cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

📴 Real News 📴

မင်းကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့ ဂုဏ်ယူပါတယ်! လူအများစုက ကြိုးစားတောင်မကြည့်ကြပါဘူး https://www.facebook.com/profile.php?id=61552060349363&mibextid=ZbWKwL

Ko'proq ko'rsatish
Reklama postlari
2 224
Obunachilar
+924 soatlar
+277 kunlar
+12730 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

၂၀၂၄ ဇူလိုင်လ ၁၄ရက်နေ့မှ ၁၈ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီး ၁၉ ရက်နေ့မှ ၂၂ရက်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ် အဆိုပါဖြစ်စဥ်ကြောင့် မြန်မာမိုးသက်ရောက်ရရှိနိုင်တဲ့အခြေအနေကို အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းကာ ခန့်မှန်းချက်များကိုထုတ်ပြန်ကြေညာပေးသွားပါမယ် ISSUED TIME 11/07/2024 7:18am(MMT) Su Su San Su Su San 𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚
Hammasini ko'rsatish...
👍 19
၁၀၂၇ ဒုတိယ လှိုင်းမှာ လက်သံပြောင်ပြောင်နဲ့  မန္တလေးနယ်တစ်ဝိုက် စကစ တပ်တွေကို တိုက်ခိုက် သိမ်းပိုက်ထားတဲ့  တချိန်က " ဒေါက်တာ စိုးသူရဇော် "ယခု တော့ Mdy PDF ဦးဆောင်သူ " ကိုအော်စမွန် "
Hammasini ko'rsatish...
👍 9
ဗုံးခိုကျင်း တည်ဆောက်ပုံ အဆင့်ဆင့်။ -ရေခဲမြစ်ငယ်နွေ https://t.me/yaykhalmyitngalnwaypress
Hammasini ko'rsatish...
👍 2
👍 1
တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၆)ရက် ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။ ၂။ ယခုအခါ မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် ရန်သူ့တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။ ၃။ အဆိုပါ စစ်ဆင်ရေးများအတွင်း ရန်သူ့ထံမှ (၁၂၀)မမ စိန်ပြောင်း (၁)လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ၄။ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်းပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်။ ၅။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)အဖွဲ့ဝင်များသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်။ စစ်ဦးစီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) #MDY_PDF #1027_Part2 #Madaya
Hammasini ko'rsatish...
👍 5 1
စစ်ခွေးသင်္ချိုင်း: ဖထီးတို့ သစ်ပင်စိုက်လို့ ပြီးခါနီးပြီထင်တယ်။ လက်နက်တွေနဲ့ အလင်းမဝင်၊ လာမအပ်ရင် ဘယ်တော့လောက်စစ်ဆင်ရေးစမလဲ သိချင်ပါတယ်။ အရာရာအတွက်ကျေးဇူးတင်ရပေမဲ့ ကရင် image ကအနောက်ကလိုက်နေပါတယ်။ အမြဲသတိတရရှိနေရမှာက ဖက်ဆစ်ခွေးမိစ္ဆာက ဟောင်စဲ၊ ကိုက်စဲ၊ အမြစ်မပြတ်သေးစဲ ဆိုတာကိုပါပဲ။ တဘက်ကထရင် တဘက်ကထိုင်ပေး အလိုက်သိတဲ့ကရင်လေး မဖြစ်ဖို့လိုပါတယ်။ ဆန္ဒမပါဘဲ အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ ဒေါနတောင်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအား အသိပေးချက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်က ယနေ့ထုတ်ပြန်ခဲ့ရာ ရောက်သည့်နေရာမှ KNLA တပ်ဖွဲ့ထံ လာရောက်လက်နက်အပ်နှံကြရန် သတိပေးခဲ့သည်။ ၂၀၂၄ မတ်လမှစ၍ မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဧပြီဒုတိယပတ်တွင်  သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး မြ၀တီမြို့ ခလရ(၂၇၅)ကို လည်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီဘက်က နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို အောင်ဇေယျ အမည်ဖြင့် ဆင်နွှဲခဲ့ရာ KNLA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် အောင်ဇေယျစစ်ကြောင်း အထိနာပြီး ရှေ့ဆက်မတိုင်းနိုင်ဘဲ ဖြစ်နေသည်။ အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များအား သတိပေးချက်ကို KNLA ဗဟို ဌာနချုပ်က ယနေ့ (ဇူလိုင် ၅ရက်)တွင် သတိပေးချက်ထုတ်ပြန်ပြီး လက်နက်ချရန် အသိပေးခဲ့သည်။ "မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မ သွပ်သွင်းခံရကာ အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျ စစ်ဆင်ရေး ရှေ့တန်း တစ်နေရာသို့ ရောက်ရှိနေသော စစ်ကောင်စီ လက်အောက်မှ ရဲဘော်တပ်သားများခင်ဗျား။ နိုင်ငံတကာ ဥပဒေ စံနှုန်းနှင့်အညီ အသက်ရှင်သန်ခွင့်ရလိုလျင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံသို့လာရောက် လက်နက်အပ်နှံခြင်း ကတစ်ခုတည်းသော နည်းလမ်းဖြစ်သည်”ဟု KNLA ဗဟို ဌာနချုပ်က ထုတ်ပြန်သည်။ ကျည်ဖြုတ်ထားသော သေနတ်အားနောက်ကျောတွင်လွယ်ကာ  ခေါင်းကိုမြေကြီး အောက်ချ၍  လက်ဗလာဖြင့် ရှောက်သည့်နေရာမှ နေရပ်စွန့်ပြီး KNLA တပ်ဖွဲ့ထံ အရောက်လာရန် ဖော်ပြထားသည်။ ထို့ပြင် အောင်ဇေယျ စစ်ကြောင်းမှ လွတ်မြောက်ာလသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂)တပ်မှ တပ်သား ပြည့်ဖြိုးအောင်၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ ၎င်းအနေဖြင့်အပြင်၌ ပြဿနာဖြစ်၍ ရဲအဖမ်းခံရစဉ်  တပ်ထဲဝင်မလား၊ ထောင်အကျခံမလား မေး၍ တပ်ထဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။ တပ်တွင်း၌ အထက်အရာရှိများက လက်အောက်ငယ်သား ရဲဘော်များကို ဖိနှိပ်မှုများရှိသည်ဟုလည်း ၎င်းကဆိုသည်။ ပင်ပန်းလွန်း၍ ၊ မိသားစုနှင့်တွေ့ဆုံလို၍ အလင်းဝင်လာခြင်းဖြစ်သည်ဟု ပြောသည်။ စစ်ကောင်စီတပ်သားများ အလင်းဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်မည်ဟု  စစ်ကောင်စီဘက်က ဝါဒဖြန့်ထားကြောင်း၊   သို့ရာတွင် KNLA တပ်ဘက်ကကောင်းမွန်စွာ ဆက်ဆံကူညီပေးသည်ဟု ၎င်းက ပြောပြသည်။ ဇူလိုင် ၂ရက်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းစခန်း ဆက်သွယ်ရေးမြောင်းအထိရောက်ရှိလာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။ ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ဆက်​ပြောသည်။ မြဝတီမြိုကို စစ်ကူပိုရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် "​အောင်​​ဇေယျစစ်ဆင်​​ရေး"ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။ PS
Hammasini ko'rsatish...
👍 3 1
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ ဆိုးရွားပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ ပိုလို့တိုးလာတာတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဥ်အတွင်းမှာ လုပ်ဆောင်ဖို့ အကြံပြုလိုတဲ့ ဆောင်ရန်/ရှောင်ရန် အချက်တွေကို တတ်နိုင်သမျှ ဘေးကင်းလုံခြုံနိုင်ရေးအတွက် မျှဝေပေးပါရစေ ခင်ဗျာ။ မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း သိထားရအောင် ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးဖို့လည်း တိုက်တွန်းလိုပါတယ် ခင်ဗျာ။ -ရေခဲမြစ်ငယ်နွေ RealNews
Hammasini ko'rsatish...
👍 3
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ ဆိုးရွားပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ ပိုလို့တိုးလာတာတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဥ်အတွင်းမှာ လုပ်ဆောင်ဖို့ အကြံပြုလိုတဲ့ ဆောင်ရန်/ရှောင်ရန် အချက်တွေကို တတ်နိုင်သမျှ ဘေးကင်းလုံခြုံနိုင်ရေးအတွက် မျှဝေပေးပါရစေ ခင်ဗျာ။ မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း သိထားရအောင် ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးဖို့လည်း တိုက်တွန်းလိုပါတယ် ခင်ဗျာ။ -ရေခဲမြစ်ငယ်နွေ https://t.me/yaykhalmyitngalnwaypress
Hammasini ko'rsatish...
☂️သတင်း☔ August 2024 Weather Forecast ၂၀၂၄ သြဂုတ်လတွင် လင်းခေးခရိုင် တောင်ကြီးခရိုင် ကလောခရိုင် ရမည်းသင်းခရိုင် မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင် မြင်းခြံခရိုင် မုံရွာခရိုင် ပခုက္ကူခရိုင် ညောင်ဦးခရိုင် ချောက်ခရိုင်ဒေသတွေမှာ ရွာသွန်းမြဲထက်ပိုမိုရွာသွန်းနိုင်ပါတယ် 🌧️🌧️🌧️🐌🌱 ISSUED TIME 06/07/2024 3:26am(MMT) ー 📢📢 မိုးကြီးရေလျှံသတိ 🌧🌧🌧 ၂၀၂၄ ဇူလိုင်လ ၁၀ရက်နေ့ နှင့် ၁၁ရက်နေ့တွေမှာ ကချင်ပြည်နယ်ကြီးမှာ မိုးများစွာရွာသွန်းနိုင်ပြီး တောင်ပြိုခြင်း ရေကြီးနစ်မြုတ်မှုတွေဖြစ်ပေါ်နိုင်ပြန်ပါတယ် 🌧️🌧️🌧️🏡⚠️ ယခုခန့်မှန်းချက်လွဲမှားသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ISSUED TIME 0 06/07/2024 7:33am(MMT) ဂရုစိုက်ကြပါ 🙏🕊️🌄 မင်း ဂွတ် သီး Su Su San MRSN Jul 6   , 8:23AM 📬သတင်းပို့ရန် @WaiHinDomino @WaiHin8
Hammasini ko'rsatish...
👍 4
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.