uz
Feedback
တရုတ်ဇာတ်လမ်းတွဲများ

တရုတ်ဇာတ်လမ်းတွဲများ

Kanalga Telegram’da o‘tish

📈 Telegram kanali တရုတ်ဇာတ်လမ်းတွဲများ analitikasi

တရုတ်ဇာတ်လမ်းတွဲများ (@blackholeongoing) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 49 744 obunachidan iborat bo'lib, Kino toifasida 5 593-o'rinni va Myanma mintaqasida 2 855-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 49 744 obunachiga ega bo‘ldi.

29 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 575 ga, so‘nggi 24 soatda esa -12 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.39% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.00% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 2 684 marta ko‘riladi; birinchi sutkada odatda 496 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 2 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 30 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

49 744
Obunachilar
-1224 soatlar
-257 kunlar
+57530 kunlar
Postlar arxiv
Love Next Door (2024) Ep-3 #LoveNextDoor #blaeckhole
Love Next Door (2024) Ep-3 #LoveNextDoor #blaeckhole

Love Next Door (2024) Ep-2 #LoveNextDoor #blaeckhole
Love Next Door (2024) Ep-2 #LoveNextDoor #blaeckhole

Love Next Door (2024) Ep-1 #LoveNextDoor #blaeckhole
Love Next Door (2024) Ep-1 #LoveNextDoor #blaeckhole

Love Next Door (2024) ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပ
+4
Love Next Door (2024) ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပုံပြင်ဇာတ်လမ်းဟာ အခုတော့ ပရိသတ်ရှေ့မှောက်ကိုရောက်လာပါပြီ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့....... ချွဲဆောင်းဟျိုနဲ့ ဘယ်ဆော့ရူတို့က အသက် (၄)နှစ်အရွယ်ကတည်းက စတင်သိကျွမ်းခင်မင်လာခဲ့ကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ.... တက္ကသိုလ်ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်စီ ကိုယ်ပိုင်လမ်းကို လျှောက်ကြတဲ့အခါမှာ ချွဲဆောင်းဟျိုကတော့ ကိုးရီးယားမှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာပြီးတော့ “အင်”လို့ခေါ်တဲ့ ဗိသုကာအလုပ်ရုံကို ဦးစီးလုပ်ကိုင်ပါတယ် .. ဆောင်းဟျိုကတော့ ဉာဏစွမ်းရည်ပြည့်စုံသည်သာမကဘဲ ရူပါလည်း ဖြောင့်ပြီး အကျင့်စရိတ္တလည်း ကောင်းမွန်သူတစ်ဦးပါ .. ဘယ်ဆော့ရူကတော့ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျောင်းစာထူးချွန်ပေမဲ့လည်း ပျော်ပျော်နေတတ်တဲ့ ငမွှေစိန်လေးပါ .. ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးနဲ့ဝင်လုပ်ရင်း နောက်ပိုင်းအလုပ်ထွက်ကာ အမိနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာတော့ ငယ်ပေါင်းဖော်ကြီးဆောင်းဟျိုနဲ့ ပြန်ဆုံမိကြပါတော့တယ်.... ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲနဲ့ တကျက်ကျက်ရန်ဖြစ်နေခဲ့ကြတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးအဖြစ်နဲ့ပြန်ဆုံကြချိန်မှာ တကျက်ကျက်ရန်ဖြစ်ရင်းကနေ တစ်ရစ်ပြီးတစ်ရစ် အချစ်နှောင်ကြိုးတွေ ဘယ်လိုချည်မိကြမလဲဆိုတာကို Romatic-Comedy ပီပီ ဟာသအနှောလေးတွေနဲ့ရင်ခုန်ကြည့်ရှုရမှာပါ ပရိသတ်ကြီးတို့ရေ......... ချွဲဆောင်းဟျိုအဖြစ် Jung Hae In နဲ့ ဘယ်ဆော့ရူအဖြစ် Jung So Min တို့အပြင် Kim Ji Eun (Branding In Seongsu, Longing for You) သာမက တခြားသောအနုပညာရှင်များစွာပါဝင်ထားပါတယ် Crd to Channel Myanmar #LoveNextDoor #blaeckhole

