uz
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
7 674
Obunachilar
-1324 soatlar
-547 kunlar
-19230 kunlar
Postlar arxiv
တည်ငြိမ်တဲ့လက်စွမ်းတွေနဲ့ Senne Lammens 🧤 ခေတ်အဆက်ဆက် ယူနိုက်တက်အသင်းရဲ့ ဂိုးသမားနေရာက ဘယ်တော့မှ မျက်နှာငယ်ခဲ့ရတာမျိုး မရှိခ
တည်ငြိမ်တဲ့လက်စွမ်းတွေနဲ့ Senne Lammens 🧤 ခေတ်အဆက်ဆက် ယူနိုက်တက်အသင်းရဲ့ ဂိုးသမားနေရာက ဘယ်တော့မှ မျက်နှာငယ်ခဲ့ရတာမျိုး မရှိခဲ့ပါဘူး ။ ဒါပေမဲ့ အဆိုပါစံချိန်ကို ချိုးဖြတ်ပြခဲ့သူကတော့ အားကိုးတကြီး ခေါ်ယူခဲ့ရတဲ့ အန်ဒရေအိုနာနာဘဲ ဖြစ်ပါတယ် ။ သူ့အနေနဲ့ မော်ဒန်ဘောလုံးလောကက တောင်းဆိုတဲ့ ဂိုးသမားလည်း ကစားကွက်တည်ဆောက်တဲ့အထဲ ပါရမယ်ဆိုတဲ့ ဗျူဟာမှာ အိုနာနာက တကယ်ကောင်းတဲ့အထဲ ပါခဲ့ပေမ‌ယ့် ဂိုးပေါက်ကာကွယ်မှုအပိုင်းမှာတော့ အတော်လေးညံ့ဖျင်းနေခဲ့တာ တွေ့ရပါတယ် ။ အေဂျက်စ်ကစလို့ အင်တာအထိ သူ့ရဲ့ဂိုးပေါက်ကာကွယ်နိုင်မှုစွမ်းရည်က အတော်လေး သံသယဖြစ်စရာကောင်းတဲ့ အနေထားမှာရှိခဲ့ပြီး sweeper keeper အပိုင်းမှာတော့ အန်ဒရေက တစ်ခြားထိပ်တန်း ဂိုးသမားတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် မန်ယူအသင်းကလည်း ရေရှည်အတွက်ဆိုပြီး ရည်ရွယ်ပြီး ခေါ်ခဲ့ပေမဲ့ ပေါင်းဖက်ရမယ့် ကံက သိပ်မပါတော့ အမုန်းနဲ့ ခေတ္တခဏ လမ်းခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် တာဝန်ရှိသူတွေက ဂိုးသမားနေရာအတွက် ဘယ်လ်ဂျီယံဂိုးသမားလေး Senne Lammens နဲ့ အစားထိုးကာ အသင်းကို ပြန်ပြီးမောင်းနှင်ခဲ့ပါတယ် ။

FA Cup လည်း မကန်ရဘဲနဲ့ ဘာလို့ငါတို့ကို လာတိုက်ခိုက်နေတာလဲကွာ တိုက်ဆိုင်လွန်းအားကြီးတယ် 😭 #MUMS
FA Cup လည်း မကန်ရဘဲနဲ့ ဘာလို့ငါတို့ကို လာတိုက်ခိုက်နေတာလဲကွာ တိုက်ဆိုင်လွန်းအားကြီးတယ် 😭 #MUMS

Old but Gold ဆိုတာ ဒီလိုပွဲမျိုး ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည့်မဝဘူးဗျာ ✌️ #MUMS

