uz
Feedback
𝙄𝙣𝙩𝙚𝙡𝙡𝙚𝙘𝙩𝙪𝙖𝙡 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

𝙄𝙣𝙩𝙚𝙡𝙡𝙚𝙘𝙩𝙪𝙖𝙡 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

Kanalga Telegram’da o‘tish

𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚

Ko'proq ko'rsatish
4 454
Obunachilar
-324 soatlar
-247 kunlar
-5730 kunlar
Postlar arxiv
ဘဝကို Restart လုပ်တယ်ဆိုတာ အတိတ်ကိုဖျက်ပစ်တာ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး ကိုယ့်အတွက် ပိုကောင်းတဲ့ Direction တစ်ခုကို ရွေးချယ်တာပါ။ Restart လုပ်ချင်ရင် ဒီအဆင့် ၇ ခုနဲ့ စလိုက်ပါ။ 1. အတိတ်ကို လက်ခံလိုက်ပါ အမှားတွေကို သင်ခန်းစာအဖြစ်ယူပါ။ "ဒီနေ့ကစပြီး အသစ်စမယ်" လို့ ဆုံးဖြတ်ပါ။ 2. မလိုအပ်တာတွေ ဖြတ်လိုက်ပါ အချိန်ဖြုန်းစေတဲ့ အလေ့အကျင့်တွေ အဆိုးမြင်စိတ်တွေ ကိုယ့်ရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ 3. ပန်းတိုင် ၃ ခု ရေးပါ ဥပမာ - ကျန်းမာရေးကောင်းအောင်လုပ်မယ်။ ငွေရှာနိုင်တဲ့ Skill တစ်ခုသင်မယ်။ စိတ်ဓာတ်ခိုင်မာတဲ့လူဖြစ်မယ်။ 4. Morning Routine တစ်ခုတည်ဆောက်ပါ စောစောထ ရေသောက် လေ့ကျင့်ခန်း 30–60 မိနစ် စာဖတ် 20 မိနစ် တစ်နေ့တာအစီအစဉ်ရေး 5. နေ့တိုင်း 1% တိုးတက်အောင်လုပ်ပါ နေ့တိုင်း Perfect ဖြစ်ဖို့ မလိုပါဘူး။ မနေ့ကထက် နည်းနည်းကောင်းလာရင်လည်း တိုးတက်နေတာပါ။ 6. ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းပါ စာဖတ်တဲ့သူတွေနဲ့ ပိုပေါင်းပါ။ အကျိုးရှိတဲ့ Content တွေပိုကြည့်ပါ။ အချိန်ကိုတန်ဖိုးထားပါ။ 7. Consistency ကို အဓိကထားပါ စိတ်အားတက်တဲ့နေ့တွေတင် မဟုတ်ဘဲ စိတ်မပါသေးတဲ့နေ့တွေမှာလည်း အနည်းဆုံး ဆက်လုပ်ပါ။ --- မင်းအရင်က ပြောခဲ့သလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ Lifestyle အားလုံးကို Prime ဖြစ်ချင်တယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ ဒါဆို Restart ကို ဒီလိုသတ်မှတ်နိုင်တယ်။ 💪 ခန္ဓာကိုယ် — လေ့ကျင့်ခန်း + အာဟာရ + အိပ်ရေး 🧠 စိတ် — စာဖတ်၊ အသစ်သင်ယူ၊ စည်းကမ်းရှိအောင်နေ 💰 အနာဂတ် — Skill တစ်ခုသင်ပြီး ဝင်ငွေရနိုင်တဲ့အဆင့်ရောက်အောင်လုပ် 🤝 လူမှုဘဝ — ယုံကြည်မှု၊ လေးစားမှုရတဲ့သူဖြစ်အောင် ကြိုးစား။ မှတ်ထားရမယ့် စကားတစ်ခွန်းကတော့— "မင်းရဲ့ဘဝကို ပြောင်းပေးမယ့်နေ့ဆိုတာ မရှိဘူး။ မင်းဆုံးဖြတ်ပြီး စတင်လုပ်တဲ့နေ့ကပဲ မင်းရဲ့ဘဝအသစ် စတင်တဲ့နေ့ဖြစ်တယ်။" ဒီနေ့ကို Day 1 လို့သတ်မှတ်လိုက်ပါ။ ကျတော်အပါအဝင် အခြားသူတွေပါ Join ထားတယ့် Private Group နဲ့တူတူပြောင်းလဲဖို့အတွက် @MILAXNOVIUS ဆက်သွယ်ပါ။ #MɪʟᴀXNᴏᴠɪᴜs

