cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ဥူး ရှောင် ဖန်း Movie channel 1

Ko'proq ko'rsatish
Reklama postlari
5 755
Obunachilar
+1024 soatlar
+1597 kunlar
+1 84630 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

1:40:31
Video unavailableShow in Telegram
The Lego Movie (2014) IMDb – 7.7/10_Rotten – 96%
Hammasini ko'rsatish...
The Lego Movie.mp4884.12 MB
The Lego Movie (2014) IMDb – 7.7/10_Rotten – 96% သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီးညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်…တစ်နေ့မှာတော့ သူဟာ ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်…ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက်သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်…အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးေဆောင်နိုင်မယ်ဆိုတာတွေကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ…ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီးလူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းမီးမောင်းထိုးပြထားပါတယ်…
Hammasini ko'rsatish...
1:38:45
Video unavailableShow in Telegram
Quantum Cowboys (2023) #720p
Hammasini ko'rsatish...
Quantum.Cowboys.2022.720p.(CM).mp4941.30 MB
Quantum Cowboys (2023) Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို အသွားပြန်လုပ်လို့ရလား၊ အချိန်က ကွေးနိုင်ဆန့်နိုင်တဲ့အရာလား။ အပြိုင်စကြာဝဠာတွေကရော အချိန်နဲ့ပတ်သက်နေလား၊ အချိန်ကြောင့် အပြိုင်စကြာဝဠာတွေဖြစ်လာတာလား၊ အပြိုင်စကြာဝဠာတွေကြောင့် အချိန်တွေက ဖြစ်လာတာလား။ အချိန်စီးကြောင်းကရော ဘယ်သူက သတ်မှတ်ပေးတာလဲ။Marvelက He who remains လို လူတစ်ယောက် ရှိနေလား။ အပြိုင်စကြာဝဠာတွေ အချင်းချင်းတိုက်မိကုန်ရင် ဘယ်လိုဖြစ်လာမလဲ၊ ပင်မ အချိန်စီးကြောင်းကို မတိုက်မိ၊ မထိခိုက်အောင် ဘယ်သူက လုပ်ပေးတာလဲ။ ဒီရုပ်ရှင်က ဇာတ်ကြောင်းထက်စာရင် အချိန်နဲ့အပြိုင်စကြာဝဠနဲ့ ပတ်သက်နေတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းသွားတယ်။ ဖရန့်နဲ့ ဘရူနိုနဲ့က မြင်းချီးကြုံးဖော်ကြုံးဖက်သူငယ်ချင်းတွေ။ သူငယ်ချင်း ၂ယောက်ထဲမှာ ဖရန့်ဆိုတဲ့ တစ်ယောက်က နည်းနည်းလောဘကြီးတယ်။ တနေ့ မြို့ထဲမှာ ဘလက်ကီလို့ခေါ်တဲ့ အဆိုတော်ဖျော်ဖြေနေတာကို တမြို့လုံးက သွားကြည့်ကြတယ်၊ အဲအချိန်မှာ ဖရန့်က လူမရှိတဲ့ဆိုင်ကို ဓားပြဝင်တိုက်ရင်း ဖမ်းမိသွားတယ်။ ဖရန့်ကို ဖမ်းရင်း မတော်တဆ ဘလက်ကီက ကြားထဲက ဆုံးသွားရရှာတယ်။ ဒီလိုနဲ့ ၃နှစ်ကြာတော့ ဖရန့်က ထောင်ထဲကလွတ်လာပြီး ဘရူနိုနဲ့ပြန်တွေ့တယ်။ အဲအချိန်မှာ ဘရူနိုက ဘလက်ကီ သေပြီလို့ပြောပေမယ့် ဖရန့်ကတော့ မဟုတ်ဘူး မသေသေးဘူးပဲငြင်းတယ်။ ပြောမရတဲ့အဆုံး ဖရန့်နဲ့ဘရူနိုက ဘလက်ကီကို လိုက်ရှာကြတယ်။ အဲဒီလိုနဲ့သေပြီးသားလူကိုပြန်ရှာသလိုဖြစ်ပြီး paradoxတွေဖြစ်လာပြီး အချိန်ကမောက်ကမတွေဖြစ်လာရင်း အချိန်စီးကြောင်းကြီးကို ထိခိုက်မိလာတယ်။ ဒီလိုနဲ့ ဆက်လက်ပြီး ဇာတ်လမ်းက ဆက်တည်သွားတာပါ။ ဘလက်ကီက တကယ်သေပြီလား၊ ဖရန့်တို့ ဘလက်ကီတို့ ပြန်ရှာလို့တွေ့မှာလား၊ paradox ကရော ဘယ်လိုတွေကြောင့်ဖြစ်သွားတာလဲ၊ အချိန်က ဒီဇာတ်လမ်းထဲမှာ ဘယ်လိုအလုပ်လုပ်တာလဲ၊ HWRလိုမျိုး ပုဂ္ဂိုလ်ကရော အချိန်စီးကြောင်းတွေ မတိုက်မိအောင် ဖရန့်နဲ့ဘရူနိုကို ဘယ်လိုတားမလဲ။ ဒီလိုမျိုးအရာတွေကို တင်ပြပုံအဆန်းလေးကိုမှ လိုက်ပြီးစဥ်းစားစီးမြောလို့ရမယ့် ရုပ်ရှက်ကားကောင်း တစ်ခုဖြစ်ပါတယ်။
Hammasini ko'rsatish...
1:38:45
Video unavailableShow in Telegram
Quantum Cowboys (2023) #1080p
Hammasini ko'rsatish...
Quantum.Cowboys.2022.1080p.(CM).mp42157.00 MB
Repost from N/a
45:55
Video unavailableShow in Telegram
ထာဝရလွမ်းဆွတ်ခြင်း အတွဲ ၂ အပိုင်း ၁၃-#720p-#LostYouForeverS2
Hammasini ko'rsatish...
ထာဝရလွမ်းဆွတ်ခြင်း_အတွဲ_၂_အပိုင်း_၁၃_#720p_#LostYouForeverS2.mp4307.46 MB
Repost from N/a
45:55
Video unavailableShow in Telegram
ထာဝရလွမ်းဆွတ်ခြင်း အတွဲ ၂ အပိုင်း ၁၄-#720p-#LostYouForeverS2
Hammasini ko'rsatish...
ထာဝရလွမ်းဆွတ်ခြင်း_အတွဲ_၂_အပိုင်း_၁၄_#720p_#LostYouForeverS2.mp4284.10 MB
1:39:03
Video unavailableShow in Telegram
Inu-Oh (2021) #1080p IMDB: 7.1/10
Hammasini ko'rsatish...
Inu-Oh (2021) (1080p BluRay x265 SAMPA) {CM} TSK.mp41303.85 MB
Inu-Oh (2021) IMDB: 7.1/10 အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ …..
Hammasini ko'rsatish...
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.