တရုတ်ဇာတ်လမ်းတွဲများ
📈 Telegram kanali တရုတ်ဇာတ်လမ်းတွဲများ analitikasi
တရုတ်ဇာတ်လမ်းတွဲများ (@blackholeongoing) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 49 818 obunachidan iborat bo'lib, Kino toifasida 5 597-o'rinni va Myanma mintaqasida 2 844-o'rinni egallagan.
📊 Auditoriya ko‘rsatkichlari va dinamika
невідомо sanasidan buyon loyiha tez o‘sib, 49 818 obunachiga ega bo‘ldi.
24 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 813 ga, so‘nggi 24 soatda esa 36 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.
- Tasdiqlash holati: Tasdiqlanmagan
- Jalb etish (ER): Auditoriya o‘rtacha 6.59% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.49% ini tashkil etuvchi reaksiyalarni to‘playdi.
- Post qamrovi: Har bir post o‘rtacha 3 281 marta ko‘riladi; birinchi sutkada odatda 741 ta ko‘rish yig‘iladi.
- Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 3 ta reaksiya keladi.
📝 Tavsif va kontent siyosati
Kanal uchun tavsif kiritilmagan.
Yuqori yangilanish chastotasi (oxirgi ma’lumot 25 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.
မူရင်း ဝတ္ထု "Blind" (盲目) ကို ရေးသားသူ Mu Yao Er Xun (慕遥而寻) ရဲ့ ဝတ္ထုကို ပြန်လည် ဆီလျော်အောင် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ ၂၀၀၂ ခုနှစ် နွေရာသီက တရုတ်နိုင်ငံ၊ တုံးကျန်းမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရေထိန်းသိမ်းရေးစီးမံကိန်းတွေရဲ့ ရေလှောင်လိုအပ်ချက်တွေကြောင့် မြစ်ကမ်းဘေးမြို့ငယ်လေးတစ်မြို့ဟာ ရေအောက်ရောက်တော့မဲ့ အနေအထားဖြစ်နေတယ်။ မြို့ကလူတွေက မြို့သစ်တည်ဖို့၊ ပြောင်းရွှေ့ဖို့လုပ်နေကြတဲ့ အချိန်... စုံစမ်းစစ်ဆေးမှုအရ သေဆုံးသွားတဲ့ ချစ်သူနဲ့ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတဲ့ ခင်ပွန်းအကြောင်းကို အဓိကထားပြီး အဲဒီခင်ပွန်းဖြစ်သူကပဲ "လူသတ်သမား" လည်း ဖြစ်သလို "သေဆုံးသူ" လည်း ဖြစ်နေတယ်။ ရဲတွေက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုကို ဖော်ထုတ်ရင်း လူ့သဘာဝရဲ့ ရှုပ်ထွေးနက်နဲမှုတွေကို မြင်လာရမှာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ လူတစ်ဦးဟာ ဘယ်လိုကြောင့် လူသတ်သမားဖြစ်လာရသလဲ... လိမ်ညာမှုတွေကို နောက်ထပ် ဘယ်လိုလိမ်ညာမှုတွေနဲ့ ဖုံးကွယ်မလဲ... လှည့်စားမှုတွေကို နောက်ထပ် ဘယ်လိုလှည့်စားမှုတွေနဲ့ ချေဖျက်မလဲ... ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်လို သံသရာကို ဖန်တီးနေတဲ့သူက မျက်မမြင်တစ်ဦးဖြစ်နေပါတယ်။ ဒီဇာတ်လမ်းအရ ကျွန်မတို့မမြင်နိုင်တဲ့ လှည့်စားမှုတွေဆိုတာ ကျွန်မတို့ဘေးနားမှာ အချိန်တိုင်းရှိနေလိမ့်မယ်တဲ့။ ဒီဖော်ပြချက်အရ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ နက်နဲတဲ့၊ လူ့စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို ထင်ဟပ်ပြမယ့် Thriller ကြိုက်သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။#Beloved #chineseseries #ongoing #mmsub #blackhole
