cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

𝐌𝐨𝐯𝐢𝐞 𝐀𝐥𝐥 𝐈𝐧 𝐓𝐇𝐀

🔹𝑨𝒄𝒕𝒊𝒐𝒏/𝑯𝒐𝒓𝒓𝒐𝒓/𝑫𝒓𝒂𝒎𝒂🔹 ဇာတ်ကားကောင်းများကိုနေ့စဥ်တင်ပေးနေပါပြီ (ကြော်ငြာ များထည့်သွင်းလို့ပါက ADMIN Account= @Bkhatone)

Ko'proq ko'rsatish
Reklama postlari
160 414
Obunachilar
+87624 soatlar
+14 4207 kunlar
+40 12230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုဒ်လေးတစ်ခုကိုလမ်းညွှန်ပေးပါရစေရှင့်🙏 #စလော့ဂိမ်းမန်ဘာသစ်ပရိုမိုးရှင်း =>5000 သွင်း  15000 အပိုဘောနပ် =>နေ့စဉ်‌ရှုံးကြေး 10 % ဘောနပ် =>သူငယ်ချင်းမိတ်ဆတ် 3000  ဖရီးဘောနပ် Viber - 09758761166 Telegram - @goldeneaglegame #GoldenEagle မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
Hammasini ko'rsatish...
👍 4❤ 3😁 2
1:48:26
Video unavailableShow in Telegram
𝐓𝐨𝐱𝐢𝐜 (𝟐𝟎𝟐𝟐)
Hammasini ko'rsatish...
677.59 MB
❤ 4
Photo unavailableShow in Telegram
𝐓𝐨𝐱𝐢𝐜 (𝟐𝟎𝟐𝟐) လောကကြီးမှာ ကိုယ်ငွေရဖို့ တစ်ခုအတွက်နဲ့ သူများတကာတွေရဲ့ အသက်ကို ကစားစရာလို သဘောထားကြတဲ့ လူ့ဘီလူးတွေ ပေါများလှပါတယ်။ ဒီကားလေးကလည်း ​အဲသဘောအတိုင်းပါပဲ။ O2 လို့ခေါ်တဲ့ ကုမ္ပဏီကြီးတစ်ခုကနေ ထုတ်လုပ်လိုက်တဲ့ humidifier disinfectant ကနေ လူပေါင်းများစွာ သေကြေပြီး ရောဂါတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေသေသေ ငါမသေဖို့အရေးကြီးတယ် ဆိုသလို O2 ကုမ္ပဏီဘက်ကနေ ကိုယ့်အပြစ်အတွက် ဝန်ခံခြင်းလည်းမရှိသလို ​ဆက်ပြီးလည်း ရောင်းချနေခဲ့ပါတယ်။ နစ်နာသူတွေ အားလုံးစုပြီး O2 ကို တရားစွဲဆိုမှု လုပ်ခဲ့ပေမဲ့ ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ အတိုင်း နိုင်ဖို့အလားအလာ အင်မတန် နည်းပါးခဲ့တာပေါ့။ ဒါပေမဲ့ လုံးဝအရှုံးမပေးတဲ့ ရှေ့နေမလေး ဟန်ယောင်းဂျူကတော့ ရှေ့ဆက်တိုးရင်း တခြားဘယ်လို လှည့်ကွက်တွေနဲ့ အပြစ်ပေးသွားမလဲ? ဒီလိုပြဿနာမျိုးတွေက အပြင်မှာလည်း တကယ်ရှိတဲ့ အရာလေးတွေဖြစ်ပြီး ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းကို ဘဝင်ကျစေမှာပါ။ တောင်ကိုရီးယားနိုင်ငံက ဝန်ကြီးဌာနတွေရဲ့ တာဝန်ယူစိတ် မရှိပုံတွေ၊ စီးပွားရေးသမားတွေရဲ့ လောဘတွေ၊ မြေဇာပင်ဖြစ်ပြီး အပြစ်မရှိစွာ သေဆုံးသွားခဲ့ရတဲ့ အသက်တွေ ...
Hammasini ko'rsatish...
❤ 5👍 4
1:44:59
Video unavailableShow in Telegram
𝐁𝐨𝐝𝐲 𝐏𝐚𝐫𝐭 (𝟐𝟎𝟐𝟑)
Hammasini ko'rsatish...
476.11 MB
❤ 4
Photo unavailableShow in Telegram
𝐁𝐨𝐝𝐲 𝐏𝐚𝐫𝐭 (𝟐𝟎𝟐𝟑) Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ် ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲ မတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါဒီဇာတ်လမ်းမှာဆို 𝐒𝐭𝐢𝐧𝐤, 𝐀 𝐂𝐡𝐢𝐥𝐝 𝐖𝐡𝐨 𝐒𝐞𝐞𝐬 𝐆𝐡𝐨𝐬𝐭𝐬, 𝐞𝐱𝐨𝐫𝐜𝐢𝐬𝐦.𝐧𝐞𝐭, 𝐓𝐡𝐞 𝐏𝐞𝐫𝐬𝐨𝐧 𝐖𝐡𝐨 𝐋𝐢𝐯𝐞𝐝, 𝐒𝐭𝐫𝐢𝐧𝐠 ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ်တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက် ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်… ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ.. ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူး ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်…
Hammasini ko'rsatish...
❤ 6👍 3
1:53:51
Video unavailableShow in Telegram