Jung Hae-in #JungHaein #blaeckhole
Jung Hae-in #JungHaein #blaeckhole

Jung So-min #JungSomin #blackhole
Jung So-min #JungSomin #blackhole

K-175 D-Day (2015) သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး ဆိုလ်းမြို့ကို ကျရောက်ပြီးနောက်မှာ မြို့သူမြို့သားတွေအတွက် အခက်အခဲဒုက္ခတွေ တလှေ
K-175 D-Day (2015) သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး ဆိုလ်းမြို့ကို ကျရောက်ပြီးနောက်မှာ မြို့သူမြို့သားတွေအတွက် အခက်အခဲဒုက္ခတွေ တလှေကြီးကျရောက်လာပါတယ်။ ကစဉ့်ကလျားဖြစ်နေတဲ့ မြို့သူမြို့သားတွေကြား ဆရာဝန်နှင့် အရေးပေါ်လုပ်သားတစ်စုတို့ဟာ မြို့သူမြို့သားတွေရဲ့ အသက်အန္တရာယ်ရှင်သန်ရေးအတွက်ကျားကုတ်ကျားခဲကြိုးစားအားထုတ်ကြပုံတွေကို မြင်တွေ့ရမှာပါ။ သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးကြားက ဆရာဝန်တွေရဲ့ နှလုံးလှစိတ်ထားနှင့် အခက်အခဲတွေကို ရင်ဆိုင်အနိုင်ယူကြပုံကိုမြင်တွေ့ရမှာဖြစ်ပြီး သာမန်ဒရာမာဇာတ်ကားတွေကြားကခွဲထွက်ထားတဲ့ ဇာတ်လမ်းတစ်ခုမို ချစ်ကြိုက်ကွဲညားကိုရီးယားဇာတ်လမ်းတွေကြား ငြီးငွေ့နေသူတွေအတွက် ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အစအဆုံး အပိုင်း ၂၀ ထိထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်ကြီး အတွက်ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ် တဝကြီးကြည့်ရှုရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။ Crd to Channel Myanmar #DDay #blackhole

K-174 Soul Mechanic (2020) ဒီဇာတ်ကားလေးကတော့ 2020 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ လူတွေမှာ
K-174 Soul Mechanic (2020) ဒီဇာတ်ကားလေးကတော့ 2020 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ လူတွေမှာဖြစ်ပေါ်နေတဲ့ သေရာပါနိုင်တဲ့စိတ်ဒဏ်ရာတွေကို သက်သာလာအောင်ကုသပေးနေတဲ့ စိတ်ရောဂါကုဆရာတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ လီရှီဂျွန်းဟာစိတ်ရောဂါကုဆရာဝန်တစ်ဦးဖြစ်ပါတယ်..သူဟာ သူ့ရဲ့အလုပ်အပေါ်ကို တန်ဖိုးထားပြီး လူနာတွေရဲ့စိတ်ဝေဒနာကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးအမြဲတမ်းကုသပေးနေတဲ့နှလုံးသားလှတဲ့စိတ်ရောဂါကုဆရာဝန်လေးတဦး ဟန်ဝူးဂျူးကတော့ တက်သစ်စ တေးသရုပ်ဖေါ်မလေးတစ်ယောက်ပေါ့။ သူမဟာရိုးသားပြီးတက်ကြွကြိုးစားတဲ့ အနုပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အလုပ်ကိုလည်းအင်မတန်ချစ်မြတ်နိုးရှာတဲ့သူတစ်ယောက် ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်လေးနဲ့ တေးသရုပ်ဖေါ်မလေးတို့ ဘယ်လိုအခြေအနေမျိုးမှာဘယ်လိုစတင်ဆုံတွေ့ပြီး ဘယ်လိုတွေ ဇာတ်လမ်းသွားကြမယ်ဆိုတာကို ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ။ #SoulMechanic #blackhole

