uz
Feedback
Let's Answer

Let's Answer

Kanalga Telegram’da o‘tish

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Ko'proq ko'rsatish

📈 Telegram kanali Let's Answer analitikasi

Let's Answer (@letsanswerch) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 630 obunachidan iborat bo'lib, TaĘźlim toifasida 17 150-o'rinni va Myanma mintaqasida 10 549-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 630 obunachiga ega bo‘ldi.

13 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -552 ga, so‘nggi 24 soatda esa -10 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.13% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 2.25% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 0 marta ko‘riladi; birinchi sutkada odatda 262 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Yuqori yangilanish chastotasi (oxirgi ma’lumot 14 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 630
Obunachilar
-1024 soatlar
-887 kunlar
-55230 kunlar
Postlar arxiv
"သတိထားပါမိတ်ဆွေ" ရှိတိုင်းလည်း မသုံးနဲ့ သိတိုင်းလည်း မပြောနဲ့ ပြောတိုင်းလည်း မယုံနဲ့ မိတ်ဆွေစစ်ကရှားတယ် မလိုတမျိုး လိုတမျိုး တွေကများလို့ပါ😄🥀 #knowledge #seng

ငါ အရာရာအတွက်တော့ မလုပ်ပေးနိုင်ပေမယ့် မိသားစုမှာ စိတ်ချမ်းသာအောင်တော့ ငါကြိုးစားရမယ်...✅ #knowledge #seng

Knowledge admin လာပီ🏃🤍 #seng
Anonymous voting

၁၆၀ ဒီဂရီ၏ ထောင့်ဖြောင့်ဖြည့်ဖက်ကိုရွေးပါ။ #Mabel #Mathematics
Anonymous voting

၄၀ ဒီဂရီ၏ ထောင့်ဖြောင့်ဖြည့်ဖက်ကိုရွေးပါ။ #Mabel #Mathematics
Anonymous voting

၁၈ ဒီဂရီ၏ထောင့်မှန်ဖြည့်ဖက်ကိုရွေးပါ။ #Mabel #Mathematics
Anonymous voting

၁၁၅ ဒီဂရီ၏ ထောင့်ဖြောင့်ဖြည့်ဖက်ကိုရွေးပါ။ #Mabel #Mathematics
Anonymous voting

44 ဒီဂရီ၏ထောင့်မှန်ဖြည့်ဖက်ကိုရွေးချယ်ပါ။ #Mabel #Mathematics
Anonymous voting

2.8K subscribers ပြည့်သွားပါပီ 🥺🫶 ကျေးဇူးအထူးပါရှင်... 👀🫶 #Ruby #Owner

ဖုန်းအရမ်းကြည့်လွန်းသောအခါ Knowledge admin ခေါင်းမူးနေပါသည် ညမှ ဆက်တင်ပေးမယ် #seng

British vs American Vocabularies💁‍♀ Biscuit 🍪 Cookie Flim 🎥 Movie Post 📬 Mail Football ⚽ Soccer Sweets 🍬 Candy Wardrobe Closet Tap🚰 Faucet Taxi 🚖 Cab Rubbish 🗑️ Garbage Flat 🏢 Apartment #miu #english #knowledge

