cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Channel HWZ

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Reklama postlari
971
Obunachilar
Ma'lumot yo'q24 soatlar
-337 kunlar
-30330 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Parasyte: The Grey (2024) ** Trailer ထွက်ထွက်ချင်းမှာပဲ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့တဲ့ Parasyte:The Grey ထွက်ရှိလို့လာပါပြီ။ ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကို ရန်ရှာသတ်ဖြတ်လာကြပါတယ်။ ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။ ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာ Parasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။ ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက် Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။ ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားက ပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က အနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့လည်း D.P ထဲက မင်းသား Koo Kyo Hwan နဲ့ Our Blooming Youth ထဲက မင်းသမီး Jeon So Nee တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး အရန်သရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖို့ Sci-fi စီးရီးလေးပဲ ဖြစ်ပါတယ်။ Movie link 👇👇 https://t.me/HWZ111333/459 Channel link https://t.me/HWZ111333 #card
Hammasini ko'rsatish...
ရုပ်ရှင်ဇတ်လမ်းတွဲများ channel (NWH)

Parasyte The Grey (2024) E01 WEB-DL 720P (CM)

Repost from N/a
Prohibited content
Great Phantom (2023)
Hammasini ko'rsatish...
Great Phantom 2023mmsub1080p.mp41150.95 MB
Repost from N/a
အသွင်ပြောင်း မှော်သားရဲ (大幻兽) Great Phantom 2023 ရုပ်ရှင် ဇာတ်လမ်းအညွှန်း ရှေးယခင်က လျှို့ဝှက်ဆန်းပြားသော သားရဲတိရစ္ဆာန်များဟာ လူသားမျိုးနွယ်များအကြား မိမိအသွင်ကိုဖုံးကွယ်၍ ရောနှောနေထိုင်ခဲ့ပါတယ် သူတို့မှာ ကိုယ်ပိုင်မျိုးနွယ်စုနဲ့ အဖွဲ့အစည်းများလည်းရှိပြီး သူတို့ကို မှော်သားရဲမိစ္ဆာလို့ ခေါ်တွင်ကြပါသေးတယ် ခေါင်းကိုးလုံး နတ်ဆိုးမိစ္ဆာကွေချဲ ဦးဆောင်တဲ့ မှော်သားရဲများဟာ သူတို့ရဲ့သဘာဝစွမ်းအားများကို အသုံးချပြီး လူသားမျိုးနွယ်များကို ရန်သူအဖြစ်သတ်မှတ်၍သတ်ဖြတ်ကာ လူသားမျိုးနွယ်များမျိုးသုဉ်း ပျောက်ကွယ်သွားအောင် ကြံဆောင်လျက်ရှိပါတယ် မင်္ဂလာဖီးနစ်ငှက် ဦးဆောင်တဲ့ လူသားအသွင်ပြောင်း မှော်သားရဲမိစ္ဆာများရဲ့ တားဆီးပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရတာကြောင့် ရှည်လျားတဲ့သမိုင်းကြောင်းတစ်လျှောက် သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များသည် လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့ပါတယ် နတ်ဆိုးမိစ္ဆာများဟာ လူသားတို့အခက်အခဲကြုံနေသည်ကို အခွင့်ကောင်းယူပြီး နောက်တစ်ဖန် ပြန်လည်ထကြွလို့လာပါတယ် သာ့လီတရားရုံးရဲ့ အမှုလိုက်အဖြစ် အသွင်ပြောင်းထားတဲ့ သားရဲမိစ္ဆာဖီးနစ်ငှက်ဟာဆိုရင်လည်း လူသားမျိုးနွယ်ကို ကူညီကာကွယ်ဖို့အတွက် သမာဓိဟူသောဓားကို နောက်တစ်ဖန် ပြန်လည်ကိုင်ဆွဲလို့လာပါတယ် သားရဲမှော်မိစ္ဆာမျိုးနွယ်စုရဲ့ အမှန်တရားဘက်တော်သားနဲ့ နတ်ဆိုးတို့အကြား အားပြိုင်တိုက်ခိုက်မှုဖြစ်ပေါ်လာတဲ့အခါ........... #大幻兽 #GreatPhantom #SoulKingdomMovie #Credit
Hammasini ko'rsatish...
Repost from N/a
Prohibited content
Repost from N/a
Prohibited content
Bhool Bhulaiyaa [2007] ------------------------
Hammasini ko'rsatish...
1021.88 MB
Room 0 (2024) ဇာတ်ကားသစ် အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ ….
Hammasini ko'rsatish...
Prohibited content
𝗦𝗽𝗶𝗿𝗶𝘁 𝗗𝗼𝗹𝗹 (𝟮𝟬𝟮𝟯) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ... အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme (အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေ အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့... ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ #Credit
Hammasini ko'rsatish...
Prohibited content
Bhool Bhulaiyaa [2007] ------------------------ IMDB: 7.3/10 ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်... Bollywood မှာလိုင်းစုံရတဲ့မင်းသားAshay Kumar ကဟာသမင်းသားပေါ့ မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသားခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲကမင်းသမီးချောလေး Ameesha Petal လေးပေါ့… သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး..ချစ်ဖို့စွန်းကောင်းတယ် ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်…အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင်သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ…ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. #Credit
Hammasini ko'rsatish...
Repost from N/a
Prohibited content
Room 0 (2024) ဇာတ်ကားသစ်
Hammasini ko'rsatish...
313.65 MB