ချစ်တယ်ဆိုတဲ့ စကားကိုပြောဖို့ ဘာလို့ ဒီလောက်ဝန်လေးခဲ့ရတာလဲ အခုတော့... အဲ့ဒီစကားကို ကြားမယ့်သူ မရှိတော့ဘူး၊၊ #Kyaw_Khaing_Oo #crd_to_original_writer

@THEICONICROU ခက်ခဲတယ့်အရာ‌တွေကပဲ မင်းရဲ့ - Mentality - Potential - Physical တွေကို Upgrade လုပ်ပေးမှာဖြစ်တယ်။ *အခက်အခဲတွေကို
@THEICONICROU ခက်ခဲတယ့်အရာ‌တွေကပဲ မင်းရဲ့ - Mentality - Potential - Physical တွေကို Upgrade လုပ်ပေးမှာဖြစ်တယ်။ *အခက်အခဲတွေကို လမ်းတစ်ခုလို့မြင်လာတာနဲ့ ဆိုးတာတွေလျော့လာမှာပဲဖြစ်တယ်* Link - https://vt.tiktok.com/zscs1qxdl/

တချို့လူတွေဟာ ကိုယ့်ဘဝထဲကို မိုးရွာသလို တိတ်တိတ်လေး ဝင်လာတတ်ကြတယ်။ သူတို့ရောက်လာတဲ့အချိန်မှာ အရာအားလုံးက ထူးခြားမနေပါဘူး။ ဒါပေမဲ့ အချိန်တစ်ခုကြာပြီးတဲ့နောက် သူတို့ရှိခဲ့ဖူးတဲ့ နေရာတွေဟာ အမှတ်တရတွေနဲ့ ပြည့်နေတတ်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူပြောတဲ့ စကားလှလှလေးတွေကြောင့် မဟုတ်ဘူး။ ကိုယ်ဝမ်းနည်းနေတဲ့အချိန်မှာ ဘာမှမပြောဘဲ ဘေးနားမှာ တိတ်တိတ်လေး ရပ်ပေးနိုင်ခြင်းကြောင့် ဖြစ်တယ်။ ဘဝမှာ အချို့သော နူးညံ့မှုတွေက ပန်းတစ်ပွင့်လို မျက်စိနဲ့ မြင်ရတာမဟုတ်ဘူး။ နှလုံးသားနဲ့သာ ခံစားလို့ရတယ်။ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ အေးချမ်းတဲ့ အပြုံးလေးတစ်ခု၊ စိုးရိမ်ပေးတဲ့ စကားလေးတစ်ခွန်းဟာ ပင်ပန်းနေတဲ့ နှလုံးသားတစ်စုံကို ပြန်လည်အသက်ရှင်စေဖို့ လုံလောက်နေတတ်တယ်။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့သူတွေအပေါ် နူးနူးညံ့ညံ့ ဆက်ဆံပါ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ မမြင်ရတဲ့ ဒဏ်ရာလေးတွေ ရှိနေတတ်ပြီး နူးညံ့မှုဆိုတာ တစ်ခါတစ်ရံ ကမ္ဘာပေါ်မှာ အလိုအပ်ဆုံး ဆေးဝါးတစ်မျိုး ဖြစ်နေလို့ပါ။ #Kyaw_Khaing_Oo