သင် ဘာ knowledge တေ သိထားပီလဖြ.? #seng

ခေါ်ခဲ့ကြတာပါ။ သီတဂူဆရာတော်ကြီးဟောတဲ့ တရားတစ်ပုဒ်ထဲမှာတော့ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်ကြောင်း နာယူမှတ်သားခဲ့ရဖူးပါတယ်။ နောက်ပြီး ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင်ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ ရှိခဲ့ပါတယ်။ #သိမ်ဖြူလမ်း ဂျူးလူမျိုးသူဌေးဖြစ်တဲ့ ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူဟာ ရက်ရောတာကြောင့် ထင်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရဟန္တာသိမ် ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရ သိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူဆိုတဲ့ လမ်းအမည် ပေါ်ပေါက်ခဲ့တာပါ။ ၁၈၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ သိမ်ဖြူခံတပ်တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။ #ဘုန်းကြီးလမ်း ဘုန်းကြီးလမ်းကို အရင်က ဘုရားငုတ်တို လမ်းလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့စေတီငုတ် တိုနဲ့တွဲပြီးဘုရားငုတ်တိုလမ်းလို့ ခေါ် ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာတည်တဲ့ဘုရားလို့ အဓိပ္ပာယ်ရှိတာ တွေ့ရပါတယ်။ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ရှိတာကြောင့် နောက်ပိုင်းမှာ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ #မကြီးကြီးလမ်း ၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ဦးရိုးနဲ့ဒေါ်ရွှေသီတို့ကမွေးဖွားခဲ့တဲ့ မကြီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မကြီးကြီးလမ်းလို့ မှည့် ခေါ်ခဲ့တာပါ။ သူဟာ မြေယာပိုင်ရှင်သူဌေးတစ်ဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ ၁၀ ဧက လှူဒါန်းခဲ့ပါတယ်။ မျိုးချစ်စိတ်ထက်သန်သူဖြစ်တာကြောင့် အင်္ဂလိပ်စာသင် ကျောင်းနဲ့အပြိုင် စာသင်ကျောင်းတစ် ကျောင်းဆောက်ပြီး ကိုယ်တိုင်ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီး ဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ #ဦးထောင်ဗိုလ်လမ်း မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး သွားစိုက်ဆရာဝန် ဖြစ်ခဲ့သူပါ။ အသက် ၁၅ နှစ် အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့ မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တပည့်တွေကို ပညာသင်ပေးရင်း ဦးထောင်ဗိုလ်ဟာ ၃၁-၆-၁၉၆၃ ခုနှစ်၊ တနင်္ဂနွေနေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ သူ့ကိုအစွဲပြုပြီး ဦး ထောင်ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ #မောင်ထော်လေးလမ်း မွန်လူမျိုးတစ်ဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။ ဗြိတိသျှလက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တည်ဆောက်ရေးအစိုးရလက်ထက်မှာ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ဆွန်ပက်ဟာ ဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။ #ရေတာရှည်လမ်းဟောင်း ရေတာရှည်မြို့သူ၊မြို့သားတွေ စုဝေးတဲ့အရပ်ဒေသမို့ ရေတာရှည်လို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ရေတာရှည် လမ်းဟောင်း နဲ့ လမ်းသစ်ဆိုပြီး နှစ်လမ်း ရှိပြီး ဗဟန်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဗဟန်းဟာ ရှေးက တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ့်စမ်းတွေ ပေါများတာကြောင့် ရေက တာရှည်စီးဆင်းရလေ့ ရှိပါတယ်။ ဒါကို အစွဲပြုပြီး ရေတာရှည်လမ်းဆိုပြီး ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ ရန်ကုန်သူ/သား များ သိထားစရာ 🤭🤍 #knowledge #seng

