uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Nihon Drama 🇯🇵 Channel

Nihon Drama 🇯🇵 Channel

Kanalga Telegram’da o‘tish

📌Watch Only📌 Japanဘာသာစကား‌‌ လေ့လာသူများ ဂျပန်ရုပ်ရှင်ဖန် စစ်စစ်သာ Join ပေးပါ။ ဂျပန်စာလေ့လာသူများထံ ချန်နယ်လင့်ကို မျှဝေပေးစေလိုပါတယ်။ Copyright Disclaimer : No copyright infringement intended. We do not own any of the video or music. All credits go t

Ko'proq ko'rsatish

📈 Telegram kanali Nihon Drama 🇯🇵 Channel analitikasi

Nihon Drama 🇯🇵 Channel (@jdramabmsub3) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 53 287 obunachidan iborat bo'lib, Kino toifasida 4 986-o'rinni va Myanma mintaqasida 2 703-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 53 287 obunachiga ega bo‘ldi.

17 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -581 ga, so‘nggi 24 soatda esa -14 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.69% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.58% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 3 030 marta ko‘riladi; birinchi sutkada odatda 842 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 39 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“📌Watch Only📌 Japanဘာသာစကား‌‌ လေ့လာသူများ ဂျပန်ရုပ်ရှင်ဖန် စစ်စစ်သာ Join ပေးပါ။ ဂျပန်စာလေ့လာသူများထံ ချန်နယ်လင့်ကို မျှဝေပေးစေလိုပါတယ်။ Copyright Disclaimer : No copyright infringement intended. We do not own any of the video or music. All credits...”

Yuqori yangilanish chastotasi (oxirgi ma’lumot 18 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

53 287
Obunachilar
-1424 soatlar
-697 kun
-58130 kun
Postlar arxiv
The Samurai and the Prisoner (2026) ********** IMDb Rating (7.7) "တံတိုင်းတွေကြားမှာ ပိတ်မိနေတာ ကိုယ်ခန္ဓာလား... စိတ်ဝိညာဉ်လား..." Period Drama တွေ၊ Samurai အက်ရှင်တွေကြားထဲမှာ သမားရိုးကျမဟုတ်ဘဲ Whodunit ဆိုတဲ့ စုံထောက် Mystery ပုံစံလေး ရောမွှေထားတဲ့ ဂျပန် Historical Thriller ကားကောင်းတစ်ကား ထွက်ရှိလာပါပြီ။ "Cure", "Tokyo Sonata" တိုကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာကြီး Kiyoshi Kurosawa ရဲ့ ပထမဆုံး Period ဇာတ်ကားဖြစ်တဲ့အပြင် မင်းသားကြီး Masahiro Motoki, ပရိသတ်အချစ်တော် Masaki Suda နဲ့ မင်းသမီးချော Yuriko Yoshitaka တို အားဖြည့်ပါဝင်ထားတာဆိုတော့ Cast အလန်းတွေ စုနေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ၁၅၇၉ ခုနှစ် ဂျပန်ပြည် စစ်မက်ဖြစ်ပွားနေတဲ့ကာလမှာ အခြေတည်ထားပါတယ်။ နယ်စားကြီး အာရာကီမူရာရှိဂဲဟာ အာဏာရှင် အိုဒါနိုဘူနာဂါကို ပုန်ကန်လိုက်တဲ့အတွက် သူ့ရဲ့ ကိုယ်ပိုင် အာရီအိုကာ ရဲတိုက်ကြီးထဲမှာ ရန်သူတွေ ဝိုင်းရံပိတ်ဆို့တာကို ခံလိုက်ရပါတယ်။ အပြင်မှာ ရန်သူတွေ ဝိုင်းနေတဲ့အချိန်... ရဲတိုက်တွင်းမှာပဲ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့အခါ... တံခါးတွေအကုန်ပိတ်ထားတဲ့ ရဲတိုက်ကြီးထဲမှာ လူသတ်သမားက ဘယ်သူလဲ။ သစ္စာဖောက်က ဘယ်နားမှာ ပုန်းနေတာလဲဆိုတဲ့ သံသယတွေ၊ အကြောက်တရားတွေက ရဲတိုက်တွင်းက လူတွေကို ရူးသွပ်မတတ် ဖြစ်စေပါတော့တယ်။ ဒီလိုနဲ့ အကျပ်ရိုက်လာတဲ့ မူရာရှိဂဲ တစ်ယောက်... ရဲတိုက်ကျမသွားခင် ဒီလူသတ်မှုပဟေဠိကို ဖြေရှင်းဖိုအတွက် ရွေးချယ်စရာမရှိတော့ဘဲ သူ့ရဲ့ မြေအောက်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့ ရန်သူ့ဘက်က ဉာဏ်ကြီးရှင် စစ်ဗျူဟာမှူး ခန်ဘေးနဲ့ မဖြစ်မနေ ပူးပေါင်းရပါတော့တယ်။ ရဲတိုက်ကို ကာကွယ်နေတဲ့ နယ်စားကြီးနဲ့ အကျဉ်းကျနေတဲ့ ရန်သူ့ဗျူဟာမှူး... သူတိုနှစ်ယောက်ရဲ့ "Cat and Mouse" ဂိမ်းကစားပွဲက ဘယ်လို အလှည့်အပြောင်းတွေ ရှိမလဲ။ ရိုးရိုးတန်းတန်း ဓားခုတ်လှံထိုး အက်ရှင်တွေထက် Psychological Thriller ဆန်ဆန် စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေကို သွေးထွက်သံယို အခန်းတွေနဲ့အတူ ရင်တမမ ကြည့်ရှုရမှာမိုလို့ ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာနဲ့ ကားကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ခုပဲ လက်မနှေးတမ်း ဒေါင်းကြည့်လိုက်ကြပါတော့နော်။
16 Noy, 06:38

