uz
Feedback
Let's Answer

Let's Answer

Kanalga Telegram’da o‘tish

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Ko'proq ko'rsatish

📈 Telegram kanali Let's Answer analitikasi

Let's Answer (@letsanswerch) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 796 obunachidan iborat bo'lib, TaĘźlim toifasida 16 989-o'rinni va Myanma mintaqasida 10 455-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 796 obunachiga ega bo‘ldi.

02 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -727 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.45% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining N/A% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 233 marta ko‘riladi; birinchi sutkada odatda 0 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Yuqori yangilanish chastotasi (oxirgi ma’lumot 03 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 796
Obunachilar
-824 soatlar
-807 kunlar
-72730 kunlar
Postlar arxiv
သိကြားမင်းကျွဲယောင်ဆောင်________ #yoko
Anonymous voting

᯽ သင့်ဘဝနဲ့ပတ်သက်ပြီး အားမငယ်ဖို့ ပြန်တွေးသင့်သောအချက်များ ၁။ လူတိုင်း သူ့ဟာနဲ့သူ ခက်ခဲကြပါတယ် ၂။ စိတ်ညစ်နေလို့ အချိန်ကုန်ရုံပဲ ရှိပါတယ် ၃။ ကြုံလာသမျှဟာ သင်ခန်းစာရဖို့ပါ ၄။ သင်ဟာလွယ်လွယ်အရှုံးပေးမယ့်သူမဟုတ်ပါဘူး ၅။ ခုချိန်ကြုံသမျှကို နောင်တစ်ချိန် ပြုံးရွှင်စွာ ပြန်ပြောနိုင်အောင် အားတင်းပါ ၆။ ဘဝရဲ့ ဆိုးရွားတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်ခဲ့သူတွေကို လေ့လာပါ #Forward_Only #Credit #Knowledge #Ruby

᯽ အမျိုးသမီးများတွင် ဆီးစပ်ကိုက်ရသည့်အကြောင်းရင်းများ ၁။ နေရာလွဲမှားသန္ဓေတည်နေတာကြောင့်ပါ။ ၂။ ကိုယ်ဝန်ပျက်ကျတာကြောင့်ပါ။ ၃။ တင်ပဆုံကွင်းအတွင်းမှ အင်္ဂါတွေ ရောင်ရမ်းရောဂါရှိနေတာကြောင့်ပါ။ ၄။ မမျိုးဥကြွေတာကြောင့်ပါ။ ၅။ ဓမ္မတာလာစဉ် ကိုက်ခဲတာကြောင့်ပါ။ ၆။ မမျိုးဥအိမ်တွင် ရေအိတ်ရှိနေတာကြောင့်ပါ။ ၇။ သားအိမ်မှာ အလုံးရှိနေတာကြောင့်ပါ။ ၈။ သားအိမ်တစ်သျှူးပြင်ပရောက်နေတာကြောင့်ပါ။ ၉။ သားအိမ်ကင်ဆာဖြစ်နေတာကြောင့်ပါ။ ၁၀။ သားအိမ်ခေါင်းကင်ဆာဖြစ်နေတာကြောင့်ပါ။ ᯽ အမျိုးသားနှင့် အမျိုးသမီးတို့တွင် ဆီးစပ်ကိုက်ရသည့်အကြောင်းရင်းများ ၁။ အူအတက်ရောင်နေတာကြောင့်ပါ။ ၂။ ဆီးအိတ်ပြဿနာဖြစ်နေတာကြောင့်ပါ။ ၃။ လိင်မှတစ်ဆင့် ရောဂါကူးစက်ခံနေရတာကြောင့်ပါ။ ၄။ ကျောက်ကပ်အတွင်း ရောဂါပိုးဝင်တာ ဒါမှမဟုတ် ကျောက်ကပ်အတွင်း ကျောက်တည်နေတာကြောင့်ပါ။ ၅။ အူပြဿနာဖြစ်နေတာကြောင့်ပါ။ ၆။ အူကျွံနေတာကြောင့်ပါ။ ၇။ တင်ပဆုံရိုးကျိုးနေတာကြောင့်ပါ။ ၈။ တင်ပဆုံကွင်းပြဿနာကြောင့်ပါ။ ၉။ အာရုံကြောပြဿနာကြောင့်ပါ။ ᯽ စိုးရိမ်ရသည့်အခြေအနေများ ဆီးစပ်ကိုက်တာနဲ့အတူ အောက်ပါဝေဒနာတွေ ခံစားနေရရင် စိုးရိမ်ရတာမို့ ဆရာဝန်နဲ့ ပြသပါ။ ၁။ ဓမ္မတာလာစဉ် ဆိုးဆိုးရွားရွားကိုက်ခဲနေရင် ၂။ (ဓမ္မတာမဟုတ်တဲ့) သွေးဆင်းနေရင် ဒါမှမဟုတ် ဘောင်းဘီထဲ သွေးစွန်းနေရင် ၃။ ဆီးသွားရခက်ခဲရင် ဒါမှမဟုတ် ဆီးသွားစဉ် နာကျင်ရင် ၄။ ဝမ်းချုပ်ရင် ဒါမှမဟုတ် ဝမ်းပျက်ရင် ၅။ လေပွရင် ၆။ ဝမ်းသွားစဉ် သွေးပါရင် ၇။ လိင်ဆက်ဆံစဉ် နာကျင်နေရင် ၈။ အဖျားရှိရင်၊ တုန်ချမ်းချမ်းနေရင် ၉။ တင်ပဆုံနေရာမှာ နာကျင်နေရင် ၁၀။ ပေါင်ခြံမှာ နာကျင်နေရင် ᯽ ကုသနည်း ဆီးစပ်ကိုက်ရတဲ့အကြောင်းရင်းနဲ့ နာကျင်မှုဆိုးရွားတဲ့အခြေအနေပေါ်မှာ မူ တည်ပြီး ကုသနိုင်တဲ့နည်းလမ်းတွေ ကွဲပြားသွားပါတယ်။ တချို့ကို ပဋိဇီဝဆေးဝါးအပါ အဝင် ဆေးဝါးကုထုံးနဲ့ ကုသပေးနိုင်ပါတယ်။ ဆီးစပ်နေရာမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ် ခုခုကြောင့် ဆီးစပ်ကိုက်နေတယ်ဆိုရင် ခွဲစိတ်ကုသမှုခံယူတာ ဒါမှမဟုတ် တခြားနည်း လမ်းနဲ့ကုသနည်းတွေ အသုံးပြုနိုင်ပါတယ်။ #Forward_Only #Credit #Knowledge #Ruby

