uz
Feedback
Let's Answer

Let's Answer

Kanalga Telegram’da o‘tish

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Ko'proq ko'rsatish

📈 Telegram kanali Let's Answer analitikasi

Let's Answer (@letsanswerch) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 868 obunachidan iborat bo'lib, TaĘźlim toifasida 16 878-o'rinni va Myanma mintaqasida 10 413-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 868 obunachiga ega bo‘ldi.

26 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -1 005 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.61% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining N/A% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 904 marta ko‘riladi; birinchi sutkada odatda 0 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 4 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 868
Obunachilar
-924 soatlar
-1217 kunlar
-1 00530 kunlar
Postlar arxiv
***5*** အဖြေစ်အပျက်-ဒါကတော့ ခုခေတ်မှာဖြစ်ပါဖြစ်နေတဲ့အဖြစ်အပျက်တစ်ခုပါ။ ကိုယ်ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ဖုန်းသုံးနေတာလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ ဒါမဲ့မိဘတွေကတော့ ဘာမှန်းမသိဘဲနဲ့ဆူမိလိမ့်မယ်။ ဒါဟာမိဘတွေက မျက်စိပျက်စီးမှာစိုးလို့၊ ရောဂါဖြစ်မှာစိုးလို့ စတဲ့အချက်တွေကြောင့် အမုန်းခံပြီးဆူနေရတာဖြစ်ပါတယ်။ ဒါမဲ့ကိုယ်ကိုတိုင်ကလည်း ဒီဖုန်းကကမ္ဘာကြီးလိုဖြစ်နေတာ။ ဒီလိုပါပဲ။ Mabel လည်းဒါမျိုးလုံးဝဖြစ်ပါတယ်။ ဖြေရှင်းနည်း-သူ့အချိန်နဲ့သူလုပ်လိုက်ပါ။ မိဘတွေလိုချင်တဲ့အရာက ဖုန်းလုံးဝမကြည့်ဖို့လည်းမဟုတ်သလို အမြဲကြည့်နေဖို့လည်းမဟုတ်ပါဘူး။ မိဘတွေလိုချင်နေတာကတော့ သူ့အချိန်နဲ့လုပ်အလုပ်လုပ်ဖို့ပါပဲ။ ကိုယ်က ဖုန်းကလွဲပြီးမိဘတွေလုပ်စေချင်နေတဲ့အရာ(အိမ်အလုပ်၊ စာ)ကိုထိထိရောက်ရောက်အချိန်ပေးပြီးသေချာလုပ်လိုက်ပါ။ ပြီးမှမိဘတွေကို ဖုန်းလေးခဏလောက်ကြည့်လို့ရမလား လို့ခွင့်တောင်းလိုက်ရင် ခွင့်မပြုတဲ့မိဘတွေဆိုတာ မရှိသလောက်ရှားပါတယ်။

