cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

သတင်းနှင့်ကူ(ကျွန်းလှ - ကန့်ဘလူ)

Reklama postlari
647
Obunachilar
Ma'lumot yo'q24 soatlar
-67 kunlar
-630 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
မိမိအနီးပတ်ဝန်းကျင်ရှိ စစ်ခွေးများ၏ လှုပ်ရှားမှု သတင်းဖြစ်စေ၊ လေကြောင်းဖြတ်သန်းမှုဖြစ်စေ၊ ရေကြောင်းဖြတ်သန်းသွားလာမှုများကို သတင်းပေးခြင်းဖြင့် ပြည်သူများကို ကာကွယ်ကယ်တင်ပေးပါရန် မေတ္တာရပ်ခံပါသည်။ မှတ်ချက်။ Bot မှတဆင့် သတင်းပေးပို့ခြင်းသည် အလုံခြုံဆုံးဖြစ်ပါသည်။ #SSN Feb 22,12:47 PM 📫သတင်းပို့ရန် @SagaingScoutNetworkBot
Hammasini ko'rsatish...
👍 13
စစ်​ကောင်စီတပ် ပြန်လည်ထိန်းချုပ်သည့် ​ကောလင်းမြို့ ပျက်ဆီးဆုံးရှုံးမှုများနိုင် ​ဖေ​ဖော်ဝါရီ ၁၇ ၊ ၂၀၂၄ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်​နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် ​ကောလင်းမြို့ကို စစ်​ကောင်စီတပ်က ​၂၀၂၄ ခုနှစ် ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ ​ဖေ​ဖော်ဝါရီလ ၁၄ ရက်​နေ့တွင် တမြို့လုံးအား ပြန်လည်ထိန်းချုပ်သွားပြီဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ လက်ရှိတွင် စစ်​ကောင်စီတပ်များက ​ကောလင်းမြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား သယ်ယူကာ ဝန်းသိုမြို့ရှိ စစ်​ကောင်စီတပ်ရင်းများသို့ပို့​ဆောင်​နေသည့်အပြင် ပြည်သူပိုင်အ​ဆောက်အဦးများ၊လမ်းတံတားများအား ​နေ့တိုင်း မီးရှို့ဖျက်ဆီး​နေခြင်း​ကြောင့် ပျက်ဆီးဆုံးရှုံးမှုများနိုင်သည်ဟု သိရသည်။ ​​ကောလင်းမြို့အ​ခြေအ​နေနှင့်ပတ်သက်၍ ​မေးမြန်းရာ " မြို့ထဲ စစ်​ကြောင်းဝင်လာမှာကို မသိ​တော့ အများစုက ဘာပစ္စည်းမှမသယ်ခဲ့ရဘူး။လူလွတ်ထွက်​ပြေးခဲ့ရတာ။မီးရှို့တဲ့အထဲပါကုန်ပီလား မသိဘူး။ " လို့ ​​ကောလင်းမြို့မှ စစ်​ရှောင်ပြည်သူတဦးက Infinity Group သို့​ပြောသည်။ ​ကောလင်းမြို့​ပေါ်ရှိ စစ်​ကောင်စီတပ်များက မြို့တွင်းဝင်​ရောက်လာသည့်​နေမှစတင်ကာ မြို့​ပေါ်ရှိ​နေအိမ်များ၊လမ်းတံတားများအား မီးရှို့ဖျက်ဆီး​နေသည်မှာ တပတ်နီးပါးရှိ​နေပြီဖြစ်​ကြောင်း၊လက်ရှိတွင် ​ကောလင်းမြို့​ပေါ်အပါအဝင် ​ကောလင်းမြို့အနီး၌ တိုက်ပွဲငြိမ်သက်နေသည်မှာ ၂ ရက်ကြာ​နေပြီဖြစ်​ကြောင်း ​ဒေသခံပကဖအဖွဲ့ဝင်တဦးက Infinity Group သို့​ပြောသည်။ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များသည် ​ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်​ရောက်လာသည့် ​ဒေသခံအချို့အား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ကျူးလွန်နေသဖြင့် မြို့​ပေါ်​နေပြည်သူများ မည်သည့်အ​ကြောင်းနှင့်မှ မြို့တွင်းသို့ ပြန်လည်ဝင်​ရောက်​နေထိုင်ခြင်းမပြုသင့်​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက သတိ​ပေးထားသည်။ ဓါတ်ပုံ(Infinity Group)–​ကောလင်းမြို့အား ​ဖေ​ဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်​နေ့တွင် စစ်​ကောင်စီတပ်မှ မီးရှို့​နေစဥ်၊​ကောလင်းစစ်​​ဘေးရှောင်မြင်ကွင်း၊ခ​မောက်​​တောင် #infinitygroup
Hammasini ko'rsatish...
