cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Palwtwa Daily News

ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနိုင်ကျင့်ခံနေရသည့် ပလက်ဝဒေသရှိ ချင်းလူမျိုးများ၏ သတင်းမှန်များသာ တင်ပြသွားပါမည်

Ko'proq ko'rsatish
Reklama postlari
5 184
Obunachilar
-324 soatlar
+107 kunlar
-4030 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

AA အဖွဲ့မှ ချင်းပြည်နယ်မှာနေပြီး ချင်းလက်နက်ကိုင်တွေကိုတိုက်ခိုက်နေတာကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်လမ်းကြောင်းကို မီဇိုရမ်ပြည်အခြေစိုက် CYLA က ပိတ်လိုက်ပြီ ============================= ဇွန်လ ၂၄ ရက် AA အဖွဲ့မှ ချင်းပြည်နယ်မှာနေပြီး ချင်းလက်နက်ကိုင်တွေကို တိုက်ခိုက်နေတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံဘက်ကို အခြေခံစားသောက်ကုန်ပစ္စည်းတွေ တင်သွင်းတဲ့ကုန်သွယ်ရေး လမ်းကြောင်းကို ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကစလို့ ပိတ်ပင်တယ်လို့ Central Young Lai Association - (CYLA) က ထုတ်ပြန်ထားပါတယ်။ “အခြေခံစားသောက်ကုန်တွေကို တင်သွင်းတာ ရခိုင်ပြည်သူတွေ စားဝတ်နေရေးဖူလုံဖို့အတွက်ထင်ခဲ့ပေမယ့် ကျွန်တော်တို့ ချင်းညီအကိုတွေနဲ့ ပစ်ခတ်တဲ့နေရာမှာအသုံးပြုဖို့နဲ့ သူတို့ရဲ့ အင်အားကောင်းမွန်လာစေဖို့ လုပ်နေတာ တွေ့တဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ ပက်သက်ပြီး AA ဘက်ကိုလည်း ချင်းညီအကိုတွေနဲ့ အပစ်အခတ်ရပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့်် တုန့်ပြန်တာတွေ မရှိတာတွေကြောင့်”လို့ ဗဟိုလူငယ် အဖွဲ့အစည်း (CYLA) ဘက်ကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ AA အဖွဲ့အနေဖြင့် သူတို့နေရာယူထားတဲ့ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မှာ ကုန်လမ်း၊ ရေလမ်းအားလုံး ပိတ်ဆို့ထားသည့်အတွက် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေအတွက် ပလက်ဝကနေ တဆင့်တင်သွင်းတဲ့ အိန္ဒိယကုန်ပစ္စည်းတွေကို အဓိကအားထား နေရတာဖြစ်ပြီး ယခုလိုပိတ်ပင် လိုက်တာကြောင့် အဆိုပါမြို့များတွင်နေထိုင်သူများမှာ အငတ်ဘေး ကြုံကြရတော့မှာပဲ ဖြစ်ပါတယ်၊ “ကိုယ်လူမျိုးဒုက္ခပေးယုံနဲ့မဝလို့ ချင်းတွေပါသွားဒုက္ခပေးနေတော့ ဟိုကပြန်လုပ်မှာပဲလေ၊ သူများနေရာလည်းသွားနေသေးတယ် လက်ခံထားတဲ့ သူတွေကိုလည်း သွားတိုက်နေမှတော့ ဘယ်သူကလက်ခံမှာလည်း၊ အခုတော့ ရခိုင်မြောက်ပိုင်းမှာရှိတဲ့သူတွေပါ ငတ်ကျရတော့မယ်၊ ကျနော်တို့လည်း သူတို့ပိုင်တယ်ဆိုလို့ ကုန်လာသယ်တာ အခုတော့ပိတ်မိနေပြီ”ဟု မီဇိုရမ်ပြည်နယ်သို့ ကုန်ကူနေသည့် ကိုခိုင်ထွန်းမှ ပြောသည်။ Central Young Lai Association - (CYLA) အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သလို သြဇာအာဏာရှိတဲ့ လူမှုအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ် https://t.me/palwtwadailynews2022/101
Hammasini ko'rsatish...