Journey of Flower ဇာတ်ကားထဲက မင်းသားကြီး Wallace Huo နဲ့ ဟောင်ကောင်နာမည်ကြီး အက်ရှင်မင်းသား Bosco Wong တို့ အပြိုင်ကြမ်းမဲ့ ဇာတ်ကားလေး ဇာတ်လမ်းအကျဉ်း မူးယစ်တိုက်ဖျက်ရေးရဲအရာရှိတစ်ဦးဖြစ်တဲ့ ဟန်ရွှိဟာ အရေးကြီးအမှုတစ်ခုလိုက်နေတုန်းမှာ ရုတ်တရက်မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့တဲ့အပြင် မှူခင်းရဲတစ်ယောက်လည်း လက်သည်မပေါ် အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့ဟန်ရွှိတစ်ယောက် ဘယ်ဟာကအမှန် ဘယ်ဟာက အမှားလို့ ဝေခွဲမရဖြစ်နေချိန်မှာပဲ အထူးရဲတပ်ဖွဲ့ဘက်ကပါ သူ့ကို သံယသရှိဖွယ်စပိုင်လို့ ထင်မြင်လာကြပါတော့တယ် ဒီလိုနဲ့ နောက်ပိုင်းမှာ သိလာခဲ့ရတာကတော့ သူ့မှာ သာမန်ထက်အလွန်အားကောင်းတဲ့ မှတ်ဉာဏ်ရှိနေတယ်ဆိုတာပါပဲ အမှုတစ်ခုရဲ့သဲလွန်စကလေးတွေကနေ အဖြစ်မှန်ကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိနေသောအခါ ......... သာမန်ထက်ထူးခြားတဲ့ ဇာတ်အိမ်နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ပါ၀င်အားဖြည့်ထားမှုကြောင့် 2025 ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ်#HideGames #chineseseries #ongoing #mmsub #blackhole
စစ်ပွဲတွေကြောင့် မတည်ငြိမ်တဲ့ တိုင်းပြည်အခြေအနေမှာ ကံကြမ္မာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နဲ့ မင်းသားတစ်ပါးကိုဆုံစည်းစေခဲ့ပါတယ်။ Duan Jiang ဟာ သတ်ဖြတ်ဖို့ စွမ်းရည်တွေအပြည့်နဲ့ ပျိုးထောင်ခံလာရတဲ့ သူတစ်ယောက်ပါ။ တစ်ဖက်မှာတော့ Xiao Shu He ဟာ ထီးနန်းကိုဆက်ခံဖို့အလားအလာရှိတဲ့ အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ပါတယ်။ တစ်နေ့မှာတော့ Duan Jiang ရဲ့အသက်ကို မင်းသား Shu He က ကယ်တင်ပြီးနောက်မှာတော့ သူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါပေမဲ့ အချစ်ခရီးလမ်းဆိုတာ အမြဲဖြောင့်ဖြူးမနေပါဘူး။ အိမ်ရှေ့စံမင်းသား Shu He ကို ကာကွယ်ဖို့အတွက် Duan Jiang ဟာ ရုတ်တရက်ပျောက်ကွယ်သွားပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာ သူပြန်ရောက်လာခဲ့ပေမဲ့ Duan Jiang ဟာ အရင်က Shu He သိခဲ့တဲ့ Duan Jiang မဟုတ်တော့ဘဲ စစ်သည်တွေကို ဦးဆောင်လာတဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ချစ်ခဲ့ကြတဲ့သူနှစ်ဦးဟာ အခုအချိန်မှာတော့ စည်းရဲ့တစ်ဖက်တစ်ချက်စီမှာ ရပ်နေကြတဲ့ ရန်သူတွေဖြစ်လာကြပါတယ်။ တာဝန်တွေ၊ ဝတ္တရားတွေနဲ့ တိုင်းပြည်အရေးကို ကိုယ်စီထမ်းပိုးထားကြတဲ့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။#KillToLove #chineseseries #ongoing #mmsub #BL #blackhole
ဒီတစ်ခါတင်ဆက်ပေးမဲ့ အချစ်အမုန်းခံစားချက်တွေနဲ့ romanceဆန်ဆန် ဇာတ်လမ်းလေးမှာဆိုရင်တော့ တောင်ပေါ်မှာ နှစ်ပေါင်း၅၀၀လောက် ချိပ်ပိတ်ခံထားခဲ့ရတဲ့ GengChenမသေမျိုးနန်းတော်ရဲ့အရှင်သခင် Sima Jiaoဟာ မသေမျိုးကျင့်ကြံခြင်းလောကကို မတော်တဆရောက်လာတဲ့ Liao Tingyanနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ Liao Tingyan ဟာ Sima Jiaoကို တဖြည်းဖြည်းချင်း ကောင်းတဲ့သူအဖြစ် တစ်ဆင့်ချင်းပြောင်းလဲဖို့အတွက် လမ်းညွှန်ပေးခဲ့တယ်။ အဲဒီလိုဖြစ်စဉ်တစ်ခုလုံးမှာ Sima Jiaoနဲ့ Liao Tingyanတို့ဟာ ခံစားချက်တွေဖြစ်ပေါ်လာပြီး မသေမျိုးလောက နတ်ဆိုးလောကနဲ့ သေမျိုးလူသားလောက ဘဝသုံးခုမှာ အချစ် အမုန်း ခံစားချက်တွေနဲ့ သုံးဘဝဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က သူတို့ရဲ့ချစ်ရသူတွေကိုကာကွယ်ဖို့နဲ့ လောကသုံးခုရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ရွေးချယ်ခဲ့ကြတယ်။ သူ့ရဲ့ကမ္ဘာကြီးမှာ သတ်မလား အသတ်ခံမလားဆိုတဲ့ ရွေးချယ်စရာနှစ်မျိုးပဲရှိတဲ့ Sima Jiao..... သတ်ဖြတ်တာက သူ့အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ဘူးဆိုတဲ့ Liao Tingyan..... သူတို့နှစ်ယောက်ကြားက အချစ်အမုန်းရောထွေးနေတဲ့ဆက်ဆံရေးနဲ့ နှစ်ယောက်သား အချင်းချင်းကာကွယ်ပြီး လောကသုံးခုကိုရော ငြိမ်းချမ်းအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ တင်ဆက်ပေးမှာမလို့ စောင့်မျှော်ပေးကြပါဦးရှင်။#WhenDestinyBringsTheDemon #chineseseries #ongoing #mmsub #blackhole
စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေကြတဲ့ လူငယ်တစ်စု.. အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလူငယ်တစ်စုရဲ့ ရင်ထဲမှာ တိုင်းပြည်နဲ့ မိသားစုအတွက် သစ္စာရှိခြင်းနဲ့ ကာကွယ်လိုစိတ်တွေ ပြင်းပြလို့နေပါတယ်..။ တိုင်းပြည်နဲ့ လူမျိုးအတွက် အချင်းချင်း ကူညီကြရင်း နောက်ဆုံးမှာ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်အစစ်အမှန်၊ သစ္စာရှိခြင်းရဲ့ အဓိပ္ပါယ်တွေကို အတူတူရှာဖွေဖော်ထုတ်လာနိုင်ကြသောအခါ..။ E Shun, Ching Ying Biao, Jiang Wen Huan, XinJia, Gu Xi နဲ့ A Si တို့ ဘဝမှာ ဘာတွေ ဆက်တွေ ကြုံတွေ့လာရမလဲ..။သူတို့ရှာဖွေတွေ့ရှိကြမဲ့ တကယ့်ဘဝရဲ့ အနှစ်သာရကရော ဘယ်လိုမျိုးလဲဆိုတာကို.... သုံးဖက်မြင်ခံစားချက်တွေ ဇာတ်လမ်းအချိုးအကွေ့ပေါင်းများစွာနဲ့ Soulers လေးတွေရဲ့ ရင်ထဲတဖန်ရောက်ရှိလာမဲ့ ကားလေးပါပဲနော် ♥️#TheDauntlessYouths #chineseseries #ongoing #mmsub #blackhole
"လူကြီးမင်းSheng ခင်ဗျားကိုယ်ဝန်လွယ်ထားရပြီ" "ကိုယ်ဝန်တဲ့လား ခင်ဗျားတို့ဆေးရုံရဲ့အနာဂတ်ကတော့ စိုးရိမ်စရာပဲ ကျွန်တော်ကAlphaလေ ဘယ်လိုလုပ်ကိုယ်ဝန်ရနိုင်မှာလဲ" ABO Worldကို ခုံမင်တဲ့ပရိသတ်ကြီးအတွက် ကျုံးကော်ပြည်ရဲ့ပထမဆုံးOmegaverse seriesဖြစ်တဲ့အပြင် အာရှရဲ့ပထမဆုံးMale-pregnant seriesလည်းဖြစ်တဲ့ "ABO Desire"လေးကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ Author Nong Jianရဲ့垂涎ဆိုတဲ့ ဝတ္ထုလေးကို LAအနေနဲ့ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Omegaအယောင်ဆောင်ထားတဲ့ လျှို့ဝှက်ချက်များစွာနဲ့ Engimaအလှလေး Yong Huaဟာ မာနကြီးထောင်လွှားတတ်ပြီး အိုမီဂါလေးတွေကို ပတ်ပလေးနေတဲ့ S level Alphaဖြစ်သူ စားဘဲကြီး Sawyer Shengကိုမှ သဘောကျနှစ်ခြိုက်သွားတဲ့အခါ...... Omegaတွေကိုဆို အနံ့ကအစ ခါးခါးသီးသီးမုန်းတဲ့ Shen Wenlangကို အလယ်တန်းကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရပေမဲ့ Omegaတွေကိုမုန်းတဲ့ချစ်ရသူကြောင့် Betaယောင်ဆောင်ပြီး Shen Wen Langရဲ့လက်ထောက်လေးအနေနဲ့ အလုပ်လုပ်နေရရှာတဲ့Gao Tu..... ပိရမစ်လိုသားရဲလောကကြီးရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အင်အားကြီးမျိုးနွယ်တွေရဲ့ လောဘ ဒေါသ ရမ္မက်တိုက်ပွဲများကြားမှာ အလှလေးYong Huaက စားဘဲကြီးSheng Shao Yoကို ဘယ်လိုများအကောက်ကြံသိမ်းပိုက်သွားမလဲ.......။ ABO Worldကိုအခြေခံတဲ့ ဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း အသားလေးစားရင်း ကားလေးစီးရင်း ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ ABO Desireဟာ ထွက်ရှိလို့လာခဲ့ပါပြီ။ ဒီလူသားလေးဦးကြားမှာ ပေါက်ပွားလာမဲ့ချစ်ခြင်းနှစ်ခုနဲ့အတူ ဇာတ်လမ်းရဲ့အလှည့်အပြောင်းတွေကို နားလည်နိုင်ဖို့ အကောင်းဆုံး တင်ဆက်ပေးသွားတော့မဲ့ ဒီဇာတ်လမ်းလေးကို မလွတ်တမ်းကြည့်ရှုလိုက်ကြရအောင်လားနော်။#ABODesire #chineseseries #ongoing #mmsub #blackhole