K-173 The Sound of Your Heart (2016) ပရိသတ်ကြီးကို အရမ်းကိုရယ်ရတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝဘ်တွန်းရေးဆရာဂျိုဆော
K-173 The Sound of Your Heart (2016) ပရိသတ်ကြီးကို အရမ်းကိုရယ်ရတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝဘ်တွန်းရေးဆရာဂျိုဆော့နဲ့ သူ့မိသားစုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဘယ်လိုဆွဲဆွဲ ထုတ်ဝေသူသဘောမကျတဲ့အဆုံး သူတို့မိသားစုရဲ့အလွဲပေါင်းစုံကို ကာတွန်းထဲထည့်ဆွဲတော့မှပဲ အောင်မြင်သွားတော့တာပါ။ တကယ့်ကိုအလွဲများနဲ့မိသားစုပါပဲ မိသားစုဝင်လေး လေးယောက်ရှိတာကို တစ်ယောက်တစ်မျိုး မရိုးရအောင် လွဲနေတဲ့မိသားစုပါ။ သူတို့နေတဲ့တိုက်တစ်တိုက်လုံးကိုဒုက္ခပေးပြီး ငါတို့မိသားစုပဲပုံမှန်ဖြစ်နေတာ ဆိုတာမျိုးကလည်း ရှိပါသေးတယ်။ တစ်မိသားစုလုံးပတ်ခွီနေရတဲ့အထဲမှာ ဂျိုဆော့က အယ်ဘုံဆိုတဲ့ကောင်မလေးနဲ့ကြိုက်တဲ့အခါ ပိုလို့တောင်ခွီရပါသေးတယ်.. တစ်ခါမှရည်းစားမထားဖူးတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် အတည်တွေလုပ်နေရင်းကို လွဲလွဲကုန်တာပါ။ အပိုင်း ၁၀ ပိုင်းလုံး တစ်ချက်မှမရပ်မနား ပိုးဆိုးပက်စက်ခွီနေရဖို့ အာမခံပါတယ်။ ပေါတောတောခွီနေရတာမျိုးမဟုတ်ပဲနဲ့ အဓိပ္ပာယ်ရှိရှိကြီးကိုခွီရမှာပါ.. #TheSoundofYourHeart #blackhole

K-172 Monthly Magazine Home (2021) Monthly magazine house ရဲ့အယ်ဒီတာတစ်ဦးဖြစ်တဲ့ Na Young Won ဟာ ဆယ်နှစ်ကျော် အလုပ်တွေအများက
K-172 Monthly Magazine Home (2021) Monthly magazine house ရဲ့အယ်ဒီတာတစ်ဦးဖြစ်တဲ့ Na Young Won ဟာ ဆယ်နှစ်ကျော် အလုပ်တွေအများကြီးလုပ်ခဲ့ပေမယ့် အခုချိန်ထိ အိမ်တစ်လုံးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ မိန်းကလေးတစ်ဦးပေါ့ ... လက်ရှိမှာ အိမ်ငှားဘဝနဲ့ နေနေပြီး ဒီအခန်းလေးဟာ သူမအတွက် နွေးထွေးမှုအပေးနိုင်ဆုံး နှစ်သိမ့်မှုအပေးနိုင်ဆုံး တန်ဘိုးထား ခိုလှုံရာလေးတစ်ခုပေါ့.... ဒီအခန်းကိုသံယော်ဇဉ်တွယ်နေပေမဲ့လည်း သူမ ကံမကေားရှာဘူး ...အိမ်ငှါးပြဿနာတစ်ချို့တက်လို့ နေရာပြောင်းရဖို့ဖြစ်လာတယ်.... သူမရဲ့ကုမ္ပဏီက ကိုယ်စားလှယ် Yoo JuSung ရဲ့အိမ်မှာ နေရဖို့ဖြစ်လာပါတယ်.. Yoo JuSung ဆိုတာ ဘုဘောက်အတော်ကျတဲ့သူပါ... သူမှန်တယ်ထင်ရင် ဘာမဆိုပြောဖို့ဝန်မလေးတဲ့သူပေါ့.... Yoo JaSung အတွက်ကတော့ အိမ်ဆိုတာ ပိုင်ဆိုင်မှုတိုးပွားစေတဲ့အရာဖြစ်ပြီး အိပ်စရာနေရာတစ်ခုလို့ပဲ သတ်မှတ်ထားပါတယ် ... အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချမ်းသာ အောင်မြင်လာတဲ့ Yoo JaSung တစ်ယောက် အိမ်ပိုင်မရှိတဲ့ Na Young Won နဲ့တွေ့ဆုံတဲ့အခါမှာတော့ အိမ် ဆိုတဲ့အရာအပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံချင်းမတူကြတဲ့ သူတို့နှစ်ဦး ဘယ်လိုမျိုးလေးတွေနဲ့ ကြုံတွေကြမလဲဆိုတာကိုတော့.... #MonthlyMagazineHome #blackhole