အားလုံးပဲ ဒီနေ့ကတော့ Let's Answer Channel လေးရဲ့ 1 year anniversary day ပါရှင့် ✨✨ အချိန်တွေက တကယ်ပဲမြန်လွန်းတယ် အရင်နှစ်ခုလိုနေ့မှာ ချန်နယ်လေးက စပြီး အသက်ဝင်လာခဲ့တယ် ချန်နယ်ထောင်ထားတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ် ကိုယ်တိုင်လည်း လေ့လာမယ် အများကိုလည်း လေ့လာ သင်ယူလို့ရအောင် ဖွင့်ထားတာပါရှင့် ချန်နယ်လေး စထောင်တုန်းက ကျွန်မ tele သုံးတာ ၂နှစ်လောက်ပဲရှိဦးမယ် ချန်နယ်ကိုလည်း knowledge only ပဲတင်မယ်ပေါ့... run ပေးရင်း subs တို့နဲ့ရင်းနီးမှု ရအောင်ယူခဲ့တယ် Gw တွေလုပ်ပေးခဲ့တယ် အဲ့တုန်းက အက်မင်တွေကလည်း တကယ်ချစ်စရာကောင်းခဲ့တယ် ဖော်ရွေခဲ့တယ် အဲ့အချိန်ကတည်းက ဒီထဲရှိခဲ့သူတွေ သိမှာပါ ဒီချန်နယ်လေးကို လူအများသိမို့အတွက် ချန်နယ်ကြီးတွေမှာ လိုက်ဖြန့်ခဲ့ပါတယ် အငြင်းခံခဲ့ရတယ် ခုချိန်ထိ ဒီချန်နယ်လူများလာတာက ကျွန်မအပြင် အက်မင်တွေနဲ့ သဲလေးတို့ကြောင့်ပါ‌ရှင့် ဒါကြောင့်လည်း ဒီချန်နယ်လေးက ကျွန်မအတွက် ဒုတိယမိသားစုလေးပါပဲ အရင်ကတည်းကနေ ခုထိရှိနေပေးတဲ့သူတွေရော.. နောက်မှဝင်လာရတဲ့သူတွေရော အားလုံးကို ချစ်ပါတယ်ရှင့် မထွက်ပဲ active ဖြစ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးအထူးပါရှင့် ချန်နယ်အစမှာ ချန်နယ် active ပိုဖြစ်မို့အတွက် ပါဝင် supporting လုပ်ပေးခဲ့တဲ့ အစ်ကို့ကိုလည်း ကျေးဇူးအထူးပါရှင့် မမေ့ပါဘူးနော် အက်မင်အပေါင်းတို့ကိုလည်း ကျေးဇူးပါနော် အချိန်တိုင်း ရှိနေပေးလို့ 🥺🫶 ကဲစာကများနေပြီ ဒီလောက်ပါပဲ ခုချိန်က ကျွန်မမိသားစုအတွက်ပါ အဆင်မပြေတဲ့အချိန်မို့ Gw တွေမလုပ်ပေးသေးတာပါနော် မကြာခင်ပြန်အဆင်ပြေလာရင် ပြန်ပြီးပျော်စရာကောင်းတဲ့ Gw တွေ လုပ်ပေးပါ့မယ်ရှင့် အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါရှင့် 🫶 #1year_anniversary_day #Ruby #Owner