ဒီတစ်ခေါက်ကတော့ Main Role နေရာမှာ Xu Kai ရယ် Tian Xi Wei တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ Romance, Wuxia, Fantasy အမျိုးအစား Moonlit Reunion ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ... မိဖုရားခေါင်ကြီးရဲ့ ညီမလည်းဖြစ်သလို ဟယ်နန်နယ်စားမင်းရဲ့ သမီးလည်းဖြစ်တဲ့ - Wu Zhen သူဟာ ငယ်စဥ်ဘဝကတည်းကနေလို့ ပိုးမွေးသလိုအမွေးခံခဲ့ရသူပီပီ လွတ်လပ်ပေါ့ပါးသူဖြစ်ပြီး အမူအကျင့်တွေဟာလည်းကွဲပြားတာကြောင့် တစ်ခါတလေယောက်ျားလေးအဆင်ဝတ်ဆင်ပြီး တခြားသောအထက်တန်းလွှာကအပေါင်းအသင်းတွေကိုခေါ်ကာ Lefang ဆောင်ကြာမြိုင်မှာ သွားရောက်ပျော်ပါးလေ့ရှိပါတယ်။ ဒီလိုတွေကြောင့်ပဲ Wu Zhen တစ်ယောက် ချန်အန်းမြို့မှာ ဟိတ်ဟန်ကြီးလွန်းတဲ့သခင်လေးဆိုတဲ့ဂုဏ်ပုဒ်ဆိုးလေးနဲ့ နာမည်ကျော်ကြားလာပါတော့တယ် သို့ပေမဲ့လည်း သူဟာကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိခဲ့ပြီး တစ်ရက် အဆောင်ပေါ်ကပြုတ်ကျတဲ့အချိန်မှာ ကြောင်မိစ္ဆာတစ်ကောင်ရဲ့ကယ်တင်ခြင်းကိုခံရပြီး အဲဒီကြောင်မိစ္ဆာရဲ့တန်ခိုးတွေကိုအမွေခံရရှိသူဖြစ်ခဲ့ပါတယ် Mei Zhu Yu သူကတော့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ရဲ့ တူဖြစ်ပြီး Wu Zhenလိုမျိုးပဲ ကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့သူပါ... ဒီအစွမ်းကြောင့်ပဲ နတ်ဆရာဘုံကျောင်းကို ကျင့်ကြံဖို့ရာပို့ဆောင်ခံခဲ့ရပါတယ်... ပင်ကိုအထုံပါရမီထူးလွန်းတာကြောင့် သူဟာ ဘုံကျောင်းရဲ့အတော်ဆုံးနတ်ဆရာတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပြီး ဝိညာဥ်စွမ်းအားကိုပါဖုံးကွယ်ထားနိုင်စွမ်းရှိခဲ့ပါတယ် ဇာတ်လမ်းဇာတ်ကွက်ဆန်းတွေနဲ့ Main Lead နှစ်ယောက် အတွဲညီညီ ဘယ်လိုခေါ်ဆောင်သွားမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်#MoonlitReunion #chineseseries #ongoimg #mmsub #blackhole
အမျိုးသမီးစစ်သူကြီးနဲ့ရန်သူ့တိုင်းပြည်ကမင်းသားတို့ရဲ့ဆူးငြောင့်ကြားကချစ်မေတ္တာကိုဖော်ကြူးထားတဲ့ကားလေးလာပါပြီရှင့် 🪄 ဇာတ်လမ်းအကျဉ်း 📝 ရဲရင့်သတ္တိနဲ့ပြည့်စုံတဲ့ Taijin ရဲ့အမျိုးသမီးစစ်သူကြီး Li Shuang, ပုန်းခိုနေတဲ့သူလျှိုကိုတစ်လအတွင်းရှာဖွေဖမ်းမိဖို့အမိန့်လက်ခံရရှိထားတယ်.... တစ်နေ့မှာတော့ Li Shuang တစ်ယောက်မထင်မှတ်ဘဲဒဏ်ရာအပြင်းအထန်ရနေပြီးအတိတ်မေ့နေတဲ့အမျိုးသားတစ်ဦးကိုကယ်တင်ပြီးတော့စစ်တပ်ကိုပြန်ခေါ်လာခဲ့တယ်... အမျိုးသားက Li Shuang ကိုသူ့ကိုလက်ခံပေးဖို့တောင်းဆိုခဲ့ပြီးသူ(မ)နဲ့အတူတိုက်ပွဲ၀င်ခဲ့တယ်... အတိတ်မေ့နေတာကြောင့် Li Shuang ကသူ့ကို Jin An လို့နာမည်ပေးခဲ့တယ် ... Taijin နိုင်ငံတော်အဓွန့်ရှည်တည်တံ့ပါစေဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့... သူတို့နှစ်ယောက်အတူတူကြိုးစားပြီးသူလျှိုကိုရှာဖွေနေချိန်မှာအသစ်တက်လာတဲ့တပ်မှူးနဲ့အိမ်နီးချင်းနိုင်ငံ Da Yao ရဲ့တိုက်ခိုက်မှုပြဿနာတွေကိုတွေ့ကြုံခဲ့ရတယ်... Jin An တစ်ယောက်သူ့ရဲ့ဖြတ်ထိုးဉာဏ်ကိုအသုံးပြုပြီး Li Shuang နဲ့အတူအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ကြတယ် ... နှစ်ဦးကြားမှာလည်းအချစ်မီးပွားလေးတွေတောက်လောင်စပြုလာတယ်... ဒီအချိန်မှာ Jin An ကိုယ့်ရဲ့ဘ၀မှန်ကိုတဖြည်းဖြည်းပြန်မှတ်မိလာတယ်... သူ့ရဲ့သရုပ်မှန်ကတကယ်တမ်းတော့ Da Yao ကမင်းသား... နှစ်ဖက်နိုင်ငံစစ်မက်ဖြစ်ပွားတဲ့အချိန်မှာသူတို့နှစ်ယောက်ဓားကိုင်ပြီးမတိုက်လို့မရခဲ့ဘူး... စစ်ပွဲတွေကိုမုန်းတီးနေတဲ့သူတို့နှစ်ယောက်လက်တွဲပြီးနှစ်နိုင်ငံကြားရန်ငြိုးတွေကိုဖြေရှင်းကာပြည်သူတွေကိုအေးချမ်းသာယာတဲ့ဘ၀ပေးဖို့ဆုံးဖြတ်ချက်ခဲ့တယ်....#ShadowLove #chineseseries #ongoing #mmsub #blackhole