ဒဂုံအမည်နဲ့ထင်ရှားတဲ့ တံငါမြို့လေးကို ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားက အောင်နိုင်ခဲ့တာကြောင့် ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲမှာတော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ်တွေရဲ့ လက်အောက်ကျရောက်ခဲ့ပြီး မြို့ကွက်တွေကို စနစ်တကျချခဲ့ပါတယ်။ ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ လက်ဖ်တင်နင် အလက် ဇန်းဒါးဖရေဇာက ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့ကလမ်းတွေဟာ ကိုလိုနီခေတ်က အင်္ဂလိပ်နာမည်တွေနဲ့ ရှိနေခဲ့တာပါ။ ဒါပေမယ့် တချို့လမ်းတွေရဲ့အမည်ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့အမည်နဲ့ ထင်ရှားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နိုင်ငံခြားသားအမည်နဲ့ရှိခဲ့တဲ့လမ်းတွေကို မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့သူတွေရဲ့အမည်နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။ #အနော်ရထာလမ်း အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က ဖရေဇာလမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့တော် ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်စွက်ပြီး မြို့ကွက်ချ၊ လမ်း ဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖ ရေဇာဟာ ဘင်္ဂလားတပ်က အင်ဂျင်နီယာ တစ်ဦးပါ။ ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည်ပေးခဲ့ပါတယ်။ ၁၁ ရာစု ပုဂံနိုင်ငံတော်ကြီး ထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၄-၉-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို အနော်ရထာလမ်းလို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ #ဗိုလ်အောင်ကျော်လမ်း စပတ်ခ်လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ပထမဆုံးအရေးပိုင်ဖြစ်တဲ့ တီပီစပတ်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့အကူအညီနဲ့ အင်္ဂလိပ်လို ပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ၁၉၃၈ ခုနှစ်က အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ရိုက်နှက်မှုကြောင့် ကျောင်းသားဗိုလ်အောင်ကျော်ကို ကျဆုံးခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၃-၄-၁၉၅၆ ခုနှစ်မှာ ဒီလမ်း ကို ဗိုလ်အောင်ကျော်လမ်းလို့ ပြောင်းလဲ ပေးခဲ့ပါတယ်။ #ဗိုလ်ချုပ်အောင်ဆန်းလမ်း လမ်းရဲ့အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့အရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်းလို့ ကိုလိုနီခေတ်က ခေါ် ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမ ဆုံးကော်မရှင်နာမင်းကြီး ဆာအာသာ ဖယ်ရာ နေထိုင်ခဲ့ရာလမ်းဖြစ်လို့ ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြတာဖြစ်ပြီး မောင့် ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ ၁၈၅၂ ခုနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့သူပါ။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ #လမ်းမတော် ဒီလမ်းကိုတော့ ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို နွှဲခဲ့သူ ဖြစ်ပြီး ၁၈၅၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထား ပေမယ့် လမ်းမတော်လို့သာ အခေါ်အဝေါ် တွင်ကျယ်ခဲ့တာပါ။ ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ဆိုပါတယ်။ လမ်းမတော်ဆိုတာက သာယာဝတီမင်း ၁၈၄၁ ခုနှစ်မှာ ရန်ကုန်ကို ကြွချီလာတုန်း ဘုရင့်ဖောင်တော် တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။ #မဟာဗန္ဓုလပန်းခြံလမ်း မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး ဘားလမ်းလို့ ရှေးက ခေါ်ခဲ့ကြပါတယ်။ #မဟာဗန္ဓုလလမ်း အိန္ဒိယရဲ့ဘုရင်ခံချုပ်ဖြစ်ဖူးတဲ့ လော့ဒ် ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဝေါ်တာပါ။ ဒါလဟိုဇီဟာ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ညစာစားပွဲတစ်ခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်းတော်တော်များများရဲ့နာမည်ကို သူက အမည်ပေးခဲ့ပါတယ်။ သူ လိုလားတဲ့ အရာရှိကြီး၊ ငယ်တွေရဲ့အမည်တွေကို လမ်းအမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ ဒီလမ်းကို မဟာဗန္ဓုလလမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ စစ်သူကြီးမဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။ #ပန်းဆိုးတန်း အောက်မြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ရာလမ်းလို့ မှည့်ခေါ် ခဲ့ပါတယ်။ ဖယ်ရာဟာ မြန်မာနိုင်ငံသမိုင်း စာအုပ်ကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတဲ့ သက်ရှိမျိုးစိတ်သစ်တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့သူပါ။ တွေ့ ရှိခဲ့တဲ့ အချို့မျိုးစိတ်သစ်တွေကို သူ့နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်က ပိုပြီးထင်ပေါ်ခဲ့ပါတယ်။ ပန်းဆိုးတန်းဟာ ဘိုးတော်ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ၊ရွာသားတွေဟာ ခဝါ သည်၊ဆေးဆိုးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းလို့

