cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Khin-U Local News

ခင်ဦးဒေသ ထူးထူးခြားခြား ဖြစ်စဥ်များကို ဖော်ပြပေးမည်။ 🦅 #KU_L_N

Ko'proq ko'rsatish
Reklama postlari
1 400
Obunachilar
+924 soatlar
+297 kunlar
+12930 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ ------------------------------------------- ဆလိုင်း တင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြ‌သော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့‌တွင်မွေးဖွားသော သား/သမီးများအနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ‌ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ်သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုအချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်မှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။ ၁၉၇၄ ခုနှစ် ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ပြီး ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့တွင် ဆလိုင်း (ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူ) ဟူ၍လည်းကောင်း၊ ချင်းအမျိုးသမီးများ၏ နာမည်ရှေ့တွင် မိုင် (သားကောင်းရတနာများမွေးဖွားပေးသူ) ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန်အတွက် အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ (၅) ရက်‌တွင်ဖြစ်ပွားသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်အဖြစ် မဆလ ဦးနေဝင်းစစ်အစိုးအား ရဲ့ဝံ့စွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ထိုအရေးအခင်းပြီးနောက် စစ်အာဏာရှင်အစိုးရ၏ ဖမ်းဆီးမှုကိုတိမ်းရှောင်ရန် ကျောင်းသားခေါင်းဆောင် ၅ ဦးနှင့် အတူ ထိုင်းနိုင်ငံနယ်စပ်သို့ တိမ်းရှောင်သွားခဲ့သည်။ ထိုသို့ တိမ်းရှောင်‌နေစဉ်ကာလအတွင်း လက်နက်ကိုင်လှုပ်ရှားမှုမပြုလုပ်ဘဲ မြေအောက်ကျောင်းသားလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဇွန်လ ၆ ရက်နေ့တွင်ဖြစ်ပွားသော ရွှေတိဂုံကျောင်းသားအရေးအခင်းတွင် ထပ်မံဦးဆောင်ပါဝင်ခဲ့သည်။ ထို့ကြောင့် မဆလ အစိုးရအာဏာရှင်များမှ ဆန္ဒပြသောကျောင်းသားများကို ဇွန်လ ၁၁ ရက်တွင် လိုက်လံဖမ်းဆီးပြီး ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သို့သော် ဆလိုင်းတင်မောင်ဦးမှာ အဖမ်းအဆီးမခံရဘဲ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်တွင်ပြုလုပ်မည့် သခင်ကိုယ်တော်မှိုင်း၏ အသက် ၁၀၀ ပြည့် မှိုင်းရာပြည့်အရေးအခင်းဖြစ်မြောက်အောင် ဦးဆောင်ကြိုးပမ်းနေစဉ် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်တွင် ကမာရွတ် ပတ္တမြားခြံတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မှိုင်းရာပြည့်အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦးနှင့်အတူ ဖခင်ဖြစ်သူ ဦးမြဒင်နှင့် အစ်ကိုဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရသည်။ ညီမဖြစ်သူ ထိုစဉ်က နဝမတန်းတက်ရောက်နေသော မိုင်ပိုပိုတင် (ခေါ်) မလှမြိုင်မှာလည်း အစ်ကိုဖြစ်သူနှင့် ဖခင်တို့ အဖမ်းခံရပြီး​နောက် မှိုင်းရာပြည့်အရေးအခင်းတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သဖြင့် အဖမ်းခံခဲ့ရပြန်သည်။ နောက်ဆုံးနေ့များ ဆလိုင်းတင်မောင်ဦး၏ ညီမဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် (ခ) မလှမြိုင်အား ထောင်ဒဏ် (၉) နှစ်၊ ညီဖြစ်သူ (၉) တန်းကျောင်းသား ဆလိုင်းလှရ‌ရွှေအား ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပြီး မိဘနှစ်ပါးအား ထောင်ဒဏ် (၅) နှစ် အသီးသီးချမှတ်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးအား အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ ၌ ချုပ်နှောင်ထားပြီး အဖမ်းအဆီးခံ ကျောင်းသားများအား စစ်ခုံရုံးတင်စီရင်ရာတွင် ဆလိုင်းတင်မောင်ဦးမှာ စစ်အာဏာရှင်များ၏ မတရားအငြိုးထား သေဒဏ်ပေးခြင်းခံခဲ့ရသည်။
Hammasini ko'rsatish...
