uz
Feedback
Let's Answer

Let's Answer

Kanalga Telegram’da o‘tish

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Ko'proq ko'rsatish

📈 Telegram kanali Let's Answer analitikasi

Let's Answer (@letsanswerch) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 916 obunachidan iborat bo'lib, TaĘźlim toifasida 16 869-o'rinni va Myanma mintaqasida 10 398-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 916 obunachiga ega bo‘ldi.

21 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -1 142 ga, so‘nggi 24 soatda esa -35 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.91% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 2.80% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 706 marta ko‘riladi; birinchi sutkada odatda 334 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 4 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Yuqori yangilanish chastotasi (oxirgi ma’lumot 22 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 916
Obunachilar
-3524 soatlar
-2337 kunlar
-1 14230 kunlar
Postlar arxiv
ဆင်းရဲပေမယ့် သူခိုးမဟုတ်ပါဘူး ချမ်းသာတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့အိမ်ကြီးမှာ ကြီးကျယ်တဲ့ ပါတီပွဲကြီးတစ်ခု လုပ်ဖို့ ပြင်ဆင်ကြတယ်။ ပါတီပွဲမလုပ်ခင် တစ်ရက်အလိုမှာ သူတို့ဟာ ကုန်တိုက်ကြီးတစ်ခုကို သွားပြီး ပါတီပွဲအတွက် လိုတဲ့ပစ္စည်းတွေ ဝယ်ကြတယ်။ သူတို့ဝယ်တဲ့ ပစ္စည်းတွေဟာ ဈေးကြီးတဲ့ ပစ္စည်းတွေပါ။ သူတို့အိမ်ဟာ ကုန်တိုက်နဲ့ သိပ်မဝေးလို့ သူတို့လင်မယားလည်း သူတို့ပစ္စည်းတွေကို သယ်ဖို့ ကားမငှားတော့ဘဲ တွန်းလှည်းနဲ့ သယ်ပေးသူတစ်ယောက်ကို ငှားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကုန်တိုက်အပြင်မှာ ပစ္စည်းသယ်သူလိုက်ရှာတော့ တစ်ယောက်ကိုပဲ တွေ့ ကြရတယ်။ အဲဒီတစ်ယောက်ကလည်း အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် ဖြစ်ပြီး ကျန်းမာရေးကောင်းပုံ မရဘူး။ နောက်ပြီး သူ့အဝတ်အစားတွေဟာ အတော်လေး နွမ်းပါးနေတယ်။ ထမင်းလည်း နပ်မှန်အောင် စားရပုံမပေါ်ဘူး။ လင်မယားလည်း တခြားပစ္စည်းသယ်သူတွေ မတွေ့လို့ အဖိုးကြီးကိုပဲ ပစ္စည်းတွေကို အိမ်အရောက်ပို့ပေးဖို့ ဘယ်လောက်ယူမလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ဒေါ်လာ ၂၀ ပေးပါလို့ ရိုရိုသေသေ ပြန်ဖြေတယ်။ တကယ်တော့ အဖိုးကြီးဟာ ပိုက်ဆံလိုနေလို့ ပစ္စည်းပို့ခကို လျှော့တောင်းလိုက်တာပါ။ တခြားပစ္စည်းသယ်သမားတွေဆိုရင် ၂၅ ဒေါ်လာ တောင်းနေကျပါ။ ဒါတောင် လင်မယားက ၁၅ ဒေါ်လာပဲ ပေးမယ်လို့ ပြောတယ်။ အဖိုးကြီးလည်း ထမင်းဝယ်စားဖို့ ပိုက်ဆံလိုနေတာမို့ အဲဒီဈေးကို လက်ခံလိုက်တယ်။ လင်မယားလည်း ပစ္စည်းသယ်သမားကို ၁၅ ဒေါ်လာနဲ့ ဈေးဆစ်နိုင်ကြလို့ အတော်ပျော်သွားကြတယ်။ သူတို့ဟာ အဖိုးကြီးကို သူတို့အိမ် လိပ်စာကို သေချာပြောပြပြီး အိမ်ကို လမ်းလျှောက်ပြန်လာကြတယ်။ သူတို့ဟာ အိမ်ရောက်ပြီး ၂ နာရီကြာတဲ့အထိ ပစ္စည်းတွေ ရောက်မလာလို့ စိတ်ပူစပြုလာကြတယ်။ မိန်းမဟာ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ယောက်ျားကို