cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Winter Channel

Video မှာ ကြောငြာထည့်ချင်သူများ Admin Acc @thuta20022 ဆက်သွယ် 09777677758 ဆက်သွယ်မေးမြန်နိုင်ပါတယ်

Ko'proq ko'rsatish
Reklama postlari
147 918
Obunachilar
+64924 soatlar
+10 8607 kunlar
+11 24330 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
Animal (2023)⭐ ဒီကားလေးကတော့ Ranbir Kapoor ရဲ့ အသစ်ထွက် Action/Crime  အမျိုးအစားလေးပါ။ နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ သားသမီးဘ၀မှာ..လိုလေသေးမရှိနေရတယ်ဆိုပေမဲ့ လစ်ဟာနေခဲ့တဲ့ ကွက်လပ်လေးတွေကတော့ ရှိဆဲပါပဲ။ ဒီကွက်လပ်တွေအတွက် အဖေမရှိရင် ဒီအိမ်ရဲ့ကိစ္စအ၀၀အတွက်တာ၀န်ရှိသူက ကျွန်တော်ပဲလို့ ရဲရဲ၀ံ့၀ံ့နဲ့ တာ၀န်ယူခဲ့ပေမဲ့ နောက်ဆုံးမှာသိုးမည်းပဲဖြစ်ခဲ့ရတဲ့ ဗီဂျေး... နှာတစ်ဖျားကျောချင်တဲ့ယောက်ဖနဲ့ အချစ်ကိုယုံစားပီး မသိတတ်တဲ့အစ်မကြား ... အစ်မကိုချစ်တဲ့စိတ်နဲ့အလျှော့ပေးခဲ့ရတဲ့ ဗီဂျေး... ဘယ်လောက်ကြိုးစားကြိုးစား သူ့ကိုအသိအမှတ်ပြုပေးဖို့ခက်တဲ့ အဖေကြောင့် အရိုင်းဆန်ချင်လာတဲ့ဗီဂျေး.... အဖေအတွက်.. နှမတွေအတွက်.. မိန်းမအတွက်.. မိသားစုအတွက် အရိုင်းလမ်းကိုလျှောက်ရင်းလောကဓံအချိုးအကွေ့တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ခပ်ကြမ်းကြမ်း Action ပြကွက်တွေနဲ့ မြင်တွေ့ရမှာပါ။ ဒီကားလေးကတော့ Ranbir Kapoor ရဲ့ကားတွေထဲမှာ သဘောအကျမိဆုံးကားလေးပါ။ Acting Skill တွေကိုသိသိသာသာ မြင်ရတဲ့ကားလေးမို့ Ranbir ဖန်များ အကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ။ ရှုစားကြပါဦး။ 🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/indiamovies_WC/81 https://t.me/indiamovies_WC/81
Hammasini ko'rsatish...
👍 14 6
Photo unavailableShow in Telegram
Maidaan (2024) အိန္ဒိယမှာ ရုံတင်ကတည်းက နာမည်ကြီးပြီး IMDB rating 8.4 ထိရရှိထားတဲ့ "Maidaan" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ ၁၉၆၂ ခုနှစ်၊အင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကိုယ်စားပြု ဘောလုံးအသင်းရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊အဖြစ်အပျက်တွေကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ အနိုင်ဆိုတာနဲ့ အလှမ်းဝေးပြီး အမြဲကျရှုံးနေတဲ့ အိန္ဒိယဘောလုံးအသင်းကိုအခြားနိုင်ငံတွေက  အထင်သေးစော်ကားတဲ့ အပြင် ကိုယ့်နိုင်ငံကပါ အထင်မကြီးပဲ ရှုံ့ချမှုတွေရှိခဲ့ပါတယ်။ အစိုးရကတောင် အားမပေးပဲ ဝေဖန်တိုက်ခိုက်နေပေမယ့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ဖို့၊မိိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ကစားသမားလူငယ်လေးတွေနဲ့ နိုင်ငံနဲ့ လူမျိုးအတွက် အစစအရာရာကို စွန့်လွှတ်အနစ်နာခံပြီး ဘောလုံးအသင်းတစ်ခုလုံးကို အုပ်ချုပ်ပြီး... ဗျူဟာကောင်းတွေ သင်ကြားပို့ချပေးတဲ့ 'ရာဟင်' ဆိုတဲ့ နည်းပြကောင်းတစ်ယောက်ကြောင့်..... အိန္ဒိယနိုင်ငံဘောလုံးအသင်းက နိုင်ငံတကာအသိအမှတ်ပြုခံရပြီး အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ယုံကြည်မှုတွေကို ဘယ်လိုမျိုး အခက်အခဲတွေကြားကနေ ရယူနိုင်ဖို့ ကြိုးစားမလဲဆိုတာကို ရသမျိုးစုံကြားကနေ.... စိတ်ဝင်တစားနဲ့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။ Review and Translated By Ye Myat & YOON Encoded By N.A.S 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/indiamovies_WC/77 https://t.me/indiamovies_WC/77
Hammasini ko'rsatish...
