Chinese Old Series ( တရုတ်ဇာတ်လမ်းတွဲများ ) Black Hole Channel
👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇 https://t.me/tgchannelbuysellgp Admin - @UrMine2025 ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
Ko'proq ko'rsatish📈 Telegram kanali Chinese Old Series ( တရုတ်ဇာတ်လမ်းတွဲများ ) Black Hole Channel analitikasi
Chinese Old Series ( တရုတ်ဇာတ်လမ်းတွဲများ ) Black Hole Channel (@chineseseries_mm) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 34 458 obunachidan iborat bo'lib, Kino toifasida 8 505-o'rinni va Myanma mintaqasida 4 084-o'rinni egallagan.
📊 Auditoriya ko‘rsatkichlari va dinamika
невідомо sanasidan buyon loyiha tez o‘sib, 34 458 obunachiga ega bo‘ldi.
14 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 1 266 ga, so‘nggi 24 soatda esa 16 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.
- Tasdiqlash holati: Tasdiqlanmagan
- Jalb etish (ER): Auditoriya o‘rtacha 18.41% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.89% ini tashkil etuvchi reaksiyalarni to‘playdi.
- Post qamrovi: Har bir post o‘rtacha 0 marta ko‘riladi; birinchi sutkada odatda 651 ta ko‘rish yig‘iladi.
- Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.
📝 Tavsif va kontent siyosati
Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇
https://t.me/tgchannelbuysellgp
Admin - @UrMine2025
ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။”
Yuqori yangilanish chastotasi (oxirgi ma’lumot 15 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.
အားလုံးမျှော်နေကြတဲ့ Wang Xuanနဲ့ Fang Hanbing ရဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီနော် ဇာတ်လမ်းအကျဉ်း 📝 နန်းတော်ကြီးရဲ့ အတွင်းထဲက ဒုတိယမြောက် မင်းသမီးငယ်လေးဟာ မိမိရဲ့ ထက်မြက်မှုတွေကို ဖုံးကွယ်ပြီး ဆေးဝါးနဲ့ အဆိပ်တွေကို ကျွမ်းကျင်စွာ စီမံဖော်စပ်ရင်း အချိန်ကောင်းကိုစောင့်နေသူတစ်ဦးပါ တစ်ဖက်မှာလည်း နန်းပြင်က လျှို့ဝှက်လူသတ်သမားတစ်ဦးဟာ အမည်ဝှက်နဲ့ ပုန်းအောင်းရင်း အတိတ်က မိသားစုသွေးကြွေးကို ဆပ်ဖို့နဲ့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို လိုက်လံရှာဖွေနေခဲ့ပါတယ် တစ်နေ့မှာတော့ ဒုတိယမင်းသမီးလေးက နန်းတွင်းပွဲတော်တစ်ခုအတွင်း မျက်နှာဖုံးစွပ်ထားတဲ့ အတိတ်က လူဟောင်းတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပေမဲ့ သူ့ရဲ့ ကျောပြင်က ဆေးမင်ကြောင်ကတော့ ဖျက်ဆီးခြင်း ခံထားရပါပြီ ထိုသူဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက တောတောင်ထဲမှာ ဆုံခဲ့ဖူးတဲ့ တောရိုင်းကောင်လေးလား သူမကရော အဲဒီလူက အသက်နဲ့လဲပြီး လိုက်ရှာနေတဲ့ ညီမလေးလား ... ကျောက်စိမ်းဆွဲပြားလေးနဲ့ ကျောပြင်က ဆေးမင်ကြောင်အထောက်အထားတွေကနေတစ်ဆင့် နောက်ကွယ်က ကြီးမားလှတဲ့ နိုင်ငံရေးပူးပေါင်းကြံစည်မှုကြီးဆီကို လမ်းညွှန်ပြသနေတဲ့အခါ... အာဏာလုပွဲတွေ အဆင့်အတန်းလွဲမှားမှုနဲ့ မျိုးဆက်နှစ်ခုကြားက နာကျည်းမှုတွေဟာ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ထောင်ချောက်ဆင်မယ့် အသက်ရှင်သန်ရေး တန်ပြန်တိုက်စစ်ကြီး ဖြစ်လာတဲ့အခါ .... ကဲ အာဏာစက်ဝန်းနဲ့ သစ္စာတရားကြားက ရောယှက်နေတဲ့လမ်းကြောင်းကို အခုပဲ လိုက်ပါကြည့်ရှုလိုက်ရအောင်နော်#ChiChiChunYuWan #chineseminiseries #mmsub