Palwtwa Daily News

AA အဖွဲ့မှ ချင်းပြည်နယ်မှာနေပြီး ချင်းလက်နက်ကိုင်တွေကိုတိုက်ခိုက်နေတာကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်လမ်းကြောင်းကို မီဇိုရမ်ပြည်အခြေစိုက် CYLA က ပိတ်လိုက်ပြီ ============================= ဇွန်လ ၂၄ ရက်

👍 26👏 2
AA အဖွဲ့မှ ချင်းပြည်နယ်မှာနေပြီး ချင်းလက်နက်ကိုင်တွေကိုတိုက်ခိုက်နေတာကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်လမ်းကြောင်းကို မီဇိုရမ်ပြည်အခြေစိုက် CYLA က ပိတ်လိုက်ပြီ ============================= ဇွန်လ ၂၄ ရက်
Hammasini ko'rsatish...
👍 8😁 3
Repost from May Yu Htar Nay
Photo unavailableShow in Telegram
မတူပီတိုက်ပွဲတွင် AA အနေဖြင့် ပါဝင်ခြင်းကို ရပ်တန့်ပရန် မလေးရှားရောက် မတူလူထုမှ သဘောထား ထုတ်ပြန်ချက်ထုတ်ပြန် =========================== (AA က ဝိုင်းတိုက်ပေးတယ်ဆိုပြီး စခန်းတွေထိုင် ပြီးရင် ချင်းလူမျိုးတွေအပေါ် အမျိုးမျိုးနှိပ်စက်ဒုက္ခပေးနေတဲ့အကြောင်းတွေကို ချင်းလူမျိုးတွေ ကောင်းကောင်းသိနေကြပြီ)
Hammasini ko'rsatish...
👍 11👏 6😁 2 1
Repost from Min Chit Oo
Photo unavailableShow in Telegram
ချင်းပြည်နယ်မှာ အခြေချနေပြီး ချင်းတွေကိုတောင် ဖြဲနေသေးတယ် AA က ပလက်ဝကို လိုင်ဇာကသူတို့ဌာနချုပ်လို လုပ်ချင်နေတာ အထိုင်သာကျလို့ကတော့ ချင်းတွေရေ မင်းတို့မြို့ကိုပေးသာပေးလိုက်တော့ မင်းတို့တွေသူခိုးကို ဓားရိုးကမ်းနေတာတွေ ရပ်သင့်ပြီ သူတို့ရဲစောက်စိတ်ဓာတ်တွေကို သိလည်းသိနေပြီ မြင်လည်းမြင်နေကြပြီ ဒီထပ်ထပ်ခံချင်နေရင်တော့ ခါးမှာဆီပုလင်းသာချိတ်ပြီးသွား'လာကျတော့
Hammasini ko'rsatish...
👍 8
Repost from Min Chit Oo
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ
Hammasini ko'rsatish...
👍 6
Repost from Min Chit Oo
ဒါတွေက ရခိုင်တွေရဲ့ဘဝ အခြားလူမျိုးတွေရဲ့ဘဝဆို စဉ်းစားသာကြည့်တော့၊ ကျနော်ကို ဟိုနေရာဗုံးကြဲပေးပါ၊ ဒီနေရာဗုံးကြဲပေးပါဆိုပြီး လာတောင်းဆိုနေကြတာ အများစုက သတင်းမပေးခင်မှာ သူတို့ရဲ့ဘဝတွေ ဒီလိုဖြစ်နေပြီဆိုပြီး နာကြည်းချက်တွေနဲ့ လာပေးနေကြတာ၊ သူတို့တွေထောက်ခံခဲ့တာမှားမှန်းသိပြီဆိုပြီး AA အဖွဲ့တွေ မနေရဲအောင် လာပေးနေကြတာ။ AA နဲ့ AA ထောက်ခံသူတွေ ဘယ်လိုပဲလွတ်မြောက်နယ်မြေလို့ အော်အော် သေချာတာတစ်ခုကတော့ ထိုနယ်မှာနေတဲ့ ဒေသခံတွေဟာ မကျွတ်မလွတ်သော ငရဲဘဝကို ရောက်နေပြီဆိုတာတော့ အသေအချာပဲဆိုတာ………။ #MinChitOo https://t.me/minchitoo989989
Hammasini ko'rsatish...