***4*** အဖြစ်အပျက်-ဒါကတော့ အဖြစ်များကြပါတယ်။ ဒီလိုဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ကိုယ်လုပ်ဆောင်တာအချိုးမကျလို့၊ မိဘတွေမကြိုက်တဲ့ကိစ္စဖြစ်နေလို့။ တစ်ခါတလေကျတော့လည်း မိဘတွေကစိတ်ရှုပ်နေတဲ့အချိန်မှာပေါ့။ စိတ်ရှုပ်နေတဲ့အချိန်မှာ အမှားလုပ်မိရင် အမှားကကြီးကြီးမားမားမဟုတ်ရင်တောင် စိတ်ရှုပ်နေတာကြောင့် ပုံကြီးချဲ့ပြီး ဆူတတ်ပါတယ်။ အဆူခံရတာများလာရင် ကိုယ်ကရိုင်းလာတတ်ပါတယ်။ ဆူခံရတယ်ဆိုတဲ့အမျိုးကလည်း အမြဲဖြစ်နေကျလိုပါပဲ။ အမှားဆိုတာလည်း အမြဲလုပ်မိနေတာပဲလေ။ လုပ်မိတိုင်းလည်းဆူခံနေရတာပဲလေ။ ဖြေရှင်းနည်း-ဆူရတဲ့အကြောင်းအရင်းရှိမှာပါ။ အဲဒီအကြောင်းအရင်းကို ကိုယ်ကမလုပ်မိရင်ကြိုးစားရမယ်။ အမှားလုပ်မိတိုင်းဆူခံရမှာဆိုတဲ့အတွက် နည်းလမ်းမရှိတော့ဘူးလို့မထင်လိုက်ပါနဲ့။ ဆူခံရတာတွေကိုလျစ်လျူရှုလိုက်ပါ။ သူဆူတဲ့အထဲမှာ ကိုယ်ပြင်စရာပါနေရင် ပြင်စရာရှိတာကိုပဲ ခေါင်းထဲထည့်ပြီး ကျန်တဲ့ကိုယ့်အတွက်အဆင်မပြေစေတဲ့စကားတွေကို နားထဲကပါထုတ်လိုက်ပါ။ သည်းခံနားထောင်ပြီး ခေါင်းသာညိမ့်ပြီး ဘာမှမတုံ့ပြန်ပါနဲ့တော့။ သူစိတ်တိုင်းကျ ဆူပါစေ။ သူစိတ်တိုင်းကျ လုပ်ပေးလိုက်ပါ။ ဆောင့်အောင့် တာမျိုးကိုလုံးဝမလုပ်ပါနဲ့ ပိုဆိုးသွားပါလိမ့်မယ်။ ပြီးရင်သည်းခံလာသမျှကို ကိုယ်ကြိုက်တာလုပ်ရင်းဖြေလျော့လိုက်ပါ။ အဲဒါဆို ကိုယ်လည်းထပ်မနာတော့ဘူး။ သူလည်းရပ်တန့်သွားပါလိမ့်မယ်။ #Mabel #Knowledge

***3*** အဖြစ်အပျက်-ဒီနေရာမှာတော့ မိဘတွေဟာမှန်ပါတယ်။ အချစ်မှာစုံလုံးကန်းမနေဘဲ သေချာစဉ်းစားကြည့်ပါ။ ဒီလို teenager အရွယ်မှာ ချစ်စပြုလာတဲ့ခံစားချက်တွေရှိတာ သဘာဝပါ။ မိဘတွေခမျာမှာလည်း ဒီအရွယ်မှာ အချစ်ကိစ္စတွေကိုယ့်သားသမီးဆီမှာ ရှိလာမှာမျိုးကို အသားကုန်တားမြစ်ချင်ကြပါတယ်။ ဒါဟာကိုယ့်သားသမီးနာကျင်ရမှာစိုးလို့ပဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာ မိဘတွေကိုလုံးဝမပြစ်များမိပါစေနဲ့။ ဒီအရွယ်အချစ်ရေးဟာ အများစုက မတည်မြဲတဲ့အချစ်ရေးတွေပဲဖြစ်ပါတယ်။ မတည်မြဲသေးတဲ့အတွက် တစ်ယောက်ကိုမြင်တစ်ယောက်ပြေးချစ် အဟောင်းကိုပစ် ဆိုတာမျိုးဟာဖြစ်စမြဲပါ။ ဒီလိုအသဲကွဲသွားတဲ့အခါမှာ ဘယ်မှမသွားနိုင်၊ မစားနိုင်၊ မသောက်နိုင်၊ ကိုယ့်ရည်မှန်းချက်တွေပျောက်၊ အိမ်ထဲကအိမ်အပြင်မထွက်၊ မူးယစ်ဆေးစွဲ၊ မတော်ရင် သတ်သေသွားနိုင်တဲ့အထိပါပဲ။ အဲဒီအချိန်ကနေစပြီး လူတောမတိုးနိုင်ဖြစ်ကာ တစ်သက်လုံးစိတ်မချမ်းမသာနေသွားရနိုင်ပါတယ်။ ဖြေရှင်းနည်း-မချစ်မိပါစေနဲ့။ အချစ်စိတ်ကမထိန်းနိုင်ပါဘူး။ ဆိုတော့ချစ်မိသွားရင်လည်း မိဘတွေကို အထူးသဖြင့် အမေကိုပေါ့။ ပြောတဲ့အခါမှာလည်း အခြေနေအချိန်ခါကြည့်ပြီး ကိုယ်ကတော့မထိန်းချုပ်နိုင်တော့ကြောင်း၊ တွဲပြီးသွားရင်လည်း တွဲနေတဲ့သူကဘယ်လိုလူဖြစ်ကြောင်း၊ တွဲနေတဲ့တစ်လျှောက် ဘယ်လိုတွဲရမလဲ စတဲ့အချက်တွေကိုမိဘနဲ့တိုင်ပင်ပါ။ သူတို့ကအတွေ့အကြုံအများကြီးရနေပြီးသားမို့လို့ ကိုယ့်ကိုကောင်းစေမှာပါ။ တချို့တွေကနားလည်ပေးတဲ့ကြပါတယ်။ နောက်တစ်ချက်ကတော့ လူရွေးမှန်ပါစေ။ မိဘတွေသဘောတူစေမဲ့သူမျိုး၊ အထူးသဖြင့် မိမိကိုပျော်ရွှင်အောင်ထားပေးမဲ့သူမျိုးပေါ့။ ပြီးတော့ ဆက်ဆံရေးတည်မြဲအောင် နည်းလမ်းတကျလုပ်ဆောင်ပါ။ အဲဒါမှ အများကြီးမနာကျင်ရမှာပေါ့။

