uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

𝐓𝐫𝐨𝐩𝐨𝐒𝐩𝐚𝐜𝐞 𝐰𝐢𝐭𝐡 𝐑𝐲𝐮𝐑𝐲𝐮 ☁︎

𝐓𝐫𝐨𝐩𝐨𝐒𝐩𝐚𝐜𝐞 𝐰𝐢𝐭𝐡 𝐑𝐲𝐮𝐑𝐲𝐮 ☁︎

Kanalga Telegram’da o‘tish

Contact owner - @imtroporyubot tt (1) @gurllyoung (2) @ryuryuluv

Ko'proq ko'rsatish
1 670
Obunachilar
Ma'lumot yo'q24 soatlar
+117 kun
+1230 kun
Postlar arxiv
Pile 1 Health - Physical Health ပိုင်းအဆင်ပြေတဲ့ပုံပေါ်ပေမဲ့ Mental Healthပိုင်းဂရုစိုက်ရမယ် ၊ စိတ်နဲ့လူနဲ့မကပ်တာမျိုး ၊ အတွေးနဲ့ဖြစ်နေတာတွေနဲ့ မမျှတာမျိုး ခနခနကြုံရတတ်တယ် ။ Education - ပညာရေးမှာအရင်ကထက်စိတ်အားထက်သန်လာမယ် ။ သင်တန်းအသစ်တွေထပ်တိုးလာနိုင်တယ် ။ စိတ်ကူးသစ်တွေ အတွေးသစ်တွေထွက်လာတတ်ပြီး Group Projectတွေထဲမှာ ထင်းထွက်လာတတ်တဲ့အခြေအနေမျိုးရှိလာတတ်တယ်။ ငယ်ငယ်က ဝါသနာကို အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးမှဆက်မလုပ်ဖြစ်တာမျိုးတွေကို နှစ်မကူးခင် ပြန်လုပ်ရတတ်တယ်။ Social - ဒီနှစ်ထဲ လူမှုရေးပြဿနာကြောင့် ခနခန စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ နားလည်မှုလွဲစရာလို အဆင်မပြေမှုတွေ ကြုံခဲ့ရရင် နှစ်မကူးခင်မှာ အကုန်အဆင်ပြေသွားနိုင်တယ် ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို သည်းခံပေါင်းမနေဘဲ လွှတ်ချသင့်တာကိုလွှတ်ချပါ ။ ကိုယ်မထင်ထားတဲ့ထဲက မလိုမုန်းထားတဲ့သူတွေရှိနေတတ်ပါတယ် ။ Finance - ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စွန့်စားရတာမျိုးတွေ ၊ ဝင်ငွေလမ်းကြောင်းသစ်ပေါ်လာတာမျိုးဖြစ်လာနိုင်ပါတယ် ။ ဒါပေမဲ့ တစ်ဖက်မှာလည်း အသုံးစရိတ်တွေကိုမချွေတာမိပဲ အလွန်အကျွံသုံးမိတဲ့ ပုံမျိုးဖြစ်နေတတ်ပါတယ်။ ငွေစုပြီး ရင်းနှီးမြုပ်နှံမှုလုပ်ပါ ၊ အလိမ်အညာ သတိထားပါ ၊ သူများနဲ့စပ်တူလုပ်တာတွေကနေအဆင်မပြေတာတွေကြုံရတတ်ပါတယ် ။ Love - အချစ်ရေးမှာ relationshipရှိပြီးသားသူတွေအတွက် အချင်းချင်းနားလည်ပြီး ညှိယူရမဲ့ ဘာမဟုတ်တဲ့ကိစ္စပိစိလေးလိုတွေရှိလာတတ်ပါတယ် ၊ သေချာညှိယူနိုင်မယ်ဆိုရင်တော့ အဆင်ပြေပေမဲ့ ညှိမယူနိုင်ရင် ပြဿနာကြီးလာတတ်ပါတယ် ၊ Singleဆိုရင် သူငယ်ချင်းတွေရဲ့အဆက်အသွယ်နဲ့ပဲဖြစ်ဖြစ် ၊ ပွဲလမ်းတစ်ခုမှာဖြစ်ဖြစ် loverနဲ့ စတင်တွေ့ဆုံရနိုင်ပါတယ် ။ Pile 2 Health - လူကျန်းမာရေးရော စိတ်ကျန်းမာရေးပါအလွန်ကောင်းမဲ့အချိန်ကာလပါ ။ နှစ်မကူးခင် ကိုယ်က ကိုယ့်ခန္ဓာကိုယ်ကိုကောင်းပေးတာနဲ့ နှစ်ဆပြန်ကောင်းပေးပါလိမ့်မယ် ။ Education - ပညာရေးမှာ ကိုယ်လုပ်သမျှ မထိရောက်သလိုလို ၊ လုပ်ချင်တာကများပြီး စိတ်လောနေတတ်ကာ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဖြေးဖြေး‌နဲ့မှန်မှန်သွားပြီး ဇွဲရှိရှိကြိုးစားဖို့တော့လိုပါတယ်။ Social - ကိုယ့်အပေါ်မကောင်းတဲ့သူတွေ ၊ အပေါင်းအသင်းတွေရဲ့ ဩဇာလွှမ်းမိုးမှုက အားကောင်းလာပြီး ပျက်ဆီးတတ်ပါတယ် ။ ကိုယ်က မကောင်းမှန်းသိလို့ရှောင်ရင်တောင် အဖော်အပေါင်းကို အားနာတာကြောင့် မကောင်းတာ‌လုပ်မိတတ်ပြီးToxic ဖြစ်တဲ့ အသိုင်းအဝိုင်း တွေထဲ ၊ အတင်းအဖျင်းတွေထဲ ပါသွားတတ်ပါတယ်။ ဒီpileသမား‌တွေကအပေါင်းအသင်းကံ အထူးသတိထားရမဲ့သူတွေပါ ။ Finance - ဝင်ငွေ ထွက်ငွေမမျှဖြစ်တတ်ပါတယ် ၊ အသုံးအစွဲလျော့ပြီး စာရင်းတွေသေချာစစ်ပါ ။ ပိုက်ဆံကျပျောက်တတ်ပါတယ်။ ငွေကိစ္စစာချုပ်စာတမ်း၊ ငွေကြေးသဘောတူညီချက်တွေမှာ အလွဲအမှားသတိထားပါ။ Love - Singleလေးတွေ ကိုယ့်အနားမှာ အမြဲ ရှိနေပေမဲ့ အရင်ကကိုယ့်ဘက်ကမမြင်ခဲ့ရတဲ့လူတွေကို ကိုယ့်ဘက်ကပဲစသတိထားမိလာပြီး စပြီးဆက်သွယ်တတ်ကြပါတယ် ။ စိတ်တံခါး ပြန်ဖွင့်ထားဖို့လိုပါ့မယ်နော်။ Relationshipရှိတဲ့သူဆိုရင်လည်း နှစ်ယောက်ကြားက အေးစက်စက်ဖြစ်နေတာတွေရှင်းပြီး ယုံကြည်မှုတိုးမဲ့ ကံတွေတက်လာတတ်ပါတယ်ရှင့် ။