Min Chit Oo

သတင်းမှန်တွေဆို Fbကဖြုတ်ချနေလို့ သတင်းမှန်တွေသိရအောင် လုပ်ဆောင်ပေးခြင်းပါ သူငယ်ချင်းတွေသုံးရင် ဆက်လက်မျှဝေပေးပါ

👍 12
Repost from Min Chit Oo
AA ရဲ့လွတ်မြောက်နယ်မြေ (သို့မဟုတ်) ရခိုင်ဒေသခံတွေရဲ့ မကျွတ်မလွတ်သောငရဲ ============================= လက်ရှိကာလ ကျနော့်သတင်းပေးအကောင့်ကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်က ရခိုင်ဒေသခံတွေ ရင်ဖွင့်ဆက်သွယ်ပြောပြလာတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ပြောပြပေးမှာပါ။ အပေါ်ကပြောထားတဲ့မြို့တွေမှာ AA က သူတို့ရဲ့လွတ်မြောက်နယ်မြေဖြစ်ပြီ သူတို့အုပ်ချုပ်လို့ရပြီဆိုပြီး ယခင်ကောက်နေကြ တစ်လလျှင် တစ်အိမ်ထောင်စု မထည့်မနေရ AA ရံပုံငွေ(ဆက်ကြေး) ၃ သောင်းကျပ်(ယခင် ၃၀၀၀ ကျပ်)၊ ဈေးဆိုင်ငယ်တစ်ဆိုင်လျှင် ၅ သောင်းကျပ် (ယခင် ၁ သောင်း)၊ ဈေးဆိုင်အကြီးတစ်ဆိုင်လျှင် ၃ သိန်းကျပ်(ယခင် ၁ သိန်းကျပ်)၊ ယာဉ်ငယ်ပိုင်ဆိုင်ပါက ၅ သောင်းကျပ်(ယခင် ၁ သောင်းကျပ်)၊ ယာဉ်ကြီးပိုင်ဆိုင်ပါက ၁ သိန်းကျပ်(ယခင် ၃ သောင်းကျပ်) အတင်းအဓမ္မတောင်းယူနေတဲ့အပြင် အစိုးရကောက်ခံနေတဲ့ပုံစံအတိုင်း စည်ပင်ခွန်၊ မြေခွန်၊ လယ်ခွန် ဆိုတာတွေပါ တောင်းနေလို့ ထိုဒေသတွေမှာ နေထိုင်နေသူတွေအနေနဲ့ ၎င်းတို့ဖမ်းဆီးနှိပ်စက်မခံရရေးအတွက် ရှိတာတွေ ပေါင်နှံရောင်းချပြီး ပေးနေကြရတယ်လို့ ဆိုတယ်။ ဒါအပြင် တစ်အိမ်တစ်ယောက် AA ထဲမဝင်မနေရ၊ မဝင်ရင်လည်း ၁၀ သိန်းတောင်း၊ ဝင်ကြပြန်ရင်လည်း AA ရဲဘော်တွေလစာအတွက်ဆိုပြီး တစ်အိမ် ၅၀၀၀ ကျပ်နှုန်းတောင်းတယ်၊ ဘာမှမပေးဘူးလား ရခိုင့်နိုင်ငံတော်သစ္စာဖောက်ဆိုပြီး ဖမ်းဆီးနှိပ်စက်တာတွေ၊ ငွေပေးမှလူလွတ်ပေးတာတွေကို ပါးစပ်ဥပဒေတွေနဲ့ သေနတ်ကိုင်ရမ်းကား လုပ်ချင်တာတွေလုပ်နေကြတယ်။ ဒါကဒေသခံတွေရဲ့ လက်ရှိနေထိုင်နေရတဲ့ဘဝ။ သူတို့ထိုနယ်မြေတွေစရတဲ့အချိန်မှာ ထိုနေရာတွေက