The Samurai and the Prisoner (2026)
+2
The Samurai and the Prisoner (2026)
16 Noy, 06:37

Doctor X Season 3 https://t.me/c/3962914815/241 ချန်နယ် join ထားသူများသာ
14 Noy, 14:27

Doctor X Season 1 to 7 တင်ထားပေးတဲ့ ချန်နယ်လည်း ပျက်သွားပါပြီ။ သူ့ဟာသူ copyright ကြောင့်ပျက်သွားတာပါ မင်မင်တို့ကြောင့်ပျက်တာမဟုတ်ပါ စိတ်ဆိုးကြတာမြင်ရတော့ ပြန်ရှာပေးပါ့မယ် doctor x copyright ကြမ်းပါတယ် သီးသန့် private နဲ့ပြန်တင်ပေးပါမယ်ခုတော့မဟုတ်ပါဘူး
14 Noy, 13:30

photo content
13 Noy, 02:02

https://t.me/jdramafree တစ်ပတ်တိတိ Public ဖွင့်ထားပေးတုန်း Join ထားပေးကြပါ
13 Noy, 01:36
13 Noy, ~20:13

Honey (2018) **** "ကျောင်းတစ်ကျောင်းလုံးကကြောက်ရတဲ့ လူဆိုးလေးနဲ့ ကြောက်တတ်လန့်တတ်တဲ့ ကောင်မလေးတို့ကြားက ပန်းစည်းတစ်စည်းနဲ့ စတင်ခဲ့သော ရင်ခုန်သံလေး...." ဂျပန်နိုင်ငံရဲ့နာမည်ကြီး Shojo Manga ကို ရုပ်ရှင်အဖြစ်နဲ့ ရိုက်ကူးထားတဲ့ Romantic Comedy / School Life ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ အိုင်ဒေါလ်မင်းသား Sho Hirano နဲ့ ချစ်စရာ မင်းသမီးလေး Yuna Tairaတို့ရဲ့ တွဲဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ မိဘတွေဆုံးပါးသွားတာကြောင့် ဦးလေးဖြစ်သူနဲ့အတူတူနေထိုင်ရင်း ကြောက်တတ်, ရှက်တတ်တဲ့ အထက်တန်းကျောင်းသူလေး နာအို၊ တစ်နေ့မှာ ကျောင်းတစ်ကျောင်းလုံးက ကြောက်ရပြီး ဆံပင်အနီရဲရဲနဲ့ အမြဲရန်ဖြစ်တတ်တဲ့ လူဆိုးလေးလို့နာမည်ကြီးတဲ့ ကျောင်းသားလေး အိုနီဆဲက ချစ်ရေးဆိုလာခဲ့ပါတယ်။ အိုနီဆဲရဲ့ ဆိုးသွမ်းလှတဲ့ အမူအရာကိုကြောက်သွားတဲ့ နာအိုတစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ပဲ အိုနီဆဲရဲ့ ချစ်ရေးဆိုမှုကို လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ နာအိုတစ်ယောက် အိုနီဆဲနဲ့ အချိန်ကြာကြာရှိလာတဲ့အခါမှာတော့ အိုနီဆဲဟာ အရမ်းဆိုးတဲ့သူမဟုတ်မှန်း သိသွားတဲ့နောက်မှာတော့ ........ သူတို့နှစ်ယောက်ကြားက အလွဲအမှားတွေ, ချစ်စရာကောင်းတဲ့ ရင်ခုန်သံတွေနဲ့ ကျောင်းသားဘဝရဲ့ အချစ်အငွေ့အသက်တွေကို ရင်ထဲအေးမြစွာနဲ့ ခံစားကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
13 Noy, 01:34