အဆိုးတွေကို တုံ့ပြန်ပုံကွဲပြားမှုကြောင့် လူတွေကွဲပြားသွားကြသည်။ အဆိုးတွေကို အဆိုးတိုင်းတုံ့ပြန်ရင် ဆိုးတာတွေလုပ်မိတာကြောင့် ကံညံ့လာပြီး ဆိုးတာတွေပိုဖြစ်လာတယ်။ အဆိုးတွေကို မြင်အောင်ကြည့်ပြီး အကောင်းတွေး ပြင်ဆင်တယ့်အတွက် ကံမြင့်တာကြောင့် ကောင်းတာတွေဖြစ်လာတယ်။ ကံသည်အလုပ် = ကောင်း"တွေး = ကောင်းတာလုပ် = ဘဝလှမယ်။ @THEICONICROU #MɪʟᴀXNᴏᴠɪᴜs

ဇွဲရှိခြင်း၏ ကောင်းကျိုးများ ဇွဲရှိခြင်းဆိုသည်မှာ အခက်အခဲများ၊ ကျရှုံးမှုများနှင့် ကြုံတွေ့ရသော်လည်း လက်မလျှော့ဘဲ မိမိရည်မှန်းချက်ကို ဆက်လက်ကြိုးစားနိုင်သော စိတ်ဓာတ်ဖြစ်သည်။ ဇွဲရှိသူများသည် ဘဝတွင် အောင်မြင်မှုရရှိရန် အခွင့်အလမ်း ပိုမိုများပြားကြသည်။ ဇွဲရှိခြင်း၏ အဓိကကောင်းကျိုးများ 1. အောင်မြင်မှုကို ရရှိစေသည် – အခက်အခဲများကို ကျော်ဖြတ်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်သည်။ 2. စိတ်ဓာတ်ကြံ့ခိုင်စေသည် – ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ အလွယ်တကူ စိတ်မပျက်ဘဲ ရှေ့ဆက်နိုင်သည်။ 3. ယုံကြည်မှု တိုးပွားစေသည် – ကြိုးစားမှု၏ ရလဒ်များကို မြင်တွေ့လာရသဖြင့် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာသည်။ 4. အတွေ့အကြုံနှင့် ပညာများ တိုးပွားစေသည် – ကျရှုံးမှုများမှ သင်ခန်းစာယူနိုင်ပြီး ပိုမိုတိုးတက်လာစေသည်။ 5. အခြားသူများ၏ လေးစားမှုကို ရရှိစေသည် – ဇွဲလုံ့လရှိသူများကို လူအများက လေးစားတန်ဖိုးထားကြသည်။ 6. အိပ်မက်များကို အကောင်အထည်ဖော်နိုင်စေသည် – အိပ်မက်ကြီးမားသူတိုင်းအတွက် ဇွဲသည် အရေးကြီးဆုံး အင်အားတစ်ခုဖြစ်သည်။ နိဂုံးချုပ် "ပါရမီထက် ဇွဲက ပိုအရေးကြီးသည်" ဟု ဆိုကြသည်။ ထူးချွန်မှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ၊ မရပ်မနား ကြိုးစားနိုင်သော ဇွဲလုံ့လရှိမှသာ ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘဝတွင် မည်သည့်ရည်မှန်းချက်ကိုမဆို ဇွဲရှိရှိ ကြိုးစားသင့်ပါသည်။ ✨
> "Slowly is the fastest way to get where you want to be."
— ဇွဲမလျှော့ဘဲ ဆက်လျှောက်သူသာ ပန်းတိုင်သို့ ရောက်နိုင်သည်။ #MɪʟᴀXNᴏᴠɪᴜs

Repost from Ascend Society
"အကူအညီတောင်းပါ။ တောင်းရင် အကူအညီရောက်လာမှာပါ။" – Na Hwa Jin #Kyaw_Khaing_Oo

Repost from Ascend Society
"မင်းရဲ့ တစ်မိနစ်ကို တခြားသူရဲ့ တစ်မိနစ်နဲ့ မယှဉ်ပါနဲ့။ ဒီတစ်မိနစ်က နောင်နှစ်ပေါင်းများစွာကို ပြောင်းလဲသွားစေနိုင်တယ်။" – Na
"မင်းရဲ့ တစ်မိနစ်ကို တခြားသူရဲ့ တစ်မိနစ်နဲ့ မယှဉ်ပါနဲ့။ ဒီတစ်မိနစ်က နောင်နှစ်ပေါင်းများစွာကို ပြောင်းလဲသွားစေနိုင်တယ်။" – Na Hwa Jin #Kyaw_Khaing_Oo #Teach_You_A_Lesson