နှစ်မကူးခင် ဘာတွေများထူးမလဲ Pick A Pile Video introစချိန် အသက်ဝဝရှုပြီး Sec partမှာကိုယ့် စိတ်ထဲပေါ်လာတဲ့ pileတစ်ခုကို တစ်ခါပဲရွေးပါ ။ Generalမို့လို့ ကိုယ်နဲ့ကိုက်တာကိုပဲယူပါနော် အဖြေလေးတွေ ပိုစ့် အသစ်တင် ပေးထားမယ်ရှင့်

မမတို့ မီးငယ်တို့ မနက်ဖြန်က 11/11 နော် 11:11 နှစ်ခါလုံးမှီအောင်လုပ်ပြီး manifest / ဆုတောင်းကြည့်ကြပါ 💕🍀
မမတို့ မီးငယ်တို့ မနက်ဖြန်က 11/11 နော် 11:11 နှစ်ခါလုံးမှီအောင်လုပ်ပြီး manifest / ဆုတောင်းကြည့်ကြပါ 💕🍀

Tarot 1 Question ကို 250 kyats နဲ့ ဟောပေးရမလားဟင် 🥹 ပိတ်ရက်မှာ တစ်ယောက်ထဲ စိတ်ပြေ‌လက်ပျောက်ပေါ့ ၊ လေ့လာထားတဲ့ပညာကို အလကားကြီးလည်း မပေးလိုက်ချင်လို့ပါ ( အော .. ပညာအတ္တတွေ :3 ) ကျွန်မလည်း ဘာပြောရမလဲမသိ မကြေညာတတ်တော့ဘူး မမတို့ ညီမလေးတို့ရေ Tarot မေးကြည့်ချင်ရင် @achinyann ကိုသာလာခဲ့နော် အခုကနေ 11နာရီမထိုးခင်ထိ ကဒ်ကြည့်ပေးမယ် 🙆🏻‍♀💕