👍 4🔥 2
ကျွန်းလှမြို့နယ်တွင်းရှိ မော်တုံ၊ပေပင်ချောင် ကျေးရွာများအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ် ကျွန်းလှ ဖေဖော်ဝါရီ (၁၄) ဖေဖော်ဝါရီ ၁၄ ရက်နေ့ညနေ (၄)နာရီ(၃)မိနစ်အချိန် တံတားဦးမှတက်လာသောစစ်တိုက်လေယာဥ်တစင်းမှကျွန်းလှမြို့နယ်မော်တုံကျေးရွာအနီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရသည်။လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံကျေးရွာအနောက်ရှိစျေးဆိုင်တဆိုင်မီး လောင်ပြာကျသွားပြီးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးလည်း ၎င်းဆိုင်အတွင်းမှာပင်မီးလောင်အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံကျေးရွာမှအမျိုးသမီးတဦးနှင့်ပေပင်ချောင်ကျေးရွာမှအ မျိုးသမီးတို့လည်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ် လို့လည်းသိရသည်။ ထို့အပြင် ညနေ(၅)နာရီ (၅၃)မိနစ်အချိန်တွင် တံတားဦးမှ တက်လာသောတိုက်ခိုက်ရေးစစ်လေယာဥ်ဖြင့် ဒုတိယအကြိမ်ဝေသော်ရွာနှင့်ပေပင်ချောင်ကျေးရွာဆက်သွယ် ရေးလမ်းမကြီးဒေသအခေါ်ကံကြီးကွင်းအနီးတဝိုက်လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကားတစီးထိမှန်ပျက်စီး ခဲ့ရပြီး၊ကားဆရာမှာလည်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ ခဲ့တယ်လို့မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့်ပြည်သူများနေထိုင်ရာရွာများ၊သာသနိ ကအဆောက်အအုံများ၊စစ်ရှောင်စခန်းများ၊စာသင် ကျောင်းများနှင့် ဆေးရုံများကိုအဓိကပစ်မှတ်ထားပြီးအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြု လုပ်ခဲ့သည်။အလားတူဖေဖော်ဝါရီ ၁ ရက်နေ့မှာဆိုလျှင်ကန့်ဘလူခရိုင်အတွင်းရှိ သင်တော၊ဇော်ချောင်း၊ညောင်ကုန်း၊ပင့်သာ၊မကျီးကုန်း၊ဇီးကုန်း စသည့်ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်မှအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်ဖြစ်စဥ်များလည်းရှိခဲ့သည်။ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)
Hammasini ko'rsatish...
👍 7🔥 2
ပြည်သူ့စစ်မှုထမ်းဥပ​ဒေ က​နေ ရုန်းထွက်ပါ ​ဖေ​ဖော်ဝါရီ ၁၃ ၊ ၂၀၂၄ စစ်​ကောင်စီဟာ ပီးခဲ့တဲ့ရက်ပိုင်းကပဲ " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " ကို ထုတ်ပြန်လာတာ​တွေ့ရပါတယ်။ဒီဥပ​ဒေက ​တော်​တော်အ​ရေးကြီးပါတယ်။ဘာလို့အ​ရေးကြီးလဲဆိုရင် တနိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်​တိုက်နေရတဲ့ စစ်​ကောင်စီတပ်မှာ လူအင်အားမရှိ​တော့တာ​ကြောင့် ​နောက်ထပ်လူသစ်​တွေကို မဖြစ်မ​နေစု​ဆောင်းမယ်ဆိုတာ​ကြောင့်ပါ။ စစ်မှုထမ်းရမယ့်အသက်အရွယ်အပိုင်းအခြားမှာ သူတို့​ထုတ်ပြန်ထားတဲ့အချက်​တွေအရဆို ​ယောကျ်ား​လေးဆိုရင် အသက် ၁၈–၃၅ ၊ မိန်းက​လေးဆိုရင် အသက် ၁၈–၂၇ ဆိုပီး​တော့ အကြမ်းဖျင်းပါပါတယ်။ဘာလို့အကြမ်းဖျင်းလို့​ပြောရသလဲဆို ၃၅ နှစ်အထက်​ကျော်ရင်လဲ ​သူတို့စစ်တပ်အတွက် လူလိုရင် ဘယ်အသက်အရွယ်မဆို ခေါ်နိုင်လို့ပါပဲ။ ဘာလို့ ဒီ​လောက်ထိ​ပြောနိုင်ရသလဲဆိုရင် ကျ​နော်တို့ကန့်ဘလူနယ်က အချက်အလက်​တွေကို အ​ခြေခံထားလို့ဖြစ်ပါတယ်။စစ်​ကောင်စီဟာ ကန့်ဘလူနယ်ကို ဒီဥပ​ဒေမထုတ်ပြန်ခင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ​လောက်ကစပီး " ပြည်သူ့စစ် " (အများအ​ခေါ် ပျူ​စောထီး)​အဖွဲ့​တွေကို ဖွဲ့စည်းခဲ့တာ​ကြောင့်ပါ။ပျူ​စောထီးအဖွဲ့ဝင်​တွေထဲမှာ အသက် ၅၀ အထက်​အရွယ်တွေ​တောင် အများကြီးရှိပါတယ်။ ကန့်ဘလူနယ်က ပျူ​စောထီးအဖွဲ့ဝင်​တွေထဲမှာ စစ်တပ်ကို​ထောက်ခံသူကလူနည်းစုပဲဖြစ်​ပေမယ့် အများစုက​တော့ မိမိတို့ရပ်ရွာ၊မိမိတို့ပိုင်ဆိုင်သမျှဥစ္စာပစ္စည်း​တွေကို မစွန့်လွှတ်နိုင်သူ​တွေ၊တခါ စစ်​ကောင်စီနဲ့ပျူ​စောထီးစု​ဆောင်းတဲ့လူတစုအ​​ပေါ် မလွန်ဆန်နိုင်လို့ ပျူ​စောထီးအဖွဲ့ဝင်ဖြစ်လာကြတာပါ။ ဒါ​ပေမယ့် ဒီလူ​တွေ အခုချိန်စစ်တပ်ကို ​သေနတ်​ပြောင်းပြန်လှည့်​မလားလို့ ​တွေး​နေရင် အဲ့အ​တွေး ​တွေးတဲ့လူဟာ ရူး​နေပီလို့ဆိုရမှာဖြစ်တယ်။ဘာလို့ဆို