9 491
Obunachilar
+324 soatlar
+37 kun
+2730 kun
Postlar arxiv
အက်စီးဒင့်ကြောင့်ဆုံးရှုးလိုက်ရတဲ့ချစ်သူကောင်မလေးကထူးဆန်းစွားအသက်ရှင်ပြီးအတိတ်ကိုပြန်ရောက်လာတဲ့အခါ
If Only [ 2004 ]
လန် က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ ဆာမန်သာ က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်
လန်နဲ့ ဆမန်သာ ကတောက်ကဆဖြစ်နေချိန်မှာ ဆမန်ဒါတစ်ယောက်အက်စီးဒင့်ကြောင့်အသက်ဆုံးရှုးလိုက်းတယ်။
ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ ဆမန်သာ ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး
အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာတော့
ကြောက်စရာလဲကောင်းသလိုသေးထွက်ကျတဲ့ထိရယ်ရမဲ့ဟာသကား
Setannya Cuan (2026)
ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်တွေဆီက အင်ဒိုနီးရှားရွာလေးတစ်ရွာမှာ စတာပါ။ ရွာထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို၊ တစ်ဖက်မှာလည်း ချောမောလှပတဲ့ မုဆိုးမလေး
မင် (Mince) ရဲ့နှလုံးသားကိုရရှိဖို ရွာထဲက အမျိုးသားတွေအချင်းချင်း အပြိုင်အဆိုင် ပြဿနာတက်နေကြတာပါ။
ဩဇာ၊ အာဏာနဲ့အချစ်ကို ရရှိဖိုအတွက် ပိုက်ဆံနဲ့အနိုင်ယူချင်ကြတဲ့ ရွာသားတွေဟာ မြန်မြန်ဆန်ဆန် ချမ်းသာချင်တဲ့လောဘဖုံးလာပြီး ရိုဂျန် (Rojan) ဆိုတဲ့ စုန်းကဝါဆရာဆိုးဆီကို သွားရောက် အကူအညီ တောင်းခံကြပါတော့တယ်။
စုန်းဆရာရဲ့ အမှောင်နည်းလမ်းတွေကြောင့် ပိုက်ဆံခိုးတဲ့ သရဲစိမ်းကလေး (Tuyul) ၊ သင်္ချိုင်းဝတ်ရုံဖြူပတ်ထားတဲ့ သရဲ (Pocong) နဲ့ ဝက်အဖြစ်အသွင်ပြောင်းပိုက်ဆံရှာတဲ့သရဲ (Babi Ngepet) ဆိုတဲ့ အင်ဒိုနီးရှားရိုးရာသရဲဆိုးတွေက ရွာထဲမှာ ပေါ်ထွက်လာပါတော့တယ်။
တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြတဲ့ကားသစ်
The Last House (2026)
မိသားစုလေးယောက်ဟာ ပုံမှန်အတိုင်း အိပ်ရာနိုးလာချိန်မှာ သူတိုရဲ့ နေအိမ်ကြီးတစ်ခုလုံးကို ပြင်ပကအကြောင်းရင်းမရှိ အဆန်းကြယ် ပိတ်လှောင်ထားခြင်း ခံလိုက်ရတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရရာကနေ ဇာတ်လမ်းစတာပါ။
တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြရင်း အစားအသောက်နဲ့ သုံးစွဲစရာ ပစ္စည်းတွေ တဖြည်းဖြည်း နည်းပါးလာကြပါတယ်။
အိမ်အပြင်ဘက်မှာလည်း သူတိုကို စောင့်ကြည့် ပိတ်လှောင်ထားတဲ့ နားမလည်နိုင်တဲ့ မကောင်းဆိုးဝါး သိုမဟုတ် အန္တရာယ်တစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါ မိသားစုဝင်တွေဟာ အသ-က်ဘေးကနေ လွတ်မြောက်ဖိုနဲ့ ပေါင်းစည်းညီညွတ်စွာ ရုန်းကန်ကြရပါတော့တယ်။ အဆုံးထိစိတ်ဝင်စားမိအောင်လုပ်သွားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
မြိုနဲ့ မနီးမဝေး တောအုပ်ကြီးတစ်ခုမှာ ခန္ဓာတစ်ခုလုံး အရိအရွဲတွေနဲ့
အခုမှ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လိုပဲ
လူသားတစ်ဦး ပေါ်လာခဲ့ပါတယ်။ သူက ဘယ်ကပေါ်လာတာလဲ၊ ဘာကောင်လဲ ?