လွတ်လပ်ပေါ့ပါးချင်ရင် သိထား သင့်တဲ့ ၁၀ ချက် ၁။ မင်းဟာ လူတိုင်းအတွက် အရေးကြီးဖို့ မလိုဘူး။လူတိုင်းက မင်းကို ချစ်စရာမလိုဘူး။လူတိုင်း မင်းကို သဘောကျစရာ မလိုဘူး။လူတိုင်းလည်း မင်းကို သဘောကျမှ မဟုတ်ပါ။ဒါကို လက်ခံထားပါ။ ၂။ မျက်ရည်ကို ဘယ်သူ့အတွက် မဆို မဖြုန်းနဲ့။ တန်ဖိုးမထားသူအတွက် မျက်ရည်ကျတာက ကိုယ့်ကိုယ်ကို ထိခိုက်တာပဲ။သိပ်အရေးမပါတဲ့ လူအတွက် ကိုယ့်စွမ်းအင်ကို အလဟဿ မဖြစ်စေနဲ့။ ၃။ မျှော်လင့်ချက်နည်းနည်းနဲ့ နေတတ်ပါစေ။ မျှော်လင့်ချက်နည်းသွားလေ စိတ်ပျက်မှုနည်းသွားလေပဲ။ ဘဝဟာ ပျော်ရွှင်အေးချမ်းသွား တယ်။ ၄။ အရေးမကြီးတဲ့အရာတွေအတွက် ဒေါသ မထွက်ပါနဲ့။ တန်ဖိုးမရှိတာအတွက် စိတ်ဖိစီးတာဟာ ကိုယ့်စွမ်းအားကို တဖြည်းဖြည်း လျော့နည်းသွားစေတယ်။အမြဲဒေါသထွက်ခြင်းက ရုပ်ရင့်စေတယ်။စိတ်ကျန်းမာရေး ထိခိုက်စေတယ်။ ၅။ တချို့အရာ မဖြစ်တာ၊ မပိုင်တာက မင်းအတွက် ကောင်းတယ်ဆိုတာကို ယုံပါ။ ဥပမာ… မင်းလွတ်သွားတဲ့အခွင့်အလမ်းတစ်ခုဟာ တကယ်လျှောက်သွားရင် ဒုက္ခဖြစ်မဲ့လမ်းလဲ ဖြစ်နိုင်တယ်။ လူတချို့နဲ့ လမ်းခွဲစေတာလဲ ပိုကောင်းတဲ့လူနဲ့ ဆုံစေဖို့ပါ သဘာဝဟာ တခါတလေ “မပေးတာ” နဲ့လဲ မင်းကို ကာကွယ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။ ၆။ ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။ ကိုယ့်ကိုယ်ကို ကောင်းစွာမချစ်တတ်ပဲ တခြားသူတစ်ဦးကိုချစ်ဖို့ ကြိုးစားတာဟာ မဖြေရှင်းနိုင်တဲ့ သင်္ချာပုစ္ဆာတစ်ခုကို တွက်နေသလိုပဲဖြစ်တယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်မှု မရှိလျှင် အလိုမကျမှုတွေ၊ နာကျင်မှုတွေ ပိုမိုခံစားရတတ်တယ်။ ၇။ လောဘနည်းသလောက် စိတ်အေးတယ်။ရှိတာလေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ရင် ဘဝက ပိုလှပလာတယ်။ရှိတာအတွက် ကျေနပ်တတ်ခြင်းက စိတ်အေးချမ်းခြင်းနဲ့ပေါ့ပါးခြင်း အစပါ။ ၈။ လူတွေပြောတာကို သိပ်အာရုံ မစိုက်နဲ့။လူတိုင်းဟာ ကိုယ့်ဘဝနဲ့ ကိုယ် ရှင်သန်ရတယ်။ သူတို့စကားနဲ့ ကိုယ့်ရဲ့အတွင်းစိတ် ငြိမ်းချမ်းခြင်းကို မဖျက်ဆီးပါနဲ့။Focus on yourself, your growth, and your dreams. ၉။ မင်းက မင်းလို လူမျိုးဖြစ်ဖို့ပဲ လိုတာပါ။နောက်တစ်ယောက်ဖြစ်ဖို့ မလိုဘူး။ ဖြစ်အောင်ဆိုပြီး အတင်းမကြိုးစားပါနဲ့။မင်းရဲ့မူရင်း ပုံစံအတိုင်းသာ ရှိပါစေ။ဘဝကို အပေါ်ယံ မဟုတ်ဘဲ အစစ်အမှန်သာ နေထိုင်ပါ။ Just learning to accept your flaws and live bravely every day. ၁၀။ တစ်ခဏအေးချမ်းဖို့ ကိုယ့်ကိုယ်ကို ခဏအနားပေးပါ။ လုံးပန်းနေတဲ့အရာကနေ ရပ်တန့်ဖို့လိုရင် ရပ်တန့်ပါ။ စိတ်ပင်ပန်းလာရင် အပြည့်အဝ အနားယူဖို့ လိုတယ်။မဟုတ်ရင် လူက ပိုနွမ်းလျလာပြီး ဘဝအပေါ် အားမလိုအားမရတာ ပိုများလာတယ်။ နိဂုံးချုပ် လွတ်လပ်ပေါ့ပါးတဲ့ဘဝဟာ ကိုယ့်အတွက် ကိုယ်ပဲ ရယူဖို့ ကြိုးစားရတဲ့အရာတစ်ခုပါ။ရရှိလာတဲ့အရာတွေကို ကျေနပ်ပြီး၊ မရနိုင်တဲ့အရာတွေကို နားလည်နိုင်ရင်ဘဝဟာတကယ်ပေါ့ပါးလာမယ်။ ကိုယ့်ဘဝ ကိုယ့်အရည်ချင်းနဲ့ကိုယ့်အမြင်လှပစွာ တည်ဆောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ။ * မေတ္တာဖြင့် ပြန်လည်မျှဝေသည် *

ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်ည အခါသမယလေးဖြစ်ကြပါစေရှင့် 🪔🤎 pic : macy [chit kalay]
ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်ည အခါသမယလေးဖြစ်ကြပါစေရှင့် 🪔🤎 pic : macy [chit kalay]

