Burmese Red Devils
Kanalga Telegram’da o‘tish
မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴
Ko'proq ko'rsatish6 060
Obunachilar
Ma'lumot yo'q24 soatlar
-247 kunlar
-7830 kunlar
Postlar arxiv
6 060
ယူနိုက်တက်အသင်းရဲ့ အားကိုးနေရတဲ့ လူငယ် နောက်ခံလူ လယ်နီယိုရိုဟာ အသင်းနဲ့ အတူ စုပေါင်း လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့ပေမယ့် အသင်း Gym မှာတော့ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ် 🔴
#Burmese_Red_Devils
6 060
ᴏᴘᴘᴏɴᴇɴᴛ’ꜱ ɴᴇᴡꜱ
စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးဟာ ညာဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက် မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်မှာ ဖြစ်ပါတယ် ⚠️
[Fabrizio Romano]
6 060
“ တကယ်လို ဖာဂူဆန်သာ ယူနိုက်တက် အသင်းနည်းပြအဖြစ် ဆက်လုပ်နေရင် သူထောင်ကျနေလောက်ပါပြီ၊ သူ့ကြောင့် ငိုခဲ့ရတဲ့ ကစားသမားများစွာကို ကျွန်တော်ကြုံတွေ့ခဲ့ပြီးပါပြီ၊ သူက ဆံပင်အခြောက်ခံစက်နဲ့ ပစ်ပေါက်လိုပစ်ပေါက် ၊ ဖိနပ်နဲ့ ပစ်ပေါက်လိုပစ်ပေါက်နဲ့ အဲ့ဒီလိုကို ဆိုးခဲ့တာပါ၊ အဲ့ဒီ အချိန်တွေတုန်းက သူက နတ်ဆိုးတစ်ပါးလိုပါပဲ၊ ”
🎙️အီဗရာ
#Evra
#Burmese_Red_Devils
6 060
" ဘောလုံးကို ကျွန်တော် အခုထိ ချစ်မြတ်နိုးနေတုန်းပါပဲ ။ တညလုံးဘောလုံးပွဲတွေ ထိုင်ကြည့်နေခဲ့တာပါ ။ ကျွန်တော့ ဇနီးကတောင်မှ ပြောတဲ့အထိပါပဲ ၊ ယူရိုပါလိဂ်ပွဲကြီး ဘာလို့ကြည့်နေတာလဲဆိုပြီးတော့ပါ"
"ဒါပေမယ့် ဒါက မန်ချက်စတာ ယူနိုက်တက် နဲ့ လီယွန်နဲ့ ပွဲလေဗျာ ။ ၄-၂ ဖြစ်သွားတဲ့ အနေအထားကနေ မန်ယူနိုက်တက် ပြန်ကစားသွားတာကို ခင်ဗျားတို့ တွေ့မိလိုက်ကြသလား ၊ တကယ့်ကို မယုံနိုင်စရာပါပဲ ။ ဒီပွဲက အမော်ရင် အတွက် အရမ်းကို ခက်ခဲစေခဲ့မှာပါ ။ ဒါပေမယ့် ၁၀ မိနစ်လောက်အတွင်းမှာတင် သူတို့ ပြောင်းလဲနိုင်ခဲ့ပါတယ်"
🎙️ဇာဗီ ( ဘာစီလိုနာ နည်းပြဟောင်း )
#Xavi
#ManchesterUnited
6 060
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ် အတွက် အသင်းရဲ့ ဝန်ထမ်းတွေကို လက်မှတ် အလကား ပေးမှာမဟုတ်ဘဲ ကိုယ့်လတ်မှတ်ကို ဝယ်ရမယ်လို့ အသိပေးခဲ့ပါတယ် ။
ဒါ့ကြောင့် နည်းပြ ရူဘင်အမော်ရင်ဟာ အသင်းရဲ့ ဝန်ထမ်း အယောက် ၃၀ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် လက်မှတ်တွေကို ဝယ်ပေးခဲ့တယ်လို့ သိရပါတယ် ။
[ ESPN ]
6 060
မန်ယူနိုက်တက်ဟာ ဝုဗ်တိုက်စစ်ကစားသမား မာသီးယပ်စ်ကွန်ညာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၂.၅ သန်းအပြင် အပိုဆုကြေး ၅ သန်း အသုံးပြုသွားမှာပါ ။
