cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Myanmar Focus - MF

ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။

Ko'proq ko'rsatish
Reklama postlari
2 610
Obunachilar
+2024 soatlar
+617 kunlar
+14530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

မန်ချက်စတာယူနိုက်အသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်ကစားမည့် အိမ်ကွင်းဂျာစီကို မိတ်ဆက်ပြသခဲ့သည်။ Photos: Man Utd #myanmarfocus
Hammasini ko'rsatish...
ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့်တောင်သူများ မေလ(၂၀)ရက်နေ့မှစ၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့် တောင်သူဦးကြီးများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေ ပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့်တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ(၂၀)ရက်နေ့မှစတင်၍ ယခင်နှစ် နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးနေသည်။ ထို့ကြောင့် ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့်တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ် နိုင်ကြပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။ #မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် #myanmarfocus
Hammasini ko'rsatish...
Photo unavailableShow in Telegram
ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့်တောင်သူများ မေလ(၂၀)ရက်နေ့မှစ၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်
Hammasini ko'rsatish...
Photo unavailableShow in Telegram
ကုန်စည်ဈေးနှုန်းများ (၁-၇-၂၀၂၄) #ရေထွက်ကုန်ပစ္စည်းများ #myanmarfocus
Hammasini ko'rsatish...
👍 1
Photo unavailableShow in Telegram
ကုန်စည်ဈေးနှုန်းများ (၁-၇-၂၀၂၄) #အခြေခံစားသောက်ကုန်များ(ကြက်သွန်နီ/ဖြူ၊ ကုလားပဲခြမ်း၊ သကြား) #myanmarfocus
Hammasini ko'rsatish...
👍 1