#ပန်းဆိုတန်းလမ်း အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ရှင်တော်မင်းကြီး 'ဆာအာသာဖယ်ရာ'ကို အစွဲပြုပြီး 'ဖယ်ရာလမ်း'လို့ မှည့်ခေါ်ခဲ့ပါတယ်။ #ဖယ်ရာဟာမြန်မာ့နိုင်ငံသမိုင်းစာအုပ်ကိုရေးသားခဲ့သူဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့သက်ရှိ မျိုးစိတ်သစ်တွေကို လေ့လာခဲ့သူပါ။ #တွေ့ရှိခဲ့တဲ့တချို့မျိုးစိတ်သစ်တွေကိုသူနာမည်ပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်နဲ့ ပိုပြီးထင်ပေါ်ခဲ့ပါတယ်။ ပန်းဆိုးတန်းဆိုတာက ဘိုးတော်ဘုရားလက်ထပ်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တာပါ။ ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်းတွေ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်ခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းကို ခေါ်ခဲ့ကြတာပါ။ သီတဂူဆရာတော်ကြီး ဟောတဲ့တရားတပုဒ်မှာတော့ ပန်းဆိုးတန်းမဟုတ်ပဲ ပုဆိုးတန်းသာ ဖြစ်ကြောင်း နာကြားခဲ့ရဖူးပါတယ်။ နောက်ပြီး ရွှေတိဂုံဘုရားမှာ ရေးထိုးမှတ်တမ်းတင်ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ ရှိခဲ့ပါတယ်။ #သိမ်ဖြူလမ်း ဂျူးလူမျိုးသူဌေး ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်း လို့အမည်တွင်ခဲ့ပါတယ်။ သူဟာ ရက်ရောတာကြောင့် ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ရဟန္တာသိမ် ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရသိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူလမ်းဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၈၂၄ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ သိမ်ဖြူခံတပ်တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။ #ဘုန်းကြီးလမ်း ဘုန်းကြီးလမ်းကို အရင်က 'ဘုရားငုတ်တိုလမ်း' လို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့စေတီငုတ်တို နဲ့တွဲပြီး ဘုရားငုတ်တိုလမ်းလို့‌ ခေါ်ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာ တည်တဲ့ဘုရားလို့ အဓိပ္ပါယ်ရှိတာ သိရပါတယ်။ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ ရှိတာကြောင့် နောက်ပိုင်းမှာ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ #မကြီးကြီးလမ်း ၁၈၇၀ခုနှစ်၊ အောင်တိုဘာလမှာ ဦးရိုးနဲ့ ဒေါရွှေသီတို့က မွေးဖွားခဲ့တဲ့ သမီး မကြီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မကြီးကြီးလမ်းလို့ မှည့်ခေါ်ခဲ့တာပါ။ သူမဟာ မြေယာပိုင်ရှင်သူဌေးတဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ ၁၀ဧက လှူဒါန်းခဲ့ပါတယ်။ မျိုးချစ်စိတ် ထက်သန်သူ ဖြစ်တာကြောင့် အင်္ဂလိပ်စာသင်ကျောင်းနဲ့ အပြိုင် စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ပြီး ကိုယ်တိုင် ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီးဟာ အသက်၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ #ဦးထောင်ဗိုလ်လမ်း မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်‌ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲ ပထမဆုံးသွားစိုက်ဆရာဝန်တဦး ဖြစ်ခဲ့သူပါ။ အသက် ၁၅နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာ နဲ့ မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တပည့်တွေကို ပညာသင်ပေးရင်း ဦးထောင်ဗိုလ်ဟာ ၃၁-၆-၁၉၆၃ခုနှစ်မှာ တနင်္ဂနွေနေ့ နံနက် ၅:၃၀အချိန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို အစွဲပြုပြီး ဦးထောင်‌ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ #မောင်ထော်လေးလမ်း မွန်လူမျိုးတဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် စစ်မှူ့ထမ်းခဲ့ဖူးပါတယ်။ ဗြိတိသျှလက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအစိုးရလက်ထပ်မှာ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ဗိုလ်ဆွန်ပက်ဟာ ဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့မျိုးချစ်သူရဲကောင်းတဦး ဖြစ်ပါတယ်။ #ရေတာရှည်လမ်းဟောင်း ရေတာရှည်မြို့သူ၊ မြို့သားများ စုဝေးရာအရပ်‌ဒေသမို့ ရေတာရှည်လို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ရေတာရှည် လမ်းဟောင်းနဲ့ လမ်းသစ်ဆိုပြီး လမ်း၂လမ်းရှိကာ ဗဟန်းမြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဗဟန်းက ရှေးက တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ်းစမ်းတွေ ပေါများတာကြောင့် ရေကတာရှည် စီးဆင်းရလေ့ရှိပါတယ်။ ဒါကိုအစွဲပြုပြီး ရေတာရှည်လမ်းဆိုတာ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ Read More Articles - http://www.yangondirectory.com/…/my-yan…/explore-yangon.html MY Yangon All photos credit Re-sharing by Khant Nyar Thu Zawgyi Font သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများ -------------------------------------------------------------- လူတွေနေထိုင်တဲ့ ရပ်ကွက် ၊မြို့၊ရွာက လမ်းတွေကတော့ ကိုယ်ပိုင်အမည်လေးတွေ ရှိတတ်ပါတယ်။ လမ်းတွေရဲ့အမည်ဟာ များသောအားဖြင့် အများကောင်းကျိုး လုပ်ခဲ့သူတွေကို အစွဲပြုပြီး ဂုဏ်ပြု ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့အမည်ကို လမ်းအမည်အဖြစ်ရွေးချယ် သတ်မှတ်လိုက်တာဟာ အဲဒီလူအတွက် အမြင့်ဆုံးဆုလာဘ် ရလိုက်တာနဲ့ အတူတူပါပဲ။