လွတ်မြောက်နယ်မြေဖြစ်သွားပြီ၊ ULA/AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ထိန်းချုပ်နိုင်ပြီ၊ ကျောက်တော် - ပလက်ဝ - မီဇိုရမ်(အိန္ဒိယနယ်စပ်မြို့) လမ်းကြောင်းထိချုပ်နိုင်ပြီ၊ မီဇိုရမ်အမတ်(အစိုးရအမတ်မဟုတ် အတိုက်အခံပါတီ ကိုယ်စားလှယ်) တောင်လမ်းဖောက်တာလာကြည့်ပြီး ကုန်သွယ်စီးဆင်းမှု လုပ်နိုင်ပြီ၊ ရခိုင်ပြည်သူတွေအနေနဲ့ ရန်ကုန် - မန္တလေးတို့ကိုမပြေးဘဲ သူတို့ဆီလာကြပါဆိုပြီး မီဒီယာတွေကနေ လူအထင်ကြီးအောင် နိုင်ငံရေးဆိုဘာမှမသိတဲ့ ဒေသခံရခိုင်တွေကို လိမ်လည်ခဲ့တယ်၊ အခုအိန္ဒိယအစိုးရဘက်က ကုန်စည်စီဆင်းမှုတွေ တားမြစ်လိုက်တာရယ်၊ AA ရှိရာနေရာတွေကို ပြည်တွင်းကနေသွားတဲ့လမ်းကြောင်းတွေ ထိန်းချုပ်ထားတာရယ်ကြောင့် အဆိုပါနေရာတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ မြင့်တက်လာသလို အချို့ကျေးရွာတွေမှာဆို ဆန်တွေပြတ်နေသလို ငတ်လို့သေတဲ့ သူတွေပါ ရှိနေတယ်လို့ သိရတယ်။ ဆေးဝါးတွေပြတ်မပြတ်တော့မသိဘူး အချို့အမျိုးသမီးတွေဆို လစဉ်သုံးတွေတောင် မသုံးနိုင်ကျရတော့လို့ ထမိန်ခါးတောင်းကျိုက်ပြီး နေရတဲ့အဆင့်..။ သောက်သုံးရေပြတ်လို့ ဝမ်းရောဂါတွေဖြစ်၊ ရာသီတုတ်ကွေးဖြစ်တဲ့သူတွေ စစ်တွေမြို့ပေါ်သွားလို့ရမယ်ထင်လား သူတို့နေတဲ့နေရာတွေ ဗုံးလာမကြဲအောင်(လူသားတံတိုင်းလုပ်ထား)၊ သူတို့ကို ထမင်းကျွေးမယ်သူ/ ငွေပေးမယ့်သူမရှိမှာစိုးလို့ ထွက်ပြေးတဲ့သူတွေကို လမ်းမှာ မိသားစုလိုက်ဖမ်းဆီးတာတွေလုပ်နေတယ်၊ ပြီးခဲ့တဲ့ (၃)ပတ်လောက်က ကျောက်တော်ကနေ စစ်တွေကို စက်လှေနဲ့လာတဲ့ AA ဘေးရှောင်အဖွဲ့တွေဆို စက်လှေရပ်ခိုင်းတာမရပ်လို့ဆိုပြီး ပစ်မြုပ်တဲ့အဆင့်ထိကို လုပ်လာတယ်လို့ သိရတယ်၊ ဒေသခံတွေရဲ့အတွေးမှာ လွတ်မြောက်နယ်မြေဆိုတာ ပါးစပ်ထဲမှာပဲရှိတယ်၊ စစ်တပ်ကအချိန်မရွေးပြန်လုပ်နိုင်တယ်၊ လေယာဉ်နဲ့ ဗုံးလာကြဲနိုင်တယ်ဆိုတဲ့ အသိတရားတွေရလာတဲ့အချိန်မှာ သူတို့တွေ ဘာမှလုပ်မရကြတော့ဘူး။ လက်ရှိ AA ရှိတဲ့နေရာကမြို့တွေမှာ AA ပညာရေးတာဝန်ခံဆိုသူတွေက အစိုးရပညာရေးဝန်ထမ်း သစ္စာဖောက်တွေနဲ့ပေါင်းပြီး ကလေးတွေကို တပ်သားသစ်စုဆောင်းလာတာတွေ ရှိနေတယ်၊ ကလေးတွေ ကျောင်းထွက်လက်မှတ် လာလုပ်တာနဲ့ AA ဆီ သတင်းပို့ခိုင်းတယ်၊ အသက် (၁၀)နှစ်အောက်တွေဆို ကျောင်းထွက်လက်မှတ်တစ်ခု ၅ သိန်းကနေ ၁၀ သိန်းကြားတောင်းရမ်းနေပြီး အသက် (၁၄)နှစ်ကျော် ကလေးငယ်တွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်း (အာရက္ခပညာရေးကျောင်းတက်ခိုင်းမည်ဟု လိမ်လည်ကာ AA စစ်သင်တန်းကျောင်း ပို့နေတာဟုသိရ)၊ သူတို့ကျောင်းမတက်ရောက်လိုပါက ၁၀ သိန်းမှ သိန်း ၂၀ ကြားတောင်းရမ်းခြင်းများ ပြုလုပ်နေတယ်လို့ စိတ်မကောင်းစွာကြား သိရတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့လပိုင်းက မြောက်ဦးနဲ့ ကျောက်တော်က AA စစ်သင်တန်းပေးနေတဲ့နေရာ ဗုံးကြဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သင်တန်းသူ/သားတွေ ကျောက်တော်မြို့ကို အုံလိုက်ကျင်းလိုက်ပြန်ပြေးခဲ့တယ်၊ AA စစ်သင်တန်းပေးတဲ့ သူတွေက သစ္စာဖောက်တွေဆိုပြီး အနောက်ကနေ ကားနဲ့လိုက်ပစ်သတ်လို့ စုပေါင်းမသာပွဲ လုပ်ခဲ့ကြရတယ်၊ “ထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ် ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ရှိတယ်” ဆိုတဲ့ စာရဲ့နောက်ကွယ်မှာ ဘဝအာမခံချက်မရှိ၊ မိသားစုတွေဘဝပျက်တာတွေကိုသိလာကြတဲ့လူငယ်တွေဟာ ၎င်းတို့ရှိရာနေရာတွေကို မသွားကြတော့ဘဲ ရရာလမ်းကြောင်းတွေကနေ ပြည်တွင်းနဲ့ ပြည်ပကို ထွက်ခွာနေကြတယ်။
Hammasini ko'rsatish...
👍 12
Repost from Min Chit Oo
Photo unavailableShow in Telegram
AA က ကောင်တွေ သူများဒေသကျ သွားကျူးကျော်နေပြီး ဒေသနေလူမျိုးကျတော့ သွားစော်ကားနေတယ် ချင်းတွေလည်း အဝင်ကောင်းလို့ မှိန်းနေကြလားမသိ
Hammasini ko'rsatish...
