ကဲ ... ဒီတစ်ခါမှာတော့ Android Users တိုင်း အတွက် တကယ့်အသုံး၀င်မဲ့ Application လေးတွေကို ပြောပြပေးပါ့မယ် ။ ကျွန်တော် ကိုယ်တိုင်လည်း Daily Usage ထဲ မှာ ပါတာမလို့ မိတ်ဆွေတို့ အနေနဲ့လည်း သုံးကြည့်ဖို့ အကြံပေးပါတယ်
📌 Keep Notes
ကိုယ်က Note လေးတွေမှတ်တက်တဲ့သူ ဒါမှမဟုတ် စာလေးတွေရေး ၊ အတွေးလေးတွေ ရေးတက်တဲ့သူဆိုရင်တော့ ဒီ Application လေးက တကယ့်ကို အသုံး၀င်မှာပါ ၊ သူ့ရဲ့ အားသာချက်က G-Mail လေးထည့်ထားတာနဲ့ အဲ့ဒီ Mail နဲ့ တခြားဖုန်းတွေမှာ Login ပြန်၀င်ပြီး ကိုယ်ရေးထားတာတွေကို ပြန်ကြည့်နိုင်ပါတယ် ၊ ဒါ့အပြင် ကိုယ့် Account တစ်ခုတည်းကိုပဲ Phone , Laptop , Computer ဘယ်မှာမဆို ကိုယ့် ACC Login ၀င်ထားရုံနဲ့ ချိတ်ဆက်ထားပြီးသားဖြစ်ပြီး ကိုယ့်ရေးထားတာတွေက ရှိနေမှာပါ
နောက်ပြီး အထဲမှာလည်း Label လေးတွေ ခွဲလို့ရသလို Reminder လည်း ထားလို့ရလို့ တကယ့်ကို အဆင်ပြေပါတယ် ၊
🔗 Play store Link
https://play.google.com/store/apps/details?id=com.google.android.keep
🔗 Play Store မရတဲ့သူတွေအတွက်
https://google-keep.en.uptodown.com/android
📌 Playback : Background Play
ကျွန်တော်တို့တွေ အမြဲ သုံးနေတဲ့ YouTube က Premium ၀င်မထားရင် ပိတ်ထားပြီး ဖွင့်လို့မရပါဘူး ၊ ဒါဆို ဘယ်လို လုပ်ရမလဲဆိုတော့ ကျွန်တော် သုံးနေတဲ့နည်းလေး မျှဝေ ပေးပါ့မယ် ၊
Playback ဆိုတဲ့ Application ကို Download လုပ်ထားရပါ့မယ် ၊
ရပြီဆိုရင်တော့ သူက လွယ်လွယ်ကူကူပဲ ကိုယ်နားထောင်ချင်တဲ့ Music ကို Link ကနေ တိုက်ရိုက်ဖွင့်လို့ရသလို ၊ YouTube icon ကို နှိပ်ပြီးလည်း ကိုယ်လိုချင်တာရှာပြီး နားထောင်လို့ ရပါတယ် ၊ အသုံးပြုရတာလည်း အရမ်းကို လွယ်ကူပါတယ် ။
🔗 Play store Link
https://play.google.com/store/apps/details?id=com.androxus.playback
🔗 Play Store မရတဲ့သူတွေအတွက်
https://playback-background-play.en.softonic.com/android?ex=CS-2173.2
📌 Not VPN
မိတ်ဆွေ သုံးနေတဲ့ VPN က သုံးရတာ အဆင်မပြေဖြစ်နေတယ်ဆိုရင် လက်ရှိ ကျွန်တော် ကိုယ်တိုင်သုံးနေတဲ့ Not VPN ကို စမ်းသုံးကြည့်ဖို့ အကြံပေးပါတယ်ဗျ ၊ Free Version ကတော့ ကြော်ညာ စက္ကန့် ၃၀ လောက်ကြည့်ရပြီး Premium သွင်းရင်တော့ ဘာမှ ကြည့်စရာ မလိုအပ်ပါဘူး ၊ ကျွန်တော်ကိုယ်တိုင် လက်ရှိသုံးနေတာမလို့ တကယ်ကို အဆင်ပြေပါတယ် Social သုံးရတဲ့နေရာမှာ အခက်အခဲ မရှိ လိုင်းကောင်းကောင်းနဲ့ သုံးရတာ ပိုပြီး Comfortable ဖြစ်စေပါတယ်
🔗 Play store Link
https://play.google.com/store/apps/details?id=com.notvpn
🔗 Play Store မရတဲ့သူတွေအတွက်
https://www.malavida.com/en/soft/notvpn/android/
📌 Activity Launcher
ဒီ Application ကတော့ Android User တိုင်း ဆောင်ထားသင့်တဲ့ Software တစ်ခု ဖြစ်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ ရှာရတာ မလွယ်ကူတဲ့ Settings တွေကို သူ့ရဲ့ Search bar မှာ ရှာလိုက်တာနဲ့ တန်းတွေ့ပြီး တခါတည်း မိမိ Setting ထဲ တန်းသွားနိုင်လို့ပါ ၊ ဒါ့ကြောင့် ခက်ခဲတဲ့ Settings တွေကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူ ရှာဖွေ့လို့ရတာမလို့ ရှိထားသင့်တဲ့ Application တစ်ခုပါ
🔗 Play store Link
https://play.google.com/store/apps/details?id=de.szalkowski.activitylauncher
🔗 Play Store မရတဲ့သူတွေအတွက်
https://activity-launcher.en.uptodown.com/android
📌 Remini
ဒါကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုယ့်ရဲ့ မကြည်တဲ့ ပုံတွေကို ကြည်အောင် ပိုပြီး Quality ကောင်းအောင် လုပ်ပေးတဲ့ Software တစ်ခု ဖြစ်ပါတယ် ၊ Premium ၀င်မထားရင်တော့ Quality ပိုကောင်းတဲ့ပုံ ရဖို့အတွက် ကြော်ညာတွေ ကြည့်ပေးရမှာပါ ဒါပေမဲ့ Result က တကယ့်ကို Quality ကောင်းကောင်းနဲ့ သဘောကျစေမှာပါ ၊ ကျွန်တော် ကိုယ်တိုင်လည်း အမြဲ သုံးတဲ့ Application တစ်ခု ဖြစ်ပါတယ်
🔗 Play store Link
https://play.google.com/store/apps/details?id=com.bigwinepot.nwdn.international
🔗 Play Store မရတဲ့သူတွေအတွက်
https://remini.en.uptodown.com/android/download
ဒါလေးတွေကတော့ မိတ်ဆွေရဲ့ ဖုန်းထဲမှာ ထည့်ထားသင့်တဲ့ Application လေးတွေ ဖြစ်ပါတယ် ၊ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း Daily အသုံးပြုနေတဲ့ Application လေးတွေ ဖြစ်ပါတယ် ။နောက်လည်း အခုလို အသုံး၀င်မယ့် Application တွေ Tips လေးတွေကို အမြဲ ပြောပြ အကြံပေးသွားပါ့မယ် ခင်ဗျ