ပြည့်ပြီ ချစ်တို့ရေ

4ယောက်လောက်ထပ် ရသေးတယ်နော် ငယ်လေးတို့ မမတို့ရေ

yooho! ဆိုတော့ ရူရူရဲ့ ဘီ ဆာ ဝါ planလေးကို ပါဝင်ချင်တဲ့ မမတို့ ညီမလေးတို့အတွက် ဘယ်လိုjoinရမလဲ detail information လေးလာပါပြီ ခန္ဓာကိုယ်ရော စိတ်ရော updateမြှင့်ဖို့ လမ်းစ သဘောမျိုး ရည်ရွယ်ပါတယ် ။ ရက်-တိုလေးမို့ ဝုန်းခနဲ သိသာမှာတော့မဟုတ်ပါဘူး ၊ နောက်ပိုင်း ပြီးသွားတဲ့ထိဆက်ပြီးလုပ်ရင်တော့ သေချာပေါက် ထူးခြားမယ်လို့ အာမခံပါတယ် ။ အလေ့အကျင့်ကောင်းလေးတွေလုပ်ဖို့ ရူရူက အရင် ဘယ်လိုပုံစံလဲ လုပ်ပြမယ် ၊ နောက်ကနေ သေချာလေး လိုက်‌လုပ်ကြဖို့ မျှော်လင့်ပါတယ်။ Personal Dataတွေအကုန်လုံးက 100% SAFEဖြစ်ကြောင်းနဲ့ ဒီရက်တိုplanလေးပြီးသွားရင် အကုန် ဖျက်ပစ်မှာပါ ၊ ဆိုတော့ စိတ်ပူဖို့မလိုပါဘူး ။ Botနဲ့ one by one ပဲမို့ လူအများနဲ့ထပ်ပြီး မဆက်ဆံချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ် ⚝ ကြာချိန် - 5ရက် [ Oct25 to Oct 30 ] ⚝ participants - 11ယောက် ( နည်းနည်းဘဲ လက်ခံပါ့မယ်နော် Ryu တစ်ယောက်ထဲစာပြန်ရမှာမို့ များရင်မနိုင်လို့ပါ) ပါဝင်ချင်တဲ့ မမတို့ ငယ်လေးတို့က အောက်မှာ ပေးထားတဲ့ sample textလေးအတိုင်း ကော်ပီယူ ၊ ကိုယ့်အချက်အလက်တွေဖြည့်ပြီး @imtroporyubot မှာ ပို့ထားပေးပါနော် ၊ ၁၆ယောက် မပြည့်မချင်း sign up လက်ခံပါတယ်ရှင့် 🙆🏻‍♀ ❝ BSWR : Bloom Soul With Ryuryu ❞ ✎ Display Name — ✎ Telegram Username — Q : အခုလက်ရှိ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲ (?) A : ( ပုံစံအမှန်လေးပဲ ပို့ပေးပါနော့် ၊ commentထဲ နမူနာလေးပြပေးထားပါတယ် ၊ တစ်ခါတည်းသိမ်းရတာ အဆင်ပြေအောင်လို့ပါ ) ပြီးတော့ ထပ်ပြောပါ့မယ် • အပြောအဆိုရိုင်းပြီး ၊ ဆဲဆိုမဲ့ သူတွေ • အစပိုင်းတစ်ရက်နှစ်ရက်ပဲလိုက်လုပ်ပြီး အစဆုံးလိုက်မလုပ်မဲ့သူတွေ • အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ပြန်ထွက်မဲ့သူတွေ • အပြင်မှာသေချာလိုက်မလုပ်ချင်ပဲ lineမှာဘဲ ပြီးပြီဆိုပြီးညာတတ်တဲ့သူမျိုးတွေ ဆိုအစကတည်းက joinမလာဖို့ အရင်ဆုံး ပြောထားချင်ပါတယ်ရှင့်‼️

1. ရီဗျူးလေးတွေ မေးကုန်ပီ မမတို့ရေ 🙈 2. စတာက 25ရက်နေ့စပြီး 30မှပြီးပါမယ် မနက်ဖြန် detail information လေး စော စော တင်ထားမယ်နေ
1. ရီဗျူးလေးတွေ မေးကုန်ပီ မမတို့ရေ 🙈 2. စတာက 25ရက်နေ့စပြီး 30မှပြီးပါမယ် မနက်ဖြန် detail information လေး စော စော တင်ထားမယ်နော် ^^