ချိန်မိသားစုရဲ့သမီး ချိန်ရှောင်ရှန်းလေးဟာ သူ့မိဘတွေ စစ်တိုက်ဖို့ထွက်သွားတာမို့ အဖွားဖြစ်သူနဲ့ တစ်ကိုယ်တည်းကျန်ခဲ့ရတယ် သူ့ရဲ့မကောင်းတဲ့အဒေါ်ကလည်း သူ့ကိုအသုံးမကျတဲ့သူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ချင်ခဲ့တယ် ထောင်ချောက်တွေလှည့်ကွက်တွေ အများကြီးကိုရင်ဆိုင်ရင်း အတီးအတလူတစ်ယောက်လိုဟန်ဆောင်ရင်း တစ်ဖက်မှာတော့ ကြိုးကြိုးစားစား စာလေ့လာနေခဲ့ပြီး သူ့ရဲ့ထူးချွန်ထက်မြက်မှုတွေကိုဖုံးကွယ်လို့ သူ့မိဘတွေပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။ နောက်ဆုံးမှာသူ့မိဘတွေပြန်လာခဲ့ပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့မှုက မိသားစုသံယောဇဉ်ပြန်ရဖို့အတွက် ခက်ခဲစေခဲ့တယ်။ အချစ်ငတ်နေတဲ့ချိန်ရှောင်ရှန်းက အမျိုးသားသုံးယောက်နဲ့စတင်တွေ့ဆုံခဲ့တယ် သူတို့ကတော့ ဘုရင်မင်းမြတ်အသစ်ရဲ့မွေးစားသား လင်ပုယီ သမင်ဖြူတောင်ကလူထူးချွန်လေး ယွမ်ရှန့် မျိုးရိုးမြင့်မိသားစုရဲ့သားဖြစ်သူ လိုယောင်တို့ပါပဲ သူတို့တွေမှာကိုယ်စီ အားသာချက် အားနည်းချက်တွေရှိကြတယ် ချိန်ရှောင်ရှန်းဟာ အိမ်ထောင်ဖက်ရွေးတဲ့နေရာမှာ ထောင်လွှားမှုမရှိပဲလက်တွေ့ကျတယ် သူ့ရဲ့ချစ်ခရီးလမ်းမှာ ခလုတ်ကန်သင်းတွေများခဲ့ပေမယ့် သူကတော့ သူ့ရဲ့ရွေးချယ်မှုအတွက် ဘယ်သောအခါမှ နောင်တမရခဲ့ဘူး။ လင်ပုယီနဲ့ပက်သက်ပြီးတဲ့နောက် သူ့ရဲ့မိသားစု ရာထူးအဆင့်အတန်းတွေနဲ့ပါ မမျှော်လင့်ပဲပါဝင်ပက်သက်ခဲ့ရတယ် အခြေအနေအမျိုးမျိုးနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာတော့ သူဟာ သူ့ရဲ့မိဘတွေနဲ့ဘယ်လိုဆက်ဆံရမယ် လင်မိသားစုနဲ့ဆက်ဆံရေးနဲ့ သူ့ရဲ့အချစ်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သင်ယူတတ်မြောက်လာခဲ့တယ် တစ်ချိန်တည်းမှာပဲ ချိန်ရှောင်ရှန်းနဲ့လင်ပုယီဟာ သူတို့ရဲ့အတွေ့အကြုံတွေကနေတစ်ဆင့် ရင့်ကျက်လာခဲ့ကြပြီး သူတို့ကိုယ်တိုင်ရော သူတို့မိသားစုတွေနဲ့ပါ ပြန်လည်ပေါင်းစည်းခဲ့ကြပြီး တရားမျှတမှုကိုလက်ကိုင်ထားကာ နိုင်ငံရေးအရှုပ်အထွေးတွေကိုလည်း အတူဖြေရှင်းခဲ့ကြပြီး လှပတဲ့ပုံပြင်တစ်ပုဒ်ကို ဘယ်လိုဖန်တီးခဲ့ကြမလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။#LoveLiketheGalaxy #chineseseries #2022series #mmsub
ဉာဏ်ရည်ထက်မြက်ပြီး ချောမောခန့်ညားတဲ့ သိုင်းပညာမှာအလွန်တော်တဲ့ Hei Feng Xi , လူတိုင်းလေးစားအားကျရတဲ့သိုင်းပညာမှာလည်းယှဉ်နိုင်သူမရှိတဲ့ Bai Feng Xi တိုကမတူညီတဲ့အရည်အချင်းတွေရှိကြတာပေါ့။ တကယ်တမ်းမှာတော့ Hei Feng Xi နဲ့ Bai Feng Xiတိုနှစ်ယောက်က ငယ်သူငယ်ချင်းတွေပေါ့။ငယ်ငယ်လေးတည်းကနှစ်ယောက်လုံးက အရမ်းလိုက်ဖက်ညီလွန်းလိုတချို့တွေက ချစ်သူတွေဖြစ်နေကြပြီလိုထင်နေကြတယ်။ ဒါပေမဲ့လက်တွေ့မှာနှစ်ယောက်လုံးကအေးအတူပူအမျှ မိတ်ဆွေသူငယ်ချင်းအဖြစ်ဘဲရှိနေကြသေးတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်တာကာကလကသွေးကြွေးတွေကြားမှာမတူညီတဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားကြတဲ့ နှစ်ယောက်သားပေါင်းစည်းပြီးအမှန်တရားကိုရှာဖွေနေကြရင်း အချစ်စိတ်တွေပေါက်ဖွားလာကြတဲ့အချိန်မှာတော့…. သိုင်းလောကရဲ့သွေးကြွေးတွေကြားမှာ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့အချစ်စစ်တွေက ဘယ်လိုပေါက်ဖွားလာမလဲ။သိုင်းလောကရဲ့ရူပ်ထွေးမှုကြားမှာအဲ့အချစ်စစ်ကိုကော ဘယ်လိုတည်တံ့ခိုင်မြဲအောင်တည်ဆောက်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါနော်။#WhoRulestheWorld #chineseseries #2022series #mmsub
ဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့ စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ -ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီရဲ့ အချစ်ဦးပါတဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်ယောက်-စန်းရန်နဲ့စန်းကျီ စန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်း သူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန် ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာ ကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ် ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာ မရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး… အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှ သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ… အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့ စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာ ကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား… သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေက သကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ…#HiddenLove #chineseseries #2023series #mmsub
ချမ်းသာကြွယ်ဝတဲ့ မိသားစုက လိမ္မာရေးခြားရှိတဲ့ သမီးလေး Qiao Nian ဟာ အဆောက်အဦးပေါ်ကနေ ပြုတ်ကျပြီးနောက်မှာတော့ ထူးဆန်းစွာနဲ့ သူမရဲ့ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့ပါတယ် သူမရဲ့ ဝိညာဉ်ဟာ လွင့်စင်သွားရာကနေ မထင်မှတ်ဘဲ Jiang Zechen ရဲ့ ခန္ဓာကိုယ်ထဲကို ပူးဝင်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ ဒီထူးဆန်းတဲ့ အခြေအနေကြီးကနေ လွတ်မြောက်ဖို့နဲ့ Qiao Nian ရဲ့ ဝိညာဉ် မချုပ်ငြိမ်းသွားဖို့အတွက် ၇ ရက်အတွင်းမှာ ပျောက်ဆုံးသွားတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပြန်ရှာရပါတော့မယ် ဇနီးသည်ရဲ့ ဝိညာဉ်ပူးကပ်ခြင်း ကို ခံထားရတဲ့ Zhang ZeChen တစ်ယောက် ဇနီးဖြစ်သူရဲ့ ဝိညာဉ်လွင့်မသွားအောင် သူမရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ဘယ်လိုမျိုး အသက်စွန့်ပြီး လိုက်လံရှာဖွေမလဲ... ဒီနောက်ကွယ်မှာ ဘယ်လိုမျိုး လုပ်ကြံဖန်တီးမှုတွေ ရှိနေမလဲ...#Fireworks #chineseminiseries #2026series #mmsub
ဒီတစ်ခေါက်ကတော့ Main Role နေရာမှာ Xu Kai ရယ် Tian Xi Wei တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ Romance, Wuxia, Fantasy အမျိုးအစား Moonlit Reunion ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ... မိဖုရားခေါင်ကြီးရဲ့ ညီမလည်းဖြစ်သလို ဟယ်နန်နယ်စားမင်းရဲ့ သမီးလည်းဖြစ်တဲ့ - Wu Zhen သူဟာ ငယ်စဥ်ဘဝကတည်းကနေလို့ ပိုးမွေးသလိုအမွေးခံခဲ့ရသူပီပီ လွတ်လပ်ပေါ့ပါးသူဖြစ်ပြီး အမူအကျင့်တွေဟာလည်းကွဲပြားတာကြောင့် တစ်ခါတလေယောက်ျားလေးအဆင်ဝတ်ဆင်ပြီး တခြားသောအထက်တန်းလွှာကအပေါင်းအသင်းတွေကိုခေါ်ကာ Lefang ဆောင်ကြာမြိုင်မှာ သွားရောက်ပျော်ပါးလေ့ရှိပါတယ်။ ဒီလိုတွေကြောင့်ပဲ Wu Zhen တစ်ယောက် ချန်အန်းမြို့မှာ ဟိတ်ဟန်ကြီးလွန်းတဲ့သခင်လေးဆိုတဲ့ဂုဏ်ပုဒ်ဆိုးလေးနဲ့ နာမည်ကျော်ကြားလာပါတော့တယ် သို့ပေမဲ့လည်း သူဟာကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိခဲ့ပြီး တစ်ရက် အဆောင်ပေါ်ကပြုတ်ကျတဲ့အချိန်မှာ ကြောင်မိစ္ဆာတစ်ကောင်ရဲ့ကယ်တင်ခြင်းကိုခံရပြီး အဲဒီကြောင်မိစ္ဆာရဲ့တန်ခိုးတွေကိုအမွေခံရရှိသူဖြစ်ခဲ့ပါတယ် Mei Zhu Yu သူကတော့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ရဲ့ တူဖြစ်ပြီး Wu Zhenလိုမျိုးပဲ ကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့သူပါ... ဒီအစွမ်းကြောင့်ပဲ နတ်ဆရာဘုံကျောင်းကို ကျင့်ကြံဖို့ရာပို့ဆောင်ခံခဲ့ရပါတယ်... ပင်ကိုအထုံပါရမီထူးလွန်းတာကြောင့် သူဟာ ဘုံကျောင်းရဲ့အတော်ဆုံးနတ်ဆရာတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပြီး ဝိညာဥ်စွမ်းအားကိုပါဖုံးကွယ်ထားနိုင်စွမ်းရှိခဲ့ပါတယ် ဇာတ်လမ်းဇာတ်ကွက်ဆန်းတွေနဲ့ Main Lead နှစ်ယောက် အတွဲညီညီ ဘယ်လိုခေါ်ဆောင်သွားမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်#MoonlitReunion #chineseseries #2025series #mmsub
၂၀၂၆ ခုနှစ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တရုတ်နန်းတွင်းဒရာမာတစ်ခုဖြစ်တဲ့ "Pursuit of Jade" (逐玉) ဟာ ပရိသတ်အချစ်တော် Zhang Linghe နဲ့ Tian Xiwei တို့ကို အားကောင်းတဲ့ "Power Couple" အဖြစ် မြင်တွေ့ရမယ့် ဇာတ်ကားပါ။ မိဘမဲ့ဖြစ်သွားပြီး မိသားစုကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ သားသတ်သမားရဲ့ သမီးချောလေး Fan Changyu နဲ့ ကလဲ့စားချေဖို့ အကြံအစည်ရှိတဲ့ အရှိန်အဝါပျက် မင်းစိုးရာဇာ Xie Zheng တို့ဟာ ကိုယ်စီရည်မှန်းချက်တွေအတွက် "အပေါ်ယံလက်ထပ်ပွဲ" တစ်ခုကို ဖန်တီးခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ စစ်မီးတွေကြားထဲ သံယောဇဉ်စစ်နဲ့ တရားမျှတမှုအတွက် ဓားချင်းယှဉ်ပြီး တိုက်ပွဲဝင်ကြရတဲ့အကြောင်းကို ရင်ခုန်စရာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်လို့ အခုပဲ ဒီchannelလေးကို joinထားလိုက်တော့နော်#PursuitofJade #chineseseries #2026series #mmsub
ပြည်သူ့ကိုကို Song Weilong နဲ့ ပြည်သူ့ညီမလေး Zhao Jinmai တို့နှစ်ယောက် ချောကလက်ပူပူလေးလိုချိုမဲ့ Shine On Me မှာ တွေ့ကြပါပြီရှင်... ဇာတ်လမ်းအညွှန်း Nie Xi Guang (Zhao Jinmai) ဟာ တက္ကသိုလ်ကျောင်းသူဘဝမှာ ထူးချွန်ကျောင်းသား Zhuang Xu (Lai Weiming) ကို ရင်ခုန်ဦးဖြစ်ခဲ့ပေမဲ့ တရားဝင်ချစ်သူအဆင့်ကို မရောက်ခဲ့ရှာပါဘူး ကျောင်းပြီးလို့ မိဘပိုင် လျှပ်စစ်ပစ္စည်းကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းသမလေးအဖြစ် စဝင်ရောက်ချိန်မှာ အထင်လွဲမှုတစ်ခုကြောင့် အထွေထွေမန်နေဂျာ Lin Yu Sen (Song Weilong) ရဲ့ ပစ်မှတ်ထားခြင်းကို ဒီကလေးမလေးဟာ အလူးအလဲခံရပါတယ် Lin Yu Sen ဟာ အလွန်ထူးချွန်ခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကားမတော်တဆမှုကြောင့် ဆေးဆက်ကုသမရတော့ဘဲ စီးပွားရေးလောကထဲ ရောက်လာခဲ့သူပါ... ချစ်စရာဝန်ထမ်းအသစ်လေးအပေါ် အထင်လွဲမှုကြောင့် ဒုက္ခပေးနေရင်းမှာတောင် ကိုကိုဟာ မချစ်ဘဲ မနေနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်... ဒီနေရောင်ခြည်လေးလိုကောင်မလေးကြောင့်ပဲ အတိတ်က စိတ်ဒဏ်ရာတွေ ပြေပျောက်သွားနိုင်ခဲ့ပြီး ဘဝကြီးဟာ တစ်ခါပြန်သက်ဝင်လာခဲ့ချိန်မှာတော့ မန်နေဂျာကြီးဟာ ချစ်ရသူကို နည်းအမျိုးမျိုးနဲ့ ပိုးပန်းပါတော့တယ် အချစ်ဦးနဲ့ ရေစက်မပါခဲ့ရတဲ့ Nie Xi Guang ကရော မန်နေဂျာကြီးရဲ့ချစ်ခြင်းမေတ္တာကို ၁၅၀၀ မေတ္တာမျိုး ပြန်ပေးနိုင်သွားမှာလား ... ကိုကိုကရော အထွေထွေမန်နေဂျာLin အဖြစ်ကနေ ဒေါက်တာLin ဘဝဆီ ပြန်သွားနိုင်ဦးမှာလား... ဝေးကွာခဲ့ပြီဖြစ်တဲ့ အချစ်ဦးကလည်း Nie Xi Guangရဲ့ ဘဝထဲ ပြန်ပေါ်လာတဲ့အခါ .... ၂၀၂၅ ခုနှစ်ရဲ့ အလှပဆုံး အချစ်ဇာတ်လမ်းလေးဖြစ်လာမဲ့ "Jiao Yang Si Wo' ကို ရင်ခုန်လိုက်ရအောင်လား Boss & me, Love O2O, You Are My Glory, You are my sunshine တို့လို ဒိတ်ဒိတ်ကြဲdramaတွေရဲ့ ဖန်တီးရှင် Gu Man laoshi ရဲ့နာမည်ကြီးဝတ္ထုကို live actionအဖြစ် အသက်သွင်းမှာဆိုတော့ မကောင်းမှာတော့ မပူပါနဲ့ ချစ်တို့ရေ ✨#ShineOnMe #chineseseries #2025series #mmsub
လူငယ်တို့ကြားနာမည်ကျော်ကြားနေတဲ့ အချစ်အကြောင်း စာတွေ့လက်တွေ့လေ့လာခြင်းအတန်းမှာ အချစ်မပါဘဲ သင်တန်းပြီးမြောက်ပြီး အမှတ်ရချင်ကြတဲ့ ကိုယ့်ကိုယ်ကိုယ် အချစ်ရေးရာကျွမ်းကျင်သူဂုရုကြီးလို့ ကြေညာမောင်းခတ်ထားတဲ့ Jiang Miaomiao နဲ့ လျှာစောင်းထက်ပြီး အေးစက်တဲ့ ထူးချွန်ကျောင်းသား Gu Zuowei တို့ တွဲကြဖို့ဖြစ်လာပြီး ကွဲပြားတဲ့ပင်ကိုယ်စရိုက်တွေနဲ့ အတန်းရဲ့အိမ်စာဖြစ်တဲ့ ချစ်သူစုံတွဲတို့ပြုလုပ်သင့်သောအရာများ အစရှ်ိတဲ့သင်ခန်းစာတွေကို ပြီးမြောက်အောင် လုပ်ရဖို့ဖြစ်လာတဲ့အခါ၊ တစ်ယောက်ရဲ့လုပ်ဆောင်မှုကို တစ်ယောက်က အမှတ်ပေးရတဲ့အခါမှာတော့ အရာရာကခက်ခဲပြီး ရှုပ်ထွေးမှုတွေကြုံကြိုက်လာရပါတော့တယ် အမှတ်ရဖို့ အချစ်အကြောင်းလေ့လာတာကနေ သူတို့နှစ်ယောက် အမှန်တကယ်တွေချစ်သူတွေဖြစ်သွားကြမလားဆိုတာကိုတော့ ဒီကားလေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်#LoveLesson #chineseminiseries #2026series #mmsub
သွေးသားမတော်စပ်လည်း သူက ကျွန်မ "ကိုကို"ပဲ ဇာတ်လမ်းအကျဥ်း အသက် ၉ နှစ် အရွယ် မိဘတွေကွာရှင်းခဲ့ရာက တစ်နေရာစီဝေးသွားကြတဲ့ Jiang Mu နဲ့ Jin Zhao ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း ဘဝကိုအပူအပင်မရှိ ကြီးပြင်းခွင့်ရခဲ့တဲ့ ညီမလေး Jiang Mu အခြားတစ်ဖက်မှာက အသက်ရှင်သန်ဖို့ ဘဝအတွက်ရုန်းကန်နေရတဲ့ Jin Zhao လောကဒဏ်ဆိုတာ စာမေးပွဲအတွက် အိပ်ရေးပျက်ရုံလောက်သာ သိတဲ့ Jiang Mu နဲ့ လောကဒဏ်ပေါင်းစုံ ဝိုင်းရံခံထားရတဲ့ Jin Zhao တို့ ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါ.. လူငယ်နှစ်ဦး မဆင်မခြင်မက်မိကြတဲ့ အိပ်မက်ကြား ဘယ်လိုလျှောက်လှမ်းကြမလဲ .. Action အကြမ်းအစပ်ကိုမှ ကိုကိုနဲ့ညီမလေးတို့ရဲ့ ရိုရိုချိုချို အရသာလေးပါ ပေါင်းစပ်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးတော့မှာဖြစ်လို့ အားပေးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ...#SpeedandLove #chineseseries #2025series #mmsub