***2*** အဖြစ်အပျက်-မိဘဆိုတာ သားသမီးတွေအပေါ် အတူတူမေတ္တာထားပြီးချစ်ပေးပါတယ်။ လက်တွေ့မှာအချစ်တွေမပေးဘူးဆိုရင်တောင် တကယ်တော့ရင်ဘတ်ထဲမှာချစ်ပါတယ်။ တစ်ချိန်ချိန်ကျရင်တော့ မြင်လာမှာပါ။ ဟုတ်ပြီ...ကိုယ့်ထက်အငယ်/အကြီးကိုပိုချစ်နေကြတယ်။ ကိုယ့်ကိုတော့ လျစ်လျူရှုတယ်။ ဒါဟာပြောရရင် မိဘတွေရဲ့သဘာဝလိုကိုဖြစ်နေတာပါ။ ဖြေရှင်းနည်း-အဓိကကတော့ သဝန်မတိုတတ်ဖို့လိုပါတယ်။ အရမ်းချစ်လို့သဝန်တိုတာဟာသဘာဝဆိုပေမဲ့ သဝန်တိုခြင်းဟာ ပြဿနာတွေကိုပဲဖြစ်လာစေပြီး မလိုအပ်တဲ့ခံစားချက်ဖြစ်တယ်လို့ Mabel စာအုပ်တစ်အုပ်မှာဖတ်ဖူးပါတယ်။ ချစ်လို့သဝန်တိုတာပါလို့ တုံ့ပြန်ချက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာတကယ်ပါပဲ။ သဝန်တိုလို့ ဘက်လိုက်ခံရတဲ့သူ(အကြီး/အငယ်)ကိုမုန်းမယ်။ မလုပ်သင့်တာတွေလုပ်မယ်။ မိသားစုအတွင်းရေးပျက်စီးသွားမယ်။ ဒါ့အပြင် ဘက်လိုက်ခံရတဲ့သူကိုလုပ်လို့ဆိုးပြီး ကိုယ်ကပဲတစ်ခါတလေ ပြန်အဆူခံရနိုင်တယ်။ ဒါကြောင့် သဝန်တိုတာမျိုးမလုပ်သင့်ပါဘူး။ မိဘတွေကသူ့ကိုဘက်လိုက်ရတာအကြောင်းတစ်ခုခုရှိလို့ဖြစ်ပါလိမ့်မယ်။ ဥပမာ-သူမွေးတုန်းကတစ်ခုခုဖြစ်ခဲ့လို့၊ သူကချစ်စနိုးပါလို့၊ သူကစာတော်လို့၊ သူကလှလို့၊ သူကတစ်ခုခုဖြစ်နေလို့ စသဖြင့်အကြောင်းတစ်ခုခုရှိလို့ပါ။ ကိုယ်ကိုတိုင်ကလည်း ချစ်လာနိုင်အောင်ကြိုးစားကြည့်လို့ရပါတယ်။ ကျောင်းမှာဆုရတာ၊ ဘက်လိုက်ခံရတဲ့သူကိုနားလည်ပေးပါ၊ မိဘတွေကိုကူတာ၊ ဘက်လိုက်ခံရတဲ့သူထက်သာအောင်လုပ်ရင် ကိုယ့်ဘက်ကိုတော့နည်းနည်းလှည့်လာနိုင်ပါတယ်။ #Mabel #Knowledge