ဆန့်ကျင်ဘက်နှစ်ခုဖြစ်တဲ့ သည်းထိတ်ရင်ဖိုခံစားချက်နဲ့ နူးညံ့သိမ်မွေ့တဲ့ချစ်ခြင်းမေတ္တာ ကို စိတ်ဝင်စားဖွယ်ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ် ✉️ဇာတ်လမ်းအညွှန်း ✉️ "ဒီအဆုံးအစမရှိတဲ့နာကျင်မှုငရဲတွင်းကနေ မင်း လွတ်မြောက်နိုင်ဖို့ ကူညီပေးချင်ခဲ့တာ ဒါပေမဲ့ မမျှော်လင့်ဘဲ နောက်ထပ် ပြန်လမ်းမရှိတဲ့ချောက်နက်ထဲကို တွန်းပို့မိသလိုဖြစ်သွားတယ်..." ချစ်ရသူအတွက် အတိတ် ပစ္စုပ္ပန် အနာဂတ် ဆိုတဲ့ သံသရာဝဲဂယက်ကြားက လူငယ်လေးတစ်ယောက်ရဲ့ကံကြမ္မာကိုအန်တုမဲ့ပြိုင်ပွဲလေးဟာ စာတိုက်ပုံးလေး တစ်ခုကနေစတင်ခဲ့ပါတယ် သာမန်ဇာတ်အိမ်တွေနဲ့မတူဘဲ အချိန်နှစ်ခုကိုဖန်တီးထားပြီး အချိန်နဲ့ စက်ယန္တရား ဆက်သွယ်မိသွားတဲ့အချိန်မှာ ကြိုတင်မှန်းဆလို့မရနိုင်တဲ့ ရာသီဥတုနဲ့ စွန့်ပစ်ခံကျောင်းခန်းလေးထဲက ကျောက်သင်ပုန်းကနေ ဖွင့်ပြီး အချိန်နှစ်ခုကို ချိတ်ဆက်ပေးလိုက်သာအခါ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတဲ့ သူ့ရဲ့ချစ်သူနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အချိန်တွေကို ရင်ဆိုင်လာရတဲ့အခါ မင်းသားကို ရှုပ်ထွေးပြီးဖြေရှင်းရခက်တဲ့ ပဟေဠိတွေဖြစ်လာစေခဲ့တယ် ဒီလိုဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ဘယ်လိုစုံစမ်းပြီး အမှန်တရားကိုရှာဖွေသွားမလဲ ပျောက်သွားတဲ့ သူ့ရဲ့ချစ်သူကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကို စောင့်ကြည့်အားပေးကြပါဦးရှင့်#TwelveLetters #chineseseries #ongoing #mmsub #blackhole
မူရင်း ဝတ္ထု "Blind" (盲目) ကို ရေးသားသူ Mu Yao Er Xun (慕遥而寻) ရဲ့ ဝတ္ထုကို ပြန်လည် ဆီလျော်အောင် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ ၂၀၀၂ ခုနှစ် နွေရာသီက တရုတ်နိုင်ငံ၊ တုံးကျန်းမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရေထိန်းသိမ်းရေးစီးမံကိန်းတွေရဲ့ ရေလှောင်လိုအပ်ချက်တွေကြောင့် မြစ်ကမ်းဘေးမြို့ငယ်လေးတစ်မြို့ဟာ ရေအောက်ရောက်တော့မဲ့ အနေအထားဖြစ်နေတယ်။ မြို့ကလူတွေက မြို့သစ်တည်ဖို့၊ ပြောင်းရွှေ့ဖို့လုပ်နေကြတဲ့ အချိန်... စုံစမ်းစစ်ဆေးမှုအရ သေဆုံးသွားတဲ့ ချစ်သူနဲ့ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတဲ့ ခင်ပွန်းအကြောင်းကို အဓိကထားပြီး အဲဒီခင်ပွန်းဖြစ်သူကပဲ "လူသတ်သမား" လည်း ဖြစ်သလို "သေဆုံးသူ" လည်း ဖြစ်နေတယ်။ ရဲတွေက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုကို ဖော်ထုတ်ရင်း လူ့သဘာဝရဲ့ ရှုပ်ထွေးနက်နဲမှုတွေကို မြင်လာရမှာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ လူတစ်ဦးဟာ ဘယ်လိုကြောင့် လူသတ်သမားဖြစ်လာရသလဲ... လိမ်ညာမှုတွေကို နောက်ထပ် ဘယ်လိုလိမ်ညာမှုတွေနဲ့ ဖုံးကွယ်မလဲ... လှည့်စားမှုတွေကို နောက်ထပ် ဘယ်လိုလှည့်စားမှုတွေနဲ့ ချေဖျက်မလဲ... ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်လို သံသရာကို ဖန်တီးနေတဲ့သူက မျက်မမြင်တစ်ဦးဖြစ်နေပါတယ်။ ဒီဇာတ်လမ်းအရ ကျွန်မတို့မမြင်နိုင်တဲ့ လှည့်စားမှုတွေဆိုတာ ကျွန်မတို့ဘေးနားမှာ အချိန်တိုင်းရှိနေလိမ့်မယ်တဲ့။ ဒီဖော်ပြချက်အရ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ နက်နဲတဲ့၊ လူ့စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို ထင်ဟပ်ပြမယ့် Thriller ကြိုက်သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။#Beloved #chineseseries #ongoing #mmsub #blackhole