အရာအားလုံးက ပြိုလဲပျက်စီးသွားခဲ့ရင် သုညကနေ ပြန်စပြီး ချစ််ခြင်းမေတ္တာကိုယုံကြည်ဖို့ သတ္တိရှိလား... My Sunshine တို့ General and I တို့နဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Wallace Chung နဲ့ Shang Hair Calling ,The Bond , Why Is He Still Single အစရှိတဲ့ နာမည်ကြီးကားတွေထဲက အလှဘုရင်မ Zhu Zhu တို့ရဲ့ ဆုံတွေ့မှုမို့လို့ ဒီဇာတ်ကားဟာ ၂၀၂၆ ရဲ့ အစောင့်မျှော်ရဆုံး ရင့်ကျက်တဲ့ လုပ်ငန်းခွင်အချစ် Mature Romance တစ်ကား ဖြစ်လာမှာ အသေအချာပါပဲနော် ဇာတ်လမ်းအကျဉ်း Xu Miyu ရဲ့ ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ် အိမ်ထောင်ရေးအပေါ်မှာပဲ အရာအားလုံး ပုံအောပေးဆပ်ရင်း မိမိကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တဲ့ သူမဟာ နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် တစ်ဖက်မှာလည်း ဟိုတယ်လုပ်ငန်းရှင် Ji Feng ဟာ သူ့ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုလမ်းကြောင်းကို အစကနေ ပြန်စဖို့အတွက် ဖူရုံဟိုတယ်ကို ပြန်လည်ရောက်ရှိလာပါတယ် အရာအားလုံး သုညကနေ ပြန်စရမယ့် Xu Miyu ဟာလည်း အဲဒီဟိုတယ်မှာပဲ အခြေခံ အခန်းသန့်ရှင်းရေးဝန်ထမ်း (Housekeeping) ဘဝနဲ့ ခြေလှမ်းသစ် စတင်ခဲ့ပါတယ် ဒီလိုနဲ့ ဟိုတယ်အထွေထွေမန်နေဂျာအသစ်အဖြစ် ရောက်လာတဲ့ Ji Feng နဲ့ ဝန်ထမ်းလေး Xu Miyu တို့ ဆုံတွေ့ကြတဲ့အခါ...... လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ရင်း တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ စတင်ပေါက်ဖွားလာပါတော့တယ် ပျက်စီးသွားတဲ့ အတိတ်ကနေ ရုန်းထွက်ပြီး ဘဝရဲ့ အောင်မြင်မှုနဲ့ အချစ်စစ်ကို ဘယ်လို ရှာဖွေသွားမလဲဆိုတာ... ဒီဇာတ်ကားလေးက "ဘဝကို ဘယ်အချိန်မှာမဆို အသစ်က ပြန်စလို့ရတယ်" ဆိုတဲ့ ခွန်အားပေးစာသားတွေနဲ့အတူ ရင့်ကျက်တဲ့ အချစ်ဇာတ်လမ်းလေးကို စိတ်ချမ်းမြေ့ဖွယ် ချိုချိုမြိန်မြိန် မြင်တွေ့ရမှာပါနော် ဖူရုံဟိုတယ် ရဲ့ အောင်မြင်မှုမှတ်တိုင်သစ်နဲ့အတူ သူတို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့ အချစ်ခရီးစဉ်လေးကို အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်#TheEpochofMiyu #chineseseries #2026series #mmsub
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ သူတပါးအိမ်မှာ ကပ်နေရတဲ့ အနှိမ်ခံသားမက်တစ်ယောက်ရဲ့ တကယ့်ဝိသေသက နိုင်ငံကျော် သူဌေးကြီးရဲ့ မြေးအစစ်ဖြစ်နေပြီး အမုန်းတရားတွေနဲ့ အမှန်တရားကို ရှာဖွေမယ့် အမျိုးသားတစ်ယောက်ရဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 Ye Chen ဟာ ချမ်းသာတဲ့ ဇနီးသည်မိသားစုမှာ နှိမ်ချခြင်း ခံနေရတဲ့ ကပ်စားအိပ်ပါသားမက်တစ်ယောက်ပါ ဒါပေမဲ့ လူတိုင်းမသိတာကတော့ သူဟာ တိုင်းပြည်ရဲ့ အချမ်းသာဆုံး သူဌေးကြီးရဲ့ မြေးအရင်း ဖြစ်နေတာပါပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့မိဘတွေကို သတ်ခဲ့တဲ့ တရားခံကို ရှာဖွေဖို့နဲ့ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့အတွက် သူဟာ ဒီလို နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ အသွင်ပြောင်း နေထိုင်နေခဲ့တာပါ အခြေအနေတွေ ပေးလာတဲ့အခါမှာတော့ Ye Chen ဟာ သူ့ရဲ့ တကယ့်အစွမ်းအစတွေကို ထုတ်ပြပြီး အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်လာတဲ့အခါ..... လမ်းခရီးမှာ သစ္စာရှိတဲ့ တပည့်တွေ သူ့အပေါ် နားလည်ပေးမယ့် မိန်းကလေးတွေနဲ့ ဆုံတွေ့ရင်း မိဘတွေ သေဆုံးမှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို တစ်ဆင့်ချင်း ဖော်ထုတ်ပါတော့တယ် ဒါပေမဲ့ အမှန်တရားနဲ့အတူ သူ့ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ထွက်လာတဲ့အခါမှာတော့ ပိုမိုကြီးမားတဲ့ အန္တရာယ်တွေက စောင့်ကြိုနေတဲ့အခါ..... အမြဲအနှိမ်ခံနေရတဲ့ ဇာတ်ကောင်က တကယ်တမ်းမှာ အားလုံးထက် အာဏာရှိနေတာကို သိလိုက်ရချိန်မှာ အရမ်းအားရသွားစေမှာက ဒီဇာတ်ကားရဲ့ အသက်ပါနော် မင်းသား Ren Hao ရဲ့ တည်ငြိမ်ပြီး စတိုင်ကျတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီး ကြည့်ကောင်းစေပြီး မိဘတွေကို သတ်သွားတဲ့ တရားခံအစစ်ကို ရှာဖွေရင်း ပေါ်ထွက်လာမယ့် ကွက်လပ်တွေက ဇာတ်သိမ်းထိ ဆွဲခေါ်သွားမှာအသေအချာပါပဲ#TheHiddenHeirYeChen #chineseminiseries #2026series #mmsub
အခုတင်ဆက်ပေးမဲ့မီနီဇာတ်လမ်းတွဲလေးကတော့ အခွီလေးတွေလည်း ပါမယ် အချိုလေးတွေပါမယ် တနေ့တာအမောလေးတွေပြေစေမဲ့ ဆေးချိူချိုတစ်ခွက်လိုပါပဲ ရှယ်ယာရင်းနှီးမြုပ်နှံရေးလုပ်ငန်းလုပ်ကိုင်သူ ချင်ရှန်းကအလုပ်ကြိုးစားတဲ့ မိန်းကလေးဖြစ်ပါတယ်တနေ့မှာ ရုတ်တရက် ရှေးခေတ်သာ့ဝေးနိုင်ငံကိုရောက်သွားပြီး အာမခံကုန်သွယ်ပို့ဆောင်ရေးလုပ်ငန်းရဲ့သခင်မလေးဖြစ်လာခဲ့ပါတယ် သူ့ကို သဘောမကျတဲ့သခင်လေးကို သူကလည်း အမြင်ကတ်နေတော့ အပြန်အလှန် အမြဲဆိုသလိုတကျက်ကျက် ရန်ဖြစ်ပြိုင်ဆိုင်နေတော့တာပေါ့ အဲလို အလွဲတွေအချော်တွေနဲ့ ပြဿနာတွေမီးထွန်းရှာမဲ့အပြင် သူရဲ့လက်ရှိခေတ်မှာသင်ယူခဲ့တဲ့ပညာတွေအသုံးချပြီး ရှေးခေတ်စီးပွားရေးကို တိုးတက်အောင်လုပ်ပါတော့တယ် ကဲ ဒီလောက်ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေး အတူကြည့်ကြရအောင်လား#YouAreMyExclusiveSurprise #chineseminiseries #2023series #mmsub
ဖော်ဖော်ရွေရွေနဲ့ အကြည်ဓာတ်ကလေး ဗုဒ္ဓဆန်ဆန် သူရဲကောင်းမလေးလို့တောင်တင်စားရတဲ့ Cai Zhao ဟာ လူတကာလေးစားခံရတဲ့ Qingque ဂိုဏ်းထဲ ဝင်ရောက်လိုက်တဲ့အခါမှာ လုပ်ပုံကိုင်ပုံပြတ်သားပြီး မျက်နှာနှစ်ဖက်နဲ့ သခင်ငယ်လေး Mu Qing Yan နဲ့ တွေ့ဆုံမိသွားပါတော့တယ် အစွန်းနှစ်ဖက်လိုလူနှစ်ဦး တွေ့ဆုံပြီးလွန်ဆွဲကြတဲ့အခါမှာ ချိုတစ်လှည့်ခါးတစ်လှည့် အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတော့တာပေါ့ 🤭🤭 အဲဒီနောက် ထူးခြားဆန်းပြားပြီး အပြောင်းအလဲများလေတဲ့ သိုင်းလောကအတွင်းမှာ သူတို့နှစ်ဦး ဘယ်လိုပူးပေါင်းပြီး သိုင်းလောကသားတွေရဲ့မျက်နှာဖုံးကို ဆွဲခွါလေမလဲ ??? ခရီးလမ်းတစ်လျှောက် အချစ်အမုန်း လှည့်ကွက်တွေ အကြံအစည်တွေကြားထဲမှာ ဘယ်လိုအန္တရာယ်တွေနဲ့ လျှို့ဝှက်ချက်တွေ ကြုံတွေ့ကြလေမလဲ ??? ကြာလေပိုပြင်းထန်လာတဲ့ ကတောက်ကဆ ကြာလေပိုရှုပ်ထွေးလာတဲ့ သိုင်းလောကကြားမှာ Mu Qing Yan ရဲ့သရုပ်မှန်ပေါ်ပေါက်ခဲ့သည်ရှိသော်……#GenerationtoGeneration #chineseseries #2026series #ongoing #mmsub #blackhole
နန်စုန့်မင်းဆက်နှောင်းပိုင်းမှာ ကျင်းစစ်သားတွေ ကျူးကျော်ဝင်ရောက်လာပြီး နန်းတွင်းထဲက သစ္စာဖောက်အရာရှိတွေလက်ဝယ် အာဏာရရှိသွားခဲ့ပါတယ် အရပ်သားသူရဲကောင်း Guo Xiao Tian နဲ့ Yang Tie Xin တို့ မိသားစုနှစ်စုဟာ ထိမ်းမြားလက်ထပ်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ကျင်းစစ်သားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ တာအိုတရားပြဘုန်းတော်ကြီး Qiu Chu Ji ဟာ ထိုသူရဲကောင်းနှစ်ဦးရဲ့ မျိုးဆက်ကိုရှာဖွေပြီးကိုယ်ခံပညာကို လက်ဆင့်ကမ်းသင်ကြားပေးကာ ဆယ့်ရှစ်နှစ်ကြာပြီးနောက် ကျွေ့ရှမ်းဆောင်မှာ သိုင်းပညာယှဉ်ပြိုင်ဖို့ ကျန်းနန်သူရဲကောင်းခုနှစ်ဦးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ Guo Jing နဲ့ Yang Kang တို့ဟာ ကျန်းနန်ခုနှစ်ဦးနဲ့ Qiu Chu Ji တို့လက်အောက်မှာ သိုင်းပညာသင်ကြားရင်းနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။ ဆယ့်ရှစ်နှစ်ကြာပြီးနောက် Guo Jing ဟာ ဆရာဖြစ်သူထံမှ တောင်ဘက်ကိုခရီးနှင်ဖို့ စေလွှတ်ခံရပြီး ဆေးဆရာဟွမ်ရဲ့သမီးဖြစ်သူ Huang Rong ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပေမဲ့ နှစ်ဦးသားရဲ့ အချစ်ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ သိုင်းလောကရဲ့ အဆိပ်ဘုရင် Ouyang Feng ဟာ တူဖြစ်သူ Ouyang Ke အတွက် Huang Rong ကို ထိမ်းမြားလက်ထပ်ရန် တောင်းရမ်းခဲ့တာကြောင့် Guo Jing ဟာ နောက်ဆုံးမှာ ပြိုင်ပွဲသုံးပွဲယှဉ်ပြိုင်ပြီး အနိုင်ရယူခဲ့ပမဲ့ မက်မွန်ကျွန်းမှာ ဆရာငါးဦး အသတ်ခံရချိန်မှာ နှစ်ဦးသားကို နားလည်မှုလွဲကာ ကွဲကွာစေခဲ့ပါတယ်။ တစ်ဖက်မှာတော့ Yang Kang ဟာ စည်းစိမ်ဥစ္စာကို တပ်မက်လောဘကြီးကာ ကျင်းလူမျိုးကို ဖခင်အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်ဘက်လမ်းကို လျှောက်ခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိုယ်ခံပညာပြိုင်ပွဲတစ်ခုက သူ့ကို Yang Tie Xin ရဲ့ မွေးစားသမီး Mu Nian Ci ကို ချစ်မိသွားစေပေမဲ့ မိုက်ပြီးရင်းဆက်မိုက်နေခဲ့တဲ့ Yang Kang ဟာ Guo Jing ၊ Huang Rong နဲ့ သူရဲကောင်းတစ်စုကို အကြိမ်ကြိမ် ဒုက္ခရောက်စေခဲ့ပြီး Jin လူမျိုးတွေအတွက် ဝူမုသေတမ်းစာကို သိမ်းပိုက်နိုင်ဖို့ အကူအညီပေးခဲ့ပါတယ်။ အဆုံးသတ်မှာ Guo Jing ဟာ ဖခင်အတွက် ကလဲ့စားချေပြီး နက်နဲရှုပ်ထွေးလှတဲ့ သိုင်းလောကလှိုင်းလုံးတွေကြားမှာ ဘယ်လိုသမိုင်းကို ရေးထိုးမလဲ ...ဆိုတာကို ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်#TheLegendofHeroes #2024series #chineseseries #oldseries #mmsub #blackhole
Bai Ju ဆိုတဲ့ ကောင်မလေးတစ်ယောက်ဇာတ်လမ်း~ Bai Pu Gen ဆိုတဲ့မိသားစုက Bai Ju ဆိုတဲ့ မိဘမဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားလိုက်တယ်။ ကလေးမလေးအရွယ်ရောက်လာတော့ Qingbai ဒေသမှာ တိဗက်နွားမွေးမြူရေးလေ့လာရေးနဲ့ အခြေစိုက်သုတေသနစခန်းတစ်ခုကို တည်ထောင်လိုက်ကာ~ ရွာသားတွေကိုလည်း သူကိုယ်တိုင်ဦးဆောင်ပြီး ယင်းသုတေသနမှာ ပါဝင်စေတယ်။ ရွာသားတွေအကျိုးကအစပြုပြီး နိုင်ငံတိုးတက်ရေးအထိပါ ပိုပြီးစဉ်းစားတွေးခေါ်တတ်တဲ့ Bai Ju ရဲ့ ဘဝခရီးလမ်းက ရှေ့လျှောက် ဘယ်လိုဖြစ်မလဲ...။ သူလိုချင်တဲ့ ရလဒ်ကိုရော ရရှိပါ့မလား...။#BornToBeAlive #chineseseries #ongoing #blackhole
Bai Ju ဆိုတဲ့ ကောင်မလေးတစ်ယောက်ဇာတ်လမ်း~ Bai Pu Gen ဆိုတဲ့မိသားစုက Bai Ju ဆိုတဲ့ မိဘမဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားလိုက်တယ်။ ကလေးမလေးအရွယ်ရောက်လာတော့ Qingbai ဒေသမှာ တိဗက်နွားမွေးမြူရေးလေ့လာရေးနဲ့ အခြေစိုက်သုတေသနစခန်းတစ်ခုကို တည်ထောင်လိုက်ကာ~ ရွာသားတွေကိုလည်း သူကိုယ်တိုင်ဦးဆောင်ပြီး ယင်းသုတေသနမှာ ပါဝင်စေတယ်။ ရွာသားတွေအကျိုးကအစပြုပြီး နိုင်ငံတိုးတက်ရေးအထိပါ ပိုပြီးစဉ်းစားတွေးခေါ်တတ်တဲ့ Bai Ju ရဲ့ ဘဝခရီးလမ်းက ရှေ့လျှောက် ဘယ်လိုဖြစ်မလဲ...။ သူလိုချင်တဲ့ ရလဒ်ကိုရော ရရှိပါ့မလား...။#BornToBeAlive #chineseseries #ongoing #blackhole
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