သမိုင်းကြောင်းနောက်ခံတွေနဲ့ ရန်ကုန်မြို့ကလမ်းများ 📈📉📈📉📈📉📈📉📈📉📈📉📈📉📈📉 လူတွေနေထိုင်တဲ့ ရပ်ကွက်၊ မြို့၊ ရွာက လမ်းတွေက‌တော့ ကိုယ်ပိုင်အမည်လေးတွေ ရှိတတ်ပါတယ်။ လမ်းတွေရဲ့ အမည်ဟာ များသောအားဖြင့် အများကောင်းကျိုး လုပ်ခဲ့သူတွေကို အစွဲပြုပြီး ဂုဏ်ပြုခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါကြောင့် လူတယောက်ရဲ့အမည်ကို လမ်းအမည်အဖြစ် ရွေးချယ်သတ်မှတ်လိုက်တာဟာ အဲ့ဒီ့လူအတွက် ဂုဏ်ယူစရာ ဆုလာဒ် ရလိုင်တာနဲ့ အတူတူပါပဲ။ ဒဂုံ အမည်နဲ့ ထင်ရှားတဲ့ တံငါမြို့လေးကို ၁၇၅၅ခုနှစ်မှာ အလောင်းဘုရားက စစ်အောင်နိုင်ခဲ့ပြီး ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၅၂ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာ‌တော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ်တွေရဲ့ လက်အောက်ကို ကျရောက်ခဲ့ရပြီး မြို့ကွက်တွေကို စနစ်တကျ ချမှတ်ခဲ့ပါတယ်။ ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်္ဂျင်နီယာတယောက်ဖြစ်တဲ့ လက်ဖ်တင်နင် အလက်ဇန်းဒါးဖရေဇာက ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့က လမ်းတွေဟာ ကိုလိုနီခေတ်က အင်္ဂလိပ်နာမည်တွေနဲ့ ရှိခဲ့တာပါ။ ဒါပေမယ့် တချို့လမ်းတွေရဲ့ အမည်ကတော့ ဌါနေတိုင်းရင်းသားတွေရဲ့ အမည်နဲ့ ထင်ရှားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နိုင်ငံခြားသားအမည်တွေနဲ့ ရှိခဲ့တဲ့ လမ်းတွေကို မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့လူတွေရဲ့ အမည်နဲ့ ပြောင်းလဲခဲ့ပါတယ်။ #အနော်ရထာလမ်း အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က " ဖရေဇာ " လမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့တော်ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့ အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်ဆွက်ပြီး မြို့ကွက်ချ၊ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ "ဖရေဇာ"က ဘင်္ဂလားတပ်က အင်္ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည်ပေးခဲ့တာပါ။ ၁၁ရာစု ပုဂံနိုင်ငံတော်ကြီးထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၄-၉-၁၉၅၆ခုနှစ်မှာ ဖရေဇာလမ်းကို "အနော်ရထာလမ်း" လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ #ဗိုလ်အောင်ကျော်လမ်း "စပတ်ခ်" လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ပထမဆုံးအရေးပိုင်ဖြစ်တဲ့ 'တီပီစပတ်ခ်' ကို ဂုဏ်ပြုမှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်ဘာသာလို ဘာသာပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ၁၉၃၈ခုနှစ်က အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကျောင်းသားဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုအမှတ်ရ‌စေဖို့အတွက် ၃-၄-၁၉၅၆ခုနှစ်မှာ စပတ်ခ်လမ်းကို "ဗိုလ်အောင်ကျော်"လမ်းလို့ ပြောင်းလဲ ပေးခဲ့ပါတယ်။ #ဗိုလ်ချုပ်အောင်ဆန်းလမ်း လမ်းရဲ့အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့အရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်းလို့ ကိုလိုနီခေတ်က ခေါ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံးကော်မရှင်နာမင်းကြီး 'ဆာအာသာဖယ်ရီ" နေထိုင်ခဲ့ရာလမ်းဖြစ်လို့ ကော်မရှင်နာလမ်းလို့ ခေါ်ကြတာဖြစ်ပြီး၊ မောင့်ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ ၁၈၅၂ခုနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ၃-၄-၁၉၅၆ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြတဲ့အနေနဲ့ ဒီလမ်းကို "ဗိုလ်ချုပ်အောင်ဆန်း" လမ်းလို့ သတ်မှတ်ပါတယ်။ #လမ်းမတော်လမ်း ဒီလမ်းကိုတော့ ယခင်က ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ဒုတိယ အင်္ဂလိပ်- မြန်မာ စစ်ပွဲကို နွှဲခဲ့သူဖြစ်ပြီး ၁၈၅၃ခုနှစ်က အိန္ဒိယမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထားပေမယ့် "လမ်းမတော်လမ်း" လို့သာ အခေါ်အဝေါ် တွင်ကျယ်ခဲ့တာပါ။ ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ‌ဆိုပါတယ်။ လမ်း‌မတော်ဆိုတာက ၁၈၄၁ခုနှစ်မှာ သာယာဝတီမင်း ရန်ကုန်ကိုကြွချီလာတုန်း ဘုရင်ဖော်တော်တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်ဆိုတာ ဖြစ်ပါတယ်။ #မဟာဗန္ဓုလမ်းပန်းခြံလမ်း မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး "ဘားလမ်း" လို့ ရှေးက ခေါ်ဆို ခဲ့ကြပါတယ်။ #မဟာဗန္ဓုလလမ်း အိန္ဒိယရဲ့ ဘုရင်ခံချုပ်ဖြစ်ခဲ့ဖူးတဲ့ လော့ဒ်ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဆိုခဲ့ကြတာပါ။ ဒါလဟိုဇီက အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်သူဖြစ်ပြီး ညစာစားပွဲတခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်းတော်တော်များများကို သူက အမည်ပေးခဲ့ပါတယ်။ သူလိုလားတဲ့ အရာရှိကြီး၊ငယ်တွေရဲ့အမည်ကို လမ်းနာမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃-၄-၁၉၅၆ခုနှစ်မှာတော့ ဒီလမ်းကို "မဟာဗန္ဓုလလမ်း" လို့ ပြောင်းလဲခေါ်ဝေါ် ခဲ့ကြပါတယ်။ စစ်သူကြီးမဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။

