cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

YaThaSone Channel

Ko'proq ko'rsatish
Reklama postlari
133 669
Obunachilar
+95124 soatlar
+4 8437 kunlar
+17 75130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
The EOD Squad ( 2022 ) EOD Squad 2022 လိုအမည်ရတဲ့ အက်ရှင်ကားလေးကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဲ့ မူးယစ်မှောင်ခိုသမားတိုကြားက အားပြိုင်မှုကို အခြေခံထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင်Lu Yangနဲ့သူ့သူငယ်ချင်း Xu Ming တိုဟာ တစ်ရက်မှာတော့ နယ်စပ်မှာ မူးယစ်ရောင်းဝယ်ဖောက်ကားနေတဲ့ Kun Kang ဆိုသူကို ဖမ်းဆီးဖို အမိန့်ကျလာခဲ့ပါတယ် Kun Kang ကမူးယစ်ရောင်းဝယ်ရုံတင်မကဘဲ ပြင်းအားမြင့်ဖောက်ခွဲရေးကိရိယာကိုပါ လုပ်ပြီးတော့ ရဲတပ်ဖွဲဝင်တွေ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် Kun Kang ကို လိုက်ဖမ်းရင်းနဲ့ပဲ Xu Ming ကတော့ အမှတ်မထင် ပေါက်ကွဲမှုတစ်ခုကြောင့် အသက်ကို ပေးဆပ်သွားခဲ့ရပါတယ် အဲ့နောက်မှာတော့ လွတ်မြောက်နေတဲ့ Kun Kang ကိုဖမ်းဖို့ Lu Yang တစ်ယောက် ဘယ်လိုကြိုးပမ်းမှာလဲ… Kun Kangဘက်ကရော ဘယ်လိုဖောက်ခွဲမှုတွေလုပ်ပြီးတော့ ထွက်ပြေးမှာလဲ….. အက်ရှင်ကားကိုမှ ကြည့်ချင်သူတွေအနေနဲ့ကတော့ CM ကနေတင်ဆက်ပေးထားတဲ့ ခပ်မိုက်မိုက် အက်ရှင်ကားလေးဖြစ်တဲ့EOD Squad 2022 ကို ကြည့်ရှုဖို တိုက်တွန်းချင်ပါတယ်နော်….. #Credit
Hammasini ko'rsatish...
👍 33 1
1:24:40
Video unavailableShow in Telegram
The EOD Squad (2022)
Hammasini ko'rsatish...
👍 15
1:43:55
Video unavailableShow in Telegram
Love O2O (2016)
Hammasini ko'rsatish...
👍 1
Photo unavailableShow in Telegram
Love O2O (2016)
Hammasini ko'rsatish...
👍 2😁 1
Photo unavailableShow in Telegram
The Yin Yang Crossover Man ( 2023 ) CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ...... ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ #Credit
Hammasini ko'rsatish...
👍 6 1😈 1
Photo unavailableShow in Telegram
Raging Fire (2023) Action, Crime, China ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါအဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီးချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ……ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ……ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ #Credit
Hammasini ko'rsatish...
👍 5
Photo unavailableShow in Telegram
Wedding Dress (2010) ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ် အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ #Credit
Hammasini ko'rsatish...
👍 3
1:15:04
Video unavailableShow in Telegram
Raging Fire (2023)
Hammasini ko'rsatish...
