cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

mental heal

About Us “mental heal” is a social enterprise for delivering effective mental health awareness and online/offline counseling/therapy services. We connect the people who need mental care with the right and trusted professionals.

Ko'proq ko'rsatish
Reklama postlari
841
Obunachilar
+124 soatlar
+67 kunlar
+3130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

လောကကြီးကို အရှုံးပေးချင်စိတ်ပေါ်လာခဲ့ရင်... ************ တစ်ခါတစ်လေ လောကဓံရိုက်ချက်တွေ အရမ်းပြင်းထန်လာတဲ့အခါတိုင်း ကျွန်မတို့တွေဟာ လောကကြီးကို လွယ်လွယ်နဲ့ အရှုံးပေးချင်စိတ် ပေါ်လာတတ်ကြပါတယ်။ "တစ်ခုခုဆို လက်လျှော့လိုက်မယ်၊ ဆက်မလုပ်ချင်တော့ဘူး၊ အရှုံးပေးလိုက်တော့မယ်" လို့တွေးတိုင်း လက်ရှိဖြစ်နေတဲ့ ပြဿနာ၊ အခက်အခဲတွေကြားထဲကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်နေကြတယ်။ တကယ်တော့ အဲ့တာက လူတစ်ယောက်မှာရှိတဲ့ ကြောက်စိတ် နဲ့ ကိုယ့်ကိုကိုယ် မယုံကြည်တဲ့စိတ်ကြောင့် စတင်ဖြစ်ပေါ်လာတာကနေ စပါတယ်။ အဲ့လို လွယ်လွယ်နဲ့ အရှုံးပေးတတ်သူတွေဟာ နောက်ပိုင်း ဘဝမှာ ပြဿနာကြီးကြီးမားမား ကြုံလာရတဲ့အချိန်တိုင်း လောကကြီးကို အရှုံးပေးချင်လာတဲ့ အတွေးတွေဝင်လာမယ်။ ဥပမာ - အိမ်တွင်းရေးအဆင်မပြေတဲ့အချိန်တိုင်း "ငါသာ မရှိတော့ရင် သူတို့တွေ ဝမ်းနည်းကြမှာ မဟုတ်ဘူး။" "ငါသာ မရှိတော့ရင် ဒီလိုဒုက္ခတွေ ကြုံရတော့မှာ မဟုတ်ဘူး။" စတဲ့ Negative Thoughts တွေက လူတစ်ယောက်ကို ဆက်လက်ရှင်သန်ချင်စိတ် မရှိတော့အောင် တွန်းပို့စေနိုင်ပါတယ်။ ခုလိုစိတ်ဓာတ်ကျစရာများတဲ့ လောကကြီးမှာ အိမ်တွင်းရေးပြဿနာမှမဟုတ် တခြား လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ငွေရေးကြေးရေး စတဲ့ ပြဿနာတွေက တစ်ချိန်ထဲ စုပြုံဖြစ်လာတဲ့အတိုင်း လူ့ရဲ့စိတ်က ထွက်ပေါက်ပိတ်သွားတတ်ကြပါတယ်။ ဒီတော့ နောက်ဆုံး ကြံရာမရဖြစ်ပြီး "ဒီလောကကြီးမှာ မနေချင်တော့ဘူး" ဆိုတဲ့ အတွေးမှားတွေ ဝင်ကုန်တတ်ကြပါတယ်။ ဒါကြောင့် လောကကြီးကို အရှုံးပေးချင်တဲ့စိတ် ပေါ်လာတိုင်း ကိုယ့်ရဲ့ စိတ်ကို အလိုမလိုက်ပါနဲ့။ ကိုယ့်ရဲ့နောက်မှာ ကိုယ်ချစ်ရတဲ့ မိသားစုတွေ ရှိသေးတာမလို့ သူတို့အတွက် အားတင်းထားဖို့လိုပါတယ်။ “ကိုယ့်ကိုကိုယ် မယုံကြည်ဘူး၊ မဖြစ်လာနိုင်ဘူး” ဆိုတဲ့ Negative Thoughts တွေကိုမေ့ဖျောက်ပြီး အနာဂတ်မှာ “တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေလာမယ်” ဆိုတဲ့ Positive Thoughts လေးတွေ များများတွေးပေးဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ်က စိတ်ဓာတ်တွေ တအားထိုးကျပြီး အသက်ရှင်ချင်တဲ့စိတ်မရှိဘူးဆိုပြီး ခဏခဏ တွေးမိနေပြီဆိုရင်တော့ နီးစပ်ရာ အတွေ့အကြုံရှိ ဆရာဝန်၊ Counselors, Therapists တွေနဲ့အတူ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ အကြုံပြုချင်ပါတယ်။ 📬 Mental ပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ mental heal chat box ကနေတဆင့် ဆက်သွယ်စုံစမ်း‌နိုင်ပါတယ်ရှင့်။ #mental_heal #mentalhealth_service #suicidal_thoughts #home_where_you_feel_love_appreciated_and_safe
Hammasini ko'rsatish...
