စာတို
Kanalga Telegram’da o‘tish
နှလုံးသားဖြင့်ခံစား ဦးနှောက်ဖြင့်စာစီကာ လက်ဖြင့်သီကာကုံးသောရင်တွင်းဖြစ်
Ko'proq ko'rsatish1 542
Obunachilar
-224 soatlar
-37 kunlar
-2730 kunlar
Postlar arxiv
1 542
တစ်ချို့လူတွေရဲ့ချစ်ခြင်းဟာ
ရုတ်တရက်ပေါ်လာပြီး
ရုတ်တရက်ပျောက်ကွယ်သွားတတ်တဲ့
နွေလေရူးနဲ့တူတယ်။
~Adgi
1 542
မွမ်းကျပ်ခြင်းက အရှိုက်လာထိတဲ့အခါ
ကြိုးရှည်ရှည်နဲ့ခုံပုလေးလား
အထီးကျန်မှုနဲ့စိတ်ဒဏ်ရာလား
ဝေခွဲရခက်သောနေ့ရက်များစွာ။
~Adgi
1 542
ကံကောင်းမှုနဲ့အမြဲလွဲချော်နေတော့
တိတ်ဆိတ်တဲ့ညနက်မှာတောင်
အတွေးပေါင်းစုံက ရင်ဝကလာစိုက်တယ်
သန်းခေါင်ယံမှာညည်းတွားသံတွေက
ရင်ထဲက အထီးကျန်သံတွေဖြစ်မယ်။
~Adgi
1 542
ငါတို့အစွမ်းကုန်ချစ်ခဲ့ပေးပြီးပြီဘဲမလား ကေသာ
အတိတ်ကဝဋ်ကို ပစ္စပ္ပုန်ထိ ယူမလာချင်စမ်းပါနဲ့။
~Adgi
1 542
လူတစ်ယောက်အတွက်နဲ့
ကိုယ့်ဘဝကိုအတိတ်ထဲ
ပိတ်လှောင်ထားတာ တန်ကောတန်ရဲ့လား
ကိုယ့်ကိုစွန့်လွှတ်ဖို့မကြောက်တဲ့လူတွေအတွက်
ဘာလို့စွန့်လွှတ်ဖို့ဝန်လေးနေတာလဲ
ကိုယ့်အပိုင်ဖြစ်နေတုန်းကချစ်ပေးပြီးပြီလေ
သူများအပိုင်ဖြစ်တဲ့အထိပေးဆပ်အုန်းမလို့လား
အတူရှိခဲ့တာက ဒဏ်ရာမကင်းတဲ့အတိတ်လေ အပြစ်ရှိတဲ့အတိတ်မဟုတ်ဘူး
ဒီလောက်ထိဝဋ်ခံဖို့မလိုဘူး။
~Adgi
1 542
ဖောက်ပြန်တတ်တဲ့ဗီဇရှိသူကို
မေတ္တာနဲ့တရားချတဲ့အခါ
သူ့စရိုက်တွေ က ကျွန်တော့်
သစ္စာတရားကိုဟားတိုက်ရီတယ်။
~Adgi
1 542
မေတ္တာငတ်နေတာတော့အမှန်ပါ
ဒါပေမယ့်တွေ့ရာလူကောက်မတွဲဘူး
ကျွန်တော်လိုချင်တာ မေတ္တာစစ်လေ
ရည်းစားမှမဟုတ်တာ။
~Adgi
1 542
ဉီးနှောက် က မေတ္တာကို
တိုးတိုးလေးကပ် မေးတယ်
"မင်းက ဘာအပြစ်တွေလုပ်ထားလို့ နှလုံးသားက ဒုက္ခခံနေရတာလဲ"။
~Adgi
1 542
ခန္ဓာရှိပေမယ့်အသက်မဲ့တဲ့စိတ်တွေရယ်
ကံကပဲခေနေတာလားဝဋ်ပဲကြီးနေတာလား
လောကဓံရယ် ခင်ဗျားဒေါသတွေအကုန်လုံးကျွန်တော့်အပေါ်ကိုစုပုံထားသလားမှတ်ရတယ်။
~Adgi
1 542
ဖူးစာရထားလေးလွဲသွားလိုက်တာ
မင်းကတော့ တစ်ခြားကမ္ဘာမှာပျော်နေပြီ
ကိုယ်ကတော့ အခုထိလမ်းပျောက်နေတုန်း။
~Adgi
1 542
ကျွန်တော့်မှာလဲ
နှလုံးသားက အပိုမပါတော့
တစ်ယောက်ထဲနဲ့မလုံလောက်တတ်တဲ့ ခင်ဗျားနဲ့တော့ ကီးမကိုက်ပါဘူးဗျာ။
~Adgi
1 542
လိုတဲ့အခါတော့
အားနည်းချက်ကို ချစ်မြတ်နိုးပြပြီး
မလိုတော့တဲ့အခါ
အားနည်းချက်က စွန့်ပစ်ဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်လာတယ်။
~Adgi
1 542
လိုတာထက်ပိုတာ
ဘယ်အရာမှမကောင်းဘူးဆိုတာကို
အစော်ကားခံခဲ့ရတဲ့ မေတ္တာတွေက သက်သေပြခဲ့တယ်။
~Adgi
1 542
တစ်ချို့လူတွေက
တစ်ကယ်ဟန်ဆောင်ကောင်းတယ်
ကိုယ့်အမှားကနေ သူများအမှားဖြစ်အောင် ပြောတတ်ကြတယ်
တစ်ကယ်ခံရတဲ့သူတွေကတော့
လူ့ချဉ်ဖက်ကို ဖြစ်လို့။
~Adgi