K-171 The Smile Has Left Your Eyes (2018) ဒီတစ်ခါတော့ ” ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ” ဆိုတဲ့ ဝတ္ထုကို
K-171 The Smile Has Left Your Eyes (2018) ဒီတစ်ခါတော့ ” ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ” ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ “The Smile Has Left Your Eyes” ဆိုတဲ့ Mystery Thriller အမျိုးအစားဇာတ်လမ်းလေး ဖြစ်ပါတယ်။ Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။ စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ထူးဆန်းတဲ့ အကျင့်စရိုက်ပိုင်ရိုင် ဂင်မူယုံနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ‌အေးတိအေးစက်နဲ့ လျိုဝှက်ချက်တွေ ပြည့်နေတဲ့ ဂင်မူယုံက ယူဂျင်ဂုရဲ့ ညီမလေး ယူဂျင်ဂန်နားကို ချဉ်းကပ်လာတဲ့ အခါမှာ‌‌တော့ ယူဂျင်ဂုဟာ ဂင်မူယုံဆီကနေ ညီမဖြစ်သူကို ကာကွယ်ဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ ဂင်မူယုံနဲ့ ယူဂျင်ဂန်မှာလည်း တူညီတဲ့ အပူလောင်ဒဏ်ရာအမာရွက်တွေ ရှိနေခဲ့တဲ့အပြင် သူတိုကိုယ်တိုင်တောင် မသိလိုက်ဘဲ သံယောဇဉ် ငြိတွယ်လာတဲ့အခါ သူတိုအချစ်ရေးက ချောမွေ့နိုင်ပါ့မလား? ဖုံးကွယ်ထားခဲ့တဲ့ သူတိုသုံးယောက်နဲ့ ပတ်သက်တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်လာပြီး ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ #TheSmileHasLeftYourEyes #blackhole

K-170 My Father Is Strange (2017)
K-170 My Father Is Strange (2017)

K-169 Playful Kiss (2010) လူကြီးမင်းတို့ဘဝမှာ ငယ်စဉ်က တိတ်တခိုးနဲ့ တဖက်သတ်ချစ်ခဲ့ရတဲ့ အချစ်ဦးကိုယ်စီရှိခဲ့ကြဖူးတယ်မလား….? ကဲ
K-169 Playful Kiss (2010) လူကြီးမင်းတို့ဘဝမှာ ငယ်စဉ်က တိတ်တခိုးနဲ့ တဖက်သတ်ချစ်ခဲ့ရတဲ့ အချစ်ဦးကိုယ်စီရှိခဲ့ကြဖူးတယ်မလား….? ကဲ ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကိုလည်း ငယ်ဘဝတုန်းက စောင်ကိုက်ပေါင်ရိုက်ပြီး အူးတယားယားနဲ့ကြည့်ပြီးတော့ Crush ကြီးနဲ့ စိတ်ကူးပင်လယ်အတွေးကြီးထဲ တဖြီးဖြီးနဲ့လက်ပစ်ကူးခဲ့ဖူးသေးတယ်မလား….? တော်တော်များများရဲ့ငယ်ဘဝမှာ အသည်းကျော်ပဲလှော်နာမည်ကြီးခဲ့တဲ့ ဒီဇာတ်ကားလေးကို အကုန်သိကြပြီးသားဆိုပေမဲ့ ဇာတ်လမ်းလေးကို ပြန်နွှေးပေးရရင်... “ဘဲ့ဆွန်းဂျို” ဆိုတာ ကျောင်းစာလည်းတော် ရုပ်လည်းချောသလို အားကစားမှာလည်း ထူးချွန်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီပေါ့…. ပျိုတိုင်းကြိုက်ကြတဲ့အထဲမှာမှ “အိုဟာနီ”ဆိုတဲ့ ရုပ်ကလည်း သာမန် ကျောင်းစာဆို ဘိတ်ချီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ကောင်မလေးကတော့ အသည်းအသန် ခဲမှန်သလို “ဆွန်းဂျို” ကို အချစ်နတ်သားတစ်ပါးအလား တက်မက်စွဲလမ်းချစ်ခင်နေမိတဲ့သူပါ…. တစ်ရက်တော့ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် “ဟာနီ”ဟာ “ဆွန်းဂျို” တို့အိမ်မှာသွားနေရတဲ့နောက် အချစ်နတ်သားလေးက ဘယ်လိုချစ်ကြိုးသွယ်လာမလဲဆိုတာကိုတော့ အသည်းတယားယားနဲ့ပဲ ဝင်ကြည့်လိုက်ကြပါတော့နော်...။ (ပိုင်ရှင်ရှိပြီးသားသူတွေကတော့ ရင်ခွင်ထဲတိုးဝင်ကြည့်ပြီး အူယားကြပေါ့ ပိုင်ဆိုင်မရှိတဲ့သူတွေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ…🙄) #PlayfulKiss #blackhole

