cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

စစ်ရေးသတင်းမှန်

you know

Ko'proq ko'rsatish
Reklama postlari
762
Obunachilar
+924 soatlar
+167 kunlar
+26830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
MNDAA က သိန်းနီမြို့က စစ်ရှောင်ပြည်သူတွေကို ၎င်းတို့ရဲ့ နေအိမ်တွေဆီ ပြန်လာကြဖို့ပြောနေပြီး ပြန်မလာရင် ၅ ရက်အတွင်း အိမ်တွေကို သိမ်းမယ်တဲ့...ဘာကြောင့်လဲဆိုတော့ တပ်ကတန်ပြန်တိုက်စစ်လုပ်လာရင် လူထုကို အကာအကွယ်ယူပြီး လူသားဒိုင်းကာလုပ်ဖို့ရယ် အသက်ငယ်ရွယ်တဲ့ယောကျ်ားလေး၊ မိန်းကလေးတွေကို လူသစ်စုဖို့အတွက်ပဲဖြစ်ပါတယ်...MNDAA ဟာ ဒေသခံရှမ်းလူမျိုးများရဲ့ချွေးနှဲစာတွေကို ဆယ်စုနှစ်ချီပြီး စားလာတာကို မကျေနပ်သေးတဲ့အပြင် လယ်ယာနဲ့ ပြောင်းခြံတွေပဲလုပ်စားနေရတဲ့ ရှမ်းလူမျိုးတွေရဲ့နေအိမ်တွေကို သိမ်းပိုက်ဖို့လုပ်နေတာ တော်လှန်ရေးလုပ်နေတာမှ ဟုတ်ရဲ့လား....? ရှမ်းလူမျိုးတွေကို အခွန်ကောက်တာ၊ ဆန်စပါးတောင်းတာတွေကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်နေခဲ့တာကို မကျေနပ်နိုင်သေးဘဲ နယ်မြေရယူလိုမှုနဲ့ လူသစ်စုဆောင်းဖို့အတွက် ခြိမ်းခြောက်အကျပ်ကိုင်နေတဲ့ MNDAA ရဲ့လုပ်ရပ်ကြောင့် ရှမ်းလူမျိုးတွေ ဒုက္ခရောက်နေကြရပါပြီ...
Hammasini ko'rsatish...
👍 35
✅မြဝတီ-အာရှလမ်းမကြီးမှာ စစ်ဖြစ်နေတယ်။ ဒီလမ်းကြောင်းကို ထိန်းဖို့ဆိုရင် လာတိုက်တဲ့ရန်သူ စစ်ဦးကျိုးအောင်လုပ်နိုင်မှပဲ ဒီလမ်းမကြီးက ကောင်းကောင်း ပြန်ပွင့်နိုင်မှာ။ မဟုတ်ရင် ဒီလမ်းမကြီး ပိတ်တော့မယ်။ ✅တစ်ခါ မြောက်ဘက်မူဆယ်ကို KIA, TNLA လုံးနေတယ်။ နမ့်ခမ်း၊ ကြူကုတ်ပန်ဆိုင်းကိုလည်း ရန်သူက ထိန်းထားတယ်။ ဒီနယ်တွေ မရှင်းနိုင်ရင် မူဆယ်လမ်းကြောင်း ပြန်ပွင့်ဖို့ဆိုတာ အတော်လေး ကာလ ကြာလိမ့်မယ်။ ✅ချင်းရွှေဟော်ဘက်မှာ လောက်ကိုင်တခုတည်း ကျန်တော့တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ကိုးကန့်ဟာ အစိတ်အပိုင်းသေးသေးလေးပဲ ဆိုပေမယ့်... Psychology အရ ကြည့်ရင် အတော်လေး ခက်တယ်။ ✅တန့်ဆည်မြို့ ကျခြင်း၊ မကျခြင်းထက် တန့်ဆည်ဟာ မြန်မာပြည် အလယ်ပိုင်းရောက်နေတယ်ဆိုတာ သတိပြုရမယ်။ အခန့်မသင့်ရင် မြန်မာပြည်အပေါ်ပိုင်း တောက်လျှောက်ပဲ။ ✅တပ်မတော်အတွက် စိန်ခေါ်မှုတွေ အများကြီးပဲ။ စစ်ရေးလည်းပါတယ်။ စီးပွားရေးလည်းပါတယ်။ ဒီလောက်ဆို ဖြန့်တွေးကြည့်ကြပေါ့။
Hammasini ko'rsatish...