Repost from Ascend Society
"မင်းတိတ်ဆိတ်နေရင် ဒီမတရားမှုကို ဘယ်သူမှသိမှာမဟုတ်ဘူး။ မင်းပဲ ခွေနေရင် သူတို့ သူတို့အမှားကို သိမှာမဟုတ်ဘူး။" – Na Hwa Jin #Ky
"မင်းတိတ်ဆိတ်နေရင် ဒီမတရားမှုကို ဘယ်သူမှသိမှာမဟုတ်ဘူး။ မင်းပဲ ခွေနေရင် သူတို့ သူတို့အမှားကို သိမှာမဟုတ်ဘူး။" – Na Hwa Jin #Kyaw_Khaing_Oo #Teach_You_A_Lesson

Repost from Ascend Society
"ဥပဒေက မဆောင်ရွက်ရင် ရပ်တည်ပြီး လက်စားချေမယ့်သူ ရှိရမယ်။" – Choi Gang Seok #Kyaw_Khaing_Oo

Repost from Ascend Society
"ပညာရေးမှာ မင်းဘက်နဲ့ ငါဘက်ဆိုတာ မရှိဘူး။" – Choi Gang Seok #Kyaw_Khaing_Oo

Repost from Ascend Society
"ဆရာဝန်က လူနာကိုကြောက်ရင် ကုသလို့မရဘူး။ ရှေ့နေက ဖောက်သည်ကိုကြောက်ရင် ခုခံလို့မရဘူး။ ဒါဆိုရင် ဆရာမက ကျောင်းသားကိုကြောက်ရင် သင်
"ဆရာဝန်က လူနာကိုကြောက်ရင် ကုသလို့မရဘူး။ ရှေ့နေက ဖောက်သည်ကိုကြောက်ရင် ခုခံလို့မရဘူး။ ဒါဆိုရင် ဆရာမက ကျောင်းသားကိုကြောက်ရင် သင်ပေးနိုင်မှာလား။ အရွယ်ရောက်ပြီးသူတွေ ကလေးတွေကိုကြောက်လာရင် ဒီကမ္ဘာကြီး ပျက်စီးသွားမှာပဲ။" – Na Hwa Jin #Kyaw_Khaing_Oo

𝐒𝐞𝐥𝐟 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭 𝐃𝐚𝐲-4 | 𝐖𝐡𝐚𝐭 𝐖𝐢𝐥𝐥 𝐇𝐚𝐩𝐩𝐞𝐧𝐝 "𝐈𝐟 𝐀 𝐏𝐞𝐫𝐬𝐨𝐧 𝐋𝐢𝐯𝐢𝐧𝐠 𝐖𝐢𝐭𝐡 𝐓𝐡�
𝐒𝐞𝐥𝐟 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐦𝐞𝐧𝐭 𝐃𝐚𝐲-4 | 𝐖𝐡𝐚𝐭 𝐖𝐢𝐥𝐥 𝐇𝐚𝐩𝐩𝐞𝐧𝐝 "𝐈𝐟 𝐀 𝐏𝐞𝐫𝐬𝐨𝐧 𝐋𝐢𝐯𝐢𝐧𝐠 𝐖𝐢𝐭𝐡 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐑𝐨𝐮𝐭𝐢𝐧𝐞 𝐖𝐢𝐭𝐡 𝐓𝐡𝐞 𝐌𝐨𝐬𝐭 𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐭" ဒီနေ့ပုံမှန်ထနေကြအတိူင်း ၄:၃၀ လဲထရော စိတ်ထဲက ဂျင်းကောင်က စပြောတယ် " ဒီနေ့တော့ ပြန်အိပ်ဦးမယ် နောက်ထပ် ၅မိနစ်လောက် " ဆိုပြီး အဲ့အချိန်မှာပဲ ဆုံးဖြတ်ချက်ကို မြန်မြန်ချပစ်လိုက်ကမယ်။ ခါတိုင်းဆို မေ့ဗ်လည်း ပြန်အိပ်ဖြစ်မှာပဲ ဒ်ါမယ့် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးတယ့်နောက် အကြိမ်ပေါင်းများစွာကျဆုံးပြီးတယ့်နောက်မှာ ပြန်မအိပ်ပဲ CONSISTENT ရှိအောင်ပဲရွေးနိုင်ခဲ့တယ်။ မှတ်ထားရမှာက - ကိုယ်ကလမ်းကြောင်းတစ်ခုပေါ်ရှိနေပြီဆိုရင် အနှောင့်အယှက်၊အတားအဆီးနဲ့လွဲချော်မှုတွေက ကြုံလာမှာပဲ။ တကယ့် Confident က အဲ့တာတွေကို ငြင်းပြီးရှေ့ဆက်နိုင်တာကနေရတယ်ဆိုတာ မမေ့ပါနဲ့။ #MɪʟᴀXNᴏᴠɪᴜs