***1*** အဖြစ်အပျက်-ဘဝဆိုတာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အနိမ့်ပြီး အမြင့်လာမယ်။ ပျော်ရွှင်ရတဲ့အချိန်တွေပြီးရင် အချိန်တန်လာပြီ....ဝမ်းနည်းရတဲ့အချိန်တွေကိုခံစားရဖို့ပေါ့။ ဒီလို ဝမ်းနည်းရတဲ့အချိန်မှာ စိတ်ညစ်လာပြီး အိမ်ကထွက်ပြေးချင်တာတွေ သတ်သေတာတွေ...အဲဒါတွေကို မိုက်မဲစွာမလုပ်သင့်ပါဘူး။ စောနကပြောသလို ဒါဟာအချိန်တန်လို့ဖြစ်လာတာ သဘာဝပါ။ ဖြေရှင်းနည်း-အဲဒီခဏတာလေးမှာ သည်းခံလိုက်ပါ။ ရိုလာကိုစတာကြီး အမြင့်ကိုပြန်တက်သွားရင် ပျော်ရွှင်တဲ့အချိန်တွေကိုပြန်လည်ပိုင်ဆိုင်လာရတော့မယ်။ ခဏတာအချိန်မှာ ကိုယ်ကြိုက်တာလုပ်ရင်းသည်းခံလိုက်တာဘဲဖြစ်ဖြစ် ဖြစ်နေတဲ့ဟာတွေကိုဖြစ်စေတော့ဆိုပြီး လွှတ်ထားလိုက်ပါ။ လျစ်လျူရှုလိုက်ပါ။ #Mabel #Knowledge

ဒီနေ့မှာတော့ ဆယ်ကျော်သက်တွေဖြစ်ပျက်နေတဲ့အဖြစ်အပျက်တချို့လေးတွေရဲ့ဖြေရှင်းချက်လေးတွေကို Mabel အတွေ့အကြုံအရ ထင်မြင်ချက်လေးတွေကို sharing လုပ်ချင်ပါတယ်။ ဆယ်ကျော်သက်တွေဖြစ်တတ်တဲ့အဖြစ်အပျက်တွေကတော့👇 *1* စိတ်ညစ်စရာကိစ္စတွေရှိလာတဲ့အခါ ဘာကိုမှမမြင်ဘဲ အိမ်ကတောင်ထွက်သွားချင်လာတာ *2* မိဘတွေဘက်လိုက်လို့ စိတ်ညစ်ကြတာ *3* ရည်းစားမထားခိုင်းလို့ စိတ်ညစ်တာ *4* မိဘတွေဆူလို့ စိတ်ညစ်တာ *5* ဂိမ်းပဲဆော့နေလို့/ ဖုန်းပဲကြည့်နေလို့ ဆူခံရတာကို စိတ်ညစ်တာ *6* စာမကြိုးစားလို့ ဆူခံရတာကို စိတ်ညစ်တာ စတာတွေပဲဖြစ်ပါတယ်။ #Mabel #Knowledge