6
Photo unavailableShow in Telegram
Photo unavailableShow in Telegram
1
စိတ်ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကိုအမြဲသတိပေးဖြစ်တဲ့ စကားလေးရှိတယ်။ အားပေးတာမဟုတ်ဘူးနော်၊ သတိပေးတာ။ "အရင်တုန်းကအချိန်တွေမှာ ရှင်သန်ဖို့ခက်လောက်အောင် ပင်ပန်းပြီးပြီမို့ ကိုယ်ကသနားစရာကောင်းတယ်၊ ထပ်ပြီးမလိုအပ်တဲ့အတွေးတွေ အပြောတွေနဲ့ ကိုယ့်ကိုယ်ကို ဖိအားတွေမပေးပါနဲ့တော့" ဆိုပြီး သတိပေးတဲ့အကျင့်လေးလုပ်တယ်။ တကယ်ပဲ ကိုယ်မှမဟုတ်ဘူး၊ လူတိုင်းကလေ စိတ်ပင်ပန်းတဲ့အခါ ပိုပိုပြီးဆိုးတဲ့အတွေးတွေကို တွေးတတ်ကြတယ်။ •အနားယူလို့မဖြစ်ဘူး၊ သူများတွေရှေ့ဆက်နေကြတယ်။ •ကိုယ်ပဲပင်ပန်းနေတာမှတ်လို့၊ လူတိုင်းကတူတူပဲ၊ နင်ကိုကပျော့တာ။ •ငါကလွဲရင်လူတိုင်းအဆင်ပြေနေပုံပဲ။ •ပင်ပန်းလည်းခဏပဲ၊ မနားနဲ့ ဆက်သွား၊ နားလို့မဖြစ်ဘူး။ ဒီလို...ဒီလို အတွေးတွေနဲ့ ညအိပ်တဲ့အခါ မနက်ကျမထချင်တော့တဲ့နေ့တွေ။ ကျွန်တော့်အထင်ပြောရရင် ဒါတွေကို Covid စဖြစ်ခဲ့တဲ့ကာလမှာ လူတိုင်းကြုံဖူးလာကြမယ်ထင်တယ်။ ထပ်ပြီးထပ်ပြီး ခုချိန်တွေထိပေါ့။ တကယ်တော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုပိုပြီးပင်ပန်းစေတဲ့သူတွေပါပဲ။ ဘယ်လိုအချိန်တွေလဲဆိုတော့ စိတ်ပင်ပန်းတဲ့အခါ ကိုယ့်ကိုယ်ကိုပိုပြီးဖိအားပေးမိကြတဲ့အချိန်တွေမှာပါ။ ဒီလိုအဖြစ်ပျက်တွေကပဲ ပိုပြီးဆိုးတဲ့ ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကြုံစေတာဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့ mental heal က (အခမဲ့)webinar လေးတစ်ခုလုပ်ထားပါတယ်။ “How to cope with emergency situation” (ခက်ခဲတဲ့အခြေနေတွေကို ဘယ်လိုရင်ဆိုင်ရမလဲ) ဆိုတဲ့အကြောင်းရာလေးကို mental heal ရဲ့ counselor ဖြစ်တဲ့ ဆရာမ မစုစံထွန်းကမျှဝေဆွေးနွေးပေးမှာပါ။ Webinar : How to cope with emergency situation Counselor : Ma Su San Htun Date : 09. 07. 2024 Time : 7:00 pm Fee : free Platform : Zoom & Facebook live ✅ https://www.facebook.com/share/p/cmMXjv4WaQ2HUKhs/?mibextid=WC7FNe Registration form ✅ https://forms.gle/poxovfnCPRZdGZvN7 ပိုပြီးကောင်းတဲ့နေ့ရက်တွေရှိလာဖို့၊ အခက်ခဲတွေကိုသေချာကိုင်တွယ်နိုင်ဖို့ သေချာပေါက်တက်သင့်တဲ့ webinar လေးမို့ register လုပ်ထားသင့်ပါတယ်နော်။ 🤍 #mental_heal #mentalhealth_service #home_where_you_feel_love_appreciated_and_safe
Hammasini ko'rsatish...
Log in or sign up to view

See posts, photos and more on Facebook.

1
Overthinking ဖြစ်တာကို ပျောက်ကင်းအောင် ကုသလို့မရပါဘူး။ လူဖြစ်တဲ့အလျောက် အတွေးဆိုတာ ရှိကြစမြဲပါပဲ။ ဒါကြောင့် အတွေးတွေကို လိုတာထက်ပိုပြီး မတွေးမိအောင်၊ အနှုတ်သဘောဆောင်တဲ့ဘက်က မတွေးမိအောင် ဘယ်လို ‌ပြုပြင်သင့်လဲဆိုတဲ့ Tipes လေးတွေ Sharing လုပ်ပေးချင်ပါတယ်။ ✅ ကိုယ့်ရဲ့ အတွေးတွေကို ဂရုစိုက်ပါ။ တစ်ခုခုကိုတွေးနေပြီဆိုရင် အဲ့အတွေးတွေထဲ နစ်မြှုပ်မသွားအောင် ချက်ချင်း သတိပြန်ဝင်ဖို့လိုပါတယ်။ ကိုယ်က စိတ်လွင့်ပြီး တစ်ခုခုကို တွေးမိနေမှန်း သတိရတာနဲ့ ချက်ချင်း တခြား အလုပ်တစ်ခုကို ထလုပ်လိုက်ပါ။ (ဥပမာ - အိမ်အလုပ်ဖြစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ်ပေါ့) ✅ အတွေးတွေကို ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ အမေးရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ အတွေးတွေမှာလည်း အဖြေတစ်ခု ရှိပါလိမ့်မယ်။ အဲ့အဖြေကို ကိုယ်ကိုတိုင် ဖော်ထုတ်ရမှာပါ။ (ဥပမာ - ကိုယ့်အပေါ် မ‌ကောင်းတဲ့သူတွေအတွက် လိုက်ခံစားပြီး ကိုယ့်ကိုကိုယ် အပြစ်သားတစ်ယောက်လို ခံယူနေမယ်ဆို အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေးလွန်မယ့်အစား ဘယ်လို move on လုပ်သင့်လဲဆိုတဲ့ အဖြေကို ရှာကြည့်ရမှာပါ) ✅ ဦးနှောက်ကို အနားမပေးပါနဲ့။ တစ်နေ့တာမှာ အနှုတ်သဘောဆောင်တဲ့ အတွေးတွေ မတွေးမိအောင် အလုပ်များများ လုပ်ကြည့်သင့်ပါတယ်။ လူက အားနေတဲ့အခါမှာလည်း စိတ်က တွေးချင်ရာ တွေးနေတတ်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်မှု အားကောင်းစေမယ့် သိုးမွှေးထိုးတာ၊ စာဖတ်တာ၊ ဘာသာစကားတစ်ခုခုကို သင်တာ စတာမျိုး လုပ်ကြည့်သင့်ပါတယ်။ ✅ အကောင်းမြင်တဲ့စိတ် များများမွေးပါ။ အကောင်းမြင်စိတ်များတာကလည်း အတွေးလွန်တာကို လျော့ကျစေပါတယ်။ ကိုယ့်ကိုကိုယ်ကော တခြားသူတွေအပေါ်မှာ အ‌ကောင်းမြင်စိတ်မွေး၊ Positive self-talk လေးတွေ ပြောကြည့်သင့်ပါတယ်။ အစပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်းမှာ ကိုယ့်အတွက် များစွာ အကျိုးပြုစေမှာပါ။ ✅ အနားယူပါ။ အတွေးမလွန်မိအောင် အလုပ်တွေ ကြိုးစားတာဘဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေးတွေကြောင့်ဘဲဖြစ်ဖြစ် ပင်ပန်းလာတဲ့အခါ ကောင်းကောင်း အနားယူသင့်ပါတယ်။ စိတ်ကို ကြည်လင်ပေါ့ပါးသွားအောင် ဘုကားတကားလုပ်တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လေကောင်းလေသန့် ဝဝရှူတာ စတာမျိုးလေးတွေလည်း လုပ်ကြည့်သင့်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ အတွေးလွန်တတ်တဲ့ သူတစ်ယောက်ဆိုရင်လည်း အရမ်းမစိုးရိမ်ဘဲ အပေါ်ကပြောခဲ့တဲ့ Tips လေးတွေအတိုင်း ကြိုးစားကြည့်လို့ရပါတယ်။ 📬 Mental ပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ mental heal chat box ကနေတဆင့် ဆက်သွယ်စုံစမ်း‌နိုင်ပါတယ်ရှင့်။ #mental_heal #mentalhealth_service #overthinking #the_problem_of_overthinking #home_where_you_feel_love_appreciated_and_safe
Hammasini ko'rsatish...