K-168 Because This Is My First Life (2017) နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So
K-168 Because This Is My First Life (2017) နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So Min) ကတော့ နာမည်ကြီးထမင်းငတ်၊ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်ပါ။ အသက် ၃၀ အထိရည်းစားလည်းမထားဖူးတဲ့အပျိုကြီးပေါက်စ Yoon Ji Ho အနေနဲ့ အိမ်ကိုလည်း သေချာမထောက်ပံ့နိုင် အိမ်ထောင်ဖက်တွေ့ဖို့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အိမ်ပိုင်ရှိပြီး အလုပ်အကိုင်အတည်တကျရှိနေပေမယ့် အပေါင်ကြွေးခေါင်ခိုက်နေသူ Nam Se Hee (Kim Min Ki) ကတော့ အဖေဖြစ်သူဆီကနေ အိမ်ထောင်ပြုဖို့ အကြပ်ကိုင်တိုက်တွန်းခံနေရချိန်မှာ…… ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ထိုလူသားနှစ်ဦး ကြံကြံဖန်ဖန်ပေါင်းစည်းရဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းလေးက ပေါ့ပါးပေမယ့် ဆွဲဆောင်မှုရှိတဲ့အပြင် Healing Drama လည်းဆန်တဲ့အတွက် watch list ထဲထည့်သင့်တဲ့အကြောင်း recommend ပေးလိုက်ပါတယ်နော်……။ #BecauseThisIsMyFirstLife #blackhole

K-166 Alchemy of Souls (2022) S-1 ဒယ်ဟိုမြို့တော်က ကြီးမြတ်တဲ့ဂျန်မျိုးနွယ်မှာ မနှစ်မြို့စရာလျှို့ဝှက်ချက်နဲ့အတူ ဂျန်အူဂီကို
K-166 Alchemy of Souls (2022) S-1 ဒယ်ဟိုမြို့တော်က ကြီးမြတ်တဲ့ဂျန်မျိုးနွယ်မှာ မနှစ်မြို့စရာလျှို့ဝှက်ချက်နဲ့အတူ ဂျန်အူဂီကို မွေးဖွားခဲ့တယ်။ နောက်ကွယ်မှာတော့ တစ်မြို့လုံးက ဂျန်အူဂီနဲ့သူ့မိသားစုကိုမကောင်းပြောကြတာပေါ့။ ဖခင်ဖြစ်သူက သူ့အပေါ်မန္တန်နဲ့တားမြစ်ခဲ့တဲ့အတွက် အရွယ်ရောက်တဲ့အချိန်မှာတောင် မှော်ပညာကိုမသင်နိုင်လို့ ဂျန်အူဂီတစ်ယောက်ကတော့ ဒေါသပုံထပြီး သူ့စွမ်းအင်ကိုဖွင့်ပေးမဲ့ ဆရာကိုရှာဖို့ စိတ်အလိုဆန္ဒပြင်းထန်လိုချင်နေခဲ့ပါတယ်။ ဒီလိုအမြဲပြဿနာတွေနဲ့ ဒုက္ခပင်လယ်ဝေတဲ့ ဂျန်အူဂီတစ်ယောက် တစ်နေ့မှာတော့ မူဒေါ့ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့တယ်။ မူဒေါ့ကတော့ တစ်ချိန်က အရိပ် လူသတ်သမားဖြစ်ပေမဲ့ သူ့မရဲ့ ဝိညာဉ်က အားနည်းတဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး စွမ်းအင်တွေပျောက်ဆုံးနေရှာတယ်။ ဒီလိုနဲ့ မူဒေါ့က ဂျန်အူဂီရဲ့ အစေခံဖြစ်လာပြီး နောက်ကွယ်မှာ တိုက်ခိုက်ဖို့ လျှို့ဝှက်သင်ပေးခဲ့တယ်။ ဂျန်အူဂီကလည်း မူဒေါ့ကို သူ့စွမ်းအင်တွေကို ဖွင့်ပေးမဲ့ သူ အသည်းအသန်ရှာနေခဲ့ရတဲ့ဆရာပါဆိုပြီး သတ်မှတ်လိုက်တဲ့အခါ … သေဆုံးနေတဲ့ ဝိညာဉ်ကနေ ပြန်လည်ရှင်သန်လာတာကြောင့် ဆက်နွှယ်လာတဲ့ သူတို့နှစ်ဦးရဲ့ ကံကြမ္မာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့… ခံစားကြည့်ရှုကြပါဦး။ #AlchemyofSouls #blackhole

Wonderland (2024) တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကို video call ကနေ တစ်ဆင
Wonderland (2024) တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကို video call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ... ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကို AI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် ... #wonderland #blackhole

Repost from Voice (2025) S5
Illang: The Wolf Brigade (2018)
Illang: The Wolf Brigade (2018)