ဒီတစ်ခါတင်ဆက်ပေးမဲ့ အချစ်အမုန်းခံစားချက်တွေနဲ့ romanceဆန်ဆန် ဇာတ်လမ်းလေးမှာဆိုရင်တော့ တောင်ပေါ်မှာ နှစ်ပေါင်း၅၀၀လောက် ချိပ်ပိတ်ခံထားခဲ့ရတဲ့ GengChenမသေမျိုးနန်းတော်ရဲ့အရှင်သခင် Sima Jiaoဟာ မသေမျိုးကျင့်ကြံခြင်းလောကကို မတော်တဆရောက်လာတဲ့ Liao Tingyanနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ Liao Tingyan ဟာ Sima Jiaoကို တဖြည်းဖြည်းချင်း ကောင်းတဲ့သူအဖြစ် တစ်ဆင့်ချင်းပြောင်းလဲဖို့အတွက် လမ်းညွှန်ပေးခဲ့တယ်။ အဲဒီလိုဖြစ်စဉ်တစ်ခုလုံးမှာ Sima Jiaoနဲ့ Liao Tingyanတို့ဟာ ခံစားချက်တွေဖြစ်ပေါ်လာပြီး မသေမျိုးလောက နတ်ဆိုးလောကနဲ့ သေမျိုးလူသားလောက ဘဝသုံးခုမှာ အချစ် အမုန်း ခံစားချက်တွေနဲ့ သုံးဘဝဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က သူတို့ရဲ့ချစ်ရသူတွေကိုကာကွယ်ဖို့နဲ့ လောကသုံးခုရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ရွေးချယ်ခဲ့ကြတယ်။ သူ့ရဲ့ကမ္ဘာကြီးမှာ သတ်မလား အသတ်ခံမလားဆိုတဲ့ ရွေးချယ်စရာနှစ်မျိုးပဲရှိတဲ့ Sima Jiao..... သတ်ဖြတ်တာက သူ့အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ဘူးဆိုတဲ့ Liao Tingyan..... သူတို့နှစ်ယောက်ကြားက အချစ်အမုန်းရောထွေးနေတဲ့ဆက်ဆံရေးနဲ့ နှစ်ယောက်သား အချင်းချင်းကာကွယ်ပြီး လောကသုံးခုကိုရော ငြိမ်းချမ်းအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ တင်ဆက်ပေးမှာမလို့ စောင့်မျှော်ပေးကြပါဦးရှင်။#WhenDestinyBringsTheDemon #chineseseries #ongoing #mmsub #blackhole
Journey of Flower ဇာတ်ကားထဲက မင်းသားကြီး Wallace Huo နဲ့ ဟောင်ကောင်နာမည်ကြီး အက်ရှင်မင်းသား Bosco Wong တို့ အပြိုင်ကြမ်းမဲ့ ဇာတ်ကားလေး ဇာတ်လမ်းအကျဉ်း မူးယစ်တိုက်ဖျက်ရေးရဲအရာရှိတစ်ဦးဖြစ်တဲ့ ဟန်ရွှိဟာ အရေးကြီးအမှုတစ်ခုလိုက်နေတုန်းမှာ ရုတ်တရက်မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့တဲ့အပြင် မှူခင်းရဲတစ်ယောက်လည်း လက်သည်မပေါ် အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့ဟန်ရွှိတစ်ယောက် ဘယ်ဟာကအမှန် ဘယ်ဟာက အမှားလို့ ဝေခွဲမရဖြစ်နေချိန်မှာပဲ အထူးရဲတပ်ဖွဲ့ဘက်ကပါ သူ့ကို သံယသရှိဖွယ်စပိုင်လို့ ထင်မြင်လာကြပါတော့တယ် ဒီလိုနဲ့ နောက်ပိုင်းမှာ သိလာခဲ့ရတာကတော့ သူ့မှာ သာမန်ထက်အလွန်အားကောင်းတဲ့ မှတ်ဉာဏ်ရှိနေတယ်ဆိုတာပါပဲ အမှုတစ်ခုရဲ့သဲလွန်စကလေးတွေကနေ အဖြစ်မှန်ကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိနေသောအခါ ......... သာမန်ထက်ထူးခြားတဲ့ ဇာတ်အိမ်နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ပါ၀င်အားဖြည့်ထားမှုကြောင့် 2025 ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ်#HideGames #chineseseries #ongoing #mmsub #blackhole
အမျိုးသမီးစစ်သူကြီးနဲ့ရန်သူ့တိုင်းပြည်ကမင်းသားတို့ရဲ့ဆူးငြောင့်ကြားကချစ်မေတ္တာကိုဖော်ကြူးထားတဲ့ကားလေးလာပါပြီရှင့် 🪄 ဇာတ်လမ်းအကျဉ်း 📝 ရဲရင့်သတ္တိနဲ့ပြည့်စုံတဲ့ Taijin ရဲ့အမျိုးသမီးစစ်သူကြီး Li Shuang, ပုန်းခိုနေတဲ့သူလျှိုကိုတစ်လအတွင်းရှာဖွေဖမ်းမိဖို့အမိန့်လက်ခံရရှိထားတယ်.... တစ်နေ့မှာတော့ Li Shuang တစ်ယောက်မထင်မှတ်ဘဲဒဏ်ရာအပြင်းအထန်ရနေပြီးအတိတ်မေ့နေတဲ့အမျိုးသားတစ်ဦးကိုကယ်တင်ပြီးတော့စစ်တပ်ကိုပြန်ခေါ်လာခဲ့တယ်... အမျိုးသားက Li Shuang ကိုသူ့ကိုလက်ခံပေးဖို့တောင်းဆိုခဲ့ပြီးသူ(မ)နဲ့အတူတိုက်ပွဲ၀င်ခဲ့တယ်... အတိတ်မေ့နေတာကြောင့် Li Shuang ကသူ့ကို Jin An လို့နာမည်ပေးခဲ့တယ် ... Taijin