မနက်ခင်းပိုင်းမှာ အတွေးတွေကို ပြောင်းလဲရင် ကျန်တယ့် တစ်ရက်လုံးကို အဆင်ပြေစေနိူင်တယ်။ Marcus Aurelius ကပြောဖူးတယ် " ငါတော့ဒီနေ့ မနာလိုတယ့်သူတွေ၊ဝေဖန်မယ့်သူတွေ၊ပုတ်ချမယ့်သူတွေနဲ့ တွေ့ရတော့မယ် " ဆိုပြီး မနက်တိုင်းပြောပါတယ်တယ့်။ အဲ့လိူပြောခြင်းအားဖြင့် သူတစ်ကယ်လည်း Negative Effect တွေနဲ့ကြုံရော ပြင်း"ထန်" မခံစားရပါဘူးတယ့်။ ကိုယ့်ကို လာရိုင်းရင် - "ဪ ဒီလူ စာမတတ်ဘူးပေါ့၊အသိဉာဏ်မရှိဘူး" စသည်ဖြင့် ပြောင်းလဲတွေးတောနိုင်ရင်ပင် အဆင်ပြေပါတယ်။ လူတွေက မနက်ခင်းမှာ အကောင်းဆုံးတွေဖြစ်လာကမယ် ဘယ်အချိန်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုကောင်းတာတွေတွေ့မယ်ဆိုပြီး ‌တွေးကြတယ်။ အဲ့လိုတွေးကြရင်း အဆိုးတစ်ခုခုနဲ့ရင်ဆိုင်ရတာနဲ့ သူတို့က "ဒီနေ့တော့ ကံဆိုးတယ်၊ငါမှလာဖြစ်တယ်" ဆိုပြီး ကိုယ့်စိတ်ဒုက္ခကိုယ်ရှာကြပါတယ်။ အဲ့လိုမဟုတ်ဘဲ - မနက်ခင်းမှာ အဆိူးဆုံးကို တွေးထားတယ့် သူတစ်ယောက်က တစ်ကယ်ပဲ အဆိူးနဲ့လည်းတွေ့ရော မတုန်လှုပ်တော့ပါဘူး။ - စိတ်ကိုပဲကြိုတင်‌ပြင်ဆင်ထားပါ၊ကမ္ဘာကြီး နဲ့ ဖြစ်လာမယ့် အရာတွေကို မထိန်းချုပ်မပြင်ဆင်နိုင်ရင်ပေါ့။ #MɪʟᴀXNᴏᴠɪᴜs