"ဂိမ်းဆိုတာ စိတ်ကူးယဉ်ဆန်တဲ့လောကအသစ်ကြီးကို ယူဆောင်လာသလို လုပ်ချင်တဲ့အရာကို လုပ်ခွင့်ရပြီး စိတ်ဝင်စားဖိုကောင်းတဲ့လူအမျိုးမျိုးကို တွေ့ခွင့်ရတဲ့နေရာလေးပါတဲ့" အခုခေတ်မှာ ဂိမ်းမဆော့ကြသူဟာ မရှိသလောက်ရှားလာတဲ့အပြင် ဂိမ်းကိုနှစ်ခြိုက်စွာ ဆော့ကစားကြပြီး အပြင်လောကနဲ့မတူတဲ့ တခြားလောကမှာ ပျော်ရွှင်မှုတွေကို ရရှိခံစားကြရတယ်~~~ ဒီလိုပဲ အခုကားလေးမှာလည်း "ရှောင်းနိုင့်"နဲ့ "ပေ့ဝေးဝေး"ဆိုတဲ့ ကွန်ပျူတာမေဂျာ ကျောင်းသား/သူနှစ်ယောက်ရဲ့ ဂိမ်းကစားပုံတွေ၊ ဂိမ်းလောကဆီက ရရှိတဲ့ ပျော်ရွှင်မှုတွေ၊ ဘယ်လောက်ပဲအခက်အခဲတွေကြုံကြုံ ရင်ဆိုင်ကျော်ဖြတ်ပြီးကြိုးစားကြပုံတွေနဲ့ အပြင်လောကနဲ့ဂိမ်းလောကကြားမှာပေါ်ပေါက်လာတဲ့ချစ်ခြင်းတရားတွေ မေတ္တာတွေ ခင်မင်မှုတွေကို ဖော်ပြထားပါတယ်❣️ ဒါဆို ဇာတ်လမ်းပုံစံလေးကို ကြည့်ရအောင်~~~    "ရှောင်းနိုင့်"ဆိုတဲ့ကောင်လေးဟာ တက္ကသိုလ်မှာ နာမည်ကြီးတဲ့အပြင် ဘတ်စကတ်ဘော၊ ရေကူး၊ စာပေဘက်မှာပါ ထူးချွန်ပြီး ဂိမ်းကစားရာမှာလည်း ဆာဗာမှာ နံပါတ်တစ်ဖြစ်တဲ့ ဂိမ်းအသစ်တီထွင်ဖိုလုပ်နေတဲ့သူတစ်ယောက်ပေါ့~    "ပေ့ဝေးဝေး"ဆိုသူကတော့ ကွန်ပျူတာမေဂျာကောင်းသူတစ်ယောက်ဖြစ်တဲ့အပြင် လှပပြီး ဂိမ်းဆော့ရာမှာလည်း သူတိုဆာဗာရဲ့Top Ten စာရင်းထဲမှာ ယောက်ျားလေးတွေနဲ့အပြိုင် အဆင့်ခုနစ်ချိတ်ထားသူပေါ့~    တစ်နေ့ "ရှောင်းနိုင့်"တစ်ယောက် စက်ဘီးစီးပြီးသွားနေတဲ့အချိန် ဂိမ်းကစားဖို အင်တာနက်ကဖေးဆီ စက်ဘီးအမြန်နင်းလာတဲ့ "ပေ့ဝေးဝေး"နဲ့တိုက်မိမလိုဖြစ်ပြီး စိတ်ဝင်စားမိလို လိုက်ကြည့်ရင်း သူမရဲ့ ဂိမ်းကစားပုံ တက်ကြွပုံတွေကို မြင်ပြီး ကြွေသွားတဲ့အခါ~    ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စား အေးဆေးနေတတ်တဲ့ "ရှောင်းနိုင့်"တစ်ယောက် "ပေ့ဝေးဝေး"ကို ဘယ်လိုကြံဖန်ပြီးလိုက်မလဲ ဘယ်လိုမျိုးတွဲဖြစ်ကြမလဲဆိုတာကိုတော့~~~    SoulKingdoMကနေ video qualityကောင်းကောင်း ဘာသာပြန်ကောင်းကောင်းနဲ့ တင်ဆက်ပေးမှာမလို  စောင့်မျှော်ကြည့်ရှုပေးကြပါဦး~~~ #Credit
Hammasini ko'rsatish...
👍 5
Photo unavailableShow in Telegram
Open City (2018) Action, Crime, Korea တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီအမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်းရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ?ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ?အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်းသူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ?အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ?ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ?ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး #Credit
Hammasini ko'rsatish...
👍 10 1