အဲဒီနောက်တော့ ကောင်လေးဟာ
တောအုပ်ထဲက ထွက်လာပြီး မြိုထဲလမ်းမပေါ်မှာ ဟိုကြည့်ဒီကြည့် လျှောက်သွားနေလို
ရဲတွေက ထိန်းသိမ်းစစ်မေးရာမှာ ဘာမှ မေးမရဘဲ
အတိတ်မေ့နေတာကို တွေ့ရပါတယ်။
ဒီကောင်လေးဟာ ထူးခြားနေတဲ့အတွက် စိတ်ပညာကုထုံးပညာရှင်
နစ်ကိုးလ်က သူ့အိမ်ကို ခေါ်သွားပြီး ကုသပါတယ်။
ထူးခြားချက်ကတော့
လူတိုင်း လူတိုင်း မွေးဖွားလာပြီဆိုကတည်းက
ချက်ကြိုးကို စတင်ဖြတ်ရတာက ထုံးစံပါပဲ။
ဒါက လူတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါ အမှတ်အသားတစ်ခုပေါ့။
သူက အဲလို ချက် အရာမရှိဘဲ ချက်နေရာမှာ အသားတွေနဲ့ ပြောင်ချောနေတာတော့
တော်တော်လေး ထူးဆန်းပါတယ်။
Rangoon [2017]
Rangoon ဆိုတဲ့ ကုလားကား။
၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။
အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။
လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့်ဝင်လာခဲ့တယ်။
ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ ရန်ကုန်က သူတို့ ပို့ရမယ် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။
နာမည်ကြီးနေတဲ့မွေးရာပါသင်္ချာစွမ်းရည်ပါလာတဲ့ အမျိုးသမီး
Shakuntala Devi (2020)
ဇာတ်လမ်းစစချင်း မှာ ကောင်မလေးတစ်ယောက်ဟာ မကျေနပ်ချက်မျိုးစုံနဲ့ ရုံးကြီးတစ်ခုကိုသွားနေတယ်….
သူမက ကြိုတင်ချိန်းဆိုထားတာဖြစ်လို့ လူကြီးတွေလည်းစောင့်ဆိုင်းနေကြတယ်…
ဒီလူကြီးတွေ ကောင်မလေးချိန်းဆိုပြီး တရားစွဲတဲ့ကိစ္စအတွက်စောင့်ဆိုင်းနေကြတာပါ…သို့ပေမဲ့သူတို့အားလုံးက အံအားသင့်နေတဲ့မျက်နှာကိုယ်စီနဲ့…
ဘာလို့ဆို ဒီကောင်မလေးဟာ သူ့အမေဖြစ်သူရဲ့ရှကန်တလားဒေဝီကို ဘဏ္ဍာရေးစာရင်းတွေ တရားမဝင်ဖျောက်ဖျက်မှုနဲ့တရားစွဲထားတာကြောင့်ပါ…
.ဘာကြောင့်အမေဖြစ်သူကိုတရားစွဲတာလဲဒီအမေဖြစ်သူက ဘာကြောင့် Human Computer လို့တင်စားရအောင်တော်နေတာလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုကြပါဦး
Crew [2024]
မင်းသမီးကြီး ကာရီနာကာပူးလ် မင်းသမီး ကာရီသာဆန်နွန် နောက်ထပ်မင်းသမီးကြီး တာဘူးတို့ သုံးယောက်ပေါင်းရိုက်ကူးထားပြီး IMDB မှာ 5.9 ရရှိထားတဲ့လေယာဉ်မယ်ကားလေး လာပါပြီခင်ဗျ။