အာဆင်နယ်အသင်းကလဲ ကွန်ညာအတွက် ကမ်းလှမ်း လာပေမယ့် ဝနောက်ကျသွားပြီဖြစ်ပြီး မန်ယူနိုက်တက်အနေဖြင့် ကစားသမားနှင့်နောက်ဆုံးအဆင့်ထိ သဘောတူညီမှု ရယူထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ် ။
[valentinfurlan]
6 060
လက်ရှိမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေပေမယ့် အသင်းလူစာရင်းကို အဓိကပြင်ဆင်သွားဖို့သာ စီစဉ်ထားပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ လုံးဝစဉ်းစားထားခြင်းမရှိဘူး လို့သိရပါတယ် ။
အသင်းတာဝန်ရှိသူတွေရဲ့ ဦးစားပေးရည်ရွယ်ချက်က အသင်းမှာ အမော်ရင် အကောင်အထည် ဖော်လိုတဲ့ ကစားကွက်နဲ့ ကိုက်ညီပြီး အံဝင်မယ့် ကစားသမားတွေကို ဖြည့်တင်းပေးနိုင်ဖို့ အတွက်ကိုပဲ ကြိုးစားလုပ်ဆောင်သွားဖို့ ဖြစ်ပါတယ် ။
[ David Ornstein ]
6 060
မန်ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လျှောထိုးဖျက်ထုတ် ဘောလုံးရယူနိုင်မှု အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ် ။
ရူဘင်အမော်ရင်ရဲ့ နည်းစနစ်မှာ ဘရာဇီး ဝါရင့်ကစားသမားကြီးက ခြေစွမ်းပြနေပြီလို့ ဆိုရမှာပါ 💪
#ManchesterUnited
#Casemiro
6 060
▪️ကျွန်တော်မလုပ်နိုင်ရက် တခြားနည်းပြတစ်ဦးဆီ လွှဲပေးသွားမှာပါ
" လက်ရှိအနေအထားကို ပြောင်းလဲပစ်ဖို့ လိုအပ်သလို လာမဲ့နွေရာသီကျရင် အသင်းကို တောင့်တင်းမှုရှိဖို့၊ တိုက်ပွဲဝင်စိတ်အပြည့်ရှိတဲ့အသင်းဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဒီရာသီလို အဖြစ်မျိုး နောက်နှစ်မှာ ထပ်ဖြစ်လို့ မရတော့ပါဘူး "
" ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်တွေ လေးစားကြောက်ရွံ့ရတဲ့အနေအထားမှာ မရှိတော့ပါဘူး။ အဲဒီအတွက် ကစားသမားတွေမှာ တာဝန်မရှိဘဲ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ လက်ရှိအခြေအနေကို အမြန်ဆုံး မပြင်ဆင်နိုင်ရင် တခြားနည်းပြတစ်ဦးဆီ ကျွန်တော့်တာဝန်တွေ လွှဲပြောင်းပေးသွားမှာပါ “
🎙️ရူဘင်အမော်ရင်
#RubenAmorim
#ManchesterUnited
6 060
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ အထက် ရပ်တည်နိုင်ခဲ့ရင် အငှါးခေါ်ထားတဲ့ ဆန်ချိုကို အပြီးသတ် ခေါ်ယူပါ့မယ်ဆိုတဲ့ စာချုပ်ပါ အချက်အလက်အား ဖောက်ဖျက်မှာ ဖြစ်ပါတယ် ။
ဆန်ချိုကို အပြီးသတ်မခေါ်ပါက ချဲလ်ဆီး အနေနဲ့ မန်ယူနိုက်တက်ထံ လျော်ကြေး ပေါင် ၅ သန်းပေးချေရမှာပါ ။ ချဲလ်ဆီးကတော့ ဆန်ချိုကို ခေါ်မယ့်အစား မန်ယူနိုက်တက်ကို ပြန်ပို့ပြီး လျော်ကြေးပေးဖို့ပဲ ပြင်ဆင်ထားပါတယ် 👀🔵
#Sancho
#Chelsea
#ManchesterUnited
6 060