နိုင်ငံတော်အဓွန့်ရှည်တည်တံ့ပါစေဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့... သူတို့နှစ်ယောက်အတူတူကြိုးစားပြီးသူလျှိုကိုရှာဖွေနေချိန်မှာအသစ်တက်လာတဲ့တပ်မှူးနဲ့အိမ်နီးချင်းနိုင်ငံ Da Yao ရဲ့တိုက်ခိုက်မှုပြဿနာတွေကိုတွေ့ကြုံခဲ့ရတယ်... Jin An တစ်ယောက်သူ့ရဲ့ဖြတ်ထိုးဉာဏ်ကိုအသုံးပြုပြီး Li Shuang နဲ့အတူအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ကြတယ် ... နှစ်ဦးကြားမှာလည်းအချစ်မီးပွားလေးတွေတောက်လောင်စပြုလာတယ်... ဒီအချိန်မှာ Jin An ကိုယ့်ရဲ့ဘ၀မှန်ကိုတဖြည်းဖြည်းပြန်မှတ်မိလာတယ်... သူ့ရဲ့သရုပ်မှန်ကတကယ်တမ်းတော့ Da Yao ကမင်းသား... နှစ်ဖက်နိုင်ငံစစ်မက်ဖြစ်ပွားတဲ့အချိန်မှာသူတို့နှစ်ယောက်ဓားကိုင်ပြီးမတိုက်လို့မရခဲ့ဘူး... စစ်ပွဲတွေကိုမုန်းတီးနေတဲ့သူတို့နှစ်ယောက်လက်တွဲပြီးနှစ်နိုင်ငံကြားရန်ငြိုးတွေကိုဖြေရှင်းကာပြည်သူတွေကိုအေးချမ်းသာယာတဲ့ဘ၀ပေးဖို့ဆုံးဖြတ်ချက်ခဲ့တယ်....#ShadowLove #chineseseries #ongoing #mmsub #blackhole
ဒီတစ်ခေါက်ကတော့ Main Role နေရာမှာ Xu Kai ရယ် Tian Xi Wei တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ Romance, Wuxia, Fantasy အမျိုးအစား Moonlit Reunion ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ... မိဖုရားခေါင်ကြီးရဲ့ ညီမလည်းဖြစ်သလို ဟယ်နန်နယ်စားမင်းရဲ့ သမီးလည်းဖြစ်တဲ့ - Wu Zhen သူဟာ ငယ်စဥ်ဘဝကတည်းကနေလို့ ပိုးမွေးသလိုအမွေးခံခဲ့ရသူပီပီ လွတ်လပ်ပေါ့ပါးသူဖြစ်ပြီး အမူအကျင့်တွေဟာလည်းကွဲပြားတာကြောင့် တစ်ခါတလေယောက်ျားလေးအဆင်ဝတ်ဆင်ပြီး တခြားသောအထက်တန်းလွှာကအပေါင်းအသင်းတွေကိုခေါ်ကာ Lefang ဆောင်ကြာမြိုင်မှာ သွားရောက်ပျော်ပါးလေ့ရှိပါတယ်။ ဒီလိုတွေကြောင့်ပဲ Wu Zhen တစ်ယောက် ချန်အန်းမြို့မှာ ဟိတ်ဟန်ကြီးလွန်းတဲ့သခင်လေးဆိုတဲ့ဂုဏ်ပုဒ်ဆိုးလေးနဲ့ နာမည်ကျော်ကြားလာပါတော့တယ် သို့ပေမဲ့လည်း သူဟာကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိခဲ့ပြီး တစ်ရက် အဆောင်ပေါ်ကပြုတ်ကျတဲ့အချိန်မှာ ကြောင်မိစ္ဆာတစ်ကောင်ရဲ့ကယ်တင်ခြင်းကိုခံရပြီး အဲဒီကြောင်မိစ္ဆာရဲ့တန်ခိုးတွေကိုအမွေခံရရှိသူဖြစ်ခဲ့ပါတယ် Mei Zhu Yu သူကတော့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ရဲ့ တူဖြစ်ပြီး Wu Zhenလိုမျိုးပဲ ကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့သူပါ... ဒီအစွမ်းကြောင့်ပဲ နတ်ဆရာဘုံကျောင်းကို ကျင့်ကြံဖို့ရာပို့ဆောင်ခံခဲ့ရပါတယ်... ပင်ကိုအထုံပါရမီထူးလွန်းတာကြောင့် သူဟာ ဘုံကျောင်းရဲ့အတော်ဆုံးနတ်ဆရာတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပြီး ဝိညာဥ်စွမ်းအားကိုပါဖုံးကွယ်ထားနိုင်စွမ်းရှိခဲ့ပါတယ် ဇာတ်လမ်းဇာတ်ကွက်ဆန်းတွေနဲ့ Main Lead နှစ်ယောက် အတွဲညီညီ ဘယ်လိုခေါ်ဆောင်သွားမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်#MoonlitReunion #chineseseries #ongoimg #mmsub #blackhole
စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေကြတဲ့ လူငယ်တစ်စု.. အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလူငယ်တစ်စုရဲ့ ရင်ထဲမှာ တိုင်းပြည်နဲ့ မိသားစုအတွက် သစ္စာရှိခြင်းနဲ့ ကာကွယ်လိုစိတ်တွေ ပြင်းပြလို့နေပါတယ်..။ တိုင်းပြည်နဲ့ လူမျိုးအတွက် အချင်းချင်း ကူညီကြရင်း နောက်ဆုံးမှာ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်အစစ်အမှန်၊ သစ္စာရှိခြင်းရဲ့ အဓိပ္ပါယ်တွေကို အတူတူရှာဖွေဖော်ထုတ်လာနိုင်ကြသောအခါ..။ E Shun, Ching Ying Biao, Jiang Wen Huan, XinJia, Gu Xi နဲ့ A Si တို့ ဘဝမှာ ဘာတွေ ဆက်တွေ ကြုံတွေ့လာရမလဲ..။သူတို့ရှာဖွေတွေ့ရှိကြမဲ့ တကယ့်ဘဝရဲ့ အနှစ်သာရကရော ဘယ်လိုမျိုးလဲဆိုတာကို.... သုံးဖက်မြင်ခံစားချက်တွေ ဇာတ်လမ်းအချိုးအကွေ့ပေါင်းများစွာနဲ့ Soulers လေးတွေရဲ့ ရင်ထဲတဖန်ရောက်ရှိလာမဲ့ ကားလေးပါပဲနော် ♥️#TheDauntlessYouths #chineseseries #ongoing #mmsub #blackhole
