uz
Feedback
Burmese Red Devils

Burmese Red Devils

Kanalga Telegram’da o‘tish

မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴

Ko'proq ko'rsatish
6 057
Obunachilar
-124 soatlar
-287 kunlar
-8130 kunlar
Postlar arxiv
" ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ နှစ် 20 လောက်နည်းပြလို့ရရင် ပြလိုက်ချင်ပါတယ်။ ပြနိုင်မယ်လို့လည်းယုံကြည်တာမို့ ဒါကို ကျွန်
" ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ နှစ် 20 လောက်နည်းပြလို့ရရင် ပြလိုက်ချင်ပါတယ်။ ပြနိုင်မယ်လို့လည်းယုံကြည်တာမို့ ဒါကို ကျွန်တော့်ရဲ့ ရည်မှန်းချက်အဖြစ်သတ်မှတ်ထားပါတယ်။" 🔴 🎙️ရူဘင်အမော်ရင် #RubenAmorim #ManchesterUnited

🚨𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒 : တိုက်စစ်မှူး ဟွိုက်လန်းဟာ အသင်း အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးထပ်မံခေါ်ယူခဲ့မယ်ဆိုရင်တောင် အသင်းမှ
🚨𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒 : တိုက်စစ်မှူး ဟွိုက်လန်းဟာ အသင်း အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးထပ်မံခေါ်ယူခဲ့မယ်ဆိုရင်တောင် အသင်းမှ ထွက်ခွာလိုခြင်းမရှိဘဲ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ့်အကြောင်း အတိအလင်းပြောကြားထားပါတယ် ။ သို့ပေမယ့် ယူနိုက်တက်ကတော့ ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ်ဆို ညှိနှိုင်းဆွေးနွေးသွားဖို့ လမ်းဖွင့်ထားကြောင်းသိရပါတယ် ။ [ Telegraph ]

အဲဗာတန် အသင်းနဲ့ပွဲစဉ်မှာ အမ်ဘူမို ပါဝင်မယ် ။ “ သူ အဲဗာတန် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာတော့မှာ၊ ကျနော်တို့ အသင်းအတွက် သူဘယ်လောက်
အဲဗာတန် အသင်းနဲ့ပွဲစဉ်မှာ အမ်ဘူမို ပါဝင်မယ် ။ “ သူ အဲဗာတန် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာတော့မှာ၊ ကျနော်တို့ အသင်းအတွက် သူဘယ်လောက် ကစားနိုင်မလဲဆိုတာတွေ့ရတော့မှာဆိုတော့ ကျနော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ် “ လို့ အမော်ရင်က ပြောပါတယ်။ #Amorim #ManchesterUnited

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အသင်းဟာ ကလပ်မှာ ၂ ကြိမ်တိုင်တိုင် လာကစားဖူးတဲ့ ဆန်ချိုကို ခေါ်ယူရေး ကြိုးပမ်းလာပြီ ဖြစ်ပါတယ် ။
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အသင်းဟာ ကလပ်မှာ ၂ ကြိမ်တိုင်တိုင် လာကစားဖူးတဲ့ ဆန်ချိုကို ခေါ်ယူရေး ကြိုးပမ်းလာပြီ ဖြစ်ပါတယ် ။ ဆန်ချိုကိုယ်တိုင်ကလည်း လုပ်ခများစွာ လျှော့ယူကာ ပြောင်းရွှေ့ရန် အသင့်ရှိနေကြောင်း သိရပါတယ် ။ ဒေါ့မွန် အားကစားဒါရိုက်တာ ဆီဘာစတီယန်ခါးလ်က "ဂျေဒန်က ကျွန်တော်တို့နဲ့ ဆက်တိုက် အဆက်အသွယ်ရှိတယ် ။ ဆန္ဒကို နားလည်တယ် ။ ဖြစ်နိုင်ခြေရှိမှုအပေါ်မှာ ကျွန်တော်တို့ တွေးနေတယ်။ အခြေအနေလည်း ပေးမယ်ဆိုရင် ကျွန်တော်တို့ တခုခု လုပ်မှာ သေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အကန့်အသတ်ရှိနေတယ် "လို့ ပြောကြားသွားပါတယ် ။ ယူနိုက်တက်ဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ခန့်ဖြင့် ရောင်းချရန် အသင့် ရှိနေကြောင်း သိရပါတယ် ။ #Sancho #Dortmund

