုက်ပါတယ် ။
#MUMS
ဒန်နီရယ်မူနော့စ် 🗣️
ငါ့ဘဝရဲ့ အိမ်မက်တွေထဲက တခုဖြစ်တဲ့ ဘာစီလိုနာ ၊ PSG ၊ ရီးရဲလ်နဲ့ မန်ယူ စတဲ့အသင်းတွေမာ ကစားချင်ပါတယ် ။ အဲ့ဒီအတွက် နေ့တိုင်းစဉ်ဆက်မပြတ် ကြိုးစားနေပီး တနေ့ကျရင် အဲ့ဒီအသင်းတွေမာ ကစားရဖို့ ဖြစ်ပါတယ် ။
#MUMS
ဥရောပပြိုင်ပွဲရဲ့ နောက်ပိုင်းပွဲစဉ်တွေထဲမှ PSG ပွဲအပြီး ဒီပွဲက နောက်ထပ်ရင်ထဲအရောက်ဆုံး ပွဲစဉ်ထဲက တပွဲပါဘဲ ")
#MUMS
နယ်သာလန်ကလပ် အယ်လ်ခမာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး Kees Smit ရဲ့ ခြေစွမ်းကို အသင်းရဲ့ ကင်းထောက်တွေက သဘောကျ နှစ်သက်နေတယ်လို့ သိရပျါယ် ။ ဥရောပကလပ်အများစုကလည်း အဆိုပါကစားသမားကို စောင့်ကြည့်နေကြပီး ပြောင်းရွေ့ကြေးကလည်း ပေါင် 25 သန်းသာ ရှိတာဖြစ်ပါတယ် ။
#MUMS
ဇန်နဝါရီမာ အသင်းကနေ အငှားထွက်ကစားဖွယ် ရှိနေတဲ့ Sekou Kone က သူ့အနေနဲ့ ပွဲကစားချိန် မိနစ်ဒီထက်ပိုရဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။
#MUMS
အစက 100 တန်ကို သီချင်းဘဲသိခဲ့တာ
အခုတော့ ကိုယ့်အသင်းက ခေါ်မယ့်လုပ်တော့ အကုန် 100 ဖြစ်ကြကုန်ရော
#MUMS
လာမယ့် 2026 ကမ္ဘာ့ဖလားပြိုင်ပွဲမာ အသင်းရဲ့ ကစားသမားဖြစ်တဲ့ အမ်ဘီမိုရဲ့ နိုင်ငံအသင်းဖြစ်တဲ့ ကင်မရွန်းက DR ကွန်ဂိုကို အရေးနိမ့်ခဲ့ပီး ခြေစစ်ပွဲမအောင်မြင်ခဲ့ဘူးလို့ သိရပါတယ် ။
#MUMS
နည်းပြအမိုရင်ကိုယ်တိုင် လာမယ့်ရာသီ အသင်းမာ ကတ်စမဲရိုးကို ဆက်ပီးရှိစေချင်ပေမဲ့ အသင်းဖက်က စာချုပ်သက်တမ်းတိုးရာမှာ လစာက အဓိကညှိနှိုင်းရာမာ ဖြစ်နေတယ်လို့ သိရပါတယ် ။
#MUMS
ကစားသမားကိုယ်တိုင်က PL ကို ပြန်လာချင်တယ်လို့ သိရပီး ပြောင်းရွေ့ကြေးလည်း အများကြီးမသုံရသလို လိဂ်အထာလည်း နပ်ပီးသားဖြစ်လို့ ဆောင်းရာသီအပြောင်းအရွေ့မာ တချက်စောင့်ကြည့်ရမယ့် ကစားသမားဖြစ်ပါတယ် ။
#MUMS
+2
ကဲ လိုအပ်နေတဲ့ ကွင်းလယ်အတွက် ဘယ်သူ့ကို ရောက်စေချင်လဲ
မင်မင်ကတော့ ဂျာမန်လိဂ်က တာရာပွကြီးတော့ လိုချင်တယ် ။ ဟိုနှစ်ယောက်ထက် ခေါ်ရမာလွယ်ကူပီး ဈေးလည်းအဲ့လောက်မကြီးလို့ ")
#MUMS
ဈေးကွက်ထဲမာ ကွင်းလယ်ကစားသမားတယောက် အသည်းအသန်ခေါ်ယူဖို့ လုပ်နေတဲ့ မန်ယူအသင်းက အခုတခါ ဟာသာဘာလင်အသင်းရဲ့ အသက် 16 နှစ်အရွယ် Kennet Eichhorn ကို ခေါ်ယယူဖို့ လုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ် ။
#MUMS
အေဂျက်စ်မာ ရှိခဲ့တုန်းကလို prime time အချိန် ပြန်ရောက်နေခဲ့တဲ့ ဒီလစ်ရဲ့ ဒီရာသီ စွမ်းဆောင်ပြတာတွေက အသင်းမာရှိတဲ့ တခြားဘယ်ကစားသမားထက်မဆို အထင်ပေါ်ဆုံး ဖြစ်နေခဲ့ပါတယ် ။ ငယ်ရွယ်ပီး ပေါက်ကွဲအားပြင်းထန်သလို ၊ ခေါင်းဆောင်စိတ်ဓာတ်လည်း ရှိလို့ အသင်းရဲ့ နောက်တန်းမာတော့ ဒုတိယဗီဒစ်ကို ပြန်ရလိုက်သလိုပါဘဲ ။
#MUMS
အသင်းမာ ရှိနေကြတဲ့ စီနီယာကစားသမားအများစုက ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဒီရာသီ ပြန်ပီးရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ် ။ ဒီအစုအဖွဲ့နဲ့ နည်းပြရဲ့ ဦးဆောင်မှုအောက်မာ အောင်မြင်မှုတွေ မကြာခင် ပြန်ရလာမာဖြစ်တယ်လို့လည်း ပြောကြားလိုက်ပါတယ် ။
#MUMS
ကွင်းလယ်လိုအပ်ချက် ကြီးကြီးမားမားရှိနေတဲ့ မန်ယူအသင်းက အခုတခါမာ ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ဂျာအိုဂိုးမက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။
#MUMS
တိုက်စစ်မှူး ဆစ်ကိုရဲ့ ဒူးဒဏ်ရာကို ဒီနေ့မာဘဲ scan ဖတ်ကာ အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပီး ဒဏ်ရာမာ ထင်ထားသလောက် ပြင်းထန်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ် ။
#MUMS
ဒဏ်ရာက သက်သာလို့ နိုင်ငံအသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေခဲ့တဲ့ မာတီနက်စ် ဖြစ်ပါတယ် ။ အသင်းက အနားပေးလိုက် ၊ နိုင်ငံအသင်းအတွက် ကစားပေးလိုက်နဲ့တော့ ဟုတ်နေတာဘဲ ")
#MUMS