👍 2
စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်လျှင် ပြစ်ဒဏ်လျှော့ပေးမည်ဟုပြောခဲ့သော်လည်း "မင်းတို့ ငါ့ခန္ဒာကိုယ်သာသတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်က်ုတော့ ဘယ်တော့မှ သတ်လို့ရမယ်မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ဟု ရဲရဲ‌တောက်ပြောခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် (၄) နာရီတွင် မိဘဆွေမျိုးများအား အကြောင့်ကြားအသိပေးခြင်းမရှိဘဲ စစ်အာဏာရှင်များ၏ တစ်လျှိုးဝှက်စွာ မတရားကြိုးစာ သတ်ဖြတ်ကွပ်မျက် ခုနစ်ခံခဲ့ရသည်။ ဆလိုင်းတင်‌မောင်ဦးသည် ကြိုးစင်ပေးသတ်ဖြတ်ကွပ်မျက်ရာတွင် ချက်ချင်းမသေလျှင် သူနိုင်သည်ဟုပြောဆိုကာ နောက်ဆုံးထွက်သက်အချိန်ထိ ရဲဝံ့စွာ ရပ်တည်သွားခဲ့သည်။ မြန်မာ့သမိုင်းတွင် ဤကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးအား တိတ်တဆိတ်စွာ ကြိုးစင်ပေးကွပ်မျက်ခြင်းမှာ မကြုံစဖူးဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ဆလိုင်းကေပီထွန်းလင်းအောင် ချင်းကျောင်းသားသမဂ္ဂ (စစ်တွေ)
Hammasini ko'rsatish...
👍 7
Photo unavailableShow in Telegram
Repost from N/a
"မင်းတို့ ငါကို သတ်ချင်သတ်လို့ရမယ် ငါ့ခံယူချက်နဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ သတ်လို့ မရဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။” -ဆလိုင်းတင်မောင်ဦး(1951-1976)
Hammasini ko'rsatish...
5👍 1
ရဲဘော်များ ဝေဟင်လေး သတိမပေါ့ကျပါ နဲ့ ဗျ ။
Hammasini ko'rsatish...
ရွှေဘို 5:34PM/Jun.24/ရေခဲမြစ်ငယ်နွေ မုံရွာနမခခွေးခြံမှလွှတ်တင်ထားသော ခွေးကင်းထောက် Drone၁စီး(အစိမ်းပုတ်ရောင်၊အသံပျောက်၊ဘယ်ဘက်အတောင်ပံတွင် လက်နက်ဟုယူဆရသောအရာဝတ္ထုတစ်ခုပါရှိ)ဟာ ရွှေဘိုနယ် ကျားရွာဘက်မှဖြတ်၍ အရှေ့သို့ဆက်လက်ဦးတည်နေကြောင်းသိရပါတယ်
Hammasini ko'rsatish...
👍 7
လင်ပျံ (၂)စီးက အဆစ်ပါသေးတာတဲ့ ကြီးမြတ်လိုက်တဲ့ အလှူကြီးပဲ။
Hammasini ko'rsatish...
မြိန် 😋
Hammasini ko'rsatish...
Photo unavailableShow in Telegram
သံတွဲမြို့ ငပလီ လေဆိပ်ကို ယနေ့ ညနေတွငိ အာရက္ခတပ်တော် က အပြီးသတ် သိမ်းပိုက်ပြီး ပထဆုံးလေဆိပ်ပိုင် တိုင်းရင်းသာတပ် ဝောာ်အဖြစ် မှတ်တမ်းတင်💪
Hammasini ko'rsatish...
👍 10 5
👍 5🥰 2
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.