အားလုံးပဲ ဒီနေ့ကတော့ Let's Answer Channel လေးရဲ့ 1 year anniversary day ပါရှင့်

ဒီ စာနဲ့ ပုံ လိုချင်တဲ့ သူတွေ DM လာခဲ့ပါခဗျ Acc - @Zack_bpinku #Zack

"အမေဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောမှတ်သားဖွယ်ရာစကားများ" ======================== ======================== (၁)မှန်တာပြောဖို့
+1
"အမေဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောမှတ်သားဖွယ်ရာစကားများ" ======================== ======================== (၁)မှန်တာပြောဖို့ မကြောက်ကြပါနဲ့။ မဟုတ်တာလုပ်ရမှာကိုပဲ ကြောက်ကြပါ။မှန်တာပြောတဲ့သူက လူမုန်းများပေမဲ့ သမိုင်းတော့လှတယ်။ =============================== (၂) သင် ကူကယ်ရာမဲ့နေတယ်လို့ ခံစားနေရရင် တစ်စုံတစ်ယောက် ကို ကူညီလိုက်ပါ။ =============================== (၃)တစ်ခါတစ်လေမှာ တည်ဆောက်ခြင်းဟာ တိုက်ခိုက်ခြင်းထက် အများကြီးသိမ်မွေ့တယ်၊ ခက်ခဲတယ်၊ ရန်သူပိုပြီးတော့များတယ် =============================== (၄) ဉာဏ်ရည်နိမ့်ပါးတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို တည်ဆောက်ရမဲ့အစား တစ်ဖက်သားကို ဖြိုချနိုင်မှ နေရာရလိမ့်မယ်လို့ ယူဆတတ်ကြတယ်။ =============================== (၅) ကိုယ်ကောင်းစားဖို့ အတွက် နောက်တစ်ယောက် ပျက်စီးရမယ်ဆိုရင် အဲ့ဒီ......ကောင်းစားချင်စိတ်က အကုသိုလ်ပါပဲ။ =============================== (၆)လူငယ်တွေနိုင်ငံရေးလုပ်ကြတာကို မကြောက်ကြပါနဲ့။လူငယ်တွေနိုင်ငံရေးကို နားမလည်မှ ဒီနိုင်ငံရဲ့အန္တရာယ်ပါ။ ════◄••❀••►════ #Forward_Only #Knowledge #Zack ════◄••❀••►════

