uz
Feedback
Creative Coder Myanmar

Creative Coder Myanmar

Kanalga Telegram’da o‘tish

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

Ko'proq ko'rsatish
1 469
Obunachilar
Ma'lumot yo'q24 soatlar
+67 kunlar
+3730 kunlar
Postlar arxiv
photo content

photo content

photo content
+4

Practical Project တွေလုပ်ဖို့ ခေါင်းခဲနေတဲ့ developer တွေအတွက် GitHub Resources =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Practical Project တွေအတွက် လေ့လာလို့ရမယ့် GitHub resource တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီ resource တွေကနေ လေ့လာပြီး စု၊တု၊ပြု ကာ ကိုယ်ပိုင် project တွေကိုတည်ဆောက်လာနိုင်မှာပါ။ 👉 https://github.com/gothinkster/realworld ဒီ resource မှာတော့ fullstack development အတွက် လိုအပ်တဲ့ real world project တွေကိုပြပေးထားပါတယ်။ 👉 https://github.com/Chalarangelo/30-seconds-of-code ကိုယ့်ရဲ့ project တွေမှာထည့်သွင်းအသုံးပြုနိုင်မယ့် JavaScript Code snippet တွေကိုထည့်သွင်းပေးထားပါတယ်။ 👉 https://github.com/public-apis/public-api ကိုယ့်ရဲ့ practical project တွေမှာအသုံးပြုနိုင်မယ့် API အမျိုးမျိုးကို ထည့်ပေးထားပါတယ်။ 👉 https://github.com/practical-tutorials/project-based-learning programming language အမျိုးမျိုးရဲ့ real world project တွေပါ၀င်မှာဖြစ်ပြီး language တစ်ခုချင်းစီတိုင်းအတွက် သက်ဆိုင်ရာ project တွေထည့်သွင်းပေးထားပါတယ်။။ 👉 https://github.com/codecrafters-io/build-your-own-x operating system တွေ database တွေစတဲ့ project တွေတည်ဆောက်ဖို့အတွက် resource အစုံအလင်ပါ၀င်မှာဖြစ်ပါတယ်။ ကဲ.. ဒီ resource တွေကိုသုံးပြီး next level ရောက်ဖို့ကြိုးစားကြမယ်နော် 👀 #creative_coder_myanmar

photo content
+5

Web Development ကိုအစကနေ ထိထိရောက်ရောက်လေ့လာကြည့်ရအောင် 👀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Web Development ကိုစတင်လေ့လာဖို့စဉ်းစားနေတဲ့ Developer တွေရှိပါသလား? ဒါဆိုရင်နေ့ရွှေ့ညရွှေ့လုပ်မနေဘဲ အခုပြထားတဲ့ resource တွေကနေ အခမဲ့လေ့လာကြည့်လိုက်ရအောင် 👀🚀 ဒီနေ့မှာတော့ Beginner တွေအတွက်အသုံး၀င်စေမယ့် HTML, CSS resource (၂) ခုကိုမျှ‌ဝေပေးသွားမှာဖြစ်ပါတယ်။ 📝 Mozilla Developer Network (MDN) မှာဆိုရင် ပထမဆုံး web page ကိုပြုလုပ်ဖို့အတွက် HTML ရဲ့ basic concept တွေဖြစ်တဲ့ tags, elements, attributes တွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ 👉 https://developer.mozilla.org/en-US/docs/Learn/Getting_started_with_the_web/HTML_basics 📝 Real world example တွေနဲ့အတူ လေ့လာနိုင်တာကတော့ CSS tricks - A complete guide to CSS ပဲဖြစ်ပါတယ်။ ဒီမှာဆိုရင် အခြေခံ concept တွေနဲ့အတူ web page တစ်ခုကို ဘယ်လိုစပြီး styling လုပ်ရမလဲဆိုတာတွေပါဝင်ပါတယ်။ 👉 https://css-tricks.com/guides/ ဒီလိုမျိုး resource လုပ်ပေးတဲ့ series လေးကိုကြိုက်တယ်ဆိုရင် နောက်နေ့မှာလည်း လေ့လာဖို့လိုအပ်တဲ့ အကြောင်းအရာလေးတွေတင်ပေးသွားမှာဖြစ်လို့ ဒီ resource လေးတွေက ကိုယ့်အတွက် အသုံး၀င်မ၀င် comment မှာရေးပေးခဲ့ကြနော် 👀 #creative_coder_myanmar #beginner #html #css