ယူနိုက်တက်ကတော့ မျှော်လင့်ထားသလိုပဲ ရှုံးသွားပါတယ် ။ ဘာမှထွေထွေထူးထူး မခံစားရပါဘူး …
ဒီရာသီ ကျွန်တော်တို့အသင်းရဲ့ Target က ယူရိုပါလိဂ်ဖလားလို့ သတ်မှတ်ပြီးပြီပဲ…
ဒီအတွက်ကိုပဲ အားပေးဖို့ အားမွေးထားရအောင်ပါ ။
ဒီည Live လဲ ကြည့်ရှုလို့ အဆင်ပြေကြရဲ့လားဗျ ။ ။ ထစ်တာတွေ lag တာတွေ ရှိရင် ပြောပါဦး နော် နောက်ပွဲတွေလဲ လွှင့်ပေးပါမယ် ။
အသည်းလေးနဲ့ အားပေးသွားကြဦးဗျာ 🔴
#Burmese_Red_Devils
6 060
ပျော်လို့ဆော့နေတာ အဆင့်မရှိဘူးရှိတယ်တွေလာမပြောနဲ့ ပြောချင်ဒဲ့ လာပြောလိုက်…😎
#Burmese_Red_Devils
6 060
ဒီနေရာလေးကို နှိပ်ပြီး ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို တိုက်ရိုက် Live လွယ်ကူစွာ ကြည့်နိုင်ပါတယ်
6 060
Repost from Ei Thet ( Online Betting Service )
+9
ဒီနေ့စူပါဆန်းဒေးညသခင်ကြီးပွဲနဲ့
တခြားပွဲကောင်းတွေအများကြီးရှိတယ်နော် ချစ်ကိုတို့ 👍
မောင်း ၊ ဘော်ဒီပွဲတွေလောင်းဖို့
ဘောလုံးအကောင့်ဖွင့်ချင်သူများ
အိသက်စီဆက်သွယ်နိုင်ပါတယ် ❤️
✅ ibet789
✅ 555mix
✔️ Mong556
✔️ Sports899
ကြိုက်နှစ်သက်ရာကို ၅၀၀၀ကျပ်မှစပြီးအကောင့်ဖွင့်လို့ရပါပြီရှင့် ‼️
လုပ်သက်၃နှစ်အတွင်းအလျော်အစားနာမည်ပျက်မရှိလို့စိတ်ကြိုက်လေ့လာပြီးမှယုံကြည်စွာလက်တွဲကစားပါ❤️
📱Viber - 09 967 356 567
📱Telegram - t.me/eithet178
📱Channel - https://t.me/etbettingservice
📱 https://www.facebook.com/share/1HTWP3EanZ/?mibextid=wwXIfr
6 060
✅ 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 |
မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ည ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများအတွက် ရည်ရွယ်ထားတဲ့ ရင်ဘတ်မှာ ( RED ) တံဆိပ်ပါ ပရဟိတဂျာစီကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ် ။
6 060
မန်ယူနိုက်တက်ရဲ့ လက်ကျန်ပွဲစဉ်များ :
ဝက်စ်ဟမ်း (H)
ချဲလ်ဆီး (A)
စပါး (UEL final)
အက်စတွန်ဗီလာ (A)
စပါးနဲ့ ပွဲကို နိုင်ရင်ပဲ ကျေနပ်ပါပြီ 🔴
#Burmese_Red_Devils
6 060
" အသင်းတစ်သင်းအနေနဲ့ အခြားတစ်သင်းကို ၄ ကြိမ်ဆက် ရှုံးနိမ့်ဖို့ဆိုတာ တကယ့်ကို ရှားပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါကို တွေးနေဖို့ မသင့်ပါဘူး ။ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ကျွန်တော်တို့ ကစားသမားတွေ အစုံအလင်ရှိဖို့ လိုအပ်ပါတယ် ။ အဲ့ဒါက ပိုအရေးကြီးတာပါ “
🎙️ရူဘင်အမော်ရင် ( မန်ယူနိုက်တက်နည်းပြ )
#Burmese_Red_Devils
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