13
💭 The Problem of Overthinking - အတွေးလွန်ခြင်း ပြဿနာ 💭 တွေးတောတတ်တာဟာ လူတိုင်းအတွက် သာမာန်ဖြစ်စဉ်တစ်ခုပေမယ့်လည်း လိုတာထက်ပိုပြီး တွေးတောနေတာဆိုရင် Overthinking လို့ခေါ်တဲ့ အဆင့်ကိုရောက်ရှိစေပါတယ်။ 🔸 Overthinking ဖြစ်စေတဲ့ အကြောင်းအရင်း Overthinking ဟာ အမှားလုပ်မိမှာကို ကြောက်ရွံ့တာ၊ စိတ်ဖိစီးတာ၊ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် perfect မဖြစ်မှာကို စိုးရိမ်တာ စတဲ့ အကြောင်းအရင်းတွေကနေဆင့် Overthinking ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် Overthinking ဟာ Anxiety (စိုးရိမ်ပူပန်တာ) နဲ့ Depression (စိတ်ဓာတ်ကျတာ) စတဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါတယ်။ 🔸 Overthinking မှာ ပုံစံ ဘယ်နှမျိုးရှိလဲ? Overthinking မှာ အဓိကအားဖြင့် ပုံစံ (၃) မျိုးရှိတတ်ကြပါတယ်။ အဲ့တာတွေကတော့ - (၁) အတိတ်ကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အတွေးလွန်တာ လူတော်တော်များများမှာ မေ့လို့မရတဲ့ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ်။ (ဥပမာ - အရင်က ကိုယ်ဟာ Relationship မှာ စွန့်ပစ်ခံရတာမျိုး၊ ဖောက်ပြန်ခံရတာမျိုးဆိုရင် ကိုယ်‌ရဲ့ နောက် Relationship မှာလည်း ဒါမျိုး အဖြစ်အပျက်နဲ့ ထပ်ကြုံရမှာကို စိုးရိမ်ပြီး အတွေးလွန်တတ်တာမျိုးပေါ့) (၂) အနာဂတ်မှာ မဖြစ်သေး‌တဲ့အရာတွေနဲ့ ပတ်သက်ပြီး အတွေးလွန်တာ အတွေးလွန်တတ်တဲ့သူတွေက များသောအားဖြင့် အနှုတ်သဘောဆောင်တဲ့ဘက်ကို ပိုတွေးတတ်ကြပါတယ်။ (ဥပမာ - ကိုယ်လုပ်နေတဲ့အရာက အကောင်အထည်မဖြစ်လာမှာ၊ အလုပ်သစ်မရမှာ စတဲ့ အရာတွေပေါ် အတွေးလွန်တတ်တာမျိုးပေါ့) (၃) ကိစ္စတစ်ခုအပေါ် အရမ်း အလေးအနက်ထားပြီး တွေးတောတတ်တာ ဒီအချက်က အပေါ်က နံပါတ် (၁) နဲ့ (၂) နှစ်ချက်လုံးနဲ့သက်ဆိုင်ပါတယ်။ ဘယ်ကိစ္စကိုမဆို ပုံမှန်ထက်ပိုပြီး အတွေးလွန်တတ်တယ်။ (ဥပမာ - ပြဿနာတစ်ခုဖြစ်ပြီဆို အဲ့အရာအပေါ် overanalysis လုပ်ပြီး အတွေးလွန်တတ်တာမျိုးပေါ့) 🔸 Overthinking ဖြစ်တာက စိတ်ရောဂါတစ်ခုလား? Overthinking ဖြစ်တတ်တာကို စိတ်ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် တချို့ Psychologists နဲ့ Therapists တွေကတော့ Overthinking ဖြစ်တာဟာ Anxiety, Depression နဲ့ Stress တို့ကို ဖြစ်စေတဲ့ မူလအစ လက္ခဏာဖြစ်စေနိုင်ပါတယ်ဆိုပြီး ပြောထားပါတယ်။ ဒါကြောင့် ကိုယ်က အတွေးလွန်တတ်တယ်ဆိုရင် မပေါ့လျော့သင့်‌ပါဘူး။ 🔸 Overthinking