စစ်တပ်ကို ဘယ်​လောက်ပင်မကြိုက်ပါ​စေ သူတို့ဟာ စစ်တပ်ရဲ့အမိန့်ကို ​ကောင်း​​ကောင်းနာခံတတ်​​နေတာ​ကြောင့်ဖြစ်ပါတယ်။ ကျ​နော်တို့ကန့်ဘလူနယ်ဘက်မှာ ပျူ​စောထီးစခန်း​တွေ၊ပျူ​စောထီးရွာ​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်​တွေဝင်တိုက်တဲ့အချိန်မှာ စစ်တပ်ကိုမကြိုက်လို့ ပျူ​စောထီးထဲဝင်ရပါတဲ့ဆိုတဲ့ လူအများစုဟာ ဝမ်းပမ်းတသာနဲ့ လက်နက်ချအညံ့ခံဖို့​နေ​နေသာသာ " ငါမ​သေ ငါ့စခန်းမကျ​စေရ " ဆိုတဲ့ ​ဆောင်ပုဒ်အတိုင်း တန်ပြန်တိုက်ခိုက်ခဲ့တာချည်းပါပဲ။ဒါ​ကြောင့်မို့လဲ ပျူစခန်းသိမ်းပွဲ​တွေမှာ PDF ​တွေ ထိတယ်၊ကျတယ်ဆိုတာ ဖြစ်လာတာပါ။ တချို့က ပျူ​​စောထီးထဲဝင်ပီး သင်တန်းတက်မယ်၊လက်နက်​ရရင်ထွက်​ပြေးမယ် ဒါမှမဟုတ် စစ်တပ်ကိုပြန်တိုက်မယ်ဆိုတာမျိုး ​တွေးကြပါလိမ့်မယ်။ဒီလိုမျိုး​တွေး​နေရင် စိတ်ကူယဥ်ဆန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။စစ်တပ်ဟာ စစ်တပ်ပီသလို့ အမိန့်နာခံတတ်ဖို့ရယ်၊အမြင်​ဝေဝါးသွား​စေမယ့် အ​တွေးတွေကို သင်တန်းစကတည်းက​ ခင်ဗျားတို့​ခေါင်းထဲရိုက်ထည့်ပါလိမ့်မယ်။ပီးရင် မိသားစုနဲ့အကြပ်ကိုင်ပါလိမ့်မယ်။တခါ တပ်ဖွဲ့ထဲမှာတင် တ​ယောက်နဲ့တ​ယောက် မယုံကြည်​ရဲအောင် ​နည်းအမျိုးမျိုးနဲ့ လုပ်​ဆောင်ပါလိမ့်မယ်။ ဒါ​ကြောင့် လူတိုင်းစစ်တပ်ထဲကို မဝင်မ​နေရစနစ်နဲ့ ဝင်လာစေဖို့ စစ်​ကောင်စီက မကြာခင်ရက်ပိုင်းက ပြဌာန်းထားတဲ့ " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " က​နေ ရုန်းထွက်ကြပါ။ဒါမှမဟုတ်ရင်​တော့ စစ်​ကောင်စီဟာ ပြည်သူအချင်းချင်း ပြန်သတ်မယ့်အစီအစဥ်​တွေထဲမှာ ခင်ဗျားတို့ကို သ​ဘောတူသည်ဖြစ်​စေ မတူသည်ဖြစ်​စေ ဆွဲထည့်လာမှာပါ။ ငါက​တော့ ဘယ်သူ့အမျိုးအ​ဆွေမို့၊ဘယ်လို​လေးအ​ကြောင်းပြလိုက်လို့မို့ ငါ့ဆိုရင် မလုပ်ဘူး​တော့ မထင်​လေနဲ့။အခုပြဌာန်းလိုက်တဲ့ " ပြည်သူစစ်မှုထမ်းဥပ​ဒေ " အရဆို ကန့်ဘလူဟာ အ​ကောင်းဆုံး သာဓကပါ။အခုဆိုရင် စစ်တပ်ကအတင်းအကြပ်​စေခိုင်းလို့ ပျူ​စောထီးအဖွဲ့ဝင်ဖြစ်လာသူဦး​ရေဟာ ကန့်ဘလူတမြို့နယ်ထဲမှာတင် ၂၅၀၀ အထက်မှာရှိ​နေပါပြီ။ ပြည်သူကိုသတ်မလား ၊ ပြည်သူနဲ့အတူ ရပ်တည်မလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ချိန်တန်​နေပါပီ။ #infinitygroup
Hammasini ko'rsatish...
👍 2😁 1
ယနေ့ ၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ဟာဆိုရင် ကျွန်ုပ်တို့၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၉) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏လွတ်လပ်ရေးဖခင်ကြီးအား မမေ့မလျော့လေးစားဂုဏ်ပြုရင်း မိန့်ခွန်းတချို့အားပြန်လည်ဖော်ပြအပ်ပါတယ်။ "တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ်၊ ဒီတိုင်းပြည်မှာ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမဲ့အစား အဲ့ဒီ စစ်တပ်မရှိတာက တိုင်းပြည်အတွက် ပိုကောင်းပါတယ်။" "ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊နိုင်ငံသားတွေကို ညှဉ်းပမ်းဖို့ မဟုတ်။ လက်နက်အားကိုး တန်ခိုးဓားပြတိုက်ဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ် နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။'' "အာဏာဟာဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာမွဲနေဦးမှာဘဲ။" #ဗိုလ်ချုပ်အောင်ဆန်း #ဖေဖော်ဝါရီ၁၃ @kannlet02
Hammasini ko'rsatish...
😁 1
02:08
Video unavailableShow in Telegram
အပျင်းပြေလေး
Hammasini ko'rsatish...
⚠️ကန့်ဘလူ ကန့်ဘလူမြို့နယ် ချပ်သင်းရွာ (ခွေးအထိုင်)မှထွက်သွားသော စစ်ခွေးနှင့်ပျူခွေး အင်အား (၁၀၀)ကျော်နှင့်ကိုးတောင်ဘို့ရွာ (ခွေးအထိုင်)မှထွက်လာသော စစ်ခွေးနှင့်ပျူခွေး အင်အား(စီစစ်ဆဲ) နှစ်ကြောင်းပေါင်းထားသော အကြမ်းဖက်အဖွဲ့သည် ကန့်ဘလူနယ် ပေါက်ဆိန်ကုန်းရွာသို့ဝင်ရောက်ပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးနေသည်ဟု သတင်းရရှိထားပါသည်။ #Dragon Kyunhla
Hammasini ko'rsatish...
