cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Channel Myanmar Movies

Ko'proq ko'rsatish
Reklama postlari
167 718
Obunachilar
+1 85624 soatlar
+11 3417 kunlar
+38 21630 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Alienoid 2022 Mmsub Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ် သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ– Reply 1988 ထဲက Ryu JunYeol – Our Blues ထဲက Kim Woo Bin – 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့ – ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲအညွှန်း ကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ #crd_review
Hammasini ko'rsatish...
👍 60 18👏 2👎 1
2:23:03
Video unavailableShow in Telegram
Alienoid (2022) Part 1 Mmsub
Hammasini ko'rsatish...
👍 32 14😁 2
Photo unavailableShow in Telegram
Alienoid : Return to the Future (2024) Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီ ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော် အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ #Crd_Review
Hammasini ko'rsatish...
👍 55 7🥰 2👏 1
2:02:44
Video unavailableShow in Telegram
Alienoid : Return to the Future (2024)
Hammasini ko'rsatish...
👍 21 3
2:19:25
Video unavailableShow in Telegram
House of Hummingbird (2018)
Hammasini ko'rsatish...
👍 1
1:45:21
Video unavailableShow in Telegram
Ghost Game (2006)
Hammasini ko'rsatish...
Photo unavailableShow in Telegram
Sarileru Neekevvaru [2020] ====================== ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။ ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။ #Credit
Hammasini ko'rsatish...
👍 9 1
1:45:44
Video unavailableShow in Telegram
The Young Master (1980) =====================
Hammasini ko'rsatish...
👍 1
Photo unavailableShow in Telegram
The Young Master (1980) ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ… ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ‌ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်‌အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါ ဆရာတစ်ယောက်ဟာ နောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ ဒါကြောင့်မို့ အစ်ကိုကြီးနဲ့ အတူတူကြီးပြင်းလာရတဲ့ ကောင်လေးက သူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။ #Credit
Hammasini ko'rsatish...
👍 12
Photo unavailableShow in Telegram
Pieta 2012 IMDB – 7.2 ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chit The ပဲ ဖြစ်ပါတယ်) #Credit
Hammasini ko'rsatish...
👍 10