photo content
+5

" တရုတ် ဆိုသော ဝေါဟာရ " ခန် မြေးအဖိုး နှစ်ယောက် မွန်ဂိုအင်ပါယာကြီး မှာ ဦးဆောင်ပြီး ကမ္ဘာအနှံ ့ပတ်သိမ်းနေတယ့် အခါမှာ ကျန်တယ့်နိုင်ငံတွေထက် လူဦးရေ များလို့ မဟုတ်ပါဘူး.. ဗြိတိသျှတွေဟာ သူ့ထက် လူဦးရေ အဆ 40 လောက် များတယ့် ကမ္ဘာတဝှမ်းနိုင်ငံတွေကို ပတ်သိမ်းခဲ့သလိုပါဘဲ လက်နက်အင်အား၊ နည်းပညာ၊ စီမံအုပ်ချုပ်တတ်မှု ကဘဲ အဓိက စကားပြောသွားတာပါဘဲ ကူဗလိုင်ခန် ဆိုရင် သူ့ခေတ်နဲ့ ယှဥ်ရင် ခေတ်ရှေ့ပြေးလွန်းတယ့် Psychological Warfare ပုံစံမျိူးတွေပါ လုပ်လေ့ရှိပါတယ်... British တွေဟာ သူ့ထက် လူဦးရေ အဆ 40 လောက် များတယ့် ကမ္ဘာတဝှမ်းကို ပတ်သိမ်းခဲ့တယ့်အချက်ကို စွဲကိုင်ပြီး ဗြိတိန်ကျွန်းမှာ လူဦးရေ ငါးဘီလျံလောက် နေတယ်..လိူ့ ထင်နေရင် ရူးနေလို့ဘဲ ဖြစ်ပါလိမ့်မယ်၊ ထားပါ.. အပေါ်က ပြောခဲ့သလိုဘဲ မြန်မာနိုင်ငံကို ဝင်တိုက်တယ့် British တွေဟာ သူတို့တိုက်မယ့်တပ်တွေရဲ့ 90% လောက်ကို အိန္ဒိယသား စစ်သားတွေကို သုံးပြီး 10% လောက်ဘဲ သူတို့ လူဖြူစစ်စစ်တွေပါတာပါ ခေါင်းဆောင်အနေနဲ့ပေါ့ဗျာ အဲဒီလို ဘဲ ကူဘလိုင်ခန်လက်အောက်မှာ အခြားလူမျိုးစု စစ်သားတွေအများကြီးရှိပါတယ် ကူဘလိုင်ခန်ဟာ မဟာယနဗုဒ္ဓဘာသာ တဦးဖြစ်ပေမယ့် သူ့လက်အောက်မှာ အခြား ထေရဝါဒ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ကွန်ဖြူးရှပ်ဝါဒီ..အစရှိတယ့် ဘာသာခြား၊ လူမျိူးခြားတပ်တွေ ခေါင်းဆောင်တွေ အများကြီးရှိပါတယ်. စကားပြောနေရတာ လိုရင်းကို မရောက်နိုင်ဖြစ်နေပြီ.. မြန်မာနိုင်ငံကို ပုဂံခေတ်ဆုံးကာနီးမှာ ဝင်ချလာတယ့် မွန်ဂိုတပ်တွေ ကို တာတာ တို့၊ တရုတ် တို့ ခေါ်တာ သိမှာပါ... တာတာ...