Photo unavailableShow in Telegram
ကုန်စည်ဈေးနှုန်းများ (၁-၇-၂၀၂၄) #အခြေခံစားသောက်ကုန်များ(ရွှေဘိုပေါ်ဆန်း၊ ကြားပျံသစ်၊ ရက်(၉၀)အ‌ဟောင်း၊ စားအုန်းဆီ၊ မတ်ပဲ၊ ပဲစဉ်းငုံနီ) #myanmarfocus
Hammasini ko'rsatish...
👍 1
(၆၄)ကြိမ်မြောက် ထီပေါက်စဉ်ပေါင်းချုပ်(အစ/အဆုံး) 🏆 သိန်းငါးထောင်ဆုကြီး ဃ ၇၇၆၂၉၈ 🏆 သိန်းနှစ်ထောင်ဆုကြီး ဂ ၉၁၁၃၉၀ 🏆 သိန်းတစ်ထောင်ဆုကြီး ခ ၅၁၅ဝ၇၉ 🏆 သိန်းငါးရာဆု ဃ ၆၇၄၁၇၈ ဂ ၅၉၄၇၇၉ စ ၉၅ဝ၆၉၆ င ၄ဝ၂၈၂၄ 🏆 သိန်းနှစ်ရာဆု က ၄၁၆၇၃၃ စ ၄၁၄ဝ၂၄ ဆ ၄၂၂၆၂၈ က ၁၅၅၃၉ဝ က ၉ဝ၁၂၇၅ 🏆 သိန်းတစ်ရာဆု ဆ ၄၄၄၈၅၇ င ၉၈၈၅၈၅ ခ ၆၄၇၆၉၆ င ၂၇၁၃၈၄ က ၄၄၆၈၄၂ ဃ ၁၇၇၈၈၀ ဈ ၈၈၈၁၀၄ ဆ ၁၃၃၉၅၆ က ၉၂၆၅၃၈ 🏆 သိန်းငါးဆယ်ဆုများ ခ ၃၁၆၂၂၃ ဃ ၃၄၁၈၇၃ ခ ၇၇၈၁၉၅ ဃ ၅၆၈၁၂၂ စ ၁၀၇၅၁၀ ခ ၆၀၀၂၄၈ ဆ ၅၇၇၂၃၅ ဈ ၉၂၈၂၀၈ ဂ ၇၃၆၇၈၄ ဂ ၇၉၇၇၀၄ ဃ ၇၁၄၃၄၃ ဆ ၅၁၁၁၄၆ 🏆 သိန်းနှစ်ဆယ်ဆုများ စ ၉၂၂၅၉၅ စ ၅၄၃၈၃၄ င ၆၁၀၈၆၉ ဂ ၁၅၉၀၅၁ ဂ ၂၉၇၈၅၀ ဆ ၄၂၄၁၆၅ ဆ ၇၁၅၉၇၅ ခ ၉၉၄၇၆၈ ဈ ၈၃၁၃၇၄ ဈ ၄၈၁၂၀၆ ဆ ၂၁၁၈၄၇ ဈ ၉၀၈၁၈၉ ဃ ၇၈၉၄၂၇ ဈ ၆၂၄၅၇၈ ခ ၅၉၁၁၅၁ က ၁၉၅၁၀၂ 🏆 ဆယ်သိန်းဆုများ ဂ ၅၇၆၇၉၄ က ၆၄၃၂၄၇ က ၄၆၃၈၅၄ ဃ ၇၉၁၄၁၃ ဇ ၄၄၉၂၀၃ စ ၄၉၅၆၅၁ ဂ ၈၂၈၆၄၈ ဂ ၆၃၃၃၁၇ က ၁၉၆၁၀၃ ဂ ၅၂၉၅၅၃ စ ၇၉၉၉၁၀ ခ ၃၃၈၂၀၅ င ၃၀၄၀၈၀ င ၂၆၇၁၇၁ ဃ ၉၆၄၂၅၂ က ၃၄၂၆၁၄ ဂ ၄၃၉၈၅၂ ဃ ၃၀၇၁၁၂ 🏆 ဝေဝေဆာဆာပဒေသာ(၃)သိန်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း(၅)လုံးအစဉ်လိုက်တူရမည် က ၄၇၁၄၅ က ၃ဝ၅၄၂ က ၂၁၈၅၈ 🏆 ဝေဝေဆာဆာပဒေသာ(၂)သိန်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း(၄)လုံးအစဥ်လိုက်တူရမည် စ ၃၇၃ဝ င ၂၄၂၈ ဆ ၅၅၆ဝ 🏆 ဝေဝေဆာဆာပဒေသာ(၁)သိန်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း(၃)လုံးအစဥ်လိုက်တူရမယ် စ ၄၈၅ စ ၁၈ဝ ခ ၇၅၅ ဂ ၇၂၉ ဃ ၂၆၂ 🏆 ဝေဝေဆာဆာပဒေသာ(၅)သောင်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း(၂)လုံးအစဥ်လိုက်တူရမယ် ဃ ၅၁ စျ ၄၂ 🏆 ဝေဝေဆာဆာပဒေသာ(၁)သောင်းဆု ရှေ့အက္ခရာနဲ့ရှေ့ဂဏန်း(၁)လုံးအစဥ်လိုက်တူရမယ် ဃ ၃ #ထီပေါက်စဉ် #myanmarfocus
Hammasini ko'rsatish...