“မိဘတွေနဲ့ ဆက်ဆံရေးပိုအဆင်ပြေစေမည့် နည်းလမ်းကောင်းများ” – – – – – – – – – – – – – – သားသမီးကိုမချစ်တဲ့ မိဘမရှိသလို မိဘကိုမချစ်တဲ့ သားသမီးဆိုတာလည်းမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုမပြသတဲ့အခါမချစ်ဘူးလို့ အထင်မှားကြလေ့ရှိပါတယ်။ ဒါ့ကြောင့် သင့်အချစ်ကို ပြသဖို့ နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။ (၁) အချစ်ကို ဖော်ပြဖို့ မရှက်ပါနဲ့။ (၂) သူတို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးပါ (သို့) ကိုယ်တိုင် လုပ်ပေးပါ။ (၃) ကိုယ့်အခန်းကို သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားတာလည်း အချစ်ကိုဖော်ပြနည်းတစ်မျိုးပါပဲ။ (၄) တစ်ခါတစ်လေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာမိဘတွေအတွက် ထမင်းဟင်းချက်ပြုတ်ကျွေးတာဖြစ်ဖြစ် သူတို့ကြိုက်တတ်တဲ့အစားအစာတစ်မျိုးကို ဝယ်ကျွေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ။ (၅) အမေ မခိုင်းဘဲ ကိုယ့်အဝတ်ကိုယ်လျှော်တာမျိုး၊ ကိုယ်စားပြီးသားပန်းကန်ဆေးတာမျိုး အစရှိတဲ့ သေးသေးမွှားမွှားအိမ်အလုပ်လေးတွေ ကူလုပ်ပေးတာမျိုးကလည်းမိခင်ဖြစ်သူကို စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။ (၆) သူတို့ကိုချစ်ကြောင်း နှုတ်ကနေ ဖွင့်ဟပြောပါ။ ပထမတစ်ကြိမ်ကတော့ရှက်နေမှာအသေချာပါပဲ။ ဆက်ကြိုးစားပြီး ပြောပါ။ (၇) မွေးချင်းမောင်နှမတွေနဲ့ ခင်ခင်မင်မင်နေပါ။ (၈) သင်အမှားတစ်ခုခုလုပ်ထားမိရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပြီး တောင်းပန်ပါ။နှုတ်ကမပြောရဲရင် စာရေးပြီးတော့ဖြစ်ဖြစ် တောင်းပန်ပါ။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ်၊ သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဘူး” ဆိုတဲ့အတိုင်း သားသမီးဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်တတ်တာ မိဘတွေပါ။ (၉) အရေးကြီးဆုံးတစ်ချက်က သူတို့ကို ဘယ်တော့မှ မလိမ်ပါနဲ့။ ခုဖော်ပြပေးသွားတဲ့အချက်လေးတွေက လွယ်လွယ်လေးတွေပါ။ စတင်အကောင်အထည်ဖော်ဖို့ပဲ လိုပါတော့တယ်နော်။ *. : 。✿ * ゚ * .: 。 ✿ * ゚ * . : 。 ✿ * ╰┈➤ ❝ #Credit ❞ ╰┈➤ ❝ #Knowledge ❞ ╰┈➤ ❝ #Ruby ❞