ဆိုတာ Tatar ဒါဖြင့် တရုတ်....ဆိုတာ ဘာလဲ တရုတ်ဆိုတာ မွန်ဂိုတွေက သူတို့နဲ့ ရဲဘော်ရဲဖက်.. အိမ်နီးခြင်း လူမျိုးစု တာ့ကစ်ရှ် ( Turk၊ Turkish ၊တူရကီနွယ် ) တွေကို TUREG လို့ ခေါ်ပါတယ်.. တရုတ်..ပေါ့ဗျာ မွန်ဂို Tatar နဲ့ Turk(Tureg) ဒီသုံးခုဟာ တခုနဲ့ တခုမတူပါဘူး ဒါပေမယ့် ညီကိုတွေ...လ့ိုဘဲထားပါတော့ဗျာ မွန်ဂိုတွေရော၊ တရုတ် ခေါ် Tureq၊ Tutkish တွေရော၊ Tatar တွေရော၊ နောက် အခြားမျိူးနွယ်စု အများအပြားဟာ မြင်းစီးလှည့်လည်နေထိုင်တယ့် လူမျိုးအဖြစ် ဟိုးနှစ်ထောင်ပေါင်းများစွာကထဲက. ခု Mongolia နိုင်ငံတဝိုက်မှာ အတူတကွ နေထိုင်ခဲ့ကြတာပါ.. တူရကီဘာသာစကား ( Turkish language ) နဲ့ ကိုရီးယားဘာသာစကား တို့ဟာ မိခင်ဘာသာစကားတခုထဲကနေ ဆင်းသက်လာကြတာပါ မွန်ဂိုအင်ပါယာကြီး စတော့ အာဏာရ အုပ်ချုပ်သူဟာ မွန်ဂိုတွေဖြစ်ပေမယ့် အဲဒီ တပ်မှာ ဒုတိယ အာဏာအရှိဆုံးလို့ ပြောရမှာ တရုတ် လို့ ခေါ်လို့ရမယ့် Turkish တွေပါဘဲ.. အဲဒီ Tureg ခေါ် တရုတ်တွေဟာ အဲဒီအချိန်ကထဲက မူဆလင်အများစု ဖြစ်မယ်လို့ ယူဆရပါတယ်.. ခရစ်ယာန်တွေလဲ ရှိပါတယ် ကူဗလိုင်ခန် ရဲ့ အမေကိုယ်တိုင်က ခရစ်ယာန်ပါ အဓိက မောင်းနှင်သူ Driver ကတော့ မွန်ဂိုတွေချည်း ဖြစ်နိုင်ပေမယ့် မွန်ဂိုတပ်တွေ လို့ခေါ်ကြတယ့်တပ်တွေထဲမှာတော့ ဘာသာပေါင်းစုံ၊ လူမျိူးပေါင်းစုံ ပါကြပါတယ် ခုခေတ် တရုတ်ဆိုတာကတော့ ဟန် လူမျိူးပေါ့🤭🤍 #knowledge #seng