👍 9
Dec 1 သုံးသပ်တင်ပြချက်ပါ ================== သတင်းပေး ၃၃ဦးရဲ့သုံးသပ်ချက်ပါ ---------------------------------------------------- ယမန်နေ့ကလဲ Channal မှာ တင်ပေးထားပါတယ်၊ KNU .တွေရဲ့ ဗျူဟာ Plan က. ကျိုက်မရောအရှေ့ခြမ်းကိုစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်  ကျိုက်မရောတံတားနှစ်ခုကို မရ / ရအောင် ဖြိုချဖျက်စီးပြီး ၊ကျိုက်မရောအရှေ့ခြမ်းကို အရင်စိုးမိုးမှာပါ၊ စိုးမိုးရန်အားလုံးပြင်ဆင်ထားပြီးဖြစ်သလို၊ ဒုတိယအချက်အချာဖြစ်တဲ့ကော့ကရိတ်မြို့ကို ထိန်းချုပ်နိုင်ရေးဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊အမာခံတည်ဆောက်သွားမယ့် Plan ချထားပုံရပါတယ်၊ ကျိုက်မရောနယ်ကိုစိုးမိုးလို့ရပြီဆိုတာနဲ့ မော်လမြိုင်ကိုအလှုပ်ပြမှာပါ၊မော်လမြိုင်ကိုအလုပ်ရှုပ်စေပြီးမှ ကော့ကရိတ်ကိုဝင်လုံးမယ့် မူလအစီစဥ်ကနေ ကျိုက်မရောမှာအခြေအနေမဟန်တာကြောင့် ကော့ကရိတ်ကို ထပ်မံလာလှုပ်တဲ့အနေအထားမျိုးပါ၊တနည်းအားဖြင့် ကျိုက်မရောနယ်ကတပ်အင်အားကို ကော့ကရိတ်ဘက်ရောက်လာအောင်လှုပ်တဲ့သဘောပါပဲ။ ကော့ကရိတ်ကို လှုပ်တဲ့နေရာမှာ KNU က ဗျူဟာနှစ်ခု စီစဥ်ပြီး လှုပ်လာတာမြင်တွေ့နေရပါတယ်၊ကော့ကရိတ်အခြေအနေကောင်းရင် သထုံ၊ဘီးလင်းကိုလဲတပြိုင်တည်းလှုပ်မယ့်အစီအစဥ်ဆွဲထားပုံရပါတယ်၊ KNU တပ်မဟာ ၃ ၊ KNU တပ်မဟာ ၁ ဘက် KNU. PDF တွေကို ဘီးလင်းနဲ့သထုံနယ်တွေမှာဖြန့်ကျက်ထားပြီး ကော့ကရိတ်ကမီးစိမ်းပြတာနဲ့တပြိုင်နက်လှုပ်ရန်ကြိုတင်ပြင်ဆင်ထားတာလဲတွေ့ရပါတယ်၊ကော့ကရိတ်ကို လှုပ်နေစဥ်တချိန်ထဲမှာပဲ မြဝတီဘက်က နီပိတ်အတော်များများရဲ့ Fb acc တွေမှာလဲ အစားအစာနဲ့ ဗုံးခိုကျင်းထဲမှာနေဖို့ ဝါဒဖြန့် Post တွေတင်လာကြပါတယ်၊ မြဝတီဘက်က စစ်ကူတွေမလာနိုင်အောင်၊ခြောက်လှန့်ဝဲဒဖြန့်သလိုလုပ်ဆောင်တဲ့ပုံစံပါပဲ။ ကော့ကရိတ်ကိုရမလားလို့လာလုပ်တဲ့သဘောပါ၊အခြေအနေမဟန်တာကြောင့် နီပိတ်တို့ Fb က Post တွေပြန်ဖျက်သွားကြတာတွေ့နေရပါတယ်။ KNU တွေရဲ့ အဓိက ဗျူဟာ Plan က- ၁ / ကျိုက်မရောအရှေ့ခြမ်း ၂ / ကော့ကရိတ် ၃/ မြဝတီ ၄ / နယ်မြေအလိုက်စစ်စခန်းများ ကျိုက်မရောနယ်နဲ့ ကော့ကရိတ်ကိုထိန်းချုပ်လို့အသာရနေပြီဆိုရင်တော့ မွန်ပြည်နယ်က သထုံ၊ဘီးလင်း၊ကျိုက်ထို၊သိမ်ဇရပ်ကို အလှုပ်ပြမှာပါ၊အထူးသဖြင့်သိမ်ဇရပ် စစ်တောင်းတံတားကို မဖြစ်မနေစိုးမိုးမှုရအောင်ယူမှာပါ၊ KNU တွေ PDF ကိုမွေးမြူခြင်းရဲ့ ရည်ရွယ်ချက်က ကရင်ပြည်စိုးမိုးရေးဖြစ်ပြီး၊ PDF တွေကို မွန်ပြည်နယ်မှာကာကင်းအဖြစ်ထားမယ့်မဟာဗျူပါပဲ၊ ဒီ PLan ကို KNU တပ်မဟာ ၁ / ၃ / ၅ /၆ /KNDO. ABSDF. PDF စတဲ့ခေါင်းဆောင်တွေနဲ့ NUG တို့ ချမှတ်ထားတဲ့ Plan တွေဖြစ်သလို NCA အယောင်ပြ လက်နက်ခဲယမ်းရောင်းစားနေတဲ့အဖွဲ့ထဲကလဲပါဝင်နေပါတယ်၊ မြဝတီကိုတိုက်ခိုက်ဖို့ မျက်နှာဖြူကောင်တွေငှားရမ်းကာ ဗျူဟာရေဆွဲနေကြတယ်လို့သတင်းပေးတွေရဲ့ ပြောစကားအရဆိုရင်၊ကရင်ပြည်နယ်၊တနသာ်ရီတ်ိုင်း၊မွန်ပြည်နယ်တွေပါ စစ်မီးကမြင်တွေ့ရဖွယ်ရှိနေပါတယ်လို့သတင်းပေး ၃၃ ဦးက သုံးသပ်တင်ပြထားပါတယ်။ ယခင်ကလဲသုံးသပ်တင်ပြပေးထားကြသလို၊သုံးသပ်ချက်အတိုင်းလဲဖြစ်လာတာကိုကြည့်ရင်၊သုံးသပ်ချက်ကမြေပြင်သတင်းကို အခြေခံတာမို့ မွန်၊ကရင်၊တနသာ်ရီ၊သတင်းပေးများရဲ့ပေးပို့ချက် 100% မှန်ကန်တယ်လို့ပြောရမှာဖြစ်ပါတယ်။ မိမိနိုင်ငံတော်အတွက်အကြမ်းဖက်ပပျောက်စေလိုသောဆန္ဒ၊မိမိတို့တပ်မတော်အတွက် လက်ဦးမှုရယူတိုက်ခိုက်နိုင်စေရန် ရည်ရွယ်သုံးသပ်ထားသော သတင်းပေး ၃၃ ဦးရဲ့ ပေးပို့လာမှုအား တင်ပေးလိုက်ရပါတယ်ဗျာ။ အမဲလိုက်မုဆိုးကြီး #SQ
Hammasini ko'rsatish...
👍 16🐳 2
Photo unavailableShow in Telegram
"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံသော ချမ်းမြေ့ဖွယ် တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ Wish you all have a blessing Full Moon Day of Tazaung Mone!
Hammasini ko'rsatish...
Photo unavailableShow in Telegram
🌿ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ🌿 အခက်အခဲတွေ ကြုံတွေ့နေရလို့ သူတစ်ပါးရဲ့ အားပေးခြင်းတွေကို စောင့်မျှော် မနေပါနဲ့ ။ ကျရှုံးခြင်းတွေ ရင်ဆိုင်နေရလို့ သူတစ်ပါးရဲ့ နှစ်သိမ့်ခြင်းတွေကို မျှော်လင့်မနေ ပါနဲ့ ။ တစ်ယောက်ထဲ ရှင်သန်နေရလို့ သူတစ်ပါးရဲ့ အဖော်ပြုခြင်းကို တမ်းတမနေလိုက်ပါနဲ့ ။ သူတစ်ပါးဆိုတာ ကိုယ့်ရဲ့ဘေးနားမှာ အမြဲမရှိနိုင်ဘူး ။ ကိုယ့်အရိပ်တောင် အမှောင်ထဲရောက်သွားရင် ကိုယ့်ကိုယ် ထားသွားကြတာပဲလေ။ ဒါကြောင့် သူတစ်ပါးကို အားကိုးချင်စိတ်တွေ မမွေးပဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ ။🌻🌻 ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️ #မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Hammasini ko'rsatish...