ဒီယေဂိုဂျိုတာရဲ့ အတ္ထုပ္ပတ္တိကို ၎င်းရဲ့မိဘ ၊ ဇနီး ၊ အသင်းဖော်ဟောင်းများနဲ့ နည်းပြများ ပူးပေါင်းပြီး ဧပြီလ ၉ ရက်နေ့မှာ ထွက်ရှ
ဒီယေဂိုဂျိုတာရဲ့ အတ္ထုပ္ပတ္တိကို ၎င်းရဲ့မိဘ ၊ ဇနီး ၊ အသင်းဖော်ဟောင်းများနဲ့ နည်းပြများ ပူးပေါင်းပြီး ဧပြီလ ၉ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။ ဒီယေဂိုဂျိုတာရဲ့ဇနီး Rute Cardoso က စာအုပ်ထဲမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အခိုက်အတန့်တစ်ခုကို မျှဝေထားခဲ့ပါသေးတယ် ။ 🔸 သူမသည် ကြေကွဲဝမ်းနည်းဖွယ်ရာ မတော်တဆမဖြစ်ခင် ၁၁ ရက်အလိုတွမှာ ရိုက်ကူးထားခဲ့တဲ့ သူတို့ရဲ့မင်္ဂလာ‌ဆောင်ဗီဒီယိုကို လက်ခံရရှိခဲ့ပါတယ် ။ ဒီယေဂိုဂျိုတာဆီကနေ သူမအတွက် နောက်ဆုံးပြောကြားခဲ့သော စကားမှာ "ချစ်တယ် ။ မင်းကိုချစ်‌နေတာတွေကို ငါ့ဖက်က ရပ်လိုက်ရင် ငါ့ကိုဖုန်းဆက်လိုက်နော် ။ မင်းကိုပြစရာရှိတယ်..." 🥹💔 စောစောစီးစီးနာကျင်နေရပြီ 😭 #MUMS

ဘယ်သူတွေ ဒီဂိုးလေးကို မှတ်မိကြသေးလဲ 👀 #MUMS

အခုချိန်မှာ မင်းအနေနဲ့ ဒီထဲက တစ်ယောက်ကိုသာ အသင်းကိုပြန်ခေါ်ခွင့်ရမယ်‌ဆိုရင် ဘယ်သူ့ကိုခေါ်စေချင်လဲ 🤔 #MUMS
အခုချိန်မှာ မင်းအနေနဲ့ ဒီထဲက တစ်ယောက်ကိုသာ အသင်းကိုပြန်ခေါ်ခွင့်ရမယ်‌ဆိုရင် ဘယ်သူ့ကိုခေါ်စေချင်လဲ 🤔 #MUMS

အခုလက်ရှိ အသင်းက ကစားသမားအတော်များများက အရင်လူတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပိုပြီးအားကောင်းလာသလို ၊ အသင်းအတွက်ဆိုတဲ့ စိတ်န
အခုလက်ရှိ အသင်းက ကစားသမားအတော်များများက အရင်လူတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပိုပြီးအားကောင်းလာသလို ၊ အသင်းအတွက်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးကစားပြနေခဲ့တာဖြစ်ပါတယ် ။ ခြေစွမ်းမကောင်းသည့်တိုင် ၊ အသင်းအတွက် ကစားခွင့်ရတိုင်း ပေးဆပ်မှုအပြည့်နဲ့ ကစားတာကို ကြည့်ရတာ တကယ်ကို စိတ်ချမ်းသာစရာကောင်းပါတယ် ။ အခုဆိုရင် ကားရစ်လက်အောက်က မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အပိုင်ရဖို့ သေချာနေတဲ့ အနေထားမှာ ရှိနေပြီး လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိခဲ့ပါက ရာသီကုန် အဆင့် 3 နေရာနဲ့ပါ ပိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ် ။ Right time , Right person တွေ့ဆုံနေချိန် ပန်းခင်းလမ်းကို လျှောက်လမ်းနေရတဲ့ မန်ယူအသင်းရဲ့ PL ခရီးကြမ်းအဆုံးသတ်ကတော့ လှပသွားဦးမယ်လို့ ထင်မြင်မိပါတယ် ။ #MUMS

နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဖြစ်လာခဲ့တဲ့ ကားရစ်လက်အောက်က မန်ယူ မိုက်ကယ်ကားရစ်လက်အောက်က မန်ယူအသင်းကို ကြည့်ရတာ အရမ်းကို သက်သောင့
နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဖြစ်လာခဲ့တဲ့ ကားရစ်လက်အောက်က မန်ယူ မိုက်ကယ်ကားရစ်လက်အောက်က မန်ယူအသင်းကို ကြည့်ရတာ အရမ်းကို သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ် ။ ကစားသမားအားလုံးက လွတ်လွတ်လပ်လပ်နဲ့ ကစားနိုင်သလို ၊ ဖိအားတွေနဲ့လည်း ကင်းဝေးနေခဲ့တာက ကားရစ်ပြုပြင်ပေးခဲ့တဲ့ အရာတွေဖြစ်ပါတယ် ။ လူတိုင်း ဘယ်အရာမှ အားလုံးပြည့်စုံနေခြင်းမရှိသလို ၊ ကားရစ်လည်း ထိုနည်းလည်းကောင်းပါဘဲ ။ low block အသင်းတွေနဲ့ဆို အစဉ်အဆက် ခက်ခဲတဲ့ ပြသာနာကို ကားရစ်လည်း မဖြေရှင်းနိုင်သေးပါဘူး ။ ဒါကလည်း သူလိုချင်တဲ့ ကစားသမားနဲ့ ၊ သူသွားချင်တဲ့ ကစားကွက်ကို ပီပြင်အောင် ပုံဖော်နိုင်ဖို့က အချိန်တစ်ခုတော့ လိုအပ်နေသေးတာ အမှန်ပါဘဲ ။

မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘရူကို တစ်ခြားကစားသမားတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားနိုင်ခဲ့ပြီလည်
မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘရူကို တစ်ခြားကစားသမားတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ Congratulations 👏🎉 #MUMS

တစ်ချို့တွေ အသင်းကို လာချင်လို့ အကြံအဖန်တွေ ၊ အရိပ်အမြွက်တွေ လုပ်ပြနေပြီ ။ တကယ်ခေါ်ရင် မငြင်းဘဲ လာတာလိုချင်တယ်နော် :3 #MUMS
တစ်ချို့တွေ အသင်းကို လာချင်လို့ အကြံအဖန်တွေ ၊ အရိပ်အမြွက်တွေ လုပ်ပြနေပြီ ။ တကယ်ခေါ်ရင် မငြင်းဘဲ လာတာလိုချင်တယ်နော် :3 #MUMS

ချော်လဲသွားတာ မဟုတ်ဘူး သူမငါ့ကို အပျော်တွဲသွားတာ ☹️ Miss Raphaël #MUMS

ညီ‌လေးဟာလန်း မြန်မာလိုကြီး အဲ့လိုတို့မစားရဘူးလေကွာ 🤣 #MUMS

Iliman Ndiaye က လာမယ့်ရာသီအဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ကစားသမားရဲ့ ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ မန်ယူဘ
Iliman Ndiaye က လာမယ့်ရာသီအဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ကစားသမားရဲ့ ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ မန်ယူဘက်က အမှန်တကယ် ကမ်းလှမ်းလာခဲ့ပါက အသင်းပြောင်းမှာ ဖြစ်တယ်လို့ သိရပါတယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ 2016–2017 ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရိုမဲရိုးက အဓိကဂို
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ 2016–2017 ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရိုမဲရိုးက အဓိကဂိုးသမားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့သလို ၊ သူ့ရဲ့လက်စွမ်းကောင်းတွေကြောင့် ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့ပြီး ၊ အပိုဆုအနေနဲ့ ဖိုင်နယ်မှာ clean sheet ယူနိုင်ခဲ့တာက သူ့ရဲ့ကစားသမားဘဝ အောင်မြင်မှုတွေထဲက အမှတ်တရတစ်ခုအနေနဲ့ အမြဲသတိရနေတော့မှာ ဖြစ်ပါတယ် ။ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအတွက် အရေးကြီးတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ခဲ့သလို ၊ 2014 World Cup Final ကိုလည်း တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ဘဲ PL နာမည်ကြီး အသင်းတစ်သင်းနဲ့ အဖြစ်က သွားတူနေခဲ့တာက တကယ်စိတ်မကောင်းစရာပါဘဲ ။ ရိုမဲရိုးက တခြားနာမည်‌ကြီး ဂိုးသမားတွေလို မဟုတ်ခဲ့ပေမဲ့ big matches တွေလို ပွဲစဉ်မျိုးတွေမှာ ယုံကြည်ရပြီး စိတ်ချရတဲ့ လက်စွမ်းပိုင်ရှင်မျိုး silent hero type goalkeeper တစ်ယောက်လို့ပြောရင် ပိုပြီးမှန်ပါလိမ့်မယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်မဟုတ်ဘဲ အချိန်အများစုကို အရန်ခုံတန်းနဲ့ ၊ လိုအပ်လာမှ အ
မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်မဟုတ်ဘဲ အချိန်အများစုကို အရန်ခုံတန်းနဲ့ ၊ လိုအပ်လာမှ အစားထိုးတက်သူတွေရဲ့ ထုံးစံအတိုင်း လိုသုံးဘဝနဲ့သာ အချိန်တွေ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရိုမဲရိုးက အဆုံးအစမရှိ သိမ်းပိုက်နိုင်ခဲ့သလို ၊ ပွဲကစားချိန်ရတဲ့ အချိန်တိုင်းမှာလည်း အသင်းပေါ်တွေနဲ့ ၊ ပရိတ်သတ်တွေကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး ။ အင်္ဂလန်မြေပေါ်က ကျင်းပတဲ့ ဖလားပြိုင်ပွဲတွေမှာတော့ ရိုမဲရိုးက ပထမဦးစားပေးဂိုးသမားတစ်ယောက်အနေနဲ့ အမြဲပွဲထွက်ခွင့်တော့ ရရှိခဲ့ပါတယ် ။ ဖလားပြိုင်ပွဲတွေနဲ့ ကံစပ်တတ်တဲ့ ရိုမဲရိုးရဲ့ လက်စွမ်းတွေကို အဓိကထား မြင်ရတဲ့ ပြိုင်ပွဲတွေလို့ ပြောရင်လည်း မမှားခဲ့ပါဘူး ။