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် ဆော်ဒီပရိုလိဂ်ကလပ် Al Nassr အသင်းထံ ပြောင်းရွှေ့ခွင့်ရမည့်အခွင့်အရေးအား ထပ်မံပယ်ချလိုက်က
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် ဆော်ဒီပရိုလိဂ်ကလပ် Al Nassr အသင်းထံ ပြောင်းရွှေ့ခွင့်ရမည့်အခွင့်အရေးအား ထပ်မံပယ်ချလိုက်ကြောင်း သိရသည်။ [@sachatavolieri]

" ဘယ်အသင်းက ကျွန်တော့်ကို ခေါ်ချင်နေတာလဲ ။ ကလပ်အသင်းကတော့ ကျွန်တော့်ကို ဘာမှမပြောပါဘူး ။ အရေးအကြီးဆုံးကတော့ အလုပ်ကို ကြိုးစား
" ဘယ်အသင်းက ကျွန်တော့်ကို ခေါ်ချင်နေတာလဲ ။ ကလပ်အသင်းကတော့ ကျွန်တော့်ကို ဘာမှမပြောပါဘူး ။ အရေးအကြီးဆုံးကတော့ အလုပ်ကို ကြိုးစားပြီး အာရုံစိုက်ထားဖို့ပါ ။ ပြီးမှ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရမှာပါ ။ ကျွန်တော့်အစီအစဉ်ကတော့ အရမ်းရှင်းပါတယ် ။ ဘာတွေပဲဖြစ်ဖြစ် ဒီမှာဆက်နေပြီး ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်သွားချင်ပါတယ် လို့ ပြောကြားခဲ့ပါတယ် " 🎙️ဟွိုက်လန်း 🔴 #Hojlund #ManchesterUnited

တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လုပ်ခတဝက်လျှော့ယူမယ့်အကြောင်း ဂျာမန်ကလပ်ကို ပ
တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လုပ်ခတဝက်လျှော့ယူမယ့်အကြောင်း ဂျာမန်ကလပ်ကို ပြောထားတယ်လို့ သိရပါတယ် ။ ဆန်ချိုဟာ မန်ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင် ၂၇၅,၀၀၀ ရရှိနေပြီး တနှစ်ကို ပေါင် ၁၄ သန်း ရရှိနေတာပါ ။ ဆန်ချို အနေနဲ့ အဲဒီလုပ်ခရဲ့ ထက်ဝက်ခန့်သာပေးပြီး ခေါ်ယူဖို့ အသင်းဟောင်းကို အသိပေးထားတာ ဖြစ်ပါတယ် ။ #Sancho #Dortmund

လိုက်ပ်ဇစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး ဆက်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို
လိုက်ပ်ဇစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး ဆက်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းကျော် ရရှိဖို့ အလိုရှိနေပါတယ် ။ လိုက်ပ်ဇစ်ဟာ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဆက်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းအပြင် အပိုဆုကြေးနဲ့ ပြန်လည်ရောင်းချရင် သူတို့ ဘယ်နှရာခိုင်နှုန်း ပေးရမယ်ဆိုတဲ့ sell-on clause က ထည့်သွင်းဖို့ အလိုရှိနေတယ်လို့ သိရပါတယ် ။ [Transfer]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအချိန်မှာ PSG အသင်းနဲ့ တရားဝင် ဆွေးနွေးမှုများကို စတင်ထားပြီး ဒွန်နာရမ်မာကို ခေါ်ယူဖို့ ကြိုးပ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအချိန်မှာ PSG အသင်းနဲ့ တရားဝင် ဆွေးနွေးမှုများကို စတင်ထားပြီး ဒွန်နာရမ်မာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ် ။ အီတလီလက်ရွေးစင် ဂိုးသမားဟာ PSG အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကတော့ တစ်နှစ်သာ ကျန်ရှိတာပါ ။ PSG အသင်းအနေနဲ့ ယခင်က အမ်ဘာပေကို အလွတ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို လက်လွှတ်လိုက်ရတဲ့ အတွေ့အကြုံကြောင့် ဒွန်နာရမ်မာကိုလည်း အခုနွေရာသီအတွင်းမှာပဲ ရောင်းချဖို့စဉ်းစားနေကြောင်း သိရပါတယ် ။ [Telegraph]

