cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ATH(ရုပ်ရှင်ကမ္ဘာ)

Ko'proq ko'rsatish
Reklama postlari
175 529
Obunachilar
+26424 soatlar
+8587 kunlar
+5 80230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
Triple Threat (2019) Ong Bak မင်းသား တိုနီဂ်ား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စေကာ့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ ့မဟာဂ်ာယာမွာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေး ထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။ အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်မယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ် #crd
Hammasini ko'rsatish...
😁 1
The Great Wall 2016 ဒီကားက Song Dynasty ကြားကာလကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်ကယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ် ဒီကားက Fantasy Si-Fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလိုမွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ် Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ် ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ် သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monsterတွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ် အက်ရှင်အလန်းစားတွေတွေ့ရမှာဖြစ်သလို တရုတ်မင်းသမီးလေး Tian Jing ကလည်းပန်းတွေတောင်မြေခအောင်လှလွန်းတဲ့အတွက် ကြည့်ရတာ အရမ်းကို တန်လွန်းတယ်လို့ပြောရမှာဖြစ်ပါတယ် #Credit
Hammasini ko'rsatish...
Photo unavailableShow in Telegram
Bunker (2022) ပထမကမ္ဘာစစ်အတွင်း ဂျာမန်တပ်စခန်းနဲ့ မနီးမဝေးမှာစခန်းချနေကြတဲ့ တပ်ပေါင်းစုတစ်ခုဟာ မဆုတ်သာမလူးသာအနေအထားနဲ့ ရှေ့တန်းမျက်နှာစာမှာစောင့်ကြပ်နေရတဲ့အချိန် တစ်နေ့တော့ မျက်နှာချင်းဆိုင်က ဂျာမန်တပ်စခန်းကို လူတွေစွန့်ခွာသွားမှန်း သိလိုက်ရပါတယ်.. ဗိုလ်ကြီးတာနာဦးဆောင်တဲ့ တပ်သားတစ်စုဟာ ဂျာမန်တပ်စခန်းရဲ့ ကတုတ်ကျင်းထဲကိုဆင်းကြည့်ရင်း လူတစ်ယောက်ကို လက်ဝါးကပ်တိုင်မှာ သံရိုက်ထားတဲ့နေအထားနဲ့ မြင်ခဲ့ရတာကြောင့် ကယ်ဆယ်လိုက်မိတဲ့အချိန်... တပ်စခန်းကို အဝေးကတိုက်ခိုက်မှုကြောင့် ထွက်ပေါက်ပိတ်ပြီး ပြန်မထွက်နိင်ကြတဲ့အချိန်... အတွင်းထဲမှာ မသင်္ကာစရာအဖြစ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ.. သူတို့လူစု အဲဒီကျင်းထဲက ပြန်ထွက်နိုင်မလား.. သူတို့ရင်ဆိုင်နေရတဲ့အရာက ဘာလဲဆိုတာ....
Hammasini ko'rsatish...
👍 1
Bridge Of Spies (2016) _______ IMDB (7.6/10)
Hammasini ko'rsatish...
Photo unavailableShow in Telegram
Cube (2022)
Hammasini ko'rsatish...
Photo unavailableShow in Telegram
The Story of yaun tiangang 2024 ” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ” ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။ အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ
Hammasini ko'rsatish...
Haobet-77 ---5⭐️ ⭐️ငွေကြေးပိုင်း 100% မြန်ဆန်ယုံကြည်စိတ်ချရသော Haobet-77 Online Game Website ⭐️Slot /Live Casino /Football( ML/DOTA)/Fishing အစရှိသည့်စုံလင်သောဂိမ်းများစွာတစ်နေရာတည်းမှာပါဝင်ပါသည်။ ⭐️ကိုယ်တိုင်ငွေသွင်းငွေထုတ်စနစ်ဖြစ်မြန်ဆန်စွာ ငွေသွင်းငွေထုတ်ရရှိနိင်မည်ဖြစ်ပါသည်။ ⭐️ပရိုမိုးရှင်း ဘောနပ်များစွာနှင့်အခါတော်ပွဲရက်ပရိုမိုးရှင်းများလဲစုံလင်စွာတွေ့ရမည်ဖြစ်သည်။ ⭐️24 နာရီဝန်ဆောင်မှု ဖြစ်အကောင်းဆုံးအကြိုးဆောင်ဝန်ဆောင်မှုပေးနေတာဖြစ်လို ❤️❤️ Movie ဖန်များတွက် တိုက်ရိုက်အကောင့်ဖွင့်ရန်Link https://www.haobet77.com/web/register?up=moviemax07 ☎️☎️အသေးစိတ်မေးမြန်းနိုင်ရန် Viber /Telegram - 09445280911 👉 Viber https://msng.link/o?959442453002=vi 👉 Telegram https://t.me/H7Cash
Hammasini ko'rsatish...
Soldier Boy (2019) ---------------------- ရုရှားနဲ့ ဂျာမန်စစ်ပွဲတွေကြားက မိဘနဲ့ အစ်ကိုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက် သူ့ရွာကို စစ်တပ်တွေဝင်လို့ ထွက်ပြေးရင်း တောထဲမှာ ရုရှားကင်းထောက်တွေက ရှာတွေ့ခဲ့ပြီး တပ်ရင်းကိုခေါ်သွားခဲ့ပါတယ် အဲ့ဒီမှာပဲ ကလေးကိုပြုစုပေးကြပြီး တပ်ကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်..ဒါနဲ့ပဲ ကလေးကို အဝေးကိုပို့မယ့် တပ်မှူးရဲ့အကြံကို ဝိုင်းဝန်းဖျောင်းဖျပြီး ကလေး‌ကိုသူတို့နဲ့ပဲအတူထား‌စေပြီး တပ်မှူးက သူ့သားအဖြစ်မွေးစားလိုက်ပါတော့တယ် ဒီကလေးလေး တပ်ရင်းထဲမှာ တပ်သားတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ အတူ ခံစားကြည့်ရူ့လိုက်ကြပါနော်  
Hammasini ko'rsatish...
👍 2
Photo unavailableShow in Telegram
Anna (2019) IMDB (6.6/10) အခုကားလေးကတော့ အန်နာဆိုတဲ့ရုရှားမလေး တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှ သူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ် Credit..
Hammasini ko'rsatish...
👍 8 2
Photo unavailableShow in Telegram
The International (2009) IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့ သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်… အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်မိကြတယ်…ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလို အချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်.. အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်.. လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့ လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်… သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့… ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး  နဲ့ မင်းသမီ:ကြီး  တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲ တော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါ
Hammasini ko'rsatish...
👍 3