နေ့စဉ်ဘ၀မှာ တစ်နေ့ခေါက်ကြေးလေးရမှစားရတဲ့လေယာဉ်မယ်ဘ၀ ဒေဝါလီခံရတော့မယ့် လေကြောင်းလိုင်းမို့ လစာကလည်းနေ့ရွှေ့ညရွှေ့ ဒီလိုအခြေအနေတွေကိုကျော်ဖြတ်နိုင်ဖို့ လေယာဉ်မယ်သုံးယောက်ပေါင်းပြီး ရွှေတွေမှောင်ခိုသယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ စွန့်စားခန်းရုပ်ရှင်လေးဖြစ်ပါတယ် အိန္ဒိယရဲ့ထိပ်တန်းနာမည်ကြီးမင်းသမီးတွေမို့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ပရိတ်သတ်အပေါ်ဆွဲဆောင်နိုင်မှုတွေကို တ၀ကြီးခံစားရမှာမို့ လိုက်ပါစီးမျောခံစားပေးပါဦးခင်ဗျာ။
လူမေးအရမ်းများနေတဲ့ မှော်ပညာတတ်
စုန်းကဝေတွေရဲ့ သဘာဝလွန်စွမ်းအားစီးရီးတွဲလေးလာပါပြီ
ဇာတ်လမ်းအစမှာ ဆယ်ကျော်သက်ကောင်မလေး ခမေးလ် ဟာ သူ့အိမ်ကိုပြန်ရောက်တော့ အမေဖြစ်သူက ဗိုက်မှာဓားဒဏ်ရာနဲ့ ကြမ်းပြင်မှာသေလုဆဲဆဲဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မိခင်ရဲ့အသက်ကိုလုဖို အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း
Play Dirty [2025]
ပါကာဟာ သူ့ရဲ့ သူခိုးအဖွဲ့နဲ့အတူ ဘဏ်တွေ သူဌေးတွေဆီကနေ အကွက်ကျကျ ဓားပြတိုက်လုယက်တဲ့ သူခိုးတစ်ယောက်ပါ။ တစ်နေ့တော့ ဇန်ဆိုတဲ့ အဖွဲ့ထဲက လူသစ်ကောင်မလေးက သူ့ရဲ့အဖွဲ့သားတွေကိုသတ်၊ ပါကာ့ကို သစ္စာဖောက်ပြီး လုယက်လာတဲ့ ငွေ ၄၀၀၀၀၀ ကို ယူပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပါကာလည်း ငွေတွေ ပြန်လုပြီး ကလဲ့စားချေဖို့ ဇန့်နောက်ကို လိုက်ခဲ့ပါတယ်။ ဇန်နဲ့တွေ့တဲ့အခါမှာတော့ ပါကာ့ရဲ့ အစီအစဉ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမဲ့ အကြံတစ်ခုကို ဇန်က ပြောလာခဲ့ပါတယ်။ အဲဒါကတော့ ၁၅ ရာစုနှစ်လောက်က နှစ်မြုပ်သွားခဲ့တဲ့ သင်္ဘောပျက်ကြီးကနေ ဆယ်ယူထားတဲ့ ရွှေတွေကို အစိုးရဆီက ဖြတ်ခုတ်ဖို့ပါပဲ။ ပါကာ့ဆီက လုသွားတဲ့ ငွေ ၄၀၀၀၀၀ ကလည်း ဒီအကြံအကောင်အထည်ပေ့်ရေးမှာ ဇန်က သုံးလိုက်ပြီမလို့ သူ့ငွေတွေ ပြန်ရဖို့အရေး ပါကာဟာ ဒီလုယက်မှုကြီးမှာ ပါမှကို ဖြစ်တော့မှာပါ။ ဒီလိုနဲ့ ကလဲ့စားချေရမဲ့ ရန်သူနဲ့အတူ ပူးပေါင်းပြီး ရွှေခိုးရမဲ့ စစ်ဆင်ရေးကြီး စတင်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားကြီး Mark Wahlberg က ပါကာအဖြစ် ပါဝင်သရုပ်ဆောင်ထာပါတယ်။
ရေကူးကန်ထဲမှာပိတ်မိနေတဲ့ညီအစ်မ
12 feet deep (2017)
ရေကူးကန်ထဲမှာပိတ်မိတဲ့ဇာတ်ကား ..
ရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပဲ တစ်ကားလုံးရိုက်ကူးသွားတာပါ…။
အဓိကသရုပ်ဆောင်ကလည်း မင်းသမီးနှစ်လက်သာပါပြီး တစ်ကားလုံးကိုညီအစ်မနှစ်ယောက်ရဲ့ခံစားချက်တွေ သံယောဇဥ်တွေနဲ့သာ ဖွဲ့စည်းပါထားပါတယ်….ဇာတ်လမ်းအကြောင်းအရာလေးကတော့ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီအစ်မ
နှစ်ယောက်ဟာ သူတို့ငယ်ငယ်ကဆုံနေကျ ရေကူးကန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရေလာကူးကြပါတယ်….။ကံဆိုးချင်တော့ ဇာတ်လမ်းလှည့်ကွက်တွေကြောင့် ရေကူးကန်ပိတ်သွားတာတောင်ညီအစ်မနှစ်ယောက်ဟာ ရေကူးကန်ထဲပိတ်မိပြီးကျန်နေခဲ့ပါတယ်….။နှစ်ယောက်သား ရေကူးကန်ထဲမှာပဲ ကူကယ်ရာမဲ့ အချိန်ကြာလာလေအသက်အန္တရာယ်ရှိလာလေပါ…။ဒီလို ရေကူးကန်အိပ်မက်ဆိုးကနေ ညီအစ်မနှစ်ယောက်ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီ….။
A Gentle Breeze in the Village (2007)
ဇာတ်လမ်းလေးကတော့ ဂျပန်နိုင်ငံရဲ့ တိတ်ဆိတ်အေးချမ်းပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုမှာ အခြေတည်ထားပါတယ်။ အဲဒီရွာလေးမှာရှိတဲ့ စာသင်ကျောင်းလေးက ဘယ်လောက်တောင် သေးငယ်လဲဆိုရင် မူလတန်းကနေ အလယ်တန်းအထိ ကျောင်းသား အားလုံးပေါင်းမှ (၆) ယောက်တည်းသာ ရှိတာပါ။
အဲဒီကျောင်းလေးမှာ အတန်းကြီးဆုံးနဲ့ အပြစ်ကင်းစင်တဲ့ ရွာသူမလေး 'ဆိုယို' ဟာ သူ့ရဲ့ ညီငယ်၊ ညီမငယ်လေးတွေလို ဖြစ်နေတဲ့ ကျောင်းသားလေးတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့ တိုကျိုမြိုကြီးကနေ 'ဟီရိုမီ' ဆိုတဲ့ ခပ်ချောချော မြိုကြီးသား ကောင်လေးတစ်ယောက် ကျောင်းပြောင်းရောက်လာချိန်မှာတော့ ဆိုယိုတိုရဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာလေးမှာ ဂယက်ထလာပါတော့တယ်။
ဖက်ရှင်ကျကျနဲ့ Cool ဖြစ်လွန်းတဲ့ မြိုကြီးသားကောင်လေးနဲ့ ရိုးရိုးရှင်းရှင်း တောသူမလေးတိုရဲ့ ကြားမှာ လူငယ်ဘာဝ အပြစ်ကင်းတဲ့ အချစ်ဦး (First Love) ရင်ခုန်သံလေးတွေ စတင်လာတဲ့အခါ…
ဒီစီးရီးဟာသင်္ဘောသားတွေရဲ့ရေခဲပြင်ထဲမှာ အသက်ရှင်သန်ဖို ဘယ်လိုကြိုးစားကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုကို ရိုက်ထားတာ ဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို ကောင်းပြီးတစ်ခုထူးခြားတာက နတ်ဆရာတွေ၊ မိစ္ဆာတွေ နဲ့ ယဇ်ပူဇော်မှု အကြောင်းတွေလည်း ပါပါတယ်။
ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားစရာတွေသာ များလာတာမို လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။