🫁ကျောက်ကပ်နဲ့ပလပ်စတစ်🌫️ 👐👐သိကောင်းစရာ👐👐 +++++++++++++++++++++++++++ အစားအသောက် ပူပူတွေကို ပလပ်စတစ်အိတ်တွေ၊ ပလပ်စတစ်နဲ့ ပြုလုပ်တဲ့ အသုံးအဆောင်တွေထဲ ထည့်ပြီးစားပါက ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တယ် လို့ ကျန်းမာရေး သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။ ပလပ်စတစ် ပစ္စည်းတွေဟာ ရေနံ (petroleum) ကနေ ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပြီး ဓာတုပစ္စည်းတွေဟာ အပူနဲ့ ထိတွေ့ရင် ဓာတ်ပြုလွယ်တဲ့ သဘောရှိပါတယ်။ အဲဒီလို ဓာတ်ပြုတာကနေ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်၊ ဟင်းရည်ချို၊ ထမင်း၊ ခေါက်ဆွဲ ကြော်၊ ကြာဇံကြော် အပါဝင် ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို ပလပ်စတစ်အိတ်တွေ၊ ပလပ်စတစ် အသုံးအဆောင်တွေထဲ ထည့်ပြီး အသုံးမပြုကြဖို့ ကျန်းမာ ရေး ပညာရှင်တွေက တိုက်တွန်းထားတာပါ။ ပလတ်စတစ် ပန်းကန်တွေနဲ့ အပူချိန်မြင့်တဲ့ အစားအစာကို ထည့်ယူစားသုံးပါက ကျောက်ကပ်မှာ ကျောက်တည်စေနိုင် တယ်လို့ ထိုင်ဝမ်သုတေသီတွေက လေ့လာဖော်ထုတ်ခဲ့ပါ တယ်။ လေ့လာမှု အရ ခေါက်ဆွဲပူပူစားသုံးသူတွေကို အုပ်စု နှစ်စုခွဲ ပြီး လေ့လာခဲ့ခြင်းဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်နဲ့ စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုကို ကြွေပန်းကန်နဲ့ စားသုံးစေခဲ့ပါတယ်။ စားသုံးပြီး ၂ နာရီတိုင်းမှာစားသုံးသူတွေ ရဲ့ ဆီးနမူနာတွေကို ရယူခဲ့ပြီး၊ ၁၂ နာရီ အတွင်း ၆ ကြိမ်တိုင် တိုင် ရယူကာ စမ်းသပ်မှုတွေ ပြုလုပ်ပါတယ်။ ၃ ပတ်ကြာတိုင် အုပ်စုနှစ်စုခုရဲ့ ဆီးနမူနာတွေ ရယူ စမ်းသပ် လေ့ပြီးတဲ့ နောက်မှာတော့ ပလတ်စတစ်ပန်းကန် အသုံးပြု သူတွေရဲ့ ဆီးနမူနာမှာ ပလတ်စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ရပြီး၊ ကြွေပန်းကန် အသုံးပြုသူတွေမှာတော့ ကျန်းမာရေးကို အန္တရာယ် ပြုနိုင်တဲ့ အဆိုပါ ကွန်ပေါင်းကို မတွေ့ကြရဘူး လို့ ဆိုပါတယ်။ ထိုင်ဝမ် Kaohsiung Medical University က သုတေသီ Dr. Chia Fang Wu က အစားအစာပူပူကို ပလတ်စတစ် အသုံးအဆောင်တွေနဲ့ စားသောက်ခြင်းဟာ ကျောက်ကပ်မှာ ပလတ်စတစ် ကွန်ပေါင်းတွေ အနည်ထိုင်စေကြောင်း၊ ပလပ်စတစ် ကွန်ပေါင်းတွေဟာ အချိန်ကြာလာတဲ့အခါ ကျောက်ကပ်တွင်းမှာ ကျောက်တည်လာနိုင်ကြောင်း ဆိုပါတယ်။ သူက ဆက်လက်ပြီး ချက်ချင်းမသိသာပေမယ့် အချိန်ကြာ လာတဲ့အခါ ဆီးသွားရခက်ခဲတာတွေ၊ဆီးအိမ်မှာ ကျောက်တည် တာတွေ ကြုံရနိုင်ပြီး ခွဲစိပ်ရတဲ့ အခြေအနေကို ရောက်နိုင်ကြောင်း၊ ပလပ်စတစ်က ကျောက်ကပ်ကို ပျက်စီးစေနိုင်ကြောင်း၊ ကျောက်တည်ခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ကြောင်း JAMA Internal Medicine အထွေထွေ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ +++++++++++++++++++++++++++ #yoko #Knowledge #Credit

8 + 8 ÷ 8 + 8 × 8 - 8 = ? #Ronnie
Anonymous voting

france flag ? #Ronnie
Anonymous voting

China flag? #Ronnie
Anonymous voting

ပဲခူး အခြေအနေ တော်တော်ဆိုး နေပါတယ်ခဗျာ🥲❗ ပဲခူးနေ ပြည်သူ/သား တွေအားတင်းထားကြပါဗျ #Zack
+1
ပဲခူး အခြေအနေ တော်တော်ဆိုး နေပါတယ်ခဗျာ🥲❗ ပဲခူးနေ ပြည်သူ/သား တွေအားတင်းထားကြပါဗျ #Zack

🌷 နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား၏ ဗုဒ္ဓဝင်အကျဉ်း 🌷 🙏🙏-------------------🙏🙏 ၁။ ပွင့်ရာကမ္ဘာ          -ဘဒ္ဒကမ္ဘာ ၂။ ဘုရားအမည်တော်  -အဇိတ ၃။ ဘုရားဘွဲ့တော်      -အရိံမေတ္တေယျ ၄။ မျိုးရိုး                  -ဗြာဟ္မဏပုဏ္ဏားမျိုး ၅။ ဖွားတော်မူရာတိုင်းပြည်-ကေတုမတီ ၆။ ခမည်းတော်      -သုဗြဟ္မပုဏ္ဏားကြီး ၇။ မယ်တော်           - ဗြဟ္မ၀တီပုဏ္ဏေးမကြီး ၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင် ၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော ၁၀။ သစ္စာလေးပါးသိသော  အပိုင်းအခြား -  ကုဋေတစ်သိန်း ၁၁။ သာ၀ကအစည်းအဝေး -သုံးကြိမ် ၁၂။ အမျိုးသားသာ၀က (အဂ္ဂသာ၀က)  -(၁) အသောက (၂) ဗြဟ္မဒေ၀ ၁၃။ အလုပ်အကျွေး           - သီဟ ၁၄။ အမျိုးသမီးသာ၀က  (အဂ္ဂသာဝိကာ)   -(၁) ပဒုမာ (၂) သုမနာ ၁၅။ ကိုယ်ရောင်         -(၂၅) ယူဇနာ ၁၆။ အရပ်တော်         - (၈၈) တောင် ၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း ၁၈။ ဒုက္ကရစရိယာကျင့်ရက်     -(၆) ရက် ၁၉။ သက်တမ်း   -အနှစ်ရှစ်သောင်း ၂၀။ စည်းစိမ်ခံစားရာနှစ်    -အနှစ်ရှစ်ထောင် ၂၁။ စံရာ ပြသာဒ်  - သီရိ၀ဍ်ဎ, ၀ဍ်ဎမာန, သိဒ်ဓတ်ထ, စန်ဒက ၂၂။ ကြင်ယာတော် - စန္ဒမုခီ ၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန ၂၄။ တောထွက်သောယာဉ် -ပြသာဒ်။ 🙏🙏---------------------------🙏🙏 #do_not_copy #Credit #Knowledge #yoko

🌷နောင်ပွင့်တော်မူမည့်အရိမေတ္တယျဘုရား၏ဗုဒ္ဓဝင်အကျဉ်🌷 ၁။ ပွင့်ရာကမ္ဘာ          -ဘဒ္ဒကမ္ဘာ ၂။ ဘုရားအမည်တော်  -အဇိတ ၃။ ဘုရားဘွဲ့တော်       -အရိံမေတ္တေယျ ၄။ မျိုးရိုး               -ဗြာဟ္မဏပုဏ္ဏာမျိုး ၅။ ဖွားတော်မူရာတိုင်းပြည် - ကေတုတီ ၆။ ခမည်းတော်          -သုဗြဟ္မပုဏ္ဏားကြီး ၇။ မယ်တော်             - ဗြဟ္မ၀တီပုဏ္ဏေးမကြီး ၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင် ၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော ၁၀။ သစ္စာလေးပါးသိသော  အပိုင်းအခြား -  ကုဋေတစ်သိန်း ၁၁။ သာ၀ကအစည်းအဝေး -သုံးကြိမ် ၁၂။ အမျိုးသားသာ၀က (အဂ္ဂသာ၀က)  -(၁) အသောက (၂) ဗြဟ္မဒေ၀ ၁၃။ အလုပ်အကျွေး           - သီဟ ၁၄။ အမျိုးသမီးသာ၀က  (အဂ္ဂသာဝိကာ)   -(၁) ပဒုမာ (၂) သုမနာ ၁၅။ ကိုယ်ရောင်         -(၂၅) ယူဇနာ ၁၆။ အရပ်တော်         - (၈၈) တောင် ၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း ၁၈။ ဒုက္ကရစရိယာကျင့်ရက်     -(၆) ရက် ၁၉။ သက်တမ်း   -အနှစ်ရှစ်သောင်း ၂၀။ စည်းစိမ်ခံစားရာနှစ်    -အနှစ်ရှစ်ထောင် ၂၁။ စံရာ ပြသာဒ်  - သီရိ၀ဍ်ဎ, ၀ဍ်ဎမာန, သိဒ်ဓတ်ထ, စန်ဒက ၂၂။ ကြင်ယာတော် - စန္ဒမုခီ ၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန ၂၄။ တောထွက်သောယာဉ် -ပြသာဒ်။