ခုလို ပြောတယ်။ “ကျွန်မ ရှင့်ကို ပြောသားပဲ၊ လူတစ်ယောက်ကို အရမ်း မယုံကြည်ပါနဲ့လို့။ သူ့ကိုယ်သူ စားဖို့တောင် အနိုင်နိုင်ဖြစ်နေသူကိုများ ရှင်က ယုံပြီး ကျွန်မတို့ရဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို ပုံအပ် လိုက်ရတယ်ရှင်။ ကျွန်မတော့ အဲဒီလူကြီး ဟာ ကျွန်မတို့ပစ္စည်းတွေကို တခြားနေရာကို သယ်သွားပြီး ရောင်းလိုက်ပြီလို့ ထင်တာပဲ။ ကျွန်မတို့ ကုန်တိုက်ကို အမြန်ပြန်သွားပြီး ကုန်တိုက်မန်နေဂျာ ကို အကျိုးအကြောင်း ပြောပြကြရအောင်ပါ။ နောက်ပြီး ရဲစခန်း ာလည်း ပစ္စည်းတွေ အခိုးခံရတယ်ဆိုပြီး အမှုဖွင့်ရမယ်ရှင့်” ဒါနဲ့ သူတို့နှစ်ယောက်ဟာ ကုန်တိုက်ကို အမြန်ပြန်သွားကြတယ်။ လမ်းတစ်ဝက်မှာ ပစ္စည်းသယ်သူတစ်ယောက်ကို သူတို့ရဲ့ ပစ္စည်းတွေ တင် ထားတဲ့ တွန်းလှည်းနဲ့အတူ တွေ့လိုက်တယ်။ မိန်းမဟာ ဒေါသကို မထိန်း နိုင်ဘဲ ခုလို ပြောလိုက်တယ်။ “ကျွန်မတို့ပစ္စည်းတွေသယ်ဖို့ ပိုက်ဆံပေးထားတဲ့ အဖိုးကြီး အခု ဘယ်မှာလဲရှင့်။ ဒါတွေဟာ ကျွန်မတို့ရဲ့ ပစ္စည်းတွေပါ။ ရှင် ဒီပစ္စည်းတွေကို ကျွန်မတို့အိမ်ကိုမပို့ဘဲ ဘယ်မှာ သွားရောင်းလို့မလဲ” ပစ္စည်းသယ်သူက ခုလို ပြန်ပြောပါတယ်။ “အစ်မရယ်၊ သိပ်ပြီး ဒေါသမဖြစ်ပါနဲ့လေ။ စိတ်အေးအေးထားပါဗျ။ အဖိုးကြီးဟာ ပြီးခဲ့တဲ့လကတည်းက နေမကောင်း ဖြစ်နေခဲ့တယ်။ အမှန်တော့ တစ်နေ့မှ ထမင်းတစ်နပ်ပဲ စားရလို့အဟာရ ပြတ်သွားတာပါ။ လွန်ခဲ့တဲ့ ၂ နာရီလောက်က သူဟာ ဗိုက်ထဲမှာ အစာမရှိသလို မောလည်း အရမ်းမောနေတယ်။ နေကလည်း ပူလွန်းလို့ အစ်မတို့ ပစ္စည်းတွေကို တင်ထားတဲ့ လှည်းကို တွန်းရင်း လမ်းပေါ်မှာ လဲကျသွားတယ်။ သူက တွန်းလှည်းကို ဆက်မတွန်းနိုင်တော့လို့ ကျွန်တော့်ကို ၁၅ ဒေါ်လာပေးပြီး သူ့လှည်းကို တွန်းခိုင်းတယ်။ ခင်ဗျားတို့အိမ်ကို ပို့ခိုင်းလိုက်တာပါ။ အခု ကျွန်တော် ပစ္စည်းတွေကို လာပို့နေတာပါဗျာ။ အစ်ကိုနဲ့အစ်မတို့ရာ၊ အဖိုးကြီးကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူဟာ ဆင်းရဲတယ်။ ထမင်းနပ်မှန်အောင် မစားရရှာဘူး။ ဒါပေမယ့် သူဟာ ရိုးသားသူပါ။ သူများပစ္စည်းကို ခိုးယူတာ၊ လိမ်ညာယူတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ကဲ ခင်‌ဗျားအိမ်ကို သွားကြစို့။” လို့ ပစ္စည်းသယ်သူက ရှင်းပြတယ်။ သူ့စကားအဆုံးမှာ လင်ရော မယားပါ မျက်ရည်လည်နေကြတယ်။ သူတို့ဟာ လူတစ်ယောက်ရဲ့ အဝတ်အစား အသွင်အပြင်ကြည့်ပြီး သူ့အကျင့်စရိုက်ကို ဆုံးဖြတ်လိုက်တာ အကြီးအကျယ်မှားသွားပြီဆိုတာကို သိလိုက်ကြတယ်။ မိန်းမက သူ့ယောက်ျားကို ခုလိုတိုးတိုးလေးပြောလိုက်တယ်။ "ကျွန်မတို့ အဖိုးကြီးကို သွားတွေ့ပြီး ဆေးဖိုးနဲ့ အစားအစာဖိုးလေတွေ သွားပေးရအောင်နော်" တဲ့။ ယောက်ျားလည်း ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ မိတ်ဆွေတို့လည်း လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အဝ၊ အစားကို ကြည့်ပြီး ဆုံးဖြတ်ချက် မမှားကြပါနဲ့ဗျာ။ ❗မျှဝေ‌လိုသော အတွေးများ(၅) စာအုပ်ထဲမှ စာသားပြန်ရိုက်ယူ၍ တင်ပေးတာမို့ Copy ယူတင်တာမျိုး လက်မခံပါဘူးနော် ❗ မူရင်‌းရေးသားခဲ့သောသူအား လေးစားစွာနဲ့ credit ပါရှင့် 🙏 #မျှဝေ‌လိုသော_အတွေးများ(၅) #ဗန်းမော်သိန်းဖေ #Credit #Forward_Only #knowledge #motivation #Ruby