👍 2
မရှောင်မလွှဲသာလို့ ဝင်လိုက်ရပြီဆိုတာနဲ့ ပြည်သူနဲ့ ရန်ဖြစ်ပြီးတော့ သေမယ်။ ဒါမှမဟုတ်ဘူးဆိုရင်တောင်မှာ မသေဘူးဆိုရင်တောင်မှ သေချာတာတစ်ခုကတော့ ကမ္ဘာမှာ ကျဆုံးတော့မယ့် စစ်တပ်ထဲက အကြမ်းဖက်စစ်သားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားရလိမ့်မယ်။ သေရင် သေမယ်၊ ဒါမှမဟုတ် ပြည်သူမုန်းတဲ့စစ်သားအဖြစ် အကြမ်းဖက်စစ်သားအဖြစ် ရပ်တည်ရလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ရွေးချယ်စရာ ၂ ခုပဲ ရှိပါတယ်။ တော်လှန်ရေးဘက် သွားချင်သွားပါ။ ဒါမှမဟုတ် စစ်တပ်ထဲဝင်ပါ။ ဒါပဲ ရှိတယ်။ သေချာတာတစ်ခုကတော့ အခုအချိန်မှာ ဒီ စစ်တပ်သည် အင်အားဘယ်လောက်ဖြစ်ဖြစ် သူတို့ရဲ့ နည်းဗျူဟာ မဟာဗျူဟာတွေသည် ပြည်သူကို ရန်တိုက် သတ်ဖြတ်နေရတဲ့ အကြမ်းဖက်ဆန်ဆန်လုပ်ရပ်တွေ ဖြစ်တဲ့အတွက် စစ်မြေပြင်တွေမှာ လုံးဝကို မအောင်မြင်တော့ပါဘူး။ ဒါ ကျွန်တော်တို့ အခုတလော ဒီနှစ်အတောအတွင်းထဲမှာ ၂၀၂၃၊ ၁၀၂၇ ကစပြီးတော့ ဒီဘက် စစ်ဆင်ရေးတွေမှာ ကောင်းကောင်းကို မြင်တွေ့နေရပါတယ်။ ဘယ်လောက်ကို ခံစစ်ကို ခိုင်မာအောင် လုပ်ထားသော်ငြား၊ ကြည်း ရေ လေ ပူးပေါင်းစစ်ဆင်ရေးတွေ ဘယ်လောက် လုပ်သော်ငြား လုံးဝကို မအောင်မြင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ဒီစစ်တပ်ကို ယုံရင်တော့ မှားလိမ့်မယ်။ ကြားနေလူတန်းစားတစ်ရပ်ဟာ ရဲရဲဝံ့ဝံ့နဲ့ တော်လှန်ရေးဘက် ရပ်တည်တာကတော့ အကောင်းဆုံးဖြစ်လိမ့်မယ်။ အကောင်းဆုံးဖြစ်မယ်။ တော်လှန်ရေးဘက် ရပ်တည်တာမှာ အခက်အခဲတွေ အတားအဆီးတွေ ပင်ပန်းကြမ်းတမ်းမှုတွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်အပေါ်အခြေခံပြီးတော့ လုပ်ဆောင်နိုင်မှုက တော်လှန်ရေးအတွက် အကောင်းဆုံးပေးဆပ်နိုင်မယ်ဆိုရင်တော့ မိမိရဲ့ သမိုင်းရော နိုင်ငံရဲ့ သမိုင်းမှာပါ အရေးပါ အရာရောက်တဲ့ လူတွေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ဒီနေရာကနေ ပြောချင်တယ်။ မေး။    ။ နောက်ထပ် စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ မနက်မှာပဲ မုံရွာမှာနဲ့ မုံရွာ မန္တလေး လမ်းပေါ်မှာ ပေါ်တာဆွဲသလို ဖမ်းဆီးတာတွေ၊ စစ်ကိုင်းမြို့နယ်ဘက်တွေမှာ စစ်ကိုင်းမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ စပြီးတော့ ဖြစ်နေပြီ။ အဲဒီဟာတွေက ဒီဥပဒေထုတ်ပြီးတော့ တရားဝင်ပေါ်တာဆွဲတယ်လို့ ဗိုလ်ကြီး မှတ်ယူသလား၊ ပြောလို့ရသလား ။ ဖြေ။    ။  ပြောလို့ရတယ်။ စစ်တပ်ကတော့ ဒီနေ့လို ဖြစ်စဉ်တွေ ၊ မုံရွာဘက်က ဖြစ်စဉ်လိုသာမက နဂိုကတည်းက ဒါ ဆရာတို့ ခေတ်သစ်မှာလည်း တင်ခဲ့တဲ့ သတင်းတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ အလုပ်ခေါ်စာကနေ လိမ်လည်တဲ့ ဥစ္စာကနေ လူသစ်စုဆောင်းခြင်းခံရတဲ့ နည်းလမ်းတွေ၊ အကုန်လုံး အကုန်လုံးကို စစ်တပ်ကတော့ လူသစ်စုဆောင်းဖို့ကို