👍 9 2👎 1
Photo unavailableShow in Telegram
Ne Zha (2019) Fantasy/Action/Animation ဒီဇာတ်ကားလေးက နီကျား animationလေးဖြစ်ပါတယ်။ ငယ်ငယ်ကကြည့်ခဲ့တဲ့ နီကျားကိုလည်း ပြန်အမှတ်ရမိစေမှာပါ။ တရုတ်ရဲ့ box office မှာလည်း ဝင်ငွေအကောင်းဆုံး ဇာတ်ကားလေးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ နီကျားလေး ဖြစ်တည်လာပုံကို အသေးစိတ်ဖော်ပြထားပါတယ်။‌ ဇာတ်ကားအစမှာပုလဲလုံးလေးဟာမွေးဖွားလာပြီး စွမ်းအင်တွေကို စုပ်ယူရင်း မိစ္ဆာစွမ်းအင်တွေပါ စုပ်ယူမိသွားပါတယ်။ ကောင်းကင်မင်းကြီးက ပုလဲလုံးလေးကို ဂါထာနဲ့ ပုလဲဝိညာဉ်နဲ့ မိစ္ဆာသန္ဓေသားအဖြစ် နှစ်ပိုင်းခွဲလိုက်ပုံကနေ အစပျိုးထားပါတယ်။ actionပိုင်းတွေလည်းအရမ်းကောင်းပြီး animation ပိုင်းကလည်း သေသပ်လွန်းတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Review By Myo Min Khant 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဇာတ်ကားလင့်❤️❤️❤️❤️👇 https://t.me/WCCartoon/39 https://t.me/WCCartoon/39
Hammasini ko'rsatish...
👍 7 2🔥 1
Photo unavailableShow in Telegram
Time To Hunt ဒီနေ့မှာတော့ Action ကားကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကိုးရီးယားAction ကားလေးတစ်ကားကိုပြသပေးသွားမှာပါ။၂၀၂၀မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး IMDB 6.3နဲ့ အသက်၁၅နှစ်အထက်သာ ကြည့်ရှုဖို့ကန့်သတ်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ကားအညွှန်း ကိုးရီးယားနိုင်ငံက  ဘဏ္ဍာရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆင်းရဲသားတွေကလည်း ဆင်းရဲတွင်းနက်သထက်နက်လာခဲ့ရပါတယ်။ ကိုးရီးယားငွေစျေးနှုန်းတွေကလည်း ကျဆင်းလာပြီး  ဒေါ်လာနဲ့သာပေးချေရတဲ့အခြေအနေအထိကို ဖြစ်လာပါတယ်။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ဂျွန်ဆော့က ထောင်ကနေလွတ်လာတဲ့လူငယ်တစ်ဦးပါ။ဂျွန်ဆော့မှာ မိသားစုလိုအရမ်းချစ်ခင်ရတဲ့ ဂျန်ဟိုနဲ့ဂီဟွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ဂီဟွန်းကလွဲလို့ ဂျန်ဟိုနဲ့ဂျွန်ဆော့က အားကိုးစရာမရှိတဲ့ တစ်ကောင်ကြွက်တွေဖြစ်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးက ခိုးမှု၊လုယက်မှုပြစ်မှုမှတ်တမ်းတွေ ကိုယ်စီရှိကြတဲ့သူတွေမို့ ပုံမှန်နေရာတွေမှာအလုပ်လုပ်လို့မရပါဘူး။ ဒီလိုအောက်ခြေလူတန်းစားဘဝမှာနေရတဲ့ဘဝကို မုန်းတီးလာရတဲ့ဂျွန်ဆော့က  ထောင်ထဲမှာသူသိကျွမ်းခဲ့ရတဲ့ လူတွေကနေတစ်ဆင့် အကူအညီယူပြီး လူးဆိုးဂိုဏ်းတစ်ခုကဦးစီးတဲ့ လောင်းကစားရုံတစ်ခုကို ဓားပြတိုက်ဖို့ကြံစည်ပါတော့တယ်။ဂျန်ဟိုနဲ့ဂီဟွန်းကလည်း ဂျွန်ဆော့သေဆိုသေ၊ရှင်ဆိုရှင်မဲ့ သူငယ်ချင်းတွေဖြစ်တာမို့ သူငယ်ချင်းတွေစုပြီး ဓားပြတိုက်ကြတဲ့အချိန်မှာဘာတွေဖြစ်လာမလဲ? ဓားပြတိုက်တာအောင်ရောအောင်မြင်လာပါ့မလား? သူတို့ကို ဂိုဏ်းလူဆိုးတွေက အလွတ်ရောပေးပါ့မလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အပြင် အသက်ပါအသေခံတဲ့အထိ သူငယ်ချင်းသံယောဇဉ်ကို အလေးထားကြတဲ့ သူငယ်ချင်း၃ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်ရှူးဆောင်ပြီးကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။ 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/WinterChannelorgl/1787 https://t.me/WinterChannelorgl/1787
Hammasini ko'rsatish...
👍 7
Photo unavailableShow in Telegram
Madgaon Express (2024) ဇာတ်လမ်း အကျဥ်းလေးကတော့ ဒိုဒို၊ အာရွတ် ၊ပင်ကူလို့ ခေါ် တဲ့ ငယ်သူချင်း ၃ ယောက် ကလေးဘဝ မိန်းကလေးတွေ ဂိုအာကို ခရီးထွက်ဖို့ စီစဥ်နေတာ သိပြီး ဂိုအာသွားချင်တဲ့ဆန္ဒလေး ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ကလေးဘဝ မိဘတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် စိတ်ကူးယဥ်သက်သက်သာဖြစ်ခဲ့ပါ‌တော့တယ်။ ဒီလိုနဲ့ သူငယ်ချင်း ၃ ယောက် ဘွဲ့ရပြီးနောက်  ဆင်းရဲတဲ့ ဒိုဒိုလေးပဲ ဇာတိမြို့ မှာ ကျန်ခဲ့ပြီး ငွေကြေး အဆင်ပြေတဲ့ ပင်ကူနဲ့ အာရွတ်ကတော့ နိုင်ငံခြားကို ပြောင်း‌ရွေ့ သွားပါတော့တယ်။ တစ်ကွဲ တစ်ပြားဆီ ဖြစ်နေခဲ့တဲ့ သူငယ်ချင်း ၃ ယောက် facebook ပေါ်မှာ အဆက်အသွယ်ပြန်ရကြပြီး ဂိုအာခရီး ထွက်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ထွက်ဖြစ်ခဲ့တဲ့ ခရီး အစမှာတင် ဘိန်းမှောင်ခို ဂိုဏ်းရဲ့ အိတ်ကို မှားယူမိတာနဲ့ စပြီး ကြုံဆုံရသမျှ ဘယ်လိုအရှုပ်တွေထဲ ရောက်ပြီး ဘယ်လိုလွတ်အောင် ကြိုးစားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားရမယ့် ဟာသ ဇာတ်မြူး Bollywood ဇာတ်ကားလေးဖြစ်ပါတယ် Review and Translated By Kyaw Zin 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဇာတ်ကားလင့်❤️❤️❤️❤️👇 https://t.me/indiamovies_WC/73 https://t.me/indiamovies_WC/73
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
Justice League Crisis on Infinite Earths Part Two (2024) DC, Superheroes, Adventure ဒုတိယအပိုင်းမှာတော့ Flash က ပျောက်ဆုံးသွားခဲ့ပြီး မော်နီတာ မာနိုဗူ, Supergirl ကာရာနဲ့ စပက်ထရိုမန်း/ Space pirate ချားလ်တို့ရဲ့ နောက်ကြောင်းတွေကို ဖော်ပြထားပါတယ် အန်တိုင်းမက်တာလှိုင်းတွေကို တားဆီးဖို့အတွက် Batman, Superman, Green Latern နဲ့ Wonder woman တို့က ​ကမ္ဘာတွေမှာ ကိုယ်စီသွားကြပြီး မျှော်စင်တွေကို ကာကွယ်ပေးနေကြရင်း အန်တိုင်းမက်တာလှိုင်းတွေက ပုံစံပြောင်းလာခဲ့တယ် စိတ်ထိန်းချုပ်တဲ့စွမ်းအားရှင် လူဆိုးကောင် ချားလ်ကို မော်နီတာတစ်ယောက် ကမ္ဘာတွေကို ကယ်တင်ဖို့ ယုံကြည်ပြီး ဆက်တလိုက်ယာဥ်ပေါ်မှာ တင်ခဲ့မိတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ အန်တိုင်းမက်တာလှိုင်းတွေက သူတို့ထင်ထားခဲ့လို သဘာဝဖြစ်စဥ်လား တစ်စုံတစ်ယောက်က ဖန်တီးထားတာလား အန်တိုင်းမက်တာလှိုင်းတွေထဲကနေ ဘာတွေပါလာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ IMDB rating 6.3 ရရှိထားပြီး Rotten Tomatoes က 100 % အထိ အပြည့်ရရှိထားတယ်နော်။ 😐😐😐😐😐😐😐😐😐😐😐😐😐😐😐😐😐😐😐😐 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/WCCartoon/35 https://t.me/WCCartoon/35
Hammasini ko'rsatish...