၁၉၈၇ ခုနှစ်က ဘရာဇီးနိုင်ငံ Goiânia မြို့မှာ အမှန်တကယ် ဖြစ်ပွားခဲ့သော Cesium-137 ဓာတ်ရောင်ခြည်ယိုစိမ့်မှု ဖြစ်စဉ်အမှန်ကို အခြေခံရိုက်ကူးထားသည့် Netflix ၏ ဘရာဇီး မီနီစီးရီး ဖြစ်သည်။စွန့်ပစ်ထားသော ဆေးရုံဟောင်းတစ်ခုမှ ဓာတ်ရောင်ခြည်ကုသစက်ကို သံတိုသံစ စုဆောင်းသူ ၂ ဦးက အမှတ်မထင် ဖြုတ်ယူရောင်းချခဲ့ရာမှ စတင်သည်။ ထိုစက်ထဲမှ ထွက်ပေါ်နေသော အပြာရောင်တောက်တောက် အမှုန့် (Cesium-137) များကို လှပသည်ဟု ထင်မှတ်ကာ လူအများထံ လက်ဆင့်ကမ်းမိကြရာမှတစ်ဆင့် မြို့တစ်မြို့လုံး မမြင်နိုင်သော ဓာတ်ရောင်ခြည်အန္တရာယ် ပျံ့နှံ့သွားပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။
" Ghost’s News "(2023)
ရွာတရွာမှာ မထင်မှတ်ဘဲနဲ့ မြစ်ကမ်းဘေးမှအလောင်းတခုမျှောနေတာကို ရွာသားတွေကတွေ့လိုက်ပါတယ်။ အဲ့အလောင်းကတော့အဲ့ရွာမှာနေထိုင်တဲ့ဘုန်းကြီးကျောင်းသား "ပိတ်"ဆိုတဲ့လူပါပဲ။ ဘာကြောင့်သေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။
"မိတ်"ကလည်း ဘုန်းကြီးကျောင်းသားဆိုပေမယ့် ကြိုးစားတဲ့လူငယ်ဖြစ်တာကြောင့်ဆရာဝန်လက်ထောက်ဖြစ်နေပါတယ်။ "ပိတ်"သေဆုံးပြီးမကြာပါဘူး ပိတ်တယောက် အငြိုးကြီးတဲ့ဝိညာဉ်အဖြစ်နဲ့ရပ်ကွက်တခုလုံးကိုမွေနှောက်ပါတော့တယ်။
ရွာသူကြီးဖြစ်သူကလည်း ရပ်သူရပ်သားပျော်ရွှင်ဖို့အတွက် ပိတ်ကိုနှိမ်နှင်းဖို့ကြိုးစားကြတာပေါ့။ သို့ပေမယ့် ပိတ်ဟာဘာကြောင့်အငြိုးရှိနေတာလဲဆိုတာ ဘယ်သူမှမစုံစမ်းဘဲ နှိမ်နှင်းဖို့ကြိုးစားကြတယ်။ မိတ်ကတော့ သူ့အစ်ကိုလိုခင်ရတဲ့ပိတ် ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲစုံစမ်းရင်းနဲ့ အမှန်တရားကိုတွေ့ရှိခဲ့ပါတယ်။
Loner (2025)
ချစ်သူကိုဆုံးရှုံးလိုက်ရလို့ အားငယ်နေတဲ့
ဗလော့ဂါ လူငယ်အန်းဂတ်စ်ဟာ နည်းပညာတွေနဲ့
အဆက်အသွယ်ဖြတ်ပြီး Social Detox လုပ်ရင်း
ဗီလော့ဂ်လည်း ရိုက်ရင်းနဲ့လုံး၀ လူသူမနီးတဲ့ ..
Oddity (2024)
ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲပြပြီး နောက်ပိုင်းမှာတော့ ရှယ်ခြောက် ပလန်နဲ့ ကို ခြောက်တာပါ။
တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွားါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာနေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင်အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာမဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်းအမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရောကြည့်ရကျိုးနပ်မယ့်....
