Way Back Love MMSub (2025)
Yopiq kanal
1 172
Obunachilar
Ma'lumot yo'q24 soatlar
-37 kun
-3530 kun
Postlar arxiv
Way Back Love (2025)
ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်အချိန် ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။
ဒီဇာတ်လမ်းလေးမှာတော့ The Bride of Habeak, Lovers of the Red Sky ထဲမှ
မင်းသား Gong Myung နှင့်အတူ Pachinko, Light Shop ထဲမှ မင်းသမီး Kim Minha တို့က
အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။
အသက် ၂၄နှစ်အရွယ် ဂျောင်ဟီဝန်းဟာ အထက်တန်းကျောင်းမှ အချစ်ရဆုံး သူငယ်ချင်းဖြစ်သလို
တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်များရှိနေကြတဲ့ ဂင်ရမ်အူရဲ့ သေဆုံးမှုကြောင့် အပြစ်တင်စိတ်
ခံစားရနေပြီး မိမိဘဝနှင့် အသက်ကို လက်လျှော့ထားသူဖြစ်ပါတယ်။
သို့ပေမဲ့ ခြောက်နှစ်ကြာလွန်ပြီ တစ်ရက်မှာ ဂင်ရမ်အူဟာ အိမ်တံခါးဝမှာ သေမင်းအဖြစ်နဲ့ ရုတ်တရက်ကြီး
ရောက်ချလာကာ သူမအသက်ရှင်ရန် တစ်ပတ်သာ ကျန်တော့ကြောင်း ပြောလာပါတော့တယ်။
ရမ်အူဆုံးသွားပြီးတည်းက ရပ်တန့်သွားတဲ့ ဟီဝန်းရဲ့အချိန်တွေကို ကျန်ရှိတဲ့တစ်ပတ်တာကာလမှာ
ဘယ်လိုအတူတူကုန်ဆုံးကျမလဲ.. ဂင်ရမ်အူရဲ့ တကယ်သေဆုံးသွားရတဲ့အကြောင်းအရင်းကဘာလဲ..
နှစ်ဦးသားနောက်ဆုံးအချိန်မှာ ခံစားချက်တွေကိုဖွင့်ဟနိုင်ခဲ့မှာလား စသည်တို့ကို ရသမျိုးစုံဖြင့်
ရင်ခုန်စွာ ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။