photo content

Admin အသစ်ခေါ်ရင်ကောင်းမလား... #Ruby

အားလုံးပဲ မင်္ဂလာညချမ်းပါခဗျာ ဒီနေ့တော့ Bio Eco Physics နဲ့ Chemistry အကြောင်းကို ရှင်းပြသွားမှာဖြစ်ပါတယ်ဗျ Biology (ဇီဝဗေဒ) Bio ဆိုတာ သတ္တဝါတွေ အပင်တွေ ဆဲလ်တွေရဲ့အကြောင်းကိုလေ့လာတာပါ။ သတ္တဝါတွေရဲ့ ဖွဲ့စည်းပုံ အစိတ်အပိုင်း စတာတွေကို ခွဲစိတ်မယ် လေ့လာမယ်"အလားတူ အပင်တွေရဲ့ ဖြစ်တည်မှုတွေ ဒြပ်ဖွဲ့စည်းပုံတွေ သက်တမ်း မျိုးရိုးဗီဇ တွေကို သင်ကြားရတာမျိုးပါ။လူတွေမှာဆိုရင် သွေးအမျိုးအစား ကိုယ်ခန္တာ စတာတွေကို အသေးစိတ်ကအစ သင်ကြားရတဲ့ ဘာသာပါ။ Bio ကို 10တန်းမှာ စတင်သင်ကြားရပါတယ်။ ဇီဝဗေဒပညာရပ်သည် ကြီးမားကျယ်ပြန့်သောဘာသာရပ်ဖြစ်တာကြောင့် ဘာသာခွဲငယ်များဖြင့် အသေးစိတ်ပိုင်းခြားလေ့လာနိုင်ပါတယ်ဗျ" Bio ကို သတ္တဗေဒ (zoology) ရုက္ခဗေဒ (botany) အဏုဇီဝဗေဒ (Microbiology) Cytology(ဆဲလ်ဗေဒ ဝါ ကလပ်စည်းဗေဒ) Genetics(မျိုးရိုးဗီဇဗေဒ) Evolutionary biology(ဆင့်ကဲပြောင်းလဲခြင်းဗေဒ) Taxonomy(ဇီဝမျိုးခွဲဗေဒ) Ecology(ဂေဟဗေဒ) ဆိုပြီး ထပ်မံခွဲခြားထားပါတယ်။ ဒါပေမဲ့ Bio ကို ဆရာဝန် ဖြစ်ချင်တဲ့သူများ Eng ပိုင်နိုင်တဲ့သူများသာ ရွေးဖို့ recommeted ပေးချင်ပါတယ်ဗျ Economy Eco ကတော့ စီးပွားရေးဘာသာပဲဖြစ်ပါတယ်"ငွေကြေးဖလှယ်မှုတွေ ကုန်စည်တန်ဖိုးတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငွေကြေး ဖလှယ်တာတွေ ငွေကြေးအသုံးဝင်မှုတွေ ငွေကြေးဖောင်းပွမှု ကို သင်ရတဲ့ ဘာသာမျိုးပါ"Eco မို့လို့ မြန်မာစာပဲဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ချားရဟတ်စီးရသလို ချာချာလည်သွားပါလိမ့်မယ်။ Eco မှာလဲ စားသုံးသူ၏သုံးစွဲမှု့ (Consumer Spending) ငွေကြေးလှဲလှယ်နှုန်း (Exchange Rate) ရင်းနှီးမြှုပ်နှံမှု့တစ်ခု၏ ဂျီဒီပီ (GDP per capital) စတော့ဈေးကွက် (Stock Market) အတိုးနှုန်း (Interest Rate) နိုင်ငံ၏အကြွေး(Government Debt) ငွေကြေးဖောင်းပွမှု့နှုန်း (Rate of Inflation) အလုပ်လက်မဲ့နှုန်း (Unemployment) ကုန်သွယ်မှု့ဟန်ချက် (Balance of Trade) ဆိုပြီး စတဲ့အရာတွေ အားလုံးကိုသင်ကြားရတာပါ။ ကိုယ်က စီးပွားရေးသမား အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ရင် Eco သာ ရွေးချယ်လိုက်ပါ။ Physics Physics ဆိုတာကတော့ အက်တမ် နဲ့ ဒြပ်ဆွဲအား တွေ အကြောင်းသင်တဲ့ ဘာသာရပ်ပါ"မြန်မာဆိုလို ရူပဗေဒ ပေါ့ ရူပဗေဒ (physics) က သင်္ချာကို အခြေခံပြီး စကြာဝဠာ(universe) အကြောင်းကို အရင်းခံအကျဆုံး ရှင်းပြနိုင်သော ဘာသာရပ်ဖြစ်ပါတယ် ။ ဥပမာအားဖြင့် ဓာတုဗေဒ ဖြစ်စဉ်များအကြောင်းကို ရူပဗေဒ က မော်လီကျူးတွေ အက်တမ်အောက်အမှုန်တွေနဲ့ သဘောသတ္တိတို့ကို သုံးပြီး၊ မော်လီကျူး အချင်းချင်းကြား တုံ့ပြန်ပုံနိယာမများ သုံးပြီး ရှင်းပြနိုင်တဲ့ ဘာသာရပ်လဲ ဖြစ်ပါတယ်" ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ စကြာဝဠာရဲ့ ဆွဲအားတွေ ဒြပ်မှုန်တွေ သံလိုက် တွေ တွင်းနက် တွေအကြောင်းကိုပါ ရူပဗေဒက သင်ကြားပေးနိုင်ပါတယ်။ Chemistry Chemistry ကတော့ ဒြပ်ဝတ္တုတို့ရဲ့ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲခြင်းတွေကို လေ့လာသော သိပ္ပံဘာသာရပ် တစ်ခုဖြစ်ပါတယ်။ဓာတုဗေဒ လို့လဲခေါ်ပါတယ်။ ဓာတုဗေဒက ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံဆောင်ခဲ နဲ့ အခြား စုပေါင်းထားတဲ့ ဒြပ်ပေါင်း၊ ဒြပ်နှော များမှာ ဓာတုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနဲ့ ပတ်သက်တဲ့ စွမ်းအင် သဘောတရားများကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ဆေးဖော်တာ ဆေးကျိုချက်တာ တွေ နျူကလိယ ထုတ်လုပ်တာတွေ ဓာတုဆေးလုပ်တာတွေ စတာတွေကို သင်ကြားပေးတဲ့ ဘာသာရပ်လဲ ဖြစ်ပါတယ်"သိပ္ပံပညာရှင်ဖြစ်ချင်တယ်ဆိုရင်တော့ Chemistry ကို ပိုင်နိုင်အောင်သာ လေ့လာထားပါ #Zewazoe

photo content
+3

ဒီနေ့တော့ ဒီလောက်ပါပဲနော်ဗျ Bye✌🏻🦋 #Zewazoe

မနေနိုင်ပါဘူးဗျ ဘယ်လိုမျိုးလဲဗျ ? It is best to seek knowledge အတတ်နိုင်ဆုံး ပြန်မပြောပါနဲ့ ဖြစ်နိုင်ရင် မိသားစုသုံးယောက်စုံရ
မနေနိုင်ပါဘူးဗျ ဘယ်လိုမျိုးလဲဗျ ? It is best to seek knowledge အတတ်နိုင်ဆုံး ပြန်မပြောပါနဲ့ ဖြစ်နိုင်ရင် မိသားစုသုံးယောက်စုံရင် ပြောပြကြည့်ပါဗျ #Zewazoe

ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြာ၀ဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၎င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ(physicsသည် ဒြပ်၀တ္ထုများ နှင့် လှုပ်ရှားမှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒသည် နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ၀တ္ထု နှင့် လျှပ်စစ်ဓာတ်ကို အသုံးပြုသည်။ ခြုံငုံပြောရလျှင် ရူပဗေဒသည် သဘာဝကို လေ့လာဆန်းစစ်မှုဖြစ်ပြီး ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အားလုံးကို နားလည်ရန်ပင်ဖြစ်သည်။ ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပာယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပာယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။ #Venn #Knowledge #Crd

Dm လာ ပုံပြင်ပြောပြမယ် မရှိပါဘူးနော်ဗျ🦋 ဟုတ်ပါပီဗျာ့ မှားတယ်ဗျ အချစ်စစ်နဲ့ မတွေ့သေးလို့ပါ #Zewazoe
Dm လာ ပုံပြင်ပြောပြမယ် မရှိပါဘူးနော်ဗျ🦋 ဟုတ်ပါပီဗျာ့ မှားတယ်ဗျ အချစ်စစ်နဲ့ မတွေ့သေးလို့ပါ #Zewazoe

ဘယ်အရာမဆို အစွဲအလမ်းမကြီးတာ အကောင်းဆုံးပါပဲဗျ" အချိန်က ကုစားပေးမှာပါ✨ Sorry ပါနော်ဗျ တကယ်လဲအားနာမိပါတယ် ကြော်ငြာတွေ လက်မခံတော
ဘယ်အရာမဆို အစွဲအလမ်းမကြီးတာ အကောင်းဆုံးပါပဲဗျ" အချိန်က ကုစားပေးမှာပါ✨ Sorry ပါနော်ဗျ တကယ်လဲအားနာမိပါတယ် ကြော်ငြာတွေ လက်မခံတော့ပါဘူးဗျ🍃 တင်ပေးပါ့မယ်ဗျ🌻 #Zewazoe

I'm fine ,Thanks and you? ဟုတ်ပါပြီဗျာ့ ဝါသနာပါတာလုပ်ပါဗျ သရဲနဲ့ပေးစားလိုက်ပါဗျ What is M6? #Zewazoe
I'm fine ,Thanks and you? ဟုတ်ပါပြီဗျာ့ ဝါသနာပါတာလုပ်ပါဗျ သရဲနဲ့ပေးစားလိုက်ပါဗျ What is M6? #Zewazoe

positive psychology အကြောင်း Positive Psychology (အကောင်းမြင်စိတ်ပညာ) ဆိုတာကတော့ 1998 ခုနှစ်လောက်မှာ Martin Seligman ဆိုတဲ့ စိတ်ပညာရှင်က အသစ်ထပ်မံလေ့လာတွေ့ရှိခဲ့တဲ့ စိတ်ပညာနယ်ပယ်ခွဲတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနှစ်တွေမတိုင်ခင်က စိတ်ပညာနယ်ပယ်က ပညာရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ ပြဿနာတွေ၊ မကောင်းတဲ့အတွေးတွေကိုသာ အဓိကထား သုတေသနပြုလုပ်ခဲ့ကြပြီး လူတွေရဲ့ ဦးနှောက်ထဲက မကောင်းတဲ့အတွေးတွေကို ဘယ်လိုဖယ်ရှားကုသမလဲဆိုတာကိုပဲ လေ့လာခဲ့ကြတာဖြစ်ပါတယ်။ 1998 နောက်ပိုင်းမှာမှ Martin Seligman ကအစပြုလို့ စိတ်ပညာရှင်တွေဟာ လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာရှိတဲ့ အကောင်းမြင်စိတ်အကြောင်းကို လေ့လာခဲ့ကြပြီး လူနေမှုဘ၀နဲ့ အကောင်းမြင်စိတ် ဆက်စပ်ပုံတွေ၊ အကောင်းမြင်စိတ်အလုပ်လုပ်ပုံတွေနဲ့ ကောင်းကျိုးတွေကို လေ့လာခဲ့ကြရင်း Positive Psychologyဟာ ယနေ့ခေတ်မှာ တွင်ကျယ်လာတာဖြစ်ပါတယ်။ #Venn #Knowledge #Crd