photo content
+2

photo content
+1

Creative Coder Myanmar နှင့် ကျောင်းသားတို့၏ စုပေါင်းအလှူ ✨ =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° ရေဘေးအတွက် ကျောင်းသားတို့ရဲ့ အတန်းအပ်သမျှ သင်တန်းကြေးတွေရဲ့ ၁၀၀% ကိုပြန်လည်လှူတန်းခဲ့ရာ စုစုပေါင်း (၂၀ ) သိန်းကျော်လှူဒါန်းရရှိခဲ့ပါတယ်။ အလှူရှင်စာရင်းနဲ့ တက်ရောက်ခဲ့တဲ့သင်တန်းတွေကိုလည်း အောက်မှာတစ်ခါတည်း ထုတ်ပြန်ပေးထားပါတယ်။ လှူထားသမျှငွေတွေကိုလည်း လိုအပ်တဲ့နေရာတွေဆီခွဲဝေပြီး လွှဲပေးပြီးသွားပြီဖြစ်ပါတယ်။ အတူပါဝင်ခဲ့ကြတဲ့ သူတွေအကုန်လုံးကိုမကြာခင်မှာ certificate လေးတွေပို့ပေးသွားမှာလည်းဖြစ်ပါတယ်။ အခုအလှူမှာ ပါ၀င်ပေးခဲ့ကြတဲ့ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Creative Coder Myanmar ကနေအထူးပဲကျေးဇူးတင်ရှိပါတယ်။ #creative_coder_myanmar

Responsive Web Design အတွက်သိထားသင့်တဲ့အချက်များ =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Developer မှန်ရင် responsive နဲ့မကင်းပါဘူး။ ကိုယ်ရေးထားတဲ့ website တွေဟာ ဘယ်လို device မျိုးမှာမဆို user တွေအဆင်ပြေအောင် အသုံးပြုနိုင်ဖို့အရေးကြီးပါတယ်။ Responsive web design ဆိုတာကတော့ desktop, tablet, mobile စတဲ့ device မျိုးစုံမှာ user တွေအသုံးပြုရအဆင်ပြေအောင် layout ကို အလိုအလျောက် adjust လုပ်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ Developer တိုအနေနဲ့အောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး responsive web design ရအောင်ပြုလုပ်နိုင်ပါတယ်။ 📌 fluid grid system ကိုအသုံးပြုပြီး page layout ကို screen အလိုက်ပုံစံအမျိုးမျိုးပြောင်းနိုင်သလို percentage-based width ကိုအသုံးပြုပြီးတော့လည်း မည်သည့် screen size ကိုမဆို ညီအောင်ပြုလုပ်လို့ရပါတယ်။ 📌 CSS media queries ကိုအသုံးပြုပြီးတော့လည်း device screen size, orientation, resolution စတဲ့အချက်အလတ်ပေါ်မူတည်ပြီးတော့လည်း style ကိုပြောင်းလဲနိုင်ပါတယ်။ 📌 Images, videos နဲ့ frame တွေကို max-width 100% ကိုသုံးပြီး screen size အလိုက် adjust လုပ်ယူလို့လည်းရပါတယ်။ 📌 Mobile device တွေမှာ touch input တွေကို သေချာစဉ်းစားပြီး buttons, links, navigation menus တွေကို တင်ပေးရပါမယ်။ Clickable areas ကြီးမားစေပြီးတော့ touch interface အသုံးပြုသူများအတွက် သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 📌 Responsive design ကို ဘာ browser, device မှာမဆို အရင်ဆုံး testing လုပ်ဖို့လိုပါတယ်။ Google Chrome's DevTools ထဲက responsive mode နဲ့ simulate လုပ်ပြီး screen size မျိုးစုံမှာ စစ်ဆေးရပါမယ်။ 📌 နောက်ဆုံးအနေနဲ့ကတော့ Bootstrap, Foundation စတဲ့ responsive CSS frameworks တွေက website ကို ပိုလွယ်ကူမြန်ဆန်စေပါတယ်။ In-built grid systems, media queries, and components တွေက responsive design ကို အရမ်းသက်သာစေပါတယ်။ ဒီအချက်လေးတွေက developer တို့ကို responsive design တွေတည်ဆောက်တဲ့နေရာမှာ အထောက်အကူအများကြီးဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ အခြား developer သူငယ်ချင်းတွေသိသွားအောင်လည်း sharing လုပ်ပေးဖို့ မမေ့ပါနဲ့နော် 👀 #creative_coder_myanmar