sticker.webp0.29 KB

✿︎ ခံတွင်းရနံ့သင်းပျံ့စေဖို့ လုပ်သင့်တဲ့အချက်များ .・。.・゜✭・.・✫・゜・。. ၁။ ခံတွင်းသန့်ဆေးသုံးပေးပါ။ ခံတွင်းပလုတ်ကျင်းတဲ့ဆေးရည်ဆောင်ထားပြီး အစားစားပြီးတိုင်းပလုတ်ကျင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။ အဲဒါမှအဆင်မပြေတဲ့အခါ တခြားနည်းလမ်းတွေကိုလည်း လိုက်လုပ်ကြည့်ပါအုံး။ .・。.・゜✭・.・✫・゜・。. ၂။ ခံတွင်းကျန်းမာရေးကိုဂရုစိုက်ပါ။ သွားတစ်နေ့ ၂ကြိမ်တိုက်တာ၊ ခံတွင်းသန်ံရှင်းရေး၊ လျှာသန့်ရှင်းရေးပုံမှန်လုပ်တာမျိုးတွေနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ တခါတလေ သွားပိုးစားနေရာကနေတဆင့်လည်း အနံ့ဆိုးတွေထွက်နေနိုင်တာမို့ သွားကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၃။ ခံတွင်းအနံ့ဆိုးစေတဲ့ အစားအစာတွေကိုချင့်ချိန်စားပါ။ ကော်ဖီအသောက်များတာ၊ ကြက်သွန်နဲ့ အခြားအနံ့ဆိုးထါက်တဲ့အစားအစာတွေကို သတိလေးထားပြီးစားတာမျိုး၊ လူအများကြားသွားမယ်ဆိုရင် မစားဘဲရှောင်လိုက်တာမျိုးတွေ လုပ်လိုက်ပါ။ .・。.・゜✭・.・✫・゜・。. ၄။ ရေများများသောက်ပေးပါ။ ခံတွင်းထဲ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း ခံတါင်းကအနံ့ဆိုးထွက်တတ်ပါသေးတယ်။ အဲဒါကြောင့် ရေမကြာမကြာသောက်ပေးသင့်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၅။ Vinegarနဲ့ရေ သုံးပြီးပလုတ်ကျင်းပေးပါ။ ဒါကတော့ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းပါ။ Vinegar မှာပါဝင်တဲ့ acetic acid ဓာတ်ကြောင့် ဘက်တီးရီးယားတွေမပေါက်ဖွားနိုင်တော့ပါဘူး။ Vinegar ကို ၂ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရောမွှေပြီး စက္ကန့်၃၀ ကြာအောင် ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားတေါသေစတောကြောင့် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၆။ Baking Soda နဲ့ရေနွေးသုံးပြီး ပလုတ်ကျင်းပေးပါ။ Baking Soda ကိုလည်း လက်ဖက်စားဇွန်း ၂ဇွန်းနဲ့ ရေနွေးတစ်ခွက်ထဲထည့်မွှေပြီး ခံတွင်းထဲ စက္ကန့်၃၀ခန့် ငုံထားပြီး ပလုတ်ကျင်းပေးပါ။ Baking Soda မှာလည်း ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတာကြောင့် ပလုတ်ကျင်းခြင်းအားဖြင့် အနံ့ဆိုးထွက်ခြင်းကိုသက်သာစေပါတယ်။ .・。.・゜✭・.・✫・゜・。. #Credit_to_BAWA101 #Knowledge #Ruby