လုပ်ခဲ့တာပဲ။ ဒီအချိန်မှာလည်း ဒါတွေကို ပိုပြီးတော့ လုပ်မှာပဲ။ သေချာတာတစ်ခုကတော့ ဒီစစ်တပ်မှာ တိုက်ခိုက်လိုတဲ့ စစ်သား မရှိတော့ဘူး။ တိုက်ခိုက်ရဲတဲ့ စစ်သားအင်အားနည်းပါးသွားပြီ။ အဲဒါကြောင့် ဒီအင်အားကို ကာဖို့အတွက် နောက်ထပ်အင်အားတစ်ခုကို ဥပဒေကို သူတို့ အကောင်အထည်ဖော်ဖို့ အမြန်ဆုံးတော့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားနေတဲ့ ကာလအတွင်းမှာလည်း မရရတဲ့ နည်းနဲ့ သူတို့ရဲ့ အင်အားကို အလျင်အမြန်ဖြည့်နေရတာပါ။ အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ထဲတွေမှာဆိုရင် ဗိုလ်မှူးချုပ်တွေကအစ စစ်မြေပြင်မှာ ဖမ်းဆီးခံရတာတွေရှိတယ်။ တပ်တွေပျက်သွားတဲ့ တပ်တွေ အများကြီးရှိတယ်။ ဒီတပ်တွေကို ပြန်လည်ကုစားဖို့အတွက်က ပြည်သူဆီက လာတဲ့ အင်အားကိုပဲ အသုံးချဖို့ရပါမယ်။ စစ်တပ်ထဲကို လိုလိုချင်ချင်ဝင်တဲ့ အင်အား လုံးဝကို မရှိတော့ဘူး။ သူတို့နည်းပေါင်းစုံနဲ့ အခုလို နည်းပေါင်းစုံနဲ့ လုပ်သော်ငြားလည်း ဒီ အင်အားက ပြန်ပြီးတော့ ပြည့်မီလာတာ မဟုတ်ဘူး။ အခုချိန်မှာ သူတို့လုပ်တဲ့ လုပ်ရပ်တိုင်းက တရားဝင် ပေါ်တာဆွဲတယ်လို့ ပြောကို ပြောလို့ရတယ်။ နောက်ကျရင် ကျွန်တော်မြင်တယ် စစ်တပ်ထဲ ဝင်ဖို့အတွက်ကို အတင်း။ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပြီးတော့ စစ်တပ်ထဲ ဝင်ခိုင်းတဲ့အနေအထားအထိကို ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျွန်တော်တို့ ကြားတဲ့ သတင်းတွေအရ လေးလပတ် အစည်းအဝေးတွေမှာတင်မက လစဉ် လစဉ်မှာ မြေပြင်တပ်မှူးတွေ ဌာနချုပ်တပ်ခွဲမှူးတွေ တပ်ရေးဗိုလ်ကြီးတွေကို တိုင်းစစ်ဌာနချုပ်တွေက လူသစ်စုဆောင်းမှုနဲ့ပတ်သက်ပြီးတော့ အတင်းအကျပ်ဖိအားပေးမှုတွေနဲ့ ခံရတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲဒါကြောင့် ဒီမြေပြင်တပ်တွေအနေနဲ့ကတော့ သူတို့ရဲ့ တပ်သားသစ်က လုံးဝမရတော့တယ်ဆိုတဲ့ အခြေအနေမှာ ပိုက်ဆံနဲ့လည်း ဝယ်တယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက တအားတက်တယ်။ အဲဒီဟာကိုလည်း မရရအောင် လိုက်ဝယ်သော်ငြား အဲဒီလို ဝယ်ရမယ့် အခြေအနေတောင်မှ သူတို့မှ သိပ်မရှိတော့ဘူးလို့ ကြားတယ်။ အဲဒါကြောင့်မို့လို့ ဒီအခြေအနေမှာ မရရတဲ့ နည်းလမ်းနဲ့ သူတို့ မြေပြင်တပ်တွေက လုပ်မှာပဲ။ အဓိကက အထက်ဌာနကို တင်ပြတဲ့အချိန်မှာ တပ်သားသစ်စုဆောင်းရရှိမှုအခြေအနေကိုပဲ အဓိက ထားပြီးတော့ တင်ပြမှာ။ အဲဒါကြောင့် ဒီဥစ္စာက သေချာတယ်။ အထက်က ခိုင်းသော်ငြား စစ်တပ်ထဲမှာ တပ်သားသစ်ရရှိဖို့က အဓိက ရည်မှန်းချက်၊ အင်အားအတွက် အဓိက လိုအပ်ချက်က ကြီးကြီးမားမားဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုမျိုး ဖြစ်စဉ်တွေက ပိုမိုမျိုး ဖြစ်စဉ်တွေက ပိုမိုများပြားပြီးဖြစ်လာမယ်ဆိုတာ ဒီနေရာကနေ
Hammasini ko'rsatish...