ထားရာနေ စေရာသွားတဲ့ ပေးဆပ်သူကြီး ရိုမဲရိုး 💔 ဆာဂျီယိုရိုမဲရိုးရဲ့ ကစားသမားဘဝက စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ် ။ သူ့ရဲ့ ပရော်ဖ
ထားရာနေ စေရာသွားတဲ့ ပေးဆပ်သူကြီး ရိုမဲရိုး 💔 ဆာဂျီယိုရိုမဲရိုးရဲ့ ကစားသမားဘဝက စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ် ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နယ်သာလန်က AZ အယ်လ်ခမာ မှာစတင်ခဲ့ပြီး အဲ့ဒီကနေ အမှတ်ပေးချန်ပီယံဆုဖလား ( Eredivisie title ) တောင်ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အောင်မြင်မှုတွေ ထပ်ပြီးရယူဖို့ အီတလီစီးရီးအေကလပ်ဖြစ်တဲ့ ဆမ်ဒိုးရီးယားအသင်းဆီကို ပြောင်းရွေ့ကစားခဲ့ပေမဲ့ ထင်သလောက်တော့ အောင်မြင်မှု ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဒါပေမဲ့ ကြိုးစားသူတွေကို ဘယ်တော့မှ ကံတရားက မျက်နှာလွှဲခဲပစ် မလုပ်ပါဘူး ။ သူ့ရဲ့ တိုးတက်လာခဲ့တဲ့ လက်စွမ်းတစ်စုံကို အင်္ဂလန်မြေပေါ်က နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းက သတိထားမိခဲ့ပြီး အရခေါ်ယူနိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို 2015 ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ် ။

ဒီလိုခံစားချက်မျိုး ဘယ်လောက်ထိ ခံရခက်နေမလဲဆိုတာ ခံစားဖူးသူတိုင်း သိကြမှာပါ ။ အကောင်းဆုံးတွေနဲ့ အမြန်‌ဆုံးပြန်လာနိုင်ပါစေ Italy 💪 #MUMS

ချယ်လ်ဆီးစတား ကိုးလ်ပါးမားက ရာသီကုန် ချန်ပီယံလိဂ်ဝင်ပြိုင်ရမယ်ြ မန်ယူအသင်းထံ ပြောင်းရွေ့ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်
ချယ်လ်ဆီးစတား ကိုးလ်ပါးမားက ရာသီကုန် ချန်ပီယံလိဂ်ဝင်ပြိုင်ရမယ်ြ မန်ယူအသင်းထံ ပြောင်းရွေ့ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပါတယ် ။ သူ့အနေနဲ့ ငယ်ဘဝတည်းက အားပေးလာခဲ့တဲ့ မန်ယူအသင်းကို ပြောင်းရွေ့ခွင့်ရမှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာနေခဲ့မိပါတယ် ။ #MUMS

အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံလူ စကယ်လီရဲ့ အေးဂျင့်က မန်ယူအသင်းထံ သူ့ရဲ့ကစားသမားလေးကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်
အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံလူ စကယ်လီရဲ့ အေးဂျင့်က မန်ယူအသင်းထံ သူ့ရဲ့ကစားသမားလေးကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ။ အလားအလာ‌ကောင်းတွေရှိနေတဲ့ အဆိုပါကစားသမားလေးက ရှေ့ကနောင်တော်ကြီးတွေရဲ့ ခြေရာအတိုင်း အသင်းပြောင်းဖို့ လုပ်ဆောင်လာနေပြီလည်း ဖြစ်ပါတယ် ။ #MUMS

သူမနဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်‌တရတွေကိုသာ မေ့ချင်မေ့သွားမယ် မော်စကိုညချမ်းကိုတော့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး ❤️❤️ #MUMS