ဖြစ်နေရင် သိနိုင်မယ့် အချက် (၅) ချက် 📍 အတိတ်ကဖြစ်ရပ်တွေ ပိတ်လှောင်ထားပြီး လက်ရှိပစ္စုပ္ပန်ကာလမှာ နေထိုင်ဖို့ခက်ခဲလာတယ်။ လူတွေရဲ့ သဘောသဘာဝက လက်ရှိအချိန်မှာ အဆင်မပြေဖြစ်နေရင် အတိတ်ကအကြောင်းတွေကို ပြန် သုံးသပ်မိပြီး မေးခွန်းထုတ်တတ်ကြတယ်။ (ဥပမာ - တကယ်လို့ ငါသာ အရင်ထဲက စာကြိုးစားခဲ့မယ်ဆိုရင် ခုလောက်ပင်ပန်းမှာမဟုတ်ဘူး၊ တကယ်လို့ ငါသာ ပိုဂရုစိုက်ပေးခဲ့ရင် သူငါ့ကိုထားသွားမှာ မဟုတ်ဘူး) စတဲ့ အတိတ်က နောင်တတွေကို ပြန်တွေးကြရင်း ကိုယ့်ကိုကိုယ် ဒုက္ခပေးတတ်ကြတယ်။ ဒါကြောင့် Overthinking ဖြစ်တတ်တဲ့သူ တော်တော်များများက အတိတ်က စိတ်ဒဏ်ရာတွေကို move on လုပ်နိုင်ဖို့ ခဲယဉ်းကြပါတယ်။ 📍 ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ခက်ခဲတယ်။ Overthinking ဖြစ်တတ်တဲ့သူတွေဟာ အတိတ်ကအမှားလိုမျိုး ထပ်မှားမှာကို စိုးရိမ်ပြီး ကြောက်တတ်ကြပေမယ့် ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် ‌ကာကွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာတဲ့နေရာမှာလည်း နှောင့်နှေးစေသလို ဆုံးဖြတ်ချက် နှစ်ခုထဲက တစ်ခုကို ရွေးချယ်တဲ့အခါမှာလည်း ခက်ခဲစေပါတယ်။ ဘာလို့လဲဆိုတော့ Overthinking ဖြစ်တဲ့သူတွေဟာ အပေါ်မှာ ပြောခဲ့သလို အနှုတ်သဘောဆောင်ဘက်ကိုဘဲ ပိုဦးစားပေးပြီး တွေးတတ်တာကြောင့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ခက်ခဲစေတာပဲဖြစ်ပါတယ်။ 📍 တခြားဘာကိုမှ အာရုံစူးစိုက်လို့မရတော့ဘူး။ Overthinking ဖြစ်တတ်တဲ့သူတွေဟာ အဖြစ်အပျက်တစ်ခုအပေါ် အတွေးလွန်တတ်ကြတာကြောင့် ကိုယ့်ရဲ့ နေ့စဉ်တာဝန်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ (ဥပမာ - စိတ်က အတွေးတွေထဲမှာ နစ်မြောသွားနေရင် ကိုယ်လုပ်ရမယ့် အလုပ်တွေကို ဆက်မလုပ်ချင်တော့တာမျိုး)။ ဒါကြောင့် စိတ်ဆိုတာ အနားပေးထားလို့မရပါဘူး။ 📍 လမ်းပျောက်သလိုခံစားလာရပြီး Self-esteem လျော့နည်းလာတယ်။ Overthinking ဖြစ်တဲ့သူတွေဟာ သူတို့ရဲ့အတွေးတွေထဲ နစ်မြှုပ်ထားတာကြောင့် ကိုယ့်ရဲ့ နေ့စဉ်တာဝန်တွေအပြင် အနာဂတ်လမ်းကြောင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါအပြင် အတွေးလွန်တာကြောင့် ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့/ဂရုစိုက်တတ်ဖို့ မေ့လာမယ်။ 📍 စိတ်က ထိလွယ်ရှလွယ်ဖြစ်လာမယ်။ Overthinking ဖြစ်တတ်တဲ့သူတွေသာမက စိတ်ဒဏ်ရာရှိတဲ့လူတိုင်းဟာ ပုံမှန်ထက်ပိုပြီး ဝမ်းနည်း၊ ကြေကွဲလွယ်ပါတယ်။ ဒါပေမယ့် Overthinking ဆိုတဲ့အတိုင်းပဲ မဖြစ်လာသေးတဲ့အရာတွေကိုပါ ထိုင်စဉ်းစားနေရင်း အကြောင်းပြချက်မရှိ ဝမ်းနည်းနေတတ်ပါတယ်။ ‌နောက်ပြီး ဒီလိုမျိုး စိတ်ညစ်စရာ အတွေးတွေက ခဏလေးနဲ့ ပျောက်မသွားဘဲ ၂ရက်၊ ၃ရက် လောက်ကြာတဲ့အထိ ထိုင်တွေးပြီး စိတ်ညစ်နေတတ်ကြပြန်ပါတယ်။ 🔸 Overthinking ဖြစ်တာကို ဘယ်လို လျှော့ချမလဲ?