👍 1
လူငယ်တွေကို စစ်တပ်က ဘယ်လိုနေရာတွေမှာ သုံးနိုင်လဲ။ ဖြေ။ ။ ကျွန်တော်ကလေ ဒီနေရာမှာ လူထုကနေပြီးတော့ ဒီအပေါ်မှာ အရင်တုန်းကလည်း စုဆောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ထွက်လာပြီဆိုရင် လူထုက ပြန်တုံ့ပြန်လေ့ရှိတယ်။ သူ့ လက်နက်နဲ့ သူ့ပြန်ရိုက်မယ်ပေါ့။  ကျွန်တော်ကတော့ အဲဒါမထင်ဘူး။ ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်နိုင်ခြေနည်းတယ် ဆိုတာထက် ပြောရမယ်ဆိုတာတော့ အဲဒီလို လုပ်မယ်လို့ ရည်ရွယ်ချက်ရှိတဲ့ လူကိုယ်၌က စစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ ဘောင်အတွင်းကို ရောက်သွားတာ။ စစ်တပ်ရဲ့ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဘောင်အတွင်းကို ရောက်သွားတာ အဲဒီတော့ အဲဒါကို လုပ်နိုင်ဖို့ဆိုတာ တော်တော်ကို ခဲယဉ်းတယ်။ ကျွန်တော်ကတော့ အဲဒီဟာကို စိတ်ကူးမယဉ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါသည် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာ ၂ ခုပဲ ရှိတယ်။ တစ်ခုက စစ်တပ်ထဲကို ဝင်မလား၊ ဒီ မရှောင်လွဲလို့ရတဲ့ အချိန်မှာ စစ်တပ်ထဲကို ဝင်မလား ဒါမှမဟုတ် တော်လှန်ရေးဘက်ကို အပြည့်အဝ ပူးပေါင်းမလား။ ဒီ လမ်း ၂ ခုပဲ ရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ စစ်တပ်ထဲကို ရောက်သွားပြီဆိုရင် ပထမတစ်ခုက  စစ်တပ်မှာ အချိန်ကာလ သိပ်မရှိပါဘူး။ ဘာဖြစ်လို့ အချိန်ကာလသိပ်မရှိဘူးလို့ ကျွန်တော် ပြောလဲဆို အခုအချိန်မှာ နေရာအနှံ့မှာ စစ်မျက်နှာပြင်ဖွင့်ထားတယ်။ အထူးသဖြင့် ရခိုင် စစ်မျက်နှာပြင်ဆို သူတို့အတော်ကို ရှုံးနိမ့်နေတယ်။ ရေတပ်တွေက အစ သင်္ဘောတွေကအစ နစ်မြှုပ်နေတဲ့ အနေအထားကို တွေ့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလျင်တပ်အင်အားက အတော်လေးကို လျော့နည်းသွားတယ်။ သောင်းနဲ့ ချီပြီးတော့ကို လျော့နည်းနေတာ။ ဒါနည်းနည်းလေး လျော့နည်းတာ မဟုတ်ဘူး။ တပ်တွေရဲ့ ဖွဲ့စည်းပုံပျက်တဲ့အထိကို လျော့နည်းနေတာ တစ်ခုဖြစ်တယ်။ ဒီထဲကို ထည့်မယ့်သူတွေသည် အချိန်ကာလတိုအတွင်းမှာပဲ လေ့ကျင့်သင်ကြားမှုမျိုးတွေ လုပ်လာတယ်။ စစ်ပညာတွေ မပြည့်ဝဘဲနဲ့ ရှေ့တန်းတွေ၊ အဓိကကတော့ ခြေလျင်တပ်အင်အားမျိုးမှာ အဓိက သုံးမယ်လို့ ထင်တယ်။ အဓိက ရှေ့တန်းစစ်မျက်နှာပြင်မှာ သုံးမယ်လို့ ကျွန်တော် ထင်တယ်။ နောက် ကျွမ်းကျင်သူ။ ငါကတော့ ဆရာဝန်၊ သူက ဆရာဝန်လို့ ကိုယ့်ကိုယ်ကိုယ်မှတ်ယူထားသော်လည်း စစ်မြေပြင်မှာ ဆေးကုရတဲ့ ဆရာဝန်ဖြစ်သွားနိုင်တယ်။ ငါကတော့ အင်ဂျင်နီယာ၊ ငါကတော့ စစ်တပ်ထဲမှာ အင်ဂျင်နီယာ အလုပ်ပဲ လုပ်ရမယ်။ ဒါပေမဲ့ စစ်မြေပြင်အင်ဂျင်နီယာ ဖြစ်သွားနိုင်တယ်။ ဒီလိုမျိုး ပုံစံတွေ ရှိသွားနိုင်ပါတယ်။ ငါကတော့ အပြင်မှာတော့ တခြား ကျွမ်းကျင်မှုတစ်ခုကို လုပ်နေရတဲ့ သူ၊ ဒါပေမဲ့ စစ်တပ်မှာ ရှေ့တန်းမှာ အသုံးခံရတဲ့ လူ ဖြစ်သွားမယ်။ အဲဒီတော့ ဒီရဲ့ ဥပဒေရဲ့ သဘောတရား စစ်တပ်က ကျင့်သုံးချင်တဲ့သဘောတရားအရသည် သေချာတာတစ်ခုက လူသားဒိုင်းကာတစ်ခုအနေနဲ့ သေသေချာချာ စစ်ပညာမတတ်မြောက်သေးတဲ့ လူငယ်တွေကို လူသားဒိုင်းကာအနေနဲ့ သုံးချင်တဲ့ ရည်ရွယ်ချက်ကတော့ ပိုများတယ်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာ သူတို့က သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးတယ်လို့ ဇော်မင်းထွန်း ကိုယ်တိုင်က ပြောသော်ငြား မဟုတ်ပါဘူး။ အဓိက ပြည်သူ့စစ်မဟာဗျူဟာရဲ့ ပြောင်းပြန်ဖြစ်တဲ့ ပြည်သူကို လူသားဒိုင်းကာအဖြစ် သုံးစွဲမယ့် အလားသဏ္ဍာန်တွေကတော့ ပိုများမယ်လို့ ကျွန်တော် ဒီနေရာမှာ တိတိကျကျကို ပြောလိုတယ်။ သေချာတာတစ်ခုကတော့ ကိုယ်ကတော့ သူ့သေနတ်နဲ့ သူ့ကို