∆•••ကလေးတွေဟာ သူတို့သင်ယူခဲ့သလိုရှင်သန်ကြတယ်•••∆ ✓----------------------------------------✓ ၁။ ခွဲခြားဆက်ဆံခံရမှုနဲ့ ကြီးပြင်းခဲ့ရတဲ့ကလေးဟာ ရှုတ်ချအပြစ်တင်တက်လိမ့်မယ်။ ၂။ ရန်လိုမှုတွေနဲ့ကြီးပျင်းခဲ့ရတဲ့ကလေးဟာအကြမ်းဖက်တတ်ပါလိမ့်မယ်။ ၃။ အရူးအနမ်းစကားတွေကြယးကြီးပြင်းခဲ့ရတဲ့ကလေးဟာရှက်တက်ကြောက်တက်နေလိမ့်မယ်။ ၄။ အရှက်ကွဲခဲ့ဖူးတဲ့ကလေးတစ်ယောက်ဟာသိမ်ငယ်မူတွေနဲ့ကြီးပြင်းပါလိမ့်မယ်။ ၅။ အားပေးအားမြှောက်မူတွေနဲ့ကလေးဟာယုံကြည်မှုတွေနဲ့ကြီးပြင်းလာပါတယ်။ ၆။ ချီးကျူးဂုဏ်ပြုမှုတွေကြားကကလေးဟာ အသိအမှတ်ပြုဖို့တက်မြောက်သွားပါတယ်။ ၇။ မျှတစွက်ဆက်ဆံခံရတဲ့ကလေးဟာ သမာသမတ်ရှိတက်သွားပါလိမ့်မယ်။ ၈။ လုံခြုံမှုတွေနဲ့ကြီးပြင်းလာရတဲကလေးတစ်ယောက်ဟာလဲ ယုံကြည်မှု ၊ကိုးကွယ်ရာကိုနားလည်ပါလိမ့်မယ်။ ၉။ ခင်မင်မှု၊ပျော်ရွှင်စရာကောင်းမှုတွေနဲ့ကြီးပြင်းခဲ့ရတဲ့ကလေးဟာ ကမ္ဘာကြီးကိုချစ်တက်ပါလိမ့်မယ်။🤗 ✓------------------------------------------✓ #Knowledge #Credit #yoko