“အချိန်တွေ ပြောင်းရင်း ရက်တွေဖြစ်လာ🍃 ရက်တွေ ပြောင်းရင်း လတွေဖြစ်လာ🍃 လတွေ ပြောင်းရင်း နှစ်တွေဖြစ်လာပြီးနောက်🍃 တစ်ချိန်ချိန် အနာဂတ်မှာတော့ လောကကြီးဟာ သာယာငြိမ်းချမ်းပြီး🍃 နန်းတော်တခွင် မွှေးရနံ့တွေနဲ့ပဲပြည့်နေမှာပါ” Souler လေးတို့ကို နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးမယ်နော် ဇာတ်လမ်းအညွှန်း စစ်မက်ရေးရာမိသားစုတွေထဲက မွေးဖွားလာတဲ့ Su Leyu လို့ခေါ်တဲ့မိန်းကလေးတစ်ဦး ဘုရင်မကြီးကိုယ်တိုင် ငယ်ငယ်လေးကတည်းကအနားမှာထားသင်ကြားစောင့်ရှောက်ခြင်းခံရတဲ့ တော်ဝင်မိန်းမပျိုလေးဖြစ်တဲ့အပြင် မင်းသား Yin Chang Yan နဲ့လည်း ငယ်ဘဝကတည်းကရင်းနှီးတဲ့ကစားဖော် ကစားဖက်လည်းဖြစ်ပြန်တယ် မင်းသား Yin Chanyang အရွယ်တစ်ခုရောက်လာတဲ့အခါ နန်းတော်ကိုပုန်ကန်ပြီး ထီးနန်းကိုသိမ်းလိုက်ပြီးနောက် အာဏာတည်မြဲဖို့အတွက် Su Leyu ကိုသူ့ကြင်ရာတော်အနေနဲ့ ထိမ်းမြားခဲ့ပါတယ် တစ်ချိန်တည်းမှာ သူတို့ ၂ ဦးကြားမှာလည်း အမြင်မတူတဲ့ခံယူချက်တွေ အထင်လွဲမှုတွေနဲ့ အမုန်းတရားတွေ နေရာယူလာတဲ့အခါမှာ……..#LuminositybehindthePalace #chineseseries #ongoing #mmsub #blackhole
မူရင်း ဝတ္ထု "Blind" (盲目) ကို ရေးသားသူ Mu Yao Er Xun (慕遥而寻) ရဲ့ ဝတ္ထုကို ပြန်လည် ဆီလျော်အောင် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ ၂၀၀၂ ခုနှစ် နွေရာသီက တရုတ်နိုင်ငံ၊ တုံးကျန်းမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရေထိန်းသိမ်းရေးစီးမံကိန်းတွေရဲ့ ရေလှောင်လိုအပ်ချက်တွေကြောင့် မြစ်ကမ်းဘေးမြို့ငယ်လေးတစ်မြို့ဟာ ရေအောက်ရောက်တော့မဲ့ အနေအထားဖြစ်နေတယ်။ မြို့ကလူတွေက မြို့သစ်တည်ဖို့၊ ပြောင်းရွှေ့ဖို့လုပ်နေကြတဲ့ အချိန်... စုံစမ်းစစ်ဆေးမှုအရ သေဆုံးသွားတဲ့ ချစ်သူနဲ့ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတဲ့ ခင်ပွန်းအကြောင်းကို အဓိကထားပြီး အဲဒီခင်ပွန်းဖြစ်သူကပဲ "လူသတ်သမား" လည်း ဖြစ်သလို "သေဆုံးသူ" လည်း ဖြစ်နေတယ်။ ရဲတွေက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုကို ဖော်ထုတ်ရင်း လူ့သဘာဝရဲ့ ရှုပ်ထွေးနက်နဲမှုတွေကို မြင်လာရမှာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ လူတစ်ဦးဟာ ဘယ်လိုကြောင့် လူသတ်သမားဖြစ်လာရသလဲ... လိမ်ညာမှုတွေကို နောက်ထပ် ဘယ်လိုလိမ်ညာမှုတွေနဲ့ ဖုံးကွယ်မလဲ... လှည့်စားမှုတွေကို နောက်ထပ် ဘယ်လိုလှည့်စားမှုတွေနဲ့ ချေဖျက်မလဲ... ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်လို သံသရာကို ဖန်တီးနေတဲ့သူက မျက်မမြင်တစ်ဦးဖြစ်နေပါတယ်။ ဒီဇာတ်လမ်းအရ ကျွန်မတို့မမြင်နိုင်တဲ့ လှည့်စားမှုတွေဆိုတာ ကျွန်မတို့ဘေးနားမှာ အချိန်တိုင်းရှိနေလိမ့်မယ်တဲ့။ ဒီဖော်ပြချက်အရ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ နက်နဲတဲ့၊ လူ့စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို ထင်ဟပ်ပြမယ့် Thriller ကြိုက်သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။#Beloved #chineseseries #ongoing #mmsub #blackhole
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 