ပြန်တိုက်မယ်ဆိုတဲ့ဟာကတော့ လုံးဝ စစ်တပ်ထဲမှာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ မေး။     ။ အခုဆိုရင် လူငယ်လူရွယ်တွေက စစ်ထဲ မဝင်ကြဘူး။ စစ်ထဲ မဝင်ချင်ကြဘူးပေါ့နော်။ ကြားနေနေတဲ့ လူငယ်တွေ ရှိတယ်ပေါ့လေ။ အဲဒီလို လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။ သူတို့ ဒါကို ဘယ်လိုရှောင်လွှဲလို့ရမလဲ။ မိဘတွေရော လူငယ်တွေရောက‌ မေးနေကြတယ်။ အဲဒီဟာအပေါ်ကိုရော ဗိုလ်ကြီး ဘယ်လိုအကြံပေးချင်လဲ။ ဖြေ။    ။ အခုချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကောင်းကောင်းကို ထိန်းချုပ်နိုင်နေတဲ့ မြို့ပြတွေ နယ်ရွာတွေကတော့ ဒီဥစ္စာကို ရှောင်လွှဲဖို့ကတော့ အတော်ကို ခက်ခဲမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒီ အများပြောနေကြသလို့ ဥပဒေကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားမယ့်ဟာတွေလည်း အများကြီးရှိမယ်။ ဥပမာ ငွေပေးတာပေါ့။ အလွှာ လူတန်းစား တစ်ခုအတွက် ဖြစ်တာပေါ့။ ဥပဒေရဲ့ တခြားလွတ်လပ်ခွင့်ဆိုတဲ့ ဝင်ရောက်ဖို့ မလိုတဲ့ အတန်းအစားလည်းရှိတယ်ပေါ့လေ။ ဒါတွေနဲ့ ပတ်သက်လို့သူ့ဟာသူ လွတ်ကင်းခွင့်တော့ ရှိရင် ရှိလိမ့်မယ်။ သို့ပင်သော်ငြား သေချာတာတစ်ခုကတော့ ဝင်ကို ဝင်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကတော့ ရှောင်လွှဲဖို့ ခက်ပါလိမ့်မယ်။ အဲဒီကျတော့ ကျွန်တော်ကတော့ အခုအချိန်မှာ ကြားနေဆိုတဲ့ လူတန်းစားတစ်ခုအတွက်ပါ စစ်ကောင်စီက သူ့ဘက်ကိုယ့်ဘက်ခွဲဖို့အတွက် နည်းလမ်းတစ်ခုကို သုံးလိုက်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့ အခုအချိန်မှာ သေချာခွဲရမှာပါ။ ကျွန်တော်တို့ စစ်တပ်ထဲကို ဝင်ရင် အခုချိန်ရဲ့ စစ်ရေးအခြေအနေအရ လက်နက်ကြီးတွေ ရှိတယ်။ သင်္ဘောတွေ ရှိတယ်။ လေယာဉ်တွေ ရှိသော်ငြားလည်း စစ်မြေပြင်မှာ မရှုမလှနဲ့ ရှုံးနိမ့်တဲ့အခြေအနေကို ရောက်နေပြီ။ သေချာတာတစ်ခုကတော့ စစ်တပ်ထဲကို
Hammasini ko'rsatish...
ပြည်သူတွေကို အသိပေးလိုတယ်။ သတိပေးလိုတယ်။ မေး။    ။ အခုလက်ရှိ ကိုယ့်သားသမီးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေ။ ဗိုလ်ကြီးအနေနဲ့ ဘယ်လိုအကြံပေးချင်လဲ ။ ဘယ်လိုမှတ်ချက် မျှဝေပေးချင်လဲ။ ဖြေ။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ အရင်တုန်းကလို စစ်တပ်ထဲ ရောက်ပြီဆိုတာနဲ့ ယူနီဖောင်းဝတ်ပြီးတော့ ကောင်းစားတဲ့ ကာလတွေက အခုချိန်မှာ တဖြည်းဖြည်း ကုန်လာပါပြီ။ မြို့ပေါ်တွေမှာလည်း တချို့စစ်တပ်ထဲက လူတွေ ကောင်းစားချင်လည်း ကောင်းစားနေလိမ့်မယ်။ မတရားသော နည်းလမ်းတွေနဲ့။ ပိုက်ဆံတွေ ရှာထားတာ။ အဲဒီဟာတွေလည်း မကြာခင် သူတို့ရှာထားတဲ့ စီးပွားတွေက ပျက်စီးတော့မယ့် အခြေအနေကို ရောက်တော့မယ်။ အဲဒီတော့ သေချာတာ တစ်ခုကတော့ စစ်တပ်ထဲ သွင်းလိုက်လို့ ဘဝတွေ ကောင်းစားမယ်ဆိုတဲ့ အခြေအနေမျိုး မရှိတော့ပါဘူး။ ပြည်သူမုန်းတဲ့ အသေဆိုးနဲ့ သေမယ့်၊ ဒါမှမဟုတ် ဘယ်အချိန်ဖမ်းဆီးခံရမလဲ ဒီလိုမျိုး စိတ်ပူပန်မှုတွေက စစ်တပ်ထဲရောက်မှ ကြီးကြီးမားဖြစ်မှာ။ အဲဒီတော့ အခုချိန်မှာတော့ ဒါကို ရှောင်လွှဲလို့ရတဲ့ နည်းလမ်းကတော့ တော်လှန်ရေးဘက်က ရပ်တည်တာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးဘက်မှာ စနစ်ကျတဲ့ တည်ဆောက်မှုတွေ တဖြည်းဖြည်းပေါ်လာပါပြီ။ ဥပမာဆို တချို့တပ်တွေဆို တပ်သားသစ်စုဆောင်းမှုတွေကအစ တော်လှန်ရေးတပ်တွေမှာ စနစ်တကျ လုပ်လာနိုင်တဲ့တပ်တွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီလိုမျိုး သေချာတဲ့ စနစ်ကျတဲ့ တပ်တွေနဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းခိုင်းတာက