👍 11
Photo unavailableShow in Telegram
စစ်ဘေးရှောင် ကူညီနေတဲ့ Chinland ကောင်စီ ရဲဘော်ကို AA ရခိုင်ကျူးကျော် ပူးပေါင်းအဖွဲ့က ဖမ်းဆီး၊ စစ်ရေးလှုပ်ရှားမှုကို ဟန့်တားလို့ နှစ်ဘက် တိုက်ပွားဖြစ် ဇွန် ၁၈ - ၂၀၂၄ မတူပီမြို့တွင်း စစ်ဘေးရှောင်တွေကို အကြိုအပို့လုပ်နေတဲ့ ရဲဘော်တဦးကို ရခိုင်ကျူးကျော်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ အပြင် Chinland ကောင်စီ ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဟန့်တားတဲ့အတွက် နှစ်ဘက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား နေကြောင်း Chinland ကောင်စီ က ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီအတွက်ကြောင့် Chinland ကောင်စီ အောက်က ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဟန့်အတား မလုပ်ဖို့နဲ့ ခလရ ၁၄၀ အမြန်သိမ်းပိုက်ဖို့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
Hammasini ko'rsatish...
👍 14
ပလက်ဝမြို့နယ်မှာ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီး တစ်ဦးအပါဝင် ၄ ဦး နှစ်လနီးပါး အဆက်သွယ်ပြတ် ========= ၁၀ ရက်၊ ဇွန်လ၊ ၂၀၂၄ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားအုပ်စုမှ ဒေသခံ ချင်းအမျိုးသမီး တစ်ဦးအပါဝင် ၄ ဦးကို AA ရခိုင်အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်လကြာထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရရှိဘူးလို့ ဒေသခံဆီက သိရပါတယ်။ ပလက်ဝမြို့နယ်၊ တမန်းသားအုပ်စုမှ တမန်းသားကျေးရွာနဲ့ တိန်းလက်ဝကျေးရွာတွေက ဒေသခံ ချင်းအမျိုးသမီး တစ်ဦးအပါဝင် ၄ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ AA ရခိုင်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ "မိသားစုတွေက AA ဆီ အဆက်သွယ်ရဖို့ အကြိမ်ကြိမ် တောင်းပန်သေးတယ်။ AA တွေက မသိဘူးလို့ဘဲ ငြင်းနေတယ်။ ဖမ်းသွားကတည်းက အခုထိ အဆက်အသွယ်ဆိုတာ လုံးဝကို မရသေးတာ။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေဟာ တမန်းသားကျေးရွာမှ ဦးကိုးလုံးရဲ့သား ဆလိုင်းစံလင်းအောင်၊ တိန်းလက်ဝကျေးရွာမှ ဦးကံကိုးရဲ့ သား ဆလိုင်းအောင်ဆန်းလင်း၊ ဦးအောင်ပရဲ့သား ဆလိုင်းလှထွန်းကျော်နဲ့ ဒေါ်ဟွေ့ယောက်တို့ဖြစ်ပါတယ်။ အဲ့ဒီ အဖမ်းခံထားရတဲ့ သူတွေထဲက ဆလိုင်းစံလင်းအောင်ရဲ့ မိခင်ဟာ သူ့သားအတွက် စိတ်ပူပင်သောက ရောက်နေရပြီး အဆက်သွယ်အမြန်ရလိုတယ် သိရပါတယ်။ "သူ့အမေက ရွာမှာ အရူးလိုဘဲ နေတော့တယ်။ ထမင်းလည်း မစားဘူး။ တစ်ချိန်လုံး ငိုနေတော့တာပဲ။ အခုဆို သူ့အမေက ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သားနဲ့တွေ့ချင်တယ်လို့ပဲ ပြောနေတယ်။"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ဘောင်ဝီးကျေးရွာနဲ့ဘောင်ကူးရွာမှ ဒေသခံ ချင်းအမျိုးသား ၉ ဦးကိုလည်း AA က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
Hammasini ko'rsatish...
👍 13😱 5😭 1
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.