အသင်းရဲ့ ဘုန်းမောက်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့် မန်
+3
အသင်းရဲ့ ဘုန်းမောက်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့် မန်ချက်စတာ မြို့သားစစ်စစ် Ethan Williams 🔴🤗 Photo -BRF

“ ကျွန်တော်တို့ တိုးတက်ရမယ့်နေရာလေးတွေတော့ ရှိနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အရမ်းစိတ်အားတက်ကြွနေကြပါတယ်၊ နည်းပြအပေါ် ယုံကြည
“ ကျွန်တော်တို့ တိုးတက်ရမယ့်နေရာလေးတွေတော့ ရှိနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အရမ်းစိတ်အားတက်ကြွနေကြပါတယ်၊ နည်းပြအပေါ် ယုံကြည်မှုတွေလည်း အပြည့်ပါပဲ၊ သူဘာလိုချင်နေတာလည်း ဆိုတဲ့အပေါ် ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ထောက်ခံနေပြီးသားပါ " " ပြီးခဲ့တဲ့ နှစ်မှာ ကျွန်တော်တို့ နည်းပြ အပါအဝင် အပြောင်းအလဲတွေ အသင်းဘက်က ပြုလုပ်ခဲ့သလို ကစားကွက်တွေလည်း ပြောင်းလဲခဲ့ကြပါတယ်၊ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချိတ်ဆက်မှု အချိန်လိုအပ်နေခဲ့တာပါ၊ ယူနိုက်တက်မှာ ကစားပြီဆိုကတည်းက ဘယ်လိုပုံစံနဲ့ ပေးဆပ် ကစားရမလဲဆိုတာ အသင်းသားတိုင်းမှာ တာဝန်ရှိနေကြပြီးသားပါပဲ ” 🎙️အူဂါတေး #Ugarte #ManchesterUnited

မန်ချက်စတာယူနိုက်တက်သည် အသက် ၂၆ နှစ်အရွယ်ရှိ စပို့တင်းကွင်းလယ်လူ ဂျောလ်မန်း အတွက် စပို့တင်းထံ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့
မန်ချက်စတာယူနိုက်တက်သည် အသက် ၂၆ နှစ်အရွယ်ရှိ စပို့တင်းကွင်းလယ်လူ ဂျောလ်မန်း အတွက် စပို့တင်းထံ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်းသိရသည် ။ လက်ရှိတွင် အီတလီကလပ် ဂျူဗင်တပ်ကလည်း ဂျောလ်မန်းအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး စပို့တင်းက ၎င်းတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး အနိမ့်ဆုံး ယူရိုသန်း ၅၀ ခန့်အလိုရှိနေသည်။ [ CalcioMercato via BBC Sports ]

နယူးကာဆယ်ကို ရောက်လာတော့မယ့် ဂိုးသမား ရမ်စ်ဒေးလ်ရဲ့အပြောင်းအရွှေ့ကြောင့် မန်ယူနိုက်တက်ဟာ နယူးကာဆယ်ဂိုးသမား နစ်ပုတ်ကို ခေါ်ယူဖ
နယူးကာဆယ်ကို ရောက်လာတော့မယ့် ဂိုးသမား ရမ်စ်ဒေးလ်ရဲ့အပြောင်းအရွှေ့ကြောင့် မန်ယူနိုက်တက်ဟာ နယူးကာဆယ်ဂိုးသမား နစ်ပုတ်ကို ခေါ်ယူဖို့ စိတ်၀င်စားလာတယ်လို့ သိရပါတယ် ။ မန်ယူနိုက်တက်ဟာ ဒီနွေမှာ အိုနာနာနဲ့အပြိုင် ပွဲထွက်ခွင့် ယှဉ်ပြိုင်နိုင်မယ့် ကစားသမားရှာဖွေနေတာဖြစ်ပြီး နစ်ပုတ်က လာမယ့်နွေမှာ နယူးကာဆယ်နဲ့ စာချုပ်သက်တမ်းကုန်တော့မှာပါ ။ #NickPope #manchesterunited