Stoic တွေပြောထားတယ့်အချက်တွေထဲမှာ လက်တွေ့ကျင့်သုံးဖို့ကောင်းတယ့်အချက်လေးတွေရှိတယ်။ အဲ့အချက်တွေက - ကိုယ်လုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။ ကိုယ်မသိနိုင်တယ့် အရာတွေ၊ ကိုယ်မထိန်းချုပ်နိုင်တယ့်အရာတွေကို အာရုံမစိုက်ပါနဲ့။ အဲ့တာက အရမ်းရိုးရှင်းပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တယ့်ပုံကို ပြပါတယ်။ ကျတော်တို့အနေနဲ့ ကိုယ် မထိန်းချုပ်နိုင်တယ့် အရာတွေဖြစ်ပျက်သွားတယ့်အခါမှာ ပေါက်ကွဲလေ့ရှိကြတယ်၊အဲ့တာက လူတွေအမြင်မှာ ကိုယ့်ရဲ့ ပုံရိပ်ကို အောက်ဆုံးထိ ထိုးကျစေတယ့်အရာပဲ။ အပြင်မသွားခင်မိုးရွာရင် မိုးကို အပြစ်တင်နေမယ့်အစား ကိုယ်လုပ်နိုင်တယ့် ထီးဆောင်းခြင်းကိုလုပ်လိုက်ရင် စိတ်ပိုင်းဆိုင်ရာမညှိုးနွယ်တယ့်အပြင် အခြား Effect တွေမသက်ရောက်တော့ဘူး။ စသည်ဖြင့်ပေါ့။ #MɪʟᴀXNᴏᴠɪᴜs

ကတတပဖနပစပ_မင_Official_Lyrics_Video_Pone_Yape.m4a3.40 MB

မကြောက်တတ်ရင် မလောရင် ကိုယ့်ကိုကိုယ် ယုံရင် ကိုယ့်ကိုကိုယ် အာရုံစိုက်ရင် ကိုယ့်ပုံစံနဲ့ ကိုယ်နေ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ရင် သေချာပေါက် အောင်မြင်မှုကို ဖန်တီးနိုင်ပါတယ်၊၊ #Kyaw_Khaing_Oo #crd_to_original_writer