Seorin အထက်တန်းကျောင်းမှာ "Girigo" ဆိုတဲ့ ဆုတောင်းပေးတဲ့ Mobile App တစ်ခု ခေတ်စားလာပါတယ်။ ဒီ App ထဲမှာ မိမိ နာမည်၊ မွေးသက္ကရာဇ် ရေးထွင်းပြီး မိမိဖြစ်ချင်တဲ့ ဆုတောင်းကို ရိုက်ကူးတောင်းဆိုလိုက်ရင် ဆုတောင်းတွေ တကယ်ပြည့်လာပါတယ်။
ဒါပေမဲ့ ဆုတောင်းပြည့်ပြီးတာနဲ့ ၂၄ နာရီအတွင်း အဲဒီကျောင်းသားဆီကို သေခြင်းတမန် အရိပ်အယောင်တွေ ရောက်လာပြီး ဆိုးရွားစွာ သေဆုံးရတဲ့ ကျိန်စာဆိုး ပါလာတာကို ကျောင်းသူ Yoo Se-ah နဲ့ သူမရဲ့ သူငယ်ချင်းတစ်စု သတိပြုမိသွားကြပါတယ်။ သူတို့ သူငယ်ချင်းအုပ်စု ကပ်ဘေးကနေ လွတ်မြောက်ဖို့နဲ့ ဒီ App ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် (ကျောင်းရဲ့ သွေးစွန်းခဲ့တဲ့ အတိတ်သမိုင်း) ကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အိမ်ထောင်ရေး အက်ကြောင်းထနေတဲ့ ဇနီးမောင်နှံနှစ်ဦးကြားမှာ အမျိုးသားဖြစ်သူ Les က အရာဝတ္ထုတွေကို သေးငယ်အောင် လုပ်နိုင်တဲ့ စမ်းသပ်မှုတစ်ခု လုပ်နေစဉ်အတွင်း Lindy တစ်ယောက် မတော်တဆ သေးငယ်သွားပါတယ်။ ပုံမှန်အရွယ်အစား ပြန်ဖြစ်အောင် မလုပ်ပေးနိုင်သေးမီ စိန်ခေါ်မှုတွေနဲ့အတူ နှစ်ယောက်ကြားက အာဏာလုပွဲ၊ အိမ်ထောင်ရေး ပြဿနာနဲ့ မကျေနပ်ချက်တွေကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်
The Caretaker (2026)
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းက မိုင်လ်စ် (Miles) ဆိုတဲ့ အမျိုးသားတစ်ယောက် ကားအတော်စီးဒဏ်ဖြစ်ပြီး ဒုက္ခိတဖြစ်သွားရာကနေ စတာပါ။ သူဇနီးမ ဆာရာ (Sarah) က ယောက်ျားဖြစ်သူကို ပြုစုဖို့ ဂျယ်ရီ (Jerry) ဆိုတဲ့ လူတစ်ယောက်ကို အိမ်မှာနေပြီး ပြုစုပေးဖို့ ငှားလိုက်ပါတယ်။
စစချင်းမှာတော့ ဂျယ်ရီက အရမ်းကို သဘောကောင်း၊ ဂရုစိုက်တတ်ပြီး အားကိုးရတဲ့သူတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်တွေ ပေါ်လာပါတော့တယ်။ ဂျယ်ရီက မိသားစုကို စိတ်ပိုင်းဆိုင်ရာအရ ခြယ်လှယ်လာပြီး အိမ်ရဲ့ အိမ်ထောင်ဦးစီးနေရာကိုပါ အပိုင်စီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။
La Condition (2025)
ပြင်သစ်စာရေးဆရာ လေယိုနော်ဒီရေကွန်ဒေါ်ရဲ့ နာမည်ကြီးဝတ္ထု Amours ကို မှီငြမ်းထားတဲ့ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
၁၉၁၀ ခုနှစ်ဝန်းကျင်က ပြင်သစ်နိုင်ငံမှာ ဆီလက်စ်ဆိုတဲ့ မိန်းမလှလေးဟာ ချမ်းသာတဲ့ လူကုိုထိမ်အိမ်တစ်ခုမှာ အိမ်ဖော်မလေးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
အဲ့ဒီအိမ်ကြီးရဲ့ အိမ်ရှင်မဖြစ်သူ ဗစ်တွိုင်းဟာ ခေတ်စနစ်၊ ဘာသာရေးနဲ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံပြဇနီးမယားဆိုတဲ့ ဖိအားတွေအောက်မှာ စိတ်ကျဉ်းကြပ်စွာ ရှင်သန်နေရသူပါ။ အိမ်ထောင်ရေးအဆင်မပြေမှု၊ အထက်တန်းစား လူနေမှုဘဝ ဟန်ဆောင်မှုတွေနဲ့ သားသမီးမထွန်းကားမှုတွေကြောင့် ဗစ်တွိုင်းရဲ့ ဘဝဟာ ခြောက်ကပ်နေပါတယ်။
ဒါပေမဲ့ အိမ်ကြီးရှင်လင်မယားနဲ့ အိမ်ဖော်မလေး ဆီလက်စ်တို့ကြားမှာ ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာတော့ အိမ်တစ်မိုးအောက်မှာနေတဲ့ လူတန်းစားနှစ်ခုက အမျိုးသမီးနှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့ ဆက်နွှယ်မှုနဲ့ စိတ္တဇဆန်တဲ့ အထိမခံ ကိစ္စတွေ စတင်လာပါတော့တယ်။