မိမိတို့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မတတ်သာလို့ ကိုယ့်သားသမီး စစ်တပ်ထဲ ထည့်လိုက်ပြီဆိုရင်တော့ အဲဒီ မိဘတွေ အနေနဲ့ကတော့ ဘုရားစင်ရှေ့ကနေကို ထရမှာ မဟုတ်ဘူးဆိုတာကတော့ လုံးဝကို သေချာပါတယ်။ အဲဒီတော့ သေသေချာချာတော့ စဉ်းစားစေချင်ပါတယ်။ အဓမ္မနဲ့ ဓမ္မဘက်ကို သေသေချာချာတော့ ရွေးရမယ့် အချိန်ကာလတစ်ခုကို မကြာခင် လက်တွေ့ကို ခံစားရတော့မှာပါ။ အဲဒီကျမှ အဓမ္မဘက်ကို ထည့်လိုက်လို့ စစ်ရေးစွမ်းရည်၊ စွမ်းရည်ပိုင်းဆိုင်ရာတွေ အများကြီးကို တိုးတက်လာတဲ့ တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဒီအကြမ်းဖက်စစ်တပ်ထဲက လူတွေက အမြဲတမ်းကို ကျဆုံးနေတာပါ။ ပြေးတာတောင်မှ ခွေးပြေးဝက်ပြေးပြေးရတဲ့ အခြေအနေတွေကို လက်တွေ့လည်း မြင်နေရပါပြီ။ နောက်ကျရင်လည်း အဲဒါတွေက ထပ်ဖြစ်လာဖို့ပဲ ရှိပါတယ်။ စစ်တပ်မှာ အင်အားဖြည့်ပေးလိုက်လို့ ဒီစစ်ပွဲကို နိုင်သွားမယ်ဆိုတဲ့ အခြေအနေကောင်းကို စစ်တပ်မှာ မရှိတော့ပါဘူး။ အဲဒီတော့ ပရမ်းပတာဖြစ်နေတဲ့ စစ်ခေါင်းဆောင်မှုနဲ့ ပရမ်းပတာဖြစ်နေတဲ့ စစ်တပ်ထဲကို မိမိတို့ရဲ့ သားသမီးတွေကိုတော့ မျက်စိမှိတ်စုံထည့်လိုက်ရတဲ့ အခြေအနေမျိုးမဖြစ်အောင်လို့ မိဘတွေအနေနဲ့ အခုချိန်ကတည်းကကို သေသေချာချာကို စဉ်းစားထားစေချင်တယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ မေး။     ။ အခုဆိုလို့ရှိရင် လူမှုကွန်ရက်တွေမှာ ပြောကြတယ်။ ငါတို့ကတော့ အသက်ကျော်သွားပြီ ငါတို့ သွားစရာမလိုတော့ဘူး။ ငါတို့ကတော့ ကျွမ်းကျင်သူလည်း မဟုတ်တော့ဘူး သွားစရာမလိုတော့ဘူး။ သူတို့အောက်ကို ဝင်စရာမလိုတော့ဘူး။ ငါတို့ကတော့ သာသနာ့ဝန်ထမ်းလုပ်လိုက်မယ်။ ဒါဆို ဝင်စရာမလိုတော့ဘူး စသည်ဖြင့်ပေါ့လေ၊ ဒီလိုတွေ ပြောကြတယ်။ ဆိုတော့ တကယ်တမ်းက ဒီစစ်ကောင်စီက သူ့မှာ တရားဝင်မှုမရှိဘဲ ဒီလို ဥပဒေတွေ ပြဋ္ဌာန်း ဒီလိုတွေ လုပ်ဆိုတော့ အခုဆို သူ ပြဋ္ဌာန်းထားတဲ့ ဥပဒေကလည်း သူ အချိန်မရွေးပြင်လို့ရတဲ့ဟာဆိုတော့ သူတို့ပြောထားတဲ့ ကန့်သတ်ချက်တို့ ဘာတို့ကို သူတို့ လိုက်နာပါ့မလား။ ဘာလို့ဆို ရွာတွေမှာဆိုလို့ရှိရင် ပြည်သူ့စစ်ဆိုလို့ရှိရင် အသက် ၁၈ နှစ်ကနေ အသက် ၆၀ အထိ အကုန်လုံးကို ခေါ်နေတဲ့အခါကျတော့ သူ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ သူလိုက်နာပါ့မလား။ ဖြေ။     ။ ကျွန်တော်ကတော့ ဒီစစ်တပ်ကို ဘယ်အရာမှ ယုံလို့မရဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာတောင်မှ သူတို့ တချို့ ဥပဒေတွေ ဘာတွေ သူတို့ စိတ်ကြိုက်လုပ်နေတာပဲလေ ။ ပြင်တယ် ပြောင်းတယ် သူတို့စိတ်ကြိုက်လုပ်နေတာပဲ။ အဲဒီတော့ကျတော့ သူတို့ရဲ့ လိုအပ်ချက် ကြီးကြီးမားမားဖြစ်လာရင်တော့ သူတို့ ကြိုက်တဲ့ အကန့်အသတ်ကို ခေါ်မှာပဲ အခုဆိုရင်တောင် စစ်မှုထမ်းဟောင်းတွေကို ပြန်ပြီးတော့ ခေါ်နေတာတွေ ရှိတယ်။ တခြားဥစ္စာတွေ အများကြီးရှိတယ်။ အဲဒီတော့ သူတို့ကတော့ လုပ်မှာပဲ။ ဒီဥပဒေကို ကြိုက်တဲ့နည်းလမ်းနဲ့ သူတို့ လုပ်လို့ရတဲ့ ပုံစံပေါင်းစုံနဲ့ လုပ်မှာပဲ။ ဒီဥပဒေသည် ဒီအတိုင်းသာဖြစ်တယ်၊ ငါတို့ကတော့ ဘယ်လိုရှောင်တိမ်းလို့ ရနိုင်မယ်ဆိုတဲ့ဥစ္စာတွေကို ကျွန်တော်ကတော့ ၊ မှန်ပါတယ်။ ဥပဒေမှာတော့ သူ့ဘာသာသူ ဟာကွက်တွေ ရှိနေတာပေါ့။ ဒါပေမဲ့ ဒါတွေကိုလည်း မျက်စိမှိတ်ပြီးတော့ ငါတို့တော့ ရှောင်တိမ်းမယ်ဆိုပြီးတော့ စိတ်အေးလက်အေးလည်း မနေစေချင်ဘူး။ ကျွန်တော် ဒီလိုတွေ ပြောလို့ အရမ်းကြီးလည်း စိုးရိမ်ရမယ်လို့ ပြောခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိုးရိမ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကောင်စီကို ဘာမှ ယုံလို့မရပါဘူး။
Hammasini ko'rsatish...