👍 11
00:15
Video unavailableShow in Telegram
Breaking News ၁၀၅ မိုင်ဗျူဟာကုန်းသို့ အကြမ်းဖက်သကသများမှ drop bomb လာချသဖြင့် မိမိစကများမှ ပြန်လည်ပစ်ခတ်ရာ drone bomb ချရန်အခွင့်မသာတော့သဖြင့် နမ့်ဟွယ်ရွာရှိ နမ့်ဟွယ် မိဘမဲ့ဘုန်းကြီးကျောင်းသို့ drone bomb အားပစ်ချခဲ့သဖြင့် ကိုရင်တပါး ထိခိုက်ဒဏ်ရာ ရရှိပြီးဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ်များထိခိုက်ပျက်စီးခဲ့။
Hammasini ko'rsatish...
1.34 MB
👍 2
AA ဖန်တီးတဲ့ ဒုတိယအကျော့ရဲ့ရလဒ်များ * (၁) မိုခါအလွန် ပြန်လည်ထူထောင်ဆဲကာလ AA က စစ်ကိုဖန်တီးလိုက်တဲ့အတွက် ရခိုင်လူထုကို ဒုက္ခတွင်းထဲကန်ချသလိုဖြစ်ပြီး အခြေနေမဲ့လူတန်းစားများ ပိုမိုများပြားလာခြင်း။ - (၂) ပထမအကျော့လောက် ရခိုင်လူထုထောက်ခံမူမရရှိခြင်း၊ AA ထောက်ခံသည့် ပညာမဲ့လူတန်းစား၊ ပေါက်လို့ပဲစားများသာ လေလှိုင်းပေါ်စစ်မီးရှို့နေပြီး ပညာတတ်လူတန်းစားရခိုင်များမှာ စစ်ကိုမလိုလား တော့ခြင်း၊ မြို့ရွာများကိုရှောင်ပြေးမူများပြားလာခြင်း။ - (၃) ပထမအကျော့ စစ်ပွဲများကထဲက ဖြစ်မလာသည့် AA အိမ်မက်သည် ဒုတိယအကျော့စစ်ပွဲတွင်လည်း စိတ် အားတက်စရာထက် အစပိုင်းမှာတင် စိတ်ပျက်စရာသာကြုံနေရတဲ့အတွက် လူထုထောက်ခံမှု သိသိသာသာ မရခြင်း။ - (၄) ရခိုင်ဒေသခံအများစုသည် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသာ အဓိကအသက်မွေး ဝမ်းကြောင်းအဖြစ်လုပ်တာဖြစ်တဲ့အတွက် AA ဖန်တီးတဲ့စစ်ကြောင့် AA က သူတို့အရေးပေါ်လိုအပ်လာရင် သုံးဖို့ စက်လှေများထွက်ခွင့်မပေးတဲ့အတွက် ငါးဖမ်းလုပ်ငန်းလုပ်သူတွေဒုက္ခပင်လယ်ဝေနေခြင်း၊ ၎င်းထက် ပိုဆိုးတာက စပါးစိုက်ဧကအတော်များများ မရိတ်သိမ်းရခင် AA က စစ်ပွဲထလုပ်တဲ့အတွက် လယ်သမား အားလုံးထွက်ပြေးတိမ်းရှောင်နေရပြီး ဝမ်းစာစပါး၊ ဒေသစပါးထွက်နှုန်း သိသိသာသာကျဆင်းပြီး ၎င်းရလာဒ်ကြောင့် ဒေသခံများသာ ဒုက္ခဆင်းရဲတွင်းထဲရောက်ကာ ပိုရွာပျက်လာဦးမည်ဖြစ်ခြင်း။ - (၅) AA သည် KIA တပည့်ဖြစ်တဲ့အတွက် ၎င်းတို့ခိုင်းစေသည့် ပြည်မဒေသစစ်ပွဲများတွင်ပါဝင်နေပြီး အကျ အဆုံးများနေသော်လည်း ငြင်းဆန်ခွင့်မရှိဘဲ ဆက်လုပ်နေရသောကြောင့် AA အင်အားလျှော့နည်း လာသည့်နည်းတူ မျှော်လင့်ချက်မဲ့နေသည့် AA ၏လေပေါ်အိမ်မက်များကို အယုံအကြည်မရှိတော့သည့် လူငယ်များ များပြားလာသောကြောင့် AA မှ အတင်းအဓမ္မဖမ်းဆီးခေါ်ယူထားသည့် လူငယ်များနှင့် ဆေးသမားဘိန်းသမား အစိကြောင် တေလေဂျပိုးများကလွဲ၍ AA ထဲဝင်မယ့်သူမရှိတော့ခြင်း။ - (၆) ရခိုင်လူမျိုးအစွန်းရောက်အချို့သည် လေထဲမှာသာအာချောင်မျိုးချစ်ခြင်း ဘေထုတ်ထက်ပေါများသော