cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

စစ်ကားနဲ့အက်ရှင်ကားများ

Ko'proq ko'rsatish
Reklama postlari
156 997
Obunachilar
+1 11624 soatlar
+5 8297 kunlar
+21 75530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကတော့ လုံးဝကို မကျော်သွားသင့်တဲ့ ကျော်သွားမရတဲ့ ဇာတ်ကားတစ်ကားပါ ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကာလအတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား ရေကြောင်းနယ်နမိတ် ဖြစ်ရပ်မှန် စစ်ပွဲ ကို ရိုက်ကူးထားတဲ့ အရမ်းကို မိမိုက်တဲ့ ကိုရီးယား war movie အမျိုးအစား‌ပါ။ ဒီ ဇာတ်ကားလေးထဲမှာ တောင်ကိုရီးယား ရေတပ် တပ်သားတွေရဲ့ ညီအစ်ကို သံယောဇဉ်ကိုလဲ ပေါ်လွင်အောင် ရိုက်ကူးပြထားပြီး ရိုက်ကွင်းရိုက်ကွက် သရုပ်ဆောင်တွေကလဲ တကယ်ကို မိမိုက်နေတာပါ။ ဒီ့အပြင် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလဲ ဖြစ်လို့ အပြင်မှာ တကယ် ဒီလိုပါလား ဆိုပြီး ဝမ်းနည်းစရာ ခံစားချက်ကိုလဲ ဒီရုပ်ရှင်ကို ကြည့်ရင်း ခံစားမိစေမှာ‌ဖြစ်ပါတယ်။ အဆုံးထိကြည့်ရင်း ဒီရုပ်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှာ ပါရှိတဲ့ တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ၃၅၇ ရဲ့ တပ်သားတွေကိုလဲ မလေးစားဘဲ မနေနိုင်လောက်အောင်ကို ဖြစ်မိစေမှာပါ။ ဒီရုပ်ရှင်က war movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက်တော့ highly recommend ဖြစ်တာကြောင့် သေချာပေါက် အချိန်ပေးပြီး ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။ #Crd
Hammasini ko'rsatish...
👍 74 9
2:10:15
Video unavailableShow in Telegram
Northern Limit Line (2015)
Hammasini ko'rsatish...
👍 37
2:03:25
Video unavailableShow in Telegram
Blizzard of Souls (2019)
Hammasini ko'rsatish...
👍 68 14👏 11
2:14:21
Video unavailableShow in Telegram
Windtalkers
Hammasini ko'rsatish...
👍 28 6👎 1
Photo unavailableShow in Telegram
Blizzard of Souls (2019) The Rifleman လိုလည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖိုမဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။
Hammasini ko'rsatish...
👍 96 18😁 4
Pearl Harbor (2001) ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီး အချစ်ဇာတ်လမ်းအပိုင်းပါထည့်သွင်းထားတာဖြစ်ပါတယ် ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးအမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါ လက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ် ရေ့ဖ်တစ်ယောက်အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက်အားရပါးရမြင်တွေ့ရမှာပါ
Hammasini ko'rsatish...
👍 30 4😁 1
2:24:19
Video unavailableShow in Telegram
Black Hawk Down (2001) ==================== IMDb – 7.7/10_Rotten
Hammasini ko'rsatish...
👍 19 7🤗 1
2:10:31
Video unavailableShow in Telegram
The Great War of Archimedes (2019)🔰
Hammasini ko'rsatish...
👍 31 6🔥 2
Windtalkers (2002) -------------------------------- IMDB (6.1/10) ၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်မှာ အမေရိကန်နိုင်ငံရဲ့ နာဗားဂျိုး လူမျိုးများဟာ သူတို့ရဲ့မိခင်ဘာသာစကားနှင့်အတူ ဆိုက်ဖာဆက်သွယ်ရေးသမားများအဖြစ် လေ့ကျင့်ခြင်းခံခဲ့ရပါတယ် ဆော်လမွန်ကျွန်တိုက််ပွဲအတွင်း အမိန့်ကို ဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် မိမိရဲ့ လက်အောက်ငယ်သားအားလုံးဆုံးရှုံခဲ့ရကာ မိမိကိုယ်မိမိ အပြစ်မကင်းသလိုခံစားနေရတာကတော့ တပ်ကြပ်ကြီး ဂျိုးအန်ဒါ (Necolas Cage) ပဲဖြစ်ပါတယ် တပ်ကြပ်ကြီး ဂျိိုးအန်ဒါကို ဆိုက်ဘာသမား ဘန်ယာဇီ (Adam Beach) လုံခြုံရေးအတွက် တာ၀န်ပေးအပ်လာတဲ့အခါ ခံစားချက်ကို ရှေ့တန်းမထားပဲ ဘယ်လိုထမ်းဆောင်ခဲ့တယ်၊ ဘယ်လိုတိုက်ပွဲ၀င်ခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်ဒီကားမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်
Hammasini ko'rsatish...
👍 31 3
IMDb….7.2,,,Rotten….95 (((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….))) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်…… တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်… #Credit
Hammasini ko'rsatish...
👍 33🤡 2