🌳🍀ကမ္ဘာ့အမြင့်ဆုံးသစ်ပင်🍀🌳 <-----------------------> ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးဖြစ်တဲ့ Hyperion ဟာ နာမည်ကျော် လေဘာတ
🌳🍀ကမ္ဘာ့အမြင့်ဆုံးသစ်ပင်🍀🌳 <-----------------------> ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးဖြစ်တဲ့ Hyperion ဟာ နာမည်ကျော် လေဘာတီရုပ်တုကြီးနဲ့ Big Ben နာရီစင်တို့ ထက်တောင် ကျော်လွန်မြင့်တက်သွားပါပြီ။ မယုံကြည်နိုင်လောက်စရာအမြင့် ၁၁၅.၅၅ မီတာ (၃၇၉.၁ ပေ) အထိမြင့်တက်နေတဲ့ Redwood ပင်ဟာ ကယ်လီဖိုးနီးယာပြည်နယ်ရှိ Redwood အမျိုးသားဥယျာဉ်ထဲမှာ ရှိပါတယ်။ သူ့ရဲ့အမြင့်ဟာ နှိုင်းပြရမယ်ဆို ၃၅ ထပ်ရှိတဲ့ အဆောက်အအုံလောက် မြင့်မားပါတယ်။ Hyperion ဟာ သက်တမ်း နှစ် ၇၀၀ ကနေ ၈၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားတယ်။ သူ့ရဲ့ သစ်သားဟာ ကုဗမီတာ ၅၃၀ ( ကုဗပေ ၁၈၆၀၀) ရှိပါတယ်။ သစ်တန်အနေနဲ့ဆိုရင် ၃၇၂ တန်ရှိပါတယ်တဲ့။🦋 <-----------------------> 🤍 #Credit #Knowledge #yoko

❝ စာဖတ်နည်း ❞ =================== ≪━─━─━─◈─━─━─≫ (ဒေါက်တာသန်းထွန်း) စာကို ဘာဖြစ်လို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက်၊ ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။ ဆရာက ဖတ်၊ ကျက် ဆိုတာကို ဖတ်ရ ကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့ လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ် ဆိုတဲ့ အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ် ဆိုတာနဲ့ တွဲပြီး သိလို့၊ ဘယ်စာ ကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက၊ "ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်" ဆိုတဲ့စိတ် ဝင်လာသလား မသိပါ။ အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုး ဆိုရင် ကျက်လို့ ရတာ မဟုတ်။ အဓိပ္ပါယ်လည်း မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက် ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။ အတန်းကျောင်းမှာ နေခဲ့ရတော့၊ တစ်နှစ် တစ်ခါ နှစ်ခါ ဆိုသလို စာမေးပွဲအောင်ဖို့ လိုတယ်လို့ အသိ ရှိလာတယ်။ အဲဒီ အခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲ စာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မစဉ်းစားမိပါ။ ကိုယ်နဲ့ တစ်တန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ၊ သိပ်စာတော်တဲ့လူ ပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ် စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တစ်မျိုးပြောရရင် ဒီလို မြေအနေအထား၊ ဒီလို ရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွား ချမ်းသာတယ်လို့ သိလာတယ်။ ဒါကြောင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊ သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။ တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။ ထောင့်သုံးရာပြည့်ခေတ်ဆိုတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်းကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတစ်အုပ်ကို တစ်လ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက လဝက် သီတင်းတစ်ပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ် Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။ H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာ တွေ ဖတ်ပြီး၊ Wells ရေးသမျှ အကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကို ဖတ်မိပြီး Hardy ရေး သမျှ အကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကို ဖတ်ဖို့ စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။ စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တစ်လ၊ တစ်သီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တစ်ထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ် ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။ မတ်တပ်ဖတ်နေတာ တစ်နာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို "ဖတ်ချင်ယူသွား။ နောက် ပြန် ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ" ဆိုတဲ့အနေနဲ့ ကူညီတယ်။ ကိုယ်ကလည်း အလိုက်သိစွာ မြန်မြန် ဖတ်ရတယ်။ စာကြည့်တိုက်က စာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင် ဖတ်ဆိုတဲ့ အလေ့ အကျင့်ရတယ်။ စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို ယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့ အတ္ထုပ္ပတ္တိအကျဉ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းက ဓာတ်ပုံ၊ မြေပုံနဲ့ နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏ ဖတ်မယ်။ အသေးစိတ် ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ ရတယ်။ ဆုံးဖြတ်ချက် အတိုင်း လုပ်လာတယ်။ ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ၊ မရှိသလောက် ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာ တယ်။ နည်းသိလေ အဖတ်များလေ၊ ပညာတိုးလေ ဆိုတာတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါ။🍀 ≪━─━─━━─◈━─━─━≫ #Credit #Knowledge #yoko

Admin Zack တို့ ကျောင်း ကြီး ရေမြုပ်သွားပါပီ ခဗျာ ပျော်လွန်းလို့ ဝမ်းသာလုံး စို့နေပီ🥲 #Zack

12×2=?? #Water
Anonymous voting

36+24=? #Water
Anonymous voting