BSWR : Bloom Soul With Ryuryu ✎ ဘီဆာဝါဆိုတဲ့ စကားစု codeလေးရဲ့အဓိပ္ပာယ်က ❝ ပြန်လည်စတင်ချင်း နဲ့ ပွင့်လန်းလာမယ့် ကိုယ်ခန္ဓာနဲ့စိတ်ဝိဉာဏ် ❞ အကုန်လုံးသိကြတဲ့အတိုင်း ရူရူ ဒီ သီတင်းကျွတ်ပိတ်ရက်မှာ ပိတ်ရက်ရှည်ရလို့ အားနေမှာမို့ ချန်နယ်နဲ့ ဝေးနေတာကြာပြီဖြစ်တဲ့ ရက်တို self care planလေး အတူတူလုပ်ကြမယ် >< အရင်တစ်ခါချဲလန့်တွေနဲ့မတူတာက ဘာလဲဆိုတော့ ဒီတစ်ခုက ခန္ဓာကိုယ်နဲ့စိတ်ကို အတင်းအကြပ်လုပ်ယူကြရမဲ့challengeမဟုတ်ပါဘဲ သီတင်းကျွတ် အမှတ်တရလက်ဆောင်လေးပေးရင်း ရက်ပိုင်းလောက် ကိုယ်ခန္ဓာနဲ့စိတ်ဝိဉာဏ်ကို သက်သက်သာသာအနားပေးဖို့အတွက် အဓိကရည်ရွယ်ထားတဲ့ planသဘောမျိုးပါ [ အရင်တစ်ခါက ချဲလန့်မှာပါဝင်ဖူးတဲ့ ရူရူတို့ introvertလေးတွေရဲ့ ပြဿနာနဲ့အဆင်မပြေတာလေးတွေကို ပြန်ကြည့်ပြီး စဉ်းစားကြည့်ရင်း ] အရင်လို ဂရုတွေဖွဲ့ ချန်နယ်အသစ်တွေဝင်ခိုင်းပြီးလုပ်မှာမဟုတ်ဘဲ RyuRyuနဲ့ Botမှာ one by one ၊ နှစ်ယောက်ထဲ sisterhoodပုံစံမျိုးအတူတူသွားကြမယ် ᴗ̈ ရူရူ မမတို့ ညီမလေးတို့ကို Forcedမလုပ်ဘူး Guideလုပ်ပေးမှာ ၊ ကျန်တာက ကိုယ်လုပ်မှကိုယ်ရမှာ ❗️ Planကာလ-ရက်ပိုင်းအတွင်း ရူရူပဲရှိမှာမို့ အတူတူအရင်းနှီးဆုံး စကားတွေပြောလို့ရတယ် ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝက dump icon လှုပ်ရှားမှုပုံပိစိတွေကို လူအများဆီမရောက်ဘဲ မျှဝေလို့ရမယ် ။ အတတ်နိုင်ဆုံး အဆင်ပြေဖို့ စီစဉ်ပေးထားတယ်ရှင် ဘာ အခကြေးငွေမှ မပေးရဘူး ၊ ရူရူ့အတွက်ပေးဖို့တွေ ဘာတွေလည်းရှိလာမှာမဟုတ်ဘူး ၊ တကယ်လို့ ကိုယ့်အတွက်ကို သုံးချင်ရင်တော့ စုထားချင်လည်းစုထားပါရှင် .. ပြီးတော့ ရူရူ မနိုင်ဝန်မထမ်းချင်ဘူး ၊ စိတ်မလေးချင်ဘူး ကူပဲကူညီပေးချင်တာ အဲ့တော့ ရူရူ့ဘက်ကနေ သေချာပြင်ဆင်ထားမှာမို့ ⚝ ကြာချိန် - 5ရက် [ Oct25 to Nov1 ] ⚝ ခန့်မှန်း ပါဝင်သူ အရေအတွက် အကန့်အသတ် 16 • အပြောအဆိုရိုင်းပြီး ၊ ဆဲဆိုမဲ့ သူတွေ • အစပိုင်းတစ်ရက်နှစ်ရက်ပဲလိုက်လုပ်ပြီး အစဆုံးလိုက်မလုပ်မဲ့သူတွေ • အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ပြန်ထွက်မဲ့သူတွေ • အပြင်မှာသေချာလိုက်မလုပ်ချင်ပဲ lineမှာဘဲ ပြီးပြီဆိုပြီးညာတတ်တဲ့သူမျိုးတွေ ဆိုအစကတည်းက joinမလာဖို့ အရင်ဆုံး ပြောထားချင်ပါတယ်ရှင့်‼️ ပိုပြီးDetail Information အသေးစိတ်နဲ့ Joinဖို့ဘယ်လို လုပ်ရမလဲဆိုတဲ့အကြောင်းinformationတွေကို 24ရက်နေ့မှာ ထပ်ပြီး တင်ပေးပါ့မယ် [ အခုရက်ပိုင်း လက်မခံသေးပါဘူးနော် ] အရင်က ရူရူ့ချဲလန့်‌ကိုဂျွိုင်းဖူးတဲ့ချစ်ကလေးတွေ မမတွေဆီကလည်း ရှေ့လျှောက် ပိုကောင်းလာအောင်လုပ်ဖို့ရောreview / suggestion / recommendations အားဆေးလေးတွေလိုချင်ပါတယ် ၊ messages box linkထဲတင်ပြီး ရေးပေးကြပါဦးရှင့် များလာရင်စုပြီး replyပြန်ပေးပါ့မယ် 🙆🏻‍♀🩵 𖠋⚝ https://www.secretmessage.link/secret/6ad9f7cab0fec/