အရင်ဆုံး စိတ်ကို relax ထားပါဗျ စိတ်ညစ်စေမဲ့ စိတ်ပင်ပန်းစေမဲ့ ဘယ်အရာမဆို မတွေးပါနဲ့ သီချင်းမြူးမြူးလေးတွေ နားထောင်ပါ ပျော်အောင
အရင်ဆုံး စိတ်ကို relax ထားပါဗျ စိတ်ညစ်စေမဲ့ စိတ်ပင်ပန်းစေမဲ့ ဘယ်အရာမဆို မတွေးပါနဲ့ သီချင်းမြူးမြူးလေးတွေ နားထောင်ပါ ပျော်အောင်နေပါ ဘယ်အရာမဆို စိတ်ထဲမှာ မထားပဲ ရင်ဖွင့်ကြည့်ပါ အက်မင် လဲ အရင်က overthinking ဖြစ်တာကို ဒီနည်းနဲ့ ပျောက်ခဲ့တာမို့ပါ🌸 တင်ပေးပါ့မယ်နော်ဗျာ့✌🏻 #Zewazoe

အမေစု ရေးသားထားတဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး နဲ့ တစ်+တစ်=သုံး ဖတ်ကြည့်ပါဗျ Bisexual အဲ့ဒါကတော့ မိခင် ဖခင်စိတ်မရှိတဲ့သူတွေပ
အမေစု ရေးသားထားတဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး နဲ့ တစ်+တစ်=သုံး ဖတ်ကြည့်ပါဗျ Bisexual အဲ့ဒါကတော့ မိခင် ဖခင်စိတ်မရှိတဲ့သူတွေပါဗျ Even if no one loves you, you must learn to love yourself သူရဲ့ ဓာတုဖွဲ့စည်းပုံကိုက ချဉ်လို့ပါ Yes I received your sms #Zewazoe

စာလုပ်ပါဗျ ဗဟုသုတရမဲ့ စာအုပ်တွေဖတ်ပါ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အရာတွေအားစိုက်ပြီးလုပ်ပါ" မင်မင် တွေကလဲ ကျေးဇူးတင်ပါ
စာလုပ်ပါဗျ ဗဟုသုတရမဲ့ စာအုပ်တွေဖတ်ပါ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အရာတွေအားစိုက်ပြီးလုပ်ပါ" မင်မင် တွေကလဲ ကျေးဇူးတင်ပါတယ်ဗျာ" အခုလို ဖြေပေးကြတဲ့အတွက်" Sub တွေမရှိရင် LA Ch ဆိုတာလဲ ရှိလာမှာမဟုတ်ပါဘူး🍀💞 မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် မိုးကတော့ ရွာမှာပါပဲဗျ🌧️ ဟုတ်ကဲ့ပါခဗျ နောက်ပြီး တင်ပေးပါ့မယ်နော်❤️‍🔥 #Zewazoe

ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။ #Venn #Knowledge #Crd

ok Come my dm🍃 Never Adm Venn တင်ပေးပါလိမ့်မယ်ခဗျာ့ #Zewazoe
ok Come my dm🍃 Never Adm Venn တင်ပေးပါလိမ့်မယ်ခဗျာ့ #Zewazoe

မိဘတိုင်းကတော့ အကောင်းဆုံးကျွေးမွေး ထောက်ပံ့ချင်ကြပါတယ်ဗျာ သူတို့မှာလဲအခက်အခဲတွေရှိလို့နေမှာပါ Yo! Hi ရှိလားမရှိလားဆိုတာတော့
မိဘတိုင်းကတော့ အကောင်းဆုံးကျွေးမွေး ထောက်ပံ့ချင်ကြပါတယ်ဗျာ သူတို့မှာလဲအခက်အခဲတွေရှိလို့နေမှာပါ Yo! Hi ရှိလားမရှိလားဆိုတာတော့ အက်မင် လဲ သေချာ မသိပါဘူး ဒါမဲ့ ရေသူမ ဆိုပြီး ကမ်းခြေတွေမှာ တောထဲတွေမှာ vdရိုက်ထားကြတဲ့ သက်သေအထောက်အထားတွေတော့ရှိပါတယ် Xi You're thinking wrong.Every parent loves their children #Zewazoe

ကိုယ့်ဘာသာတင်🤪 တူတူပါပဲဗျာ (ဒေါ် အောင်ဆန်းစုကြည်)😔 #Zewazoe
ကိုယ့်ဘာသာတင်🤪 တူတူပါပဲဗျာ (ဒေါ် အောင်ဆန်းစုကြည်)😔 #Zewazoe