cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

KK_Cartoon Movies

https://t.me/+cE8t1T5SbTgyMGY1

Ko'proq ko'rsatish
Myanma15 735Til belgilanmaganKino98 183
Reklama postlari
598
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kunlar
Ma'lumot yo'q30 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Repost from N/a
1:40:17
Video unavailable
717.25 MB
3
The Inventor (2023) IMDB: 5.9/10 The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ် ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်းအကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရောအောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်းစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်
Hammasini ko'rsatish...
AnimatedSticker.tgs0.23 KB
Repost from Movie For Fun
1:42:29
Video unavailable
628.76 MB
4
The Storm ( 2024 ) တရုတ်ရိုးရာ ကာတွန်းလေးတွေကြိုက်တယ်ဆိုတဲ့သူတွေဆို ဒီတစ်ခေါက်ကာတွန်းလေးကို လက်လွှတ်မခံသင့်ဘူးနော်…ဒီဇာတ်လမ်းလေးကို အမြည်းမိတ်ဆက်ပေးရမယ်ဆိုရင် မန်ထိုဆိုတဲ့ကောင်လေးက သာ့ကူကျစ်ဆိုတဲ့သူ့ကို မွေးစားထားတဲ့ မွေးစားအဖေနဲ့အတူ လူသူကင်းမဲ့တဲ့ ရွာလေးတစ်ခုမှ ာ ဦးတည်ရာမဲ့ ဒဏ္ဏာရီထဲက ရှိကူသင်္ဘောနဲ့ ယဲ့လင်သွမ့်ကို ရှာဖွေနေခဲ့တာပေါ့… ဘယ်လိုဒဏ္ဏာရီလဲဆိုရင်တော့ ယဲ့လင်ငှက်ဆိုတဲ့ ငှက်နတ်ဘုရားရဲ့ အမွှေးအတော်ကနေ ယဲ့လင်သွမ့်ဖြစ်လာပြီး ဒီယဲ့လင်သွမ့်ကို ဟေးလုံတပ်က တိုက်ခိုက်လုယူခဲ့တာကြောင့် ယဲ့လင်ငှက်တို့ မျိုးသုဉ်းခဲ့ရတာပေါ့… ဒါပေမယ့်လည်း ဟေးလုံတပ် အခြေစိုက် လျိုအိမ်တော်လည်း ဂိုဒေါင်မီးလောင်လို့ လုယူခဲ့တဲ့ ယဲ့လင်သွမ့်လည်း မီးလောင်ပျက်စီးခဲ့ရတာပေါ့…ဒါပေမယ့်လည်း ဒဏ္ဏာရီလာ ရှိကူသင်္ဘောမှာ အရောင်တလက်လက်လင်းနေတဲ့ သေတ္တာထဲမှာ နောက်ထပ် ယဲ့လင်သွမ့်တစ်ခုရှိတယ်လို့ ဆိုထားတာကြောင့်… မန်ထိုလေးရဲ့ မွေးစားအဖေ သာ့ကူကျစ်ကလည်း လိုက်ရှာနေခဲ့တာပေါ့…ကဲ မန်ထိုလေးတို့သားအဖ ဘယ်လို စွန့်စားခန်းတွေကြုံရမလဲ… ဒဏ္ဏာရီက တကယ်ဖြစ်လာမှာလား… တကယ်ဖြစ်လာရင်လည်း ဘယ်လိုအခက်ခဲတွေကြုံနိုင်လဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အဖြေရှာကြည့်လိုက်ပေါ့ကွယ်…
Hammasini ko'rsatish...
AnimatedSticker.tgs0.33 KB
👍 3
1:59:19
Video unavailable
Suzume (2022) IMDb 7.8/10
Hammasini ko'rsatish...
1204.09 MB
Suzume (2022) IMDb 7.8/10 နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့……
Hammasini ko'rsatish...
👍 1
AnimatedSticker.tgs0.20 KB
1:38:34
Video unavailable
My Sweet Monster (2022)
Hammasini ko'rsatish...
722.33 MB
1
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.