ဒီတစ်ခါ အရင်ကလုပ်ခဲ့တဲ့ပုံစံမျိုးတွေနဲ့မတူဘဲ အမှတ်တရ‌ဖြစ်အောင် themeလေးစဉ်းစားထားတယ်ရယ် နောက်ဆုံးမှာ သီတင်းကျွတ် လက်ဆောင်လေးလည်းပေးသွားပြီး introvert လေးတွေအတွက် အတတ်နိုင်ဆုံး အဆင်ပြေဆုံးဖြစ်အောင် စဉ်းစား ပြင်ဆင်ကြည့်ပေးထားပါတယ် စောင့်နေပေးကြပါဦးရှင်

မျက်နှာဟာ လူတစ်ယောက်အတွက် အကောင်းဆုံး လိပ်စာကတ်ပါတဲ့။ ကိုယ့်ကိုယ်ကိုယ် ကိုယ် ဘယ်လိုဆက်ဆံလဲဆိုတာ ကိုယ့်မျက်နှာပေါ် အကုန်ရေးထားတယ်။ ညဉ့်နက်မှ အမြဲ အိပ်တတ်ရင် မျက်လုံးတွေ ပင်ပန်းနွမ်းနယ်နေမယ်။ အမြဲ စိုးရိမ်ပူပန်နေရင် မျက်ခုံး မသိမသာ တွန့်နေမယ်။ ဘဝရှုပ်ထွေးနေသူတစ်ယောက်ဆိုရင် မျက်နှာက တောက်ပမှု၊ အကြည်ဓာတ် ပျောက်ဆုံးနေမယ်။ ကောင်းကောင်းအိပ်ပျော်သူ၊ အာဟာရရှိရှိစားသူ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်သူက မျက်နှာကြည်တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်သူမှာ များသောအားဖြင့် နူးညံ့ ခိုင်မာတဲ့ မျက်လုံး (အကြည့်) ရှိတယ်။ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်မျှော်လင့်ချက်ရှိသူ တစ်ယောက်ဟာ မိတ်ကပ်မလိမ်းလည်း သက်တောင့်သက်သာရှိတဲ့ အရိပ်အယောင် ပေါ်တယ်။ လူတစ်ယောက်ဟာ စကားမပြောလည်း ဒါမှမဟုတ် မေးစရာမလိုလည်း သူအဆင်ပြေမပြေ ဆိုတာကို သူ့မျက်နှာ ကြည့်ရုံနဲ့ သိနိုင်တယ်။ ဘာလို့လဲဆိုတော့ မျက်နှာဆိုတာ ရုပ်ရည် အသွင်အပြင်ရဲ့ ပေါင်းစပ်မှုတစ်ခုပဲ မဟုတ်ဘဲ ကိုယ့် စိတ်ခံစားမှု၊ အလေ့အထ၊ စိတ်နေစိတ်ထားနဲ့ လူနေမှုပုံစံကို မှတ်တမ်းတင်ထားလို့ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက်လဲဆိုတာ မျက်နှာမှာ ပေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆက်ဆံလဲဆိုတာ နှစ်ကြာလာတာနဲ့အမျှ မျက်နှာပေါ် တဖြည်းဖြည်း ပေါ်လာတယ်။ ဒါကြောင့် ဒီနေ့ကစ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ အာဟာရရှိရှိ စားပါ၊ အနားယူသင့်ချိန် ယူပါ၊ အတွင်းစိတ် ပဋိပက္ခတွေ လျှော့ပါ၊ ပျော်ရွှင်မှုကို မြှင့်တင်ပါ၊ စိတ်ခံစားချက်တွေကို သေချာစီမံခန့်ခွဲပါ၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ မျက်နှာပေါ်က တောက်ပမှုတိုင်းဟာ ဘဝအပေါ် အပြည့်အဝ နေထိုင်နေကြောင်း သက်သေပြနေလို့ပါ။ 💌 နိုင်းနိုင်းစနေ