“ ဘရန့်ဖို့ဒ်မှာ များသောအားဖြင့် တောင်ပံမှာ ကစားခဲ့တာများပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်အကောင်းဆုံးလို့ ခံစားရတဲ့ နေရာအတိတကျ
“ ဘရန့်ဖို့ဒ်မှာ များသောအားဖြင့် တောင်ပံမှာ ကစားခဲ့တာများပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်အကောင်းဆုံးလို့ ခံစားရတဲ့ နေရာအတိတကျ မရှိပါဘူး။ No.10 နေရာမှာလည်း ကစားခဲ့ဖူးသလို No.9 နေရာလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်အတွက်တော့ နေရာစုံ အဆင်ပြေပါတယ်။ “ 🎙️အမ်ဗျူမို [Samuelluckhurst]

❝ မန်ချက်စတာယူနိူက်တက် က ကျွန်တော်အရမ်းချစ်ရတဲ့ ကလပ်အသင်းတစ်သင်းပါ။ ခုထိလည်း ချစ်နေဆဲပါ။ တခါတလေမှာ ကျွန်တော်တို့ဘဝထဲက တချို့အ
❝ မန်ချက်စတာယူနိူက်တက် က ကျွန်တော်အရမ်းချစ်ရတဲ့ ကလပ်အသင်းတစ်သင်းပါ။ ခုထိလည်း ချစ်နေဆဲပါ။ တခါတလေမှာ ကျွန်တော်တို့ဘဝထဲက တချို့အရာတွေကို ထိန်းချုပ်လို့ မရနိုင်ဘူးလေ။ တချို့ကိစ္စတွေက ဖြစ်ချိန်တန်တဲ့အချိန်မှာ ဖြစ်သွားခဲ့တဲ့ သဘောပါ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ချစ်နေဆဲပါလို့ ထပ်ပြီးပြောပါရစေ။ လာမယ့်အနာဂတ်မှာ အောင်မြင်မှု တွေရယူနိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ❞ 🎙️ခရစ္စတီယာနိုရော်နယ်ဒို [ FIVEUK ]

ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ တောင်ပံ ကစားသမားဟောင်း ဂျေဒန်ဆန်ချိုကို ဂျာမန်ဘွန်ဒက်လီဂါဆီသို့ တစ်ကျော့ပြန်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး
ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ တောင်ပံ ကစားသမားဟောင်း ဂျေဒန်ဆန်ချိုကို ဂျာမန်ဘွန်ဒက်လီဂါဆီသို့ တစ်ကျော့ပြန်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး အသင်းတွင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ သိရပါတယ် ။ ဒီဆွေးနွေးမှုတွေဟာ အလေးအနက်ပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေကို လုံးဝပယ်ချထားခြင်း မရှိသေးပါဘူး ။ ယူနိုက်တက်ဘက်ကတော့ အသက်(၂၅)နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကို အပြီးသတ်လက်လွှတ်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းကနေ သန်း(၂၀)ကြား အလိုရှိနေတယ်လို့ ဆိုပါတယ် ။ [Sky Sports Germany]