photo content

ဒီပဲယင်းမင်း ဟာ ဘထွေးတော် သတိုးသိင်္ခသူ ကို ခွင့်လွှတ်ပြီး ဝတ်ဖြူစင်ကြယ် ဝတ်ကာ သီတင်းသီလ ဆောက်တည် စေတယ် ။ ဒီပဲယင်း မင်း ဟာ တောင်ငူ အရေး ပြီးပြေ တာ နဲ့ ဇင်းမယ် ကို သွားရောက် တိုက်ခိုက် ဖို့ စီစဉ်တယ် ။ မွန်စစ်သူကြီး ဒလပန်း ဟာ နှစ် အတန်ကြာ ပျောက် နေပြီး ဇင်းမယ်ဘုရင် ထံ မှာ အမှုထမ်း နေကြောင်း သိ ရတယ် ။ ဒီပဲယင်းမင်း ဟာ တပ်ပေါင်း ငါးတပ် နဲ့ ရေကြောင်း ချီပြီး ဒလပန်း ရှိရာ မုတ္တမမြို့ အရှေ့ဘက် “ ကော့ကွန်း ” ဒေသ ကို သိမ်းပိုက် ပြီး ဒလပန်း နဲ့ မိသားစု ကို ဖမ်းဆီး ခေါ် ဆောင် နိုင်ခဲ့တယ် ။ စစ်သူကြီး ဒလပန်း ကို ဒီပဲယင်းမင်း က ခွင့်လွှတ် ကာ သူ့ ထံ အမှုတော် ထမ်း စေတယ် ။ ဒီပဲယင်းမင်း ရဲ့ ကြည်းကြောင်းတပ်တွေ က တော့ ဇင်းမယ် ကို ဆက်လက် ချီတက် ခဲ့တယ် ။ ဇင်းမယ် ကို သိမ်းပိုက် အောင်နိုင်ပြီး မကြာမီ လပိုင်း ( ၁၇၆၃ ) ခုနှစ် မှာ ဒီပဲယင်းမင်း အနိစ္စ ရောက် လေတယ် ။ နန်းစံ ( ၃ ) နှစ် သာ ရှိပြီး အသက် ( ၂၉ ) နှစ် ရွယ် မှာ ကွယ်လွန်ခြင်း ဖြစ်တယ် ။ #knowledge #seng