Photo unavailableShow in Telegram
Curious Caterer ဇာတ်လမ်းတွေရဲ့နောက်ဆုံးထွက်ထားတဲ့ Foiled planဆိုတဲ့ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဂိုလ်ဒီဟာ ဟိုဒ်ရဲတိုက်ကြီးမှာကျင်းပတဲ့ အလယ်ခေတ်စတိုင်ကပွဲနဲ့ရံပုံငွေရှာဖွေပွဲအခမ်းအနားမှာဧည့်ခံပေးဖို့တာဝန်ယူရင်းနဲ့ ရဲတိုက်ပိုင်ရှင် ဆာအာလီစတဲဟာရဲလ်ကအသတ်ခံလိုက်ရပါတယ်။ အပြင်မှာလည်းနှင်းမုန်တိုင်းတိုက်နေတာကြောင့် ဘာမှလုပ်လို့မရတဲ့အခြေအနေမှာ ဂိုလ်ဒီတစ်ယောက် စုံထောက်တော်မ်ရှက်လ်ဇ်နဲ့အတူ ဘယ်လိုတွေစုံစမ်းဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုကြရမှာပါ။ IMDb 7.1 ရရှိထားတဲ့ကားလေးမို့ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက်လက်မလွှတ်သင့်တဲ့ကားလေးပါပဲ Review and Translated by Snowflake ❄️ 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰 ဇာတ်ကားလင့်❤️❤️❤️❤️👇 https://t.me/wceng/71 https://t.me/wceng/71
Hammasini ko'rsatish...
👍 6 2
Photo unavailableShow in Telegram
The Fall Guy (2024) ဟောလီးဝုဒ်ကားကို အိန္ဒိယမူဗီဆန်ဆန် Action/Comedy ပုံစံနဲ့ကြည့်ရှုရမဲ့ အသစ်စက်စက် The Fall Guy ဇာတ်ကား ထွက်ရှိလာပါပြီ။ ပျိုမေတို့အသည်းကျော် Ryan Gosling ရဲ့ဇာတ်ကားဖြစ်ပြီး သူ့ရဲ့အရင်နာမည်ကြီးကားတွေဖြစ်တဲ့ The Notebook, Barbie တို့နဲ့မတူ ထူးခြားတဲ့ character ကို တွေ့မြင်ရမှာပါ။ ဇာတ်အိမ်ကလည်း အပ်ကြောင်းထပ်နေတဲ့ ပုံမှန်ဇာတ်လမ်းကျောရိုးတွေကနေ အများကြီးကွဲထွက်နေပြီး ဒါကြောင့်မို့လည်း IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 82% အထိကို သိမ်းပိုက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်တော့ ကို့တ်ဆီဗားစ်ဟာ ဟောလီးဝုဒ်စတားတစ်ယောက်ဖြစ်သူ တွမ်ရိုက်ဒါရဲ့ အားအကိုးရဆုံးစတန့်မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီ profession ရဲ့ သဘောသဘာဝအတိုင်းပဲ စကွက်ပြကွက်တစ်ခုအတွင်းမှာ ပြုတ်ကျပြီးခါးရိုးကျိုးသွားတဲ့အတွက် သူချစ်တဲ့အလုပ်ကို စွန့်လွှတ်ခဲ့ရပါတယ်။ တစ်နှစ်ကြာပြီးနောက်မှာတော့ အနားယူနေတဲ့ကို့တ်ဟာ နာမည်ကြီးရုပ်ရှင်တစ်ခုကိုဖန်တီးနေစဉ်အတွင်း ဒီဇာတ်ကားမှာပြန်လည်ပါဝင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်သူ တစ်ချိန်ကသူ့ရဲ့သူငယ်ချင်း တွမ်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါမှာတော့... Review By K 🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
Hammasini ko'rsatish...