"ဘဝရဲ့ အမှန်တရား 8 ချက်" (1) ကမ္ဘာပေါ်မှာ သင့်အမေကလွဲပြီး ဘယ်သူမှ မစစ်မှန်ပါဘူး။ (2)ဆင်းရဲတဲ့သူတွေမှာ သူငယ်ချင်းဆိုတာ မရှိပါဘ
"ဘဝရဲ့ အမှန်တရား 8 ချက်" (1) ကမ္ဘာပေါ်မှာ သင့်အမေကလွဲပြီး ဘယ်သူမှ မစစ်မှန်ပါဘူး။ (2)ဆင်းရဲတဲ့သူတွေမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ (3)လူတွေဟာ စိတ်လှတာကို မကြိုက်ဘဲ ရုပ်လှတာကိုပဲ ကြိုက်နေကြပါတယ်။ (4)မင်းအချစ်ရဆုံးသူ မင်းကို အများဆုံး နာကျင်စေလိမ့်ပါမယ်။ (5) အမှန်တရားက ရိုးရှင်းပါတယ်။ဒါပေမဲ့ သင်အဲ့ဒါကို ရှင်းပြတဲ့အခါ ခက်ခဲပါလိမ့်မယ်။ (6)လူတွေ လေးစားတာ ငွေကိုပါ" လူကိုမဟုတ်ပါဘူး။ (7)သင် ပျော်တဲ့အခါ ဂီတကို နှစ်သက်မယ်" သင် ဝမ်းနည်းတဲ့အခါ စာသားတွေကို နားလည်လာမယ်။ (8)"ဆင်းရဲတဲ့အချိန်မှာ သည်းခံနိုင်မှု" နဲ့ "ပြည့်စုံတဲ့အချိန်မှာ မင်းရဲ့စိတ်ထား" အဲ့အရာနှစ်ခုက မင်းဘဝကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ #Zack #Knowledge #Forward_Only

လူတွေသင့်ကို Respect ပေးလာမယ့် အကျင့်8မျိုး -------------------------- 1. သင်ကစပြီးrespectပေးပါ။ 2. စကားကိုလုမပြောပဲနောက်ဆုံးမှပြောပါ။ 3. သူများကိုရယ်စရာအနေနဲ့စနောက်မယ့်အစားကိုယ့်ကိုယ်ကိုစနောက်ပါ။ 4. အပြောထက် အလုပ်နဲ့သက်သေပြပါ။ 5။ သင်အတည်ပြောတဲ့စကားတွေက ရိုးသားနေပါစေ။ 6. လူတွေရဲ့ကောင်းတဲ့အချက်တွေကိုမြင်ပေးပါ။ 7.ဘယ်လောက်ခင်ခင် တစ်ဖက်လူရဲ့ personal ဘောင်ကိုမကျော်ပါနဲ့။ 8. အကူညီတောင်းလာရင်တက်နိုင်သမျှကူညီပေးပြီးသင်အကူညီလိုလာရင်လဲတောင်းပါ။ --------------------------- #yoko #knowledge #credit

@winner - @Nea_wants_one @binsyul #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
@winner - @Nea_wants_one @binsyul #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

ဒါဘယ်သူလဲ Kpop boy group ထဲက #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
ဒါဘယ်သူလဲ Kpop boy group ထဲက #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

အဖြေမှန်က အစိမ်းရောင်ထွက်နေတဲ့ အရွက်နုလေးတွေပါဗျ ဘယ်သူမှမမှန်ပါဘူး မင်မင်မှန်ပါတယ်ဗျ 😼😾 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

အရမ်းလွယ်တယ် ဒါက 🥹 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
အရမ်းလွယ်တယ် ဒါက 🥹 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

မနက်ဖြန် Sunday ဆိုတော့ ဂိမ်းထပ်ဆော့ပေးမယ်ဗျ Sub တို့ ဆော့ချင်တာကို မန့်သွားပါဗျ ကျွန်တော်မနက်ဖြန်ကျဆော့ပေးပါမယ်ဗျ #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

Winners @Ako_is_my_bf @Haleyl823 @areyoufa #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
Winners @Ako_is_my_bf @Haleyl823 @areyoufa #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

ဒါလေးကကော (ရီအက်ရှင်ပေးကြပါဗျို့) #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
ဒါလေးကကော (ရီအက်ရှင်ပေးကြပါဗျို့) #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

ကြွက်ဟ ကြွက်ကြွက် ကြက်မဟုတ်ဘူး ကြွက် @winner - @Damn_hlathan #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
ကြွက်ဟ ကြွက်ကြွက် ကြက်မဟုတ်ဘူး ကြွက် @winner - @Damn_hlathan #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ

ဒါလေးကကော သဲလွန်စ မျက်လုံးပါတယ် #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
ဒါလေးကကော သဲလွန်စ မျက်လုံးပါတယ် #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