Hammasini ko'rsatish...
3👍 2👏 1
Photo unavailableShow in Telegram
မိမိကိုယ်ကို ပျောက်ဆုံးခြင်း ( Identity Crisis)❗ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသလို ခံစားနေရမယ်။ မိမိလက်ရှိroleကို ရှင်းရှင်းလင်းလင်းမသိတဲ့အတွက် ဘာဆက်လုပ်ရမယ် ဆိုတာကိုပါ မသိတော့ပဲ လမ်းပျောက်နေမယ်။ မိမိကိုယ်ကို ပြန်သုံးသပ်တဲ့အခါတိုင်း စိတ်ဖိစီးမှုခံစားနေရမယ်ဆိုရင် Identity Crisis ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ Identity Crisis ဖြစ်နေသူတစ်ယောက်အနေနဲ့ ငါကဘယ်လိုလူမျိုးလည်း ဆိုပြီး မိမိကိုယ်ကို အဆက်မပြတ် မေးခွန်းပြန်ထုတ်နေမယ်။ ဒါ့အပြင် -သင့်ဘဝရည်ရွယ်ချက် -သင့်ဝါသနာ -သင့်ယုံကြည်မှု -သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး -သင့်အတွေ့အကြုံ -သင့်ကိုယ်ပိုင်အမြင်ဖြင့် ဖန်တီးထားသောအရာ တွေက ဘာတွေလည်းဆိုတာကို မိမိကိုယ်ကို ပြန်မေးရတဲ့အထိ မိမိကိုယ်ကို ပျောက်ဆုံးနေမယ်။ ဘာမှမလုပ်ချင်ပဲ ပျင်းနေမယ်။ သင်အရမ်းကြိုက်တဲ့အရာတွေ၊ လုပ်နေကျအရာတွေကို ငြီးငွေ့လာမယ်။ ဥပမာ- အိမ် (သို့) အလုပ်တွင် မိမိတာဝန်ယူထားတဲ့ မိမိရဲ့role၊ ယုံကြည်ထားတဲ့အရာတွေ၊ ပန်းတိုင်တွေ၊ နေ့စဥ်လုပ်ရှားမှုတွေ၊ မိမိရဲ့စံပြပုဂ္ဂိုလ် စတဲ့အရာတွေအပေါ် စိတ်ဝင်စားမှုလျော့လာမယ်။ Depression လက္ခဏာကဲ့သို့ စိတ်အခြေအနေကျဆင်းခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ စိတ်ဝင်စားမှုအားနည်းလာခြင်းများ ခံစားနေရပြီဆိုလျင် ကျွမ်းကျင်စိတ်ကုထုံးပညာရှင်နှင့် ဆွေးနွေးကြည့်သင့်ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ မိမိ Identityကို ကိုယ်တိုင်ရှာမတွေ့ခဲ့ပဲ Identity Struggle လုပ်ခဲ့ရသူများဟာ Identity Crisis နှင့်ရင်ဆိုင်နေရကြောင်း စိတ်ကုထုံးပညာရှင် Erikson က ဖော်ပြထားခဲ့ပါတယ်။ ထို့အပြင် မိမိချစ်ရသူနှင့် သေကွဲခွဲရခြင်း၊ အလုပ်အကိုင်ဆုံးရှုံးထားခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ချစ်သူနှင့် လမ်းခွဲထားခြင်း၊၊ နေရာအသစ်ကို ပြောင်းရွှေ့နေထိုင်ရခြင်းတွေကြောင့် Identity Crisis နှင့်ကြုံရတာဖြစ်ကြောင်း Erikson က ထည့်သွင်းဖော်ပြထားပါသေးတယ်။ နေရာထိုင်ခင်းအသစ်တွင်နေထိုင်ရသူများဟာ လက်ရှိနေရာနှင့် fit in မဖြစ်သေးပဲ အရာရာအစိမ်းသက်သက်ဖြစ်သလိုခံစားရပြီး အထီးကျန်ခြင်း၊အားငယ်ခြင်း၊လုံခြုံမှုမရှိခြင်းများ ခံစားရသောကြောင့် Identity Crisis ဖြစ်နေတယ်လို့လည်းဆိုနိုင်ပါတယ်။ ဒါတင်မကပဲ အလုပ်အကိုင်ရှာဖွေရာတွင် အခက်အခဲကြုံနေရသူများအနေနှင့်လည်း ငါကအရင်ဘာလုပ်ခဲ့တာလည်း? ငါ့ရဲ့တန်ဖိုးက ဘာလည်း? စတဲ့အရာတွေပါ ပျောက်ဆုံနေပြီး low motivateဖြစ်ကာ အရာရာဗလာဖြစ်သွားသလို လမ်းပျောက်တဲ့ခံစားချက်မျိုး ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Identity Crisis ကြုံနေရလျှင် ✅Have I done everything I needed to do? ငါတကယ်လုပ်ရမယ့် အရာတွေကို ငါလုပ်နေရဲ့လား ? ✅What is my legacy? ငါ့တန်ဖိုးက ဘာလည်း ? ✅Should I be enjoying life more? ငါ့ဘဝကို ဒီထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားသင့်ရဲ့လား ? ✅Should I try new things? ငါအနေနဲ့ ကောင်းတဲ့ကိစ္စအသစ်တွေကို ကြိုးစားကြည့်သင့်လား ? ✅Is it too late to …? အရာရာက ငါ့အတွက် နောက်ကျနေပြီလား ? စတဲ့ မေးခွန်းများဖြင့် မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ နောက်ပြီး ✔️Acknowledge and accept your feelings - သင့်လက်ရှိ ခံစားချက်တွေကို အသိအမှတ်ပြုပေးပါ။ လက်ခံလိုက်ပါ။ ✔️Explore your beliefs and interests - သင့်ယုံကြည်ချက်နဲ့ စိတ်ဝင်စားမှုကို ရှာဖွေကြည့်ပါ။ ✔️Consider your goals - သင်ဖြစ်ချင်တဲ့ ပန်းတိုင်(အိမ်မက်)က ဘာလည်းဆိုတာ သိအောင်လုပ်ပါ။ ✔️Get support - သင့်ရဲ့ မိသားစု၊အသိုင်းအဝိုင်း၊ချစ်ခင်သူတွေဆီက အကူအညီ၊အထောက်ပံ့များကို လက်ခံရယူပေးပါ။ စတဲ့ အချက်တွေကိုလုပ်ဆောင်ပြီး မိမိကိုယ်ကို ပြန်ရှာဖွေကြည့်ပါ။ မိမိကိုယ်တိုင် control လုပ်ဖို့ခက်ခဲသူများ အနေဖြင့် ကျွမ်းကျင်သော စိတ်ကုထုံးပညာရှင်များ နှင့်သာ ကုသမှုခံယူဖို့ အကြုံပြုလိုပါတယ်။ Knowledge sharing ဖြစ်တာကြောင့် ယေဘူယျအားဖြင့် လိုအပ်မယ်အချက်များကိုသာ အကျဥ်းချုပ် ဖော်ပြထားတာဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင်လည်း နားလည်ပေးစေလိုပါတယ်ရှင့်။ Mental Health ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို mental heal နဲ့အတူ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ #mental_heal #mentalhealth_service #identity_crisis #home_where_you_feel_love_appreciated_and_safe
Hammasini ko'rsatish...