👍 13 2
Photo unavailableShow in Telegram
Lovely Runner (2024) အပိုင်း (14 )❤️❤️❤️👇 ပရိသတ်ကြီးကို အချစ်ချိုချိုလေးတွေနဲ့ ထူးခြားဆန်းပြားအချိန်ခရီးသွားဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးချင်ပါတယ်။ရူဆွန်းဂျယ် ဆိုတာက ရေကူးသမားဟောင်းတစ်ယောက်ဖြစ်သလို ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့အတွက် နာမည်ကြီးထိပ်တန်းအဆိုတော် သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်လာပါတယ်။အင်ဆိုးဆိုတဲ့ ကောင်မလေးကတော့ ချစ်စရာကောင်းပြီး အိပ်မက်တွေရည်မှန်းချက်တွေရှိပေမယ့် ခြေထောက်ထိခိုက်မိပြီးတော့ အိပ်မက်တွေစွန့်လွှတ်ခဲ့ရသူပါ။သူက ရေဒီယိုကနေ ရူဆွန်းဂျယ်ရဲ့သီချင်းတွေနားထောင်ရင်း ရူဆွန်းဂျယ်ရဲ့ပရိသတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာတော့ ရူဆွန်းဂျယ်တစ်ယောက် စိတ်ဓာတ်ကျဝေဒနာနဲ့ သေဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အင်ဆိုးတစ်ယောက် ထူးခြားဆန်းကြယ်စွာနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ဘဝကိုပြန်လည်ရောက်ရှိသွားပါတယ်။အဲဒီမှာ အသက် ၁၉ နှစ်အရွယ် အထက်တန်းကျောင်းသား ရူဆွန်းဂျယ်နဲ့ တဖန်ပြန်လည်တွေ့ဆုံပြီးတော့ နောင်ဖြစ်လာမယ့် ကြေကွဲဖွယ်ရာ အနာဂတ်မျိုးဖြစ်မလာအောင် ဘယ်လိုတားဆီးသွားမလဲဆိုတာကတော့ ချစ်စရာကောင်းတဲ့ မင်းသားမင်းသမီးနှစ်ယောက်ရဲ့ တင်ဆက်မှုတွေနဲ့အတူတူ ကြည့်ရှုလိုက်ရအောင်ပါ။စုစုပေါင်း အပိုင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ Review By CL 😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘😘 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/+LVJa2IVBce1iMjE1 https://t.me/+LVJa2IVBce1iMjE1
Hammasini ko'rsatish...
👍 14 1
Photo unavailableShow in Telegram
The Midnight Romance in Hagwon (2024) အပိုင်း ( 4 )❤️‍🔥❤️‍🔥❤️‍🔥👇 ပရိသတ်ကြီးကို မျက်ရည်မိုးတွေရွာသွန်းစေခဲ့တဲ့ Queen Of Tears အပြီး အချစ်ချိုချိုလေးတွေ တိုက်ကျွေးမယ့် The Midnight Romance in Hagwon လေးရောက်ရှိလို့လာပါပြီ။Seo Hye-Jin ဆိုတဲ့ ကိုရီးယားဘာသာစကားနည်းပြဆရာမလေးဆိုတာ ၁၄နှစ်လုံးလုံး Daechi-dong အကယ်ဒမီကျောင်းမှာ စာသင်လာခဲ့တဲ့ ဆရာမတစ်ယောက်ပါ။အဲဒီမှာ စာသင်သားဖြစ်ခဲ့တဲ့ Lee Joon-Ho ကတော့ ဆရာမလေး Seo Hye-Jin အပေါ်တစ်ဖက်သက်ချစ်ကြိုက်နေတဲ့သူပါ။ဒီလိုနဲ့ Lee Joon-Ho တစ်ယောက် အလုပ်အကိုင်တွေရပြီး သင်တန်းကျောင်းကို နည်းပြဆရာအဖြစ်နဲ့ ပြန်ရောက်လာတဲ့အချိန်မှာတော့ ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ Seo Hye-Jin နဲ့ အတိတ်ကအချစ်ဇာတ်လမ်းကို ဘယ်လိုပြန်အသက်သွင်းမလဲဆိုတာကတော့ ပရိသတ်ကြီးစောင်ကိုင်ပြီးကြည့်ရှုကြပါဦးနော်။စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီးတော့ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ Review By CL ❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥 ဇာတ်ကားလင့်❤️❤️❤️👇 https://t.me/+qSv1UG1erK03YTg1 https://t.me/+qSv1UG1erK03YTg1
Hammasini ko'rsatish...
👍 10