တေးသီချင်းအဆိုတော်များက စားကောင်းသောက်ကောင်း မျိုးချစ်ကြောင်း သွေးထိုးလှုံ့ဆော်နေသော်လည်း ခေတ်သစ်ရခိုင်လူလည်များသည် လေထဲမှာသာစည်းလုံးချင်ယောင်ဆောင်ပြီး လူလည်အတော်များများ ရခိုင်မှာမနေဘဲ ပြည်မရှိ မြို့ကြီးများနှင့် ပြည်ပနိုင်ငံများတွင် အရသာတွေ့ထာဝရနေထိုင်နေကြခြင်း။ - (၇) ရခိုင်လူထု ယခုလို ဒုက္ခရောက်ရခြင်းရဲ့ အဓိကတရားခံ မြှောက်ပေးနေသည့် ထွန်းမြတ်နိုင် ကိုယ်တိုင်က Kia ဌာနချုပ်နှင့် တရုတ်နယ်စပ်တွင် ညိုထွန်းအောင် ခိုင်သခေါတို့နှင့် ဂေါက်ရိုက် အရက်သောက် စည်းစိမ်းရစ်မူးနေကြခြင်းကို ခေတ်သစ်ရခိုင်လူငယ်များ ပညာတတ်များပါးစပ်ကသာထုတ်မပြော သော်လည်း အားလုံးသဘောပေါက် သိရှိနေကြတဲ့အတွက် AA ကိုမယုံကြည်တော့သည်မှာ AA အနာဂါတ် ကြောင်ပျောက်မည့်ကိန်းဖြစ်နေခြင်း။ - (၈) AA အရာရှိများ တပ်သားများအနေဖြင့် ရေရှည်စစ်အီလာသည်နှင့်အမျှ အနာဂတ်မဲ့လာပြီး အချင်းချင်း အဆင့်အတန်းခွဲခြားမူများ၊ မမျှတမူများ၊ ဘက်လိုက်အုပ်ချုပ်မူများကြောင့် ၎င်းတို့အချင်းချင်း ယုံကြည်မှု လျှော့နည်းနေပြီး ရေရှည်တွင်ဖရိုဖရဲဖြစ်လာနိုင်ခြင်း။ (ဆက်လက်ဖော်ပြပါမည်) စစ်တွေသား ချစ်ဖေ
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
ရခိုင်မှာ "မိုခါ" မုန်တိုင်းဝင်တိုက်တော့ အတော်လေး အပျက်အဆီးများခဲ့ပါတယ်။ အစိုးရဟာ ဒီမုန်တိုင်းတိုက်ပြီးသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို မြန်မြန်ဆန်ဆန်နဲ့ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်ရဲ့ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေနဲ့ အခြားစက်ပစ္စည်းကိရိယာတွေဟာ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် အလုံးစုံ အသုံးပြုခဲ့သလို တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေကိုလည်း စေလွှတ်ပြီး  ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်ဟာ ရခိုင်ပြည်နယ်အတွက် ဒီလို အလုံးစုံအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပေးခဲ့ပေမဲ့ AA အဖွဲ့ကတော့ နယ်စပ်ရဲကင်းတွေ၊ စခန်းငယ်တွေကို အင်အားအလုံးအရင်းနဲ့ဝင်တိုက်နေတာတွေဟာ အတော်လေး ယုတ်မာတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ တပ်မတော်ဘက်က ဘယ်လောက်ပဲ ရခိုင်ပြည်နယ်အတွက် စေတနာထားပြီး ဆောင်ရွက်ပေးခဲ့ပေမဲ့ AA အဖွဲ့ဟာ ကျိုးကြောင်းဆင်ခြင်မှုနည်းစွာနဲ့ နိုင်ငံရေးအရှုပ်အထွေးနဲ့ ရောချပြီး စခန်းငယ်တွေကို ဝင်တိုက်တာဟာ ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့ လူယုတ်မာတွေရဲ့ လုပ်ရပ်နဲ့ တူနေပါတယ်။
Hammasini ko'rsatish...