👍 1
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် “T-Pop Star Challenge, Myanmar” အမည်ဖြင့် ထိုင်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည် မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အဖြစ် “T-Pop Star Challenge, Myanmar” အမည်ဖြင့် ထိုင်းသီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ အသိပေးကြေညာထားသည်။ ထိုင်းအစိုးရ၏ “ နိုင်ငံခြားတိုင်းပြည်များတွင် ထိုင်းနိုင်ငံ၏ soft power ကို မြှင့်တင်ရမည်”ဟူသော ပေါ်လစီနှင့်အညီ မြန်မာနိုင်ငံသားများအကြား ထိုင်းဂီတနှင့် ထိုင်းဘာသာစကားကို စိတ်ဝင်စားမှုမြင့်မားလာစေရန် ရည်ရွယ်သည့်အပြင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အရေးပါသော အိမ်နီးချင်းနိုင်ငံဖြစ်သလို မြန်မာနိုင်ငံသားများစွာတိုသည်လည်း ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသကဲ့သို ထိုင်းဂီတနှင့် ထိုင်းရုပ်ရှင်၊ ဇာတ်လမ်းတွဲများကိုလည်း ကြိုက်နှစ်သက်ကြသောကြောင့် အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ၏ ဂီတနှင့် ဇာတ်လမ်းတွဲများထုတ်လုပ်သော အကြီးဆုံးဖျော်ဖြေရေး ကုမ္ပဏီများဖြစ်သည့် GMM Grammy နှင့် GMMTV တိုက ကူညီပံ့ပိုးပေးထားသည်။ ပြိုင်ပွဲတွင် ဆုရရှိသူသည် ငွေသား အမေရိကန်ဒေါ်လာ (၃၅၀၀)နှင့် ဆုတံဆိပ်ကို ရရှိမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူသည် အသက် (၁၈)နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားဖြစ်ရမည်။ ပြိုင်ပွဲဝင်များသည် GMM group အောက်တွင် လိုင်စင်ရယူထားသော နှစ်သက်ရာတေးသီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ မိမိအသံတစ်သံတည်းဖြင့် သီဆို၍ မိမိမျက်နှာလည်း ကြည်လင်ပြတ်သားစွာပါသည့် ဗီဒီယိုရိုက်ကူးကာ www.tpopstar.com သို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း တင်ပြရမည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဆန်ခါတင်ပြိုင်ပွဲဝင် (၁၂)ဦး၏ အမည်စာရင်းကို ကြေညာသွားမည်ဖြစ်ပြီး ပွဲစီစဉ်သူသည် ရန်ကုန်မြိုရှိ Junction City ဈေးဝယ်စင်တာ၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့များတွင် Semi-Final ပြိုင်ပွဲနှင့် Final ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ သိုဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြိုသိုလာရောက်ပြီး ပါဝင်ယှဉ်ပြိုင်သီဆိုရမည့် ဆန်ခါတင်ပြိုင်ပွဲဝင်များအတွက် လမ်းစရိတ်နှင့် တည်းခိုစရိတ်များကို တာဝန်ယူပေးသွားမည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲစဉ်များတွင် GMM Grammy နှင့် GMMTV အောက်ရှိ ထိုင်းအနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များက အကဲဖြတ်ဒိုင်လူကြီးများနှင့် အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကြမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲများကို 🎶 Website: www.tpopstar.com , 🎶 Facebook: T-Pop Star Challenge, Myanmar 🎶 Youtube: TPopStarChallengeMyanmar စသည့် Channel များတွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်ဟု သိရသည်။ #ထင်းသံရုံး၊ မြန်မာနိုင်ငံ #myanmarfocus
Hammasini ko'rsatish...
👍 1
Photo unavailableShow in Telegram
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် “T-Pop Star Challenge, Myanmar” အမည်ဖြင့် ထိုင်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်
Hammasini ko'rsatish...
👍 1
★ ယူရို-၂၀၂၄ ပြိုင်ပွဲ (၁၆)သင်းအဆင့်ပွဲစဉ် ပွဲပြီးရလဒ် စပိန် ၄-၁ ဂျော်ဂျီယာ စပိန် - ရိုဒရီ(၃၉ မိနစ်)၊ ဖာဘီယန်ရုဇ်(၅၁ မိနစ်)၊ နီကိုဝီလီယံစ်(၇၅ မိနစ်)၊ အော်လ်မို(၈၃ မိနစ်) ဂျော်ဂျီယာ - လူနော်မွန်(၁၈ မိနစ် OG) စပိန်အသင်းသည် ကွာတားဖိုင်နယ်တွင် အိမ်ရှင် ဂျာမနီအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။ Photos: UEFA Euro 2024 #EURO2024 #myanmarfocus
Hammasini ko'rsatish...
👍 1
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.