ယူနိုက်တကိက ခေါ်ယူဖို့ချဉ်းကပ်လာတာနဲ့ ပတ်သတ်ပြီး ဘန်ဂျမင်ဆကိကိုက အပြောင်းအရွှေ့အတွက် အရမ်းစိတ်အားထက်သန်နေတယ်လို့ သိရပါတယ် ။ ယ
ယူနိုက်တကိက ခေါ်ယူဖို့ချဉ်းကပ်လာတာနဲ့ ပတ်သတ်ပြီး ဘန်ဂျမင်ဆကိကိုက အပြောင်းအရွှေ့အတွက် အရမ်းစိတ်အားထက်သန်နေတယ်လို့ သိရပါတယ် ။ ယူနိုက်တက်ဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ကင်းထောက်လာတဲ့ ဆက်ကို ကို ခေါ်ယူဖို့ လက်လျှော့မှာမဟုတ်သလို နယူးကာဆယ်ကလည်း အပြောင်းအရွှေ့အတွက် အရှိန်မြှင့်လုပ်ဆောင်သွားဖို့ပြင်ဆင်နေပါတယ် ။ လိုက်ပ်ဇစ်ကတော့ ၎င်းတို့တိုက်စစ်မှူးကို ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းက အပြိုင်လိုက်နေတာကို သိရှိပြီးနောက်မှာတော့ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံးယူရို သန်း ၈၀ တန်ကြေးသတ်မှတ်ထားတယ်လို့သိရပါတယ် ။ [ Sky Sports ]

ယူနိုက်တကိက ခေါ်ယူဖို့ချဉ်းကပ်လာတာနဲ့ ပတ်သတ်ပြီး ဘန်ဂျမင်ဆကိကိုက အပြောင်းအရွှေ့အတွက် အရမ်းစိတ်အားထက်သန်နေတယ်လို့ သိရပါတယ် ။ ယ
ယူနိုက်တကိက ခေါ်ယူဖို့ချဉ်းကပ်လာတာနဲ့ ပတ်သတ်ပြီး ဘန်ဂျမင်ဆကိကိုက အပြောင်းအရွှေ့အတွက် အရမ်းစိတ်အားထက်သန်နေတယ်လို့ သိရပါတယ် ။ ယူနိုက်တက်ဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ကင်းထောက်လာတဲ့ ဆက်ကို ကို ခေါ်ယူဖို့ လက်လျှော့မှာမဟုတ်သလို နယူးကာဆယ်ကလည်း အပြောင်းအရွှေ့အတွက် အရှိန်မြှင့်လုပ်ဆောင်သွားဖို့ပြင်ဆင်နေပါတယ် ။ လိုက်ပ်ဇစ်ကတော့ ၎င်းတို့တိုက်စစ်မှူးကို ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းက အပြိုင်လိုက်နေတာကို သိရှိပြီးနောက်မှာတော့ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံးယူရို သန်း ၈၀ တန်ကြေးသတ်မှတ်ထားတယ်လို့သိရပါတယ် ။ [ Sky Sports ]

ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် အသင်းနှင့်ပြန်လည်ပူးပေါင်း၍ လေ့ကျင့်ခန်းဆင်းနေသော်လည်း ယူနိုက်တက်၏ ရာသီအဖွင့်ပွဲ ၃
ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် အသင်းနှင့်ပြန်လည်ပူးပေါင်း၍ လေ့ကျင့်ခန်းဆင်းနေသော်လည်း ယူနိုက်တက်၏ ရာသီအဖွင့်ပွဲ ၃ ပွဲကို လွဲချော်သွားမည်ဖြစ်သည် ။ သို့ရာတွင် ဂိုးသမား အန်ဒရေအိုနာနာ ကတော့ ဒဏ်ရာအခြေအနေမှ ပြန်လည်တိုးတက်လာပြီဖြစ်ပြီး အာဆင်နယ်နှင့် ရာသီအဖွင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။ [ The Athletic ]

မန်ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ဒီနွေဈေးကွက်အတွင်း အသင်းကထွက်ခွာဖိုဆုံးဖြတ်ထားဆဲဖြစ်ပြီး အခုချိန်မှာ ဆော်ဒီဘက်ကကမ်းလှ
မန်ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ဒီနွေဈေးကွက်အတွင်း အသင်းကထွက်ခွာဖိုဆုံးဖြတ်ထားဆဲဖြစ်ပြီး အခုချိန်မှာ ဆော်ဒီဘက်ကကမ်းလှမ်းမှုတွေကိုပါ လက်ခံစဉ်းစားပေးနိုင်ချေရှိနေပါတယ် 🔴🇧🇷 [Sam_C]