Busy ဖြစ်တာနဲ့  Productive ဖြစ်တာနဲ့က တူလဲမတူဘူး အချိုးလဲ ထပ်တူမကျဘူး Productive ဖြစ်တယ်ဆိုတာက time, energy, resources တွေကိုသုံးပြီး အရေးပါတဲ့ result တစ်ခုထွက်အောင် လုပ်တာ၊ အရေးကြီး ပြဿနာတွေကို ဖြေရှင်းတာ၊ ဒါမှမဟုတ် ကိုယ်စတဲ့ အရာတွေကိုပြီးအောင်လုပ်တာ စသည်ဖြစ်ပေါ့ Busy ဖြစ်တာကကြတော့ time, energy တွေကိုသုံး လုပ်ရမဲ့ တာဝန် လုပ်ငန်း activity ကို လုပ်ရတယ် ဒါပေမဲ့ အရေးကြီးတဲ့ output ရလေ့မရှိတာပေါ့ ဒါကြောင့် Busy နေတိုင်းကောင်းတာမဟုတ်ဘူး Productive ဖြစ်ဖို့ အရေးကြီးတယ် အဲ့ဒီနှစ်ခုကိုရောပြီး ငါအလုပ်များတယ် မလေ့လာနိုင်ဘူး တစ်ချို့အရာတွေ လုပ်ရမှာအရေးပါတာသိပေမဲ့ အလုပ်များလို့ အချိန်မပေးနိုင်လို့ဆိုပြီး အလုပ်အများကြီး လုပ်နေပေမဲ့ အဝိုင်းလည်နေပြီး growth မဖြစ်လာတာရှိတယ် ကျွန်မရဲ့ daily routine မှာ busy ဖြစ်သလို productive ဖြစ်အောင်လဲလုပ်တယ် Busy ဖြစ်တာက appointment တွေ After service တွေ ဖုန်းခေါ်တွေ follow up တွေလုပ်ရတာ စသည်ဖြစ်ပေါ့ Video content လုပ်တာ Location/Case study လုပ်တာ analyze လုပ်တာ brainstorming လုပ်တာလေ့လာတာ စာရေးတာ ဒါတွေက productive ဖြစ်တဲ့ အပိုင်းတွေပေါ့ ဒါပေမဲ့ ဒီရက်ပိုင်း ကျွန်မရဲ့ productivity ကို သိပ်အားမရဘူး productive အနည်းနဲ့အများ နေ့တိုင်းဖြစ်ပေမဲ့ ဒီထက်ပိုလုပ်နိုင်သေးတယ် လုပ်သင့်တယ် ခံစားရ ကောင်းကောင်းမအိပ်တော့ ဦးနှောက်က focus မကောင်းဘူး အာရုံများတယ် ဦးနှောက် fresh မဖြစ်ဘူး က်ိုယ့် brain က distracted ဖြစ်နေတာကိုသတ်ိထားမိတော့ စောစောအိပ် စောစောထတဲ့ routine ပြန်ဆောက်မယ် မနက်မိုးလင်းတာနဲ့ ဖုန်းမကိုင် noti တွေမစစ်ပဲနဲ့ spiritual ပိုင်းဆိုင်ရာ stretching တွေနဲ့ ပြန်လည်စတင်မယ် စာကို စောစောပြီးအောင်ရေးတဲ့ အချိန်သတ်မှတ်မယ် စာရေးနောက်ကျတာ တစ်ချို့ရက်တွေ အလုပ်များပေမဲ့ တစ်ချို့ရက်တွေက ဝေ့နေတာ ကိုယ့်ချထားတဲ့ task တွေမပြီးမချင်း လုပ်တက်တဲ့ အကျင့်ရှိတော့ ဝေ့နေရင်းနဲ့ အလုပ်တွေပြီးတာ ညနက်သွားရော မနက်ဖြန် intensive focus လုပ်ပြီး max productive ဖြစ်အောင် ဒီနေ့ စောစော ဖုန်းပိတ်မယ် နားမယ် အိပ်မယ် အောင်မြင်ချမ်းသာတဲ့သူတွေကိုလေ့လာရင် high productivity ဖြစ်တဲ့သူတွေမို့ အမြင့်မှာရောက်နေကြတာ တွေ့ရတယ် ဒါကြောင့် ဒီအပိုင်းကို မပေါ့ဆအောင် ကိုယ့်ကို အသိကပ်ပြီးတော့နေတယ် concentration ကျသွားတာနဲ့ warning sign ပဲ၊၊ #Kyaw_Khaing_Oo #crd_to_original_writer

တစ်ချို့လူတွေက ဘဝပြောင်းလဲဖို့အတွက် အချိန်ကောင်းကို စောင့်ဆိုင်းနေတတ်ကြတယ်။ ဒါပေမယ့် အဓိကကတော့ ပြောင်းလဲဖို့ဆို စတင်လုပ်ဆောင်လိုက်ဖို့ကသာ အဓိကပါ။ ဘာလို့လည်းဆို စတင်လုပ်ဆောင်လိုက်မှ အချိန်နဲ့အညီ ပြောင်းလဲလာမှာမို့လို့ပါ။ FIT ဖြစ်ချင်တယ့်သူတစ်ယောက်က FIT ဖြစ်မှ စတင်ပြောင်းလဲမယ်ဆို ဘယ်တော့မှ FIT ဖြစ်လာမှာမဟုတ်ဘူး။ စတင်လုပ်ဆောင်နေရင်းနဲ့မှ FIT ဖြစ်လာမှာပါ။ လခတိုးမှ PERFORMANCE ပြရမှာမဟုတ်ဘူး၊ PERFORMANCE ပြမှ လခတိုးမှာပါ။ ဆိုတော့ တစ်ကယ့်လက်တွေ့ကြိုးစားပြောင်းလဲမှ ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။ #MɪʟᴀXNᴏᴠɪᴜs - @THEICONICROU

​သေနတ်ကောင်းတစ်လက် ရှိရုံနဲ့တင် ပစ်တိုင်း ထိမယ်လို့ အာမခံလို့ မရပါဘူး။ ပစ်တဲ့သူရဲ့ ချိန်ရွယ်မှုနဲ့ လေ့ကျင့်မှုကလည်း လိုသေးတယ်မဟုတ်လား? #Kyaw_Khaing_Oo