photo content

photo content

“ရေဘေးအလှူ တို့ဝိုင်းကူ Creative Coder နဲ့အတူ” Creative Coder ‌ကနေပြီးတော့ အခုတွေ့ကြုံနေရတဲ့ ရေဘေးအတွက် အလှူလေးတစ်ခုပါဝင်ဖို့စီစဉ်ထားပါတယ်။  အစီအစဉ်လေးကတော့ Code လည်းသင်၊ လှူလည်းလှူ ဆိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။  Creative Coder Team ကနေလည်း ဒီအလှူကို (၇) သိန်းကျော်မတည်ပြီး ထည့်၀င်ထားပါတယ်။ Creative Coder Learning Platform မှာရှိတဲ့အတန်းတွေကို အပ်နှံပြီး ဒီအလှူကို ပါ၀င်နိုင်မှာပါ။ အတန်းအပ်တာကနေ ရလာတဲ့ ငွေကြေးတွေကိုလည်း တစ်ပြားတစ်ချပ်မကျန် အကုန်လှူဒါန်းသွားမှာဖြစ်ပါတယ်။ အတန်းတွေကိုတစ်တန်းချင်းလည်းတက်နိုင်ပြီး Learning Platform မှာရှိတဲ့အတန်းတွေအကုန်တက်မယ်ဆိုရင် နှစ်သိန်းကျော် Discount ရရှိမှာဖြစ်ပြီး သုံးသိန်းခွဲတည်းနဲ့တက်နိုင်မှာဖြစ်ပါတယ်။ Course တစ်ခုချင်းစီတက်တဲ့သူတွေအတွက်လည်း လျှော့ဈေးနဲ့တက်နိုင်မှာဖြစ်ပြီး သင်တန်းကြေးတွေကလှူပြီးသားဖြစ်မှာပါ။  Coding Field ကမဟုတ်ပေမယ့် လှူချင်တဲ့သူတွေလည်း page ကနေတိုက်ရိုက်လှူလို့ရပါတယ်။ နည်းတယ်၊ များတယ်သဘောမထားဘဲ တတ်နိုင်သလောက် ပါ၀င်လို့ရတာမို့ အကြွေလေးတွေကအစလည်း ထည့်၀င်လို့ရပါတယ်။  ရရှိလာတဲ့ငွေတွေအကုန်လုံးကိုလည်း တစ်ပတ်အတွင်း စာရင်းပြန်ပြပြီး လိုတဲ့နေရာတွေဆီရောက်အောင် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။  တက်ရောက်နိုင်တဲ့အတန်းတွေနဲ့ ဈေးနှုန်းတွေကတော့  📌 Js +Vue + Firebase  Course -100,000 MMK 📌 PHP +  Deep Dive Laravel Course - 70,000 MMK  📌 Web Deployment From Scratch Course - 350,000 MMK  📌 MERN Stack - 150,000 MMK  📌 React + Firebase Combo Course - 150,000 MMK  📌 Programming Basic With JavaScript Course - 40,000 MMK  ကဲ..  code လည်းသင်၊ လှူလည်းလှူဖို့ page messenger မှာအခုပဲပါ၀င်နိုင်ပါပြီ။

photo content

Laravel နဲ့ React အတန်းက လက်တွေ့ Project များ 🚀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°° ကျောင်းသားတွေရဲ့သင်ယူတတ်မြောက်မှုကို အလေးပေးထားတဲ့ ဒီ Zoom Class တွေမှာ code ရေးသားပုံ၊ တွေးခေါ်နည်းကို အဓိကထားသင်ကြားပေးထားရုံသာမက သင်ခန်းစာတခုပြီးတိုင်း လက်တွေ့ project အသေးလေးတွေအပြင်၊ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ portfolio ထဲကိုထည့်နိုင်မယ့် E-commerce project ကိုပါအတူတူပြုလုပ်ရမှာဖြစ်ပါတယ်။ ‌Laravel နဲ့ React Class (၂) ခုလုံးအတွက် သင်တန်းနဲ့သက်ဆိုင်တဲ့ E-commerce လေးကိုပြုလုပ်သွားကြရမှာဖြစ်ပါတယ်။ Discount တွေအပြင် Combo class အတွက် special prize ကိုပါထားပေးထားတာကြောင့် တန်မှတန်ပဲနော် 💯 Zoom အတန်းလေးဖြစ်တာနဲ့အညီ လူဦးရေလည်း ကန့်သတ်ထားတာကြောင့် အမြန်လေးအတန်းလာအပ်မှ စိတ်ချရမယ်နော် 👀 #creative_coder_myanmar