9
Photo unavailableShow in Telegram
Personality Disorder ဆိုတာဘာလဲ ❓ Personality Disorder ဆိုတာ တစ်နည်းအားဖြင့် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းပြီး ကွဲပြားတဲ့ အမူအကျင့်၊ အတွေးအခေါ် တွေဟာ သူများတွေနဲ့ မတူတတ်ကြပါဘူး။ Personality Disorder ကို ခံစားနေရတဲ့သူတွေဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို နားလည်ဖို့ ခက်ခဲတာ၊ ပြဿနာတစ်ခုကို မဖြေရှင်းဘဲ ရှောင်ပြေးတတ်တာ (ဒါမှမဟုတ်) ပြဿနာတွေအပေါ် ခံနိုင်ရည်ရှိသွားတာ နဲ့ စိတ်မြန်လက်မြန် ပြုမူတတ်တာစတဲ့ လက္ခဏာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် Personality Disorder ရှိတဲ့သူတွေဟာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့နေရာမှာလည်း ခက်ခဲစေတတ်တဲ့အပြင် တခြား ဆိုးရွားတဲ့ ပြဿနာတွေကို ‌ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် Personality Disorder ရှိ/မရှိ ဆိုရင် - ⭕ တခြားလူကို သံသယစိတ် နဲ့ ယုံကြည်ဖို့ ခက်ခဲတာ ⭕ စိတ်အပြောင်းအလဲမြန်တာ (သို့မဟုတ်) စိတ်ဂဏာမငြိမ်ဖြစ်တာ ⭕ ဘယ်ကိစ္စကိုမဆို Risks အရမ်းယူလွန်းတာ ⭕ စွန့်ပစ်ခံရမှာကို ကြောက်ရွံ့တာ ⭕ ကိုယ့်ကိုကိုယ် တန်ဖိုးမထားတာ၊ ထိခိုက်အောင်လုပ်တာ စတဲ့ ယေဘုယျအချက်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ့်မှာ Personality Disorder ရှိ/မရှိ ဆန်းစစ်နိုင်ပါတယ်။ 📝 Personality Disorder လက္ခဏာကို ခံစားနေရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုကိုယ် ချစ်တတ်အောင်၊ ကိုယ့်ရဲ့ ခံစားချက်ကို နားလည်တတ်အောင် အရင် ကြိုးစားကြည့်ပါ။ 📝 နောက်ပြီး ကိုယ့်မှာ တခြား စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာ ကြုံလာတဲ့အခါ ရှောင်မပြေးတော့ဘဲ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခု (ဒါမှမဟုတ်) အကြံဉာဏ်တွေကို ကိုယ်ရင်းနှီးရတဲ့ သူတွေနဲ့အတူ တိုင်ပင်ကြည့်ပါ။ 📝 Personality Disorder တွေအ‌တွက် အထိရောက်ဆုံး နဲ့ အကောင်းဆုံး ဖြေရှင်းချက်ကတော့ စိတ်ပိုင်းဆိုင်ရာမှာ အတွေ့အကြံရှိတဲ့ Counsellors, Therapists တွေနဲ့အတူ ဆွေးနွေးတိုင်ပင်ကြည့်တာက ကိုယ့်အတွက် တိကျသေချာတဲ့ အဖြေတစ်ခု ရရှိစေတဲ့အပြင် ကိုယ်မြိုသိပ်ခဲ့ရတဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ရင်ဖွင့်ရင်း အကြံဉာဏ်တောင်းလို့ရတာကြောင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အဖြေရှာမရတဲ့အခါ Counselling လုပ်ကြည့်ပါ။ 📬 Mental ပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ mental heal chat box ကနေတဆင့် ဆက်သွယ်စုံစမ်း‌နိုင်ပါတယ်ရှင့်။ #mental_heal #mentalhealth_service #personality_disorder #home_where_you_feel_love_appreciated_and_safe
Hammasini ko'rsatish...
3
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.