𝐓𝐡𝐞 𝐂𝐮𝐭 (𝟐𝟎𝟎𝟕)
Hammasini ko'rsatish...
574.16 MB
❤ 5
Photo unavailableShow in Telegram
𝐓𝐡𝐞 𝐂𝐮𝐭 (𝟐𝟎𝟎𝟕) ဆေးကျောင်းသားတွေဟာ အဖွဲ့တွေခွဲပြီး လူသေအလောင်းကို လက်တွေ့ခွဲစိတ်ပြီး လေ့လာရတာနဲ့ ဇာတ်အိမ်အစပျိုးထားပါတယ် သူငယ်ချင်း ၅ ယောက်ဟာ တစ်ဖွဲ့တည်းအတူကျပြီး လူသေအလောင်းကို ခွဲစိတ်တဲ့အခါမှာ တစ်ယောက်ချင်းစီ စတင်သေဆုံးလာပြီး သူတို့အဖွဲ့တစ်ဖွဲ့တည်းကိုပဲ မကောင်းတဲ့နိမိတ်တွေပြလာပါတော့တယ်အဲလိုနဲ့ ဆွန်းဟွာ၊ ဂျောင်ဆော့၊ ဂီဘုန်းတို့ဟာ ဒအဖြစ်အပျက်တစ်ခုလုံးရဲ့ ဇစ်မြစ်ကိုအောက်ခြေကနေ စလိုက်ပြီး တရားခံအစစ်ကိုတွေ့ပြီး ဝိညာဉ်တွေဟာလည်းသူတို့အဖွဲ့ကို ဘာကြောင့်လိုက်ငြိုးနေလဲဆိုတဲ့ အကြောင်းအရင်းကို တွေ့လိုက်ရပါတော့တယ်
Hammasini ko'rsatish...
👍 12❤ 7🤩 1
Photo unavailableShow in Telegram
𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐈𝐬 𝐔𝐧𝐤𝐧𝐨𝐰𝐧 (𝟐𝟎𝟐𝟑) လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်…နောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်…ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်…လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့…ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်…ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လိုနေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်…ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယားမသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့…ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ…ကလေးကရော ဘာရောဂါဖြစ်နေတာလဲ #Credit
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
𝐈𝐧𝐧𝐨𝐜𝐞𝐧𝐭 𝐖𝐢𝐭𝐧𝐞𝐬𝐬  (𝟐𝟎𝟏𝟗) တစ်နှစ်သမီးအရွယ်မှာ တခြားကလေးတွေကဖေဖေမေမေ ခေါ်တတ်ရုံရှိသေး၊ ဂျီဝူးကတော့ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင်အတတ်မြန်သူလေးပါ။ဒါပေမဲ့ ကံမကောင်းစွာပဲ သူကလေးဟာအော်တစ်ဇင်ဖြစ်လို နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဂျီဝူးဟာ အော်တစ်ဇင်ထဲမှာမှဓာတ်ပုံရိုက်ယူထားသလို ကောင်းမွန်စွဲမြဲတဲ့မှတ်ဉာဏ် (Photographic memory) နဲ့နားအလွန်ပါးတဲ့၊ အဝေးကြီးက တီးတိုးသံကိုတောင်သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ (Hyperacute Hearing) ကိုပိုင်ဆိုင်သူလဲ ဖြစ်နေပြန်ပါတယ်။ ဂျီဝူးလေးဟာအသက်ဆယ့်ငါးနှစ်အရွယ် ရောက်လာခဲ့တဲ့ တစ်နေ့မှာသူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားတဲ့လူသတ်မှုတစ်ခုကိုမျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတော့တယ်။အဘိုးကြီးကင်ဟာ ဂျီဝူးအိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်မှာတစ်ကိုယ်တည်း နေထိုင်သူပါ။ အိမ်အကူနဲ့ တွေ့ကြည့်တဲ့အခါမှာ အဘိုးကြီးကင်သူ့ဘာသာ သတ်သေနေတုန်း သူမြင်သွားလို ဝင်ကယ်ရာမှာဂျီဝူးက အထင်လွဲပြီး သူသတ်တယ်ရယ်လို ပြောတာဖြစ်ကြောင်းဖွင့်ဟချက်ကို သူ လက်ခံပြီး ဂျီဝူးဆီကထွက်ချက်ရဖို ဂျီဝူးနဲ့ ရင်းနှီးမှုရအောင် သူကြိုးစားပါတော့တယ်။ #Credit
Hammasini ko'rsatish...
❤ 1😢 1
2:11:13
Video unavailableShow in Telegram
𝐌𝐞𝐥𝐚𝐧𝐜𝐡𝐨𝐥𝐢𝐚 (𝟐𝟎𝟏𝟏)
Hammasini ko'rsatish...
674.14 MB
❤ 4
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.