photo content
13 Noy, 01:34

https://t.me/jdramafree ဒီကပဲဝင်ကြည့်ကြပါ
12 Noy, 00:41
14 Noy, ~14:27

12 Noy, 00:40
12 Noy, ~00:40

Reach တွေအရမ်းကျလာလို့ ချန်နယ်ထဲက ပို့စ်တွေကို React emoji လေးနဲ့ကူညီကြပါဦး
07 Noy, 10:18

JLPTを受験する皆さんが、今回の試験で合格できますように。
04 Noy, 20:34

Doctor X: The Movie Final (2024)
***************************
 
"ကျွန်မ မကျရှုံးဖူးဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့နာမည်ကြီးတဲ့ ခွဲစိတ်ဆရာဝန်မကြီး ဒါအိမို မီချီကိုရဲ့ နောက်ဆုံးနဲ့ အခမ်းနားဆုံးတိုက်ပွဲ............" Season 7 ခုလုံး စ,ဆုံး ကြည့်ပြီးသွားသူတွေအတွက် Doctor-X ရဲ့ နောက်ဆုံးထွက် movie လေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီးမှာ အာဏာရှင်ဆန်ဆန်နဲ့ အကျင့်ပျက်ခြစားနေတဲ့ ဆေးရုံအုပ် ဟီရုမနဲ့ အကျိုးအမြတ်ကိုပဲကြည့်တဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကြားမှာ ....

တရားမျှတမှုနဲ့လူနာရဲ့အသက်ကိုပဲ ပထမထားတဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒါအိမို မီချီကိုတစ်ယောက် ဒီတစ်ခါမှာတော့ အရင်ကထက်ပိုပြီးတော့ ကြီးမားပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းလှတဲ့ အထူးပြင်းထန်တဲ့ ရောဂါသည်တစ်ဦးရဲ့ ရှုပ်ထွေးခက်ခဲလှတဲ့ ခွဲစိတ်မှုကြီးကို ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာလည်း ဆေးရုံရဲ့ ဖုံးကွယ်ထားတဲ့ အမှောင်လျှို့ဝှက်ချက်တွေ အာဏာလွန်ဆွဲပွဲတွေနဲ့ ဆရာဝန်လောကရဲ့ ယိုယွင်းမှုတွေကို ဒါအိမိုတစ်ယောက် ဘယ်လို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းသွားမလဲ 

"Doctor-X" ဇာတ်လမ်းတွဲကြီးရဲ့ နောက်ဆုံးဇာတ်သိမ်းမှာ ဒါအိမိုရဲ့ ဘဝခရီးလမ်းက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် မျက်ရည်လည်ရွှဲစရာ ရိုက်ချက်တွေနဲ့အတူတူ ရှုစားလိုက်ကြပါဦးနော်။
04 Noy, 00:30

photo content
04 Noy, 00:30

Doctor X Season 3 ချန်နယ်အရင် Join ပါ https://t.me/+mnnG-g04PnphNjY1
Doctor X Season 3 ချန်နယ်အရင် Join ပါ https://t.me/+mnnG-g04PnphNjY1
03 Noy, 14:24

photo content
02 Noy, 12:57

Totto no Ketsuraku Seishunki (2025) [トットの欠落青春記 ]
02 Noy, 01:44

photo content
+1
02 Noy, 01:44

2024/12 2025/7 2025/12 2026/7 JLPT N3 စာမေးပွဲ့ရဲ့ ခုပြထားတဲ့ခုနှစ်တွေရဲ့ မေးခွနဟောင်း PDF file တွေရှာပေးလို့ရမလား
+1
2024/12 2025/7 2025/12 2026/7 JLPT N3 စာမေးပွဲ့ရဲ့ ခုပြထားတဲ့ခုနှစ်တွေရဲ့ မေးခွနဟောင်း PDF file တွေရှာပေးလို့ရမလား
02 Noy, 01:43
02 Noy, ~01:43