👍 4
၂၂-၁၁-၂၀၂၃- နယ်စပ်ဒေသကိစ္စ၊ကောလာဟလများ၊ထိတွေ့တိုက်ပွဲများကိစ္စအပါအဝင် ဖြစ်ပေါ်နေသော အခြေအနေများကို ဗိုလ်ချုပ်ဇော်မင်းထွန်း           ရှင်းလင်းပြောကြား ၂၂ နိုဝင်ဘာ ၂၀၂၃ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှဲပြောင်းပေးမှုများ ၊နယ်စပ် ဒေသ တွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ကောလာဟလဝါဒဖြန့် သတင်းတု၊ သတင်း အမှားများ ထုတ်လွှင့်နေမှုများ၊ ၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများကို နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။ -ymg/knl https://www.youtube.com/watch?v=axdfyoASJtY https://www.yangonmediagroup.com/index.php/myanmar/15341-2023-11-22-14-11-56
Hammasini ko'rsatish...
၂၂-၁၁-၂၀၂၃- နယ်စပ်ကိစ္စနှင့ဖြစ်ပေါ်နေသော အခြေအနေများကို ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြား

၂၂ နိုဝင်ဘာ ၂၀၂၃ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှဲပြောင်းပေးမှုများ ၊နယ်စပ် ဒေသ တွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ကောလာဟလဝါဒဖြန့် သတင်းတု၊ သတင်း အမှားများ ထုတ်လွှင့်နေမှုများ၊ ၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများကို နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။ -ymg/knl

👍 5
Photo unavailableShow in Telegram
လောဘနဲ့ဘယ်လောက်ရှာရှာ တစ်နေ့ထားခဲ့ရမှာဖြစ်သလို မာနနဲ့ဘယ်လောက်ကာကာ တစ်နေ့တော့ပျက်စီးကြရမှာပါ ။ အပ်ဖျားတစ်ထောက်စာတောင် ချမ်းသာမရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဒုက္ခသည်တွေမို့ ကိုယ်ချင်းစာတရားနဲ့ပဲ လူလုပ်ပါ ။ စိတ်စေတနာကောင်းဟာ ကိုယ့်ဘ၀ရဲ့ အဆင့်တန်းဖြစ်လို့ ဖြူစင်မြင့်မြတ်အောင်ကြိုးစားပါ ။ စိတ်နဲ့တန်တဲ့ဘ၀ကိုရနိုင်တာမို့ မကောင်းတဲ့စရိုက်တွေနဲ့ ကိုယ့်ဘ၀ကို မရှင်သန်မိပါစေနဲ့ ။ သူများဘ၀ကိုစေတနာမေတ္တာတွေ လုံး၀ ထားမပေးနိုင်ရင်တောင် မကောင်းမြင်စိတ်တွေ မမွေးပါနဲ့ ။ သူများကို ဒုက္ခမပေးမိရင် ၀ဋ်လည်း မလည် နိုင်တော့သလို အကောင်းမြင်ပေးလိုက်ရင်လည်း ကိုယ့်ဆီ စိတ်မဆင်းရဲရတော့ပါဘူး ။ ကိုယ်ချမ်းသာဖို့အရေးအတွက် အကောင်းဆုံးနဲ့သာ တုန့်ပြန်ပါ ။ 🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏 #မေတ္တာများစွာဖြင့်ပြန်လည်မျှဝေပါသည်
Hammasini ko'rsatish...
👍 3
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.