photo content

✅ Frontend Javascript ကို ဘာမှမသိတဲ့ Level ကနေ React နဲ့ Project ရေးသားတဲ့ Level သွားလိုသူများ ✅ စာပြန်လုပ်ရင်း အခက်ခဲရှိလာတိုင်း တစ်ယောက်ချင်း စာမေးလိုသူများအတွက် သေချာပြင်ဆင်ထားတဲ့ အတန်းလေးတွေဖြစ်တာမို့ Early Bird Discount လေးရှိတုန်းမနောက်ကျစေနဲ့နော်ဗျို့။🎉 Client ရဲ့ Ecommerce Project ကို ပြန်ရေးပြရင်းသင်သွားမှာဖြစ်လို့ လက်တွေ့ Project Frontend Real World Experience ကို ရလိုသူများတွက် အထူးသင့်တော်ပါတယ်ခင်ဗျာ။🚀🚀🚀 https://www.facebook.com/100064708297617/posts/pfbid02dC7Z4tykWdZT5D5Vq1wCVdqM6UGyC1RZbdgDKrsSG2xAo2rcYD4AVfTKSM9zb2aFl/

photo content
+8

Developer တို့အတွက် Freelance Project တွေရှာလို့ရမယ့် နေရာများ 💯👀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° ကိုယ်သင်ယူတတ်မြောက်ထားတဲ့ skill တွေကို freelance project တွေမှာ အသုံးချဖို့ အဆင်သင့်ဖြစ်နေတဲ့ Developer တွေများရှိပါသလား 🖐🏻 လေ့လာနေဆဲ Developer ကြီးတွေကလည်း ဒီ post လေးကနောင်မှာ အသုံး၀င်လာမှာဖြစ်တဲ့အတွက် ကြိုဆေ့ဖ်လုပ်ထားလို့တယ်နော် 👀 ဒီနေ့ပြောပြပေးချင်‌တာကတော့ Freelance Project တွေရှာလို့ရမယ့် online platform တွေပဲဖြစ်ပါတယ်။ 📝 ပထမဆုံး freelance platform တွေမှာ register စလုပ်ပါ။ Freelance platform ‌တွေကအများကြီးရှိပေမဲ့ တော်တော်များများသုံးကြတဲ့ platform တွေကိုဖော်ပြပေးလိုက်ပါတယ် ။ 👉 Upwork: https://www.upwork.com/ 👉 Freelancer: https://www.freelancer.com/ 👉 Fiverr: https://www.fiverr.com/ 👉 Toptal: https://www.toptal.com/ 👉 MM Freelance Hub : mmfreelancehub.com ဒီ platform တွေမှာ client တွေအများကြီးကိုရှာလို့ရပြီး project တွေလည်းအများကြီးရှိပါတယ်။ 📝 အလုပ်အကိုင်တစ်ခုရဖို့ skill ကလည်းလိုတဲ့အပြင် networking ကောင်းဖို့ကလည်းလိုပါတယ်။ ဒါကြောင့် Senior တွေ field ချင်းတူတဲ့သူတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့ ။ နောက်တစ်ခုက events တွေ conference တွေ ကနေလည်း client တွေ မိတ်ဆွေတွေရလာနိုင်ပါတယ်။ 📝 Indeed တို့ Glassdoor တို့ Linkedin တို့လို job board တစ်ခုဖန်တီးထားတာကလည်း အလုပ်အကိုင်အတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ 📝 Twitter တွေ Linkedin တွေ GitHub တွေကိုသုံးပြီး ကိုယ့်ရဲ့ activities တွေကိုအမြဲတမ်း update လုပ်ထားဖို့လည်းမမေ့ပါနဲ့ ။ 📝 ကိုယ်လုပ်ပေးခဲ့တဲ့ client တွေ colleague တွေဆီကနေ referrals တောင်းခံပါ။ ဒါက client အသစ်တွေကိုလည်းတိုးပွားစေနိုင်သလို freelance job လုပ်ကိုင်နေတဲ့သူတွေအတွက် လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ Linkedin မှာဆို endorsement လုပ်ပေးလို့ရတဲ့ feature လေးပါပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရည်အချင်းတွေ ကိုတစ်နေရာတည်းမှာ ချပြနိုင်မဲ့ showcase လို portfolio တစ်ခုဖန်တီးထားဖို့လည်းလိုပါသေးတယ်။ အားလုံးနဲ့အတူ ရုန်းကန်နေကြတဲ့ ကာလမှာ လိုချင်တဲ့အလုပ်အကိုင်တွေအမြန်ဆုံးရပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ သိချင်တာတွေ ဆွေးနွေးချင်တာတွေကို ဒီ post အောက်မှာမေးမြန်းခဲ့နိုင်ပါတယ်။ #creative_coder_myanmar #freelance #platform