အခုခေတ်စားနေတဲ့ eat your skincareဆိုပြီး ခါကြက်ဥတွေသောက်နေကြတာကိုသိတယ်ဟုတ် ... ဒါပေမဲ့ ‌blenderမရှိ နေ့တိုင်းခါကြက်ဥမရ လို့ မ
အခုခေတ်စားနေတဲ့ eat your skincareဆိုပြီး ခါကြက်ဥတွေသောက်နေကြတာကိုသိတယ်ဟုတ် ... ဒါပေမဲ့ ‌blenderမရှိ နေ့တိုင်းခါကြက်ဥမရ လို့ မသောက်ဖြစ်တဲ့RyuRyuရဲ့အလှလေးတွေ FAMEကထုတ်တဲ့ Nature A Carotenoid Complex သောက်ကြည့်ဖို့ အကြံပေးပါတယ် အခုသောက်ကြည့်နေတာ တစ်ဘူးပဲကုန်သေးတယ် ၊ ရူရူကမျက်စိအတွက်သောက်တာပါ စာပိုလုပ်ရတာမို့ မျက်ရိုးကိုက်သက်သာအောင် ဒါပေမဲ့ နည်းနည်းတော့ အသားအရေညစ်တာသက်သာသလိုပဲ အညွှန်းမှာတော့ teenager ကအစ သောက်လို့ရတယ်ပြောပေမဲ့ under 15မို့ အသက် တအားငယ်ရင် ၊ ရောဂါအခံရှိရင် ဆေးဆိုင်/နီးစပ်ရာဆရာဝန် ကိုတော့သေချာလေးမေးကြည့်စေချင်တယ် ရမရ သူက Vitamin Aပါလို့ အဓိကကမျက်စိအားကောင်းတယ်။ skin hair ကောင်းတယ်တဲ့ ပြီးကျသားဥအိမ် ရေအိတ်တည်တာမျိုးလည်း မဖြစ်အောင်သောက်လို့ရပါတယ်တဲ့ရှင် Collagenမဟုတ်ပါဘူးနော်( မလိုပဲမသောက်ပါနဲ့ ကော်လဂျင်တွေကို ကွိသွားလိမ့်မယ်🥲) Ps : @Gurllyoung G12ရောက်တော့မှာမို့လို့ ဖုန်းမရပါဘူး စာဘက်မှာလည်းအများကြီးအာရုံစိုက်ချင်ပါတယ် အဲ့ကြောင့် ဘယ်သူ့မှစာမပြန်ဖြစ်ပါဘူးရယ် ၊ ပိုစ့်တွေတော့အကုန်နီးပါးပြန်တင်ပေးထားတယ်နော်🩵