His Girlfriend (2015) ******* အထက်တန်းကျောင်းသူဘဝကို ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ ဖြတ်သန်းချင်နေတဲ့ တက်ကြွဖျတ်လတ်တဲ့ မိန်းကလေးငယ်လေး ရီကာ (Rika)။ ကျောင်းစတက်တဲ့နေ့မှာတင် သူ့ထက် တစ်နှစ်ကြီးတဲ့ စီနီယာဖြစ်သလို ကျောင်းရဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်လေ့ရှိတဲ့ အစ်ကိုကြီး ခဲအိဂို (Keigo Tsujiki) ကို မြင်မြင်ချင်း စွဲစွဲလန်းလန်း ချစ်မိသွားပါတော့တယ်။ ရီကာ့အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တည်လာတဲ့ အထက်တန်းကျောင်းသူဘဝရဲ့ အချစ်ဦး ရင်ခုန်သံပါပဲ။ ဒါပေမဲ့ ဒီအချစ်က ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ ခဲအိဂိုရဲ့ အနားကို ချဉ်းကပ်ဖို့ ကြိုးစားရင်း ရီကာတစ်ယောက် စိတ်မကောင်းစရာ အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲဒါကတော့ ခဲအိဂိုရဲ့ နှလုံးသားထဲမှာ ကျောင်းဆင်းသွားခဲ့ပြီဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ အစ်မကြီး အာအိုအိ (Aoi Tachibana) ဆိုတဲ့ မိန်းကလေးတစ်ယောက် နေရာအပြည့်ယူထားနှင့်ပြီးသား ဖြစ်နေတာပါ။ ခဲအိဂိုဟာ အာအိုအိအပေါ် မျှော်လင့်ချက်မရှိတဲ့ တစ်ဖက်သတ်အချစ်နဲ့ နှစ်ရှည်လများ စောင့်ချစ်နေခဲ့တာ ဖြစ်ပါတယ်။ မိမိက ချစ်ရတဲ့သူဟာ အခြားတစ်ယောက်ကို ငေးမောကြည့်နေတာကို ရင်နာနာနဲ့ စောင့်ကြည့်ရတဲ့ ရီကာ၊ ပြီးတော့ သူ့ကိုပြန်မချစ်နိုင်တဲ့ အစ်မကြီးကို တမ်းတနေရတဲ့ ခဲအိဂို။ တစ်ဖက်သတ်အချစ်တွေ၊ မချိတင်ကဲဖြစ်ရမှုတွေ ရှုပ်ထွေးပတ်ချာလည်နေတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေကြားက အချစ်တြိဂံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမင်းသားလေး Jun Shison ဟာ အပြင်ပန်းမှာ လူချစ်လူခင်ပေါပြီး တက်ကြွပုံပေါ်ပေမဲ့ အတွင်းစိတ်မှာတော့ သူတစ်ဖက်သတ်ချစ်ရသူကြောင့် နာကျင်နေရတဲ့ စီနီယာတစ်ယောက်ရဲ့ Profile ကို အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ သူ့ရဲ့ မျက်ဝန်းတွေကတစ်ဆင့် ခံစားချက်ကို ဖော်ပြတဲ့နေရာမှာ တော်တော်လေး အသက်ဝင်ပါတယ်။ မင်းသမီးလေး Kyoko ရဲ့ သရုပ်ဆောင်မှုကတော့ ဒီကားရဲ့ အသက်ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ ဖြူစင်မှု၊ ချစ်ရသူရဲ့ အပြုံးတစ်ချက်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားသလို ခံစားရမှုနဲ့ ငြင်းပယ်ခံရတဲ့အခါ ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို သဘာဝကျကျနဲ့ ပရိသတ်တွေပါ လိုက်ပြီး မျက်ရည်ဝဲလာအောင် ပုံဖော်သွားနိုင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကြီး ဂျပန် Shoujo မန်ဂါ (Manga) ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ဂျပန် Live-action ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်ရှိန်ကို အပိုအလိုမရှိဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ သဘာဝကျကျ ပုံဖော်သွားပါတယ်။ တစ်ဖက်သတ်အချစ်ရဲ့ နာကျင်ရမှုတွေ၊ မရေရာတဲ့ မျှော်လင့်ချက် ကြီးမားမှုတွေကို ဆယ်ကျော်သက် လူငယ်သဘာဝအတိုင်း ဖြူစင်စွာ တွေ့မြင်ရမှာမို့လို့ ရှုစားလိုက်ပါဦးနော် ။
01 Noy, 19:39