တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish8 271
Obunachilar
-224 soatlar
-407 kunlar
-16530 kunlar
Postlar arxiv
ပြည်ပြေးတွေ၊ လော်ဘီတွေ၊ ထောက်ပို့တွေကျ မတို့မထိ၊ ပတ်စပို့ မပိတ်သိမ်းကြဘူး။
ကိုယ့်အချင်းချင်းကျ နှစ်ရှည်ထောင်ချဖို့ ကြိုးစားနေလိုက်ကြတာ။
တပ်မတော်ကို အမှန်အကန်ဝေဖန် ထောက်ပြချင်ရင် နိုင်ငံခြားပြေးပြီးမှ ထောက်ပြရမဲ့ အနေအထားလို ဖြစ်လာပြီ။ နိုင်ငံခြားမှာ အနီတွေ ကန့်ကွက်တာလောက်ရှိတာ ဘယ်သူမှ လာထိလို့မရဘူး။ သက်ဆိုင်ရာနိုင်ငံက ဘယ်သူကိုမဆို လုံခြုံရေးအပြည့်ပေးထားပါတယ်။
တပ်သားလေးဖိုးထောင်
ဖားကန့်ကပေါက်ကွဲမှုဘယ်သူလုပ်တာလဲ
ဒီနေ့ နေ့လည် ၁ နာရီလောက်က ဖားကန့် မှော်ဆီဆာ တင်အောင်ကြိုင် လုပ်ကွက်မှာရှိတဲ့ ယမ်းလက်ကျန်ဂိုထောင် ပေါက်ကွဲသွားတယ်၊ အဲမှာ အစောင့်လုပ်နေတဲ့ ဦးလေးကြီး သုံးယောက် သေဆုံးသွားတာလို့ သိရတယ်။ ယမ်းဂိုထောင်နဲ့ ကားတွေရော မီးလောင်သွားတယ်။
ပေါက်ကွဲတဲ့အသံက အကျယ်ကြီးဘဲ၊ မီးခိုးအဖြူတွေ ထွက်ပြီး တစ်ဝန်းလုံး ရစရာမရှိအောင် ပျက်စီးသွားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ ယမ်းဂိုထောင် ပေါက်ကွဲတာ ဟုတ်တယ်၊ ဘယ်လို စပေါက်တယ်ဆိုတာ တယောက်တမျိုး ပြောနေပေမယ့် အကြီးနဲ့ပစ်တာ မဟုတ်လောက်ဘူး၊ အဲလောက် ပျင်းတဲ့ဟာမျိုး မကြားဖူးဘူး၊ အခုဟာက အဆောက်အဦးတွေ အကုန်လုံး ပျက်စီးသွားတာ ဟုတ်တယ်၊
အခုဟာက တောဘက်ကလူတွေနဲ့ ရခိုင်တွေ စတည်းချတဲ့ နေရာ ဟုတ်တယ်၊ အခု စစ်တပ်က ကုမ္ပဏီတွေကို ဝင်ပြီး စစ်နေတော့ ရောက်မလာခင် မူးယစ်ဆေးလိုမျိုးဟာတွေ တွေ့သွားမှာစိုးလို့ လက်စဖျောက်ချင်လို့ မိုင်းခွဲတာလို့လည်း တွေးလို့ရတယ်၊ စစ်တပ်ဘက် အကြီးနဲ့ပစ်တာဆိုရင် တပ်မကုန်းဘက်က ပစ်တဲ့အသံကြားရမှာ၊ ဝန်းထဲက တစ်ယောက် ပြောပြတာက ၃ ချက်လောက်ပေါက်ကွဲသွားတာ အထဲကသူတွေတဲ နားအူတဲ့သူ အန်တဲ့သူ သွပ်ပြားရှတဲ့သူတွေ အများကြီးဘဲ၊ အဲတော့ ယမ်းထားတဲ့ ဂိုထောင်ထဲ ပေပါတစ်လုံးစာလောက် ယမ်းသိပ်ပြီးတော့ သုံးခုလောက် ခွဲသွားတာဖြစ်မယ်
အခုစစ်တပ်ကလာတဲ့ သူတွေကို တောဘက်က အရမ်းကြောက်တဲ့ ပုံစံမျိုးတွေ့ရတယ်၊ မင်းဇေသန့်တို့လို အဖွဲ့တွေ ပါလာနိုင်တော့ မြွေချင်း ခြေမြင် ဆိုသလို သိက္ခာကျစရာဖြစ်မဲ့ အရာတွေကို ကြိုပြီး ရှင်းပစ်တာ လို့ ထင်တယ်။
အခုတက်လာတဲ့ ဗမာစစ်တပ်က အရင်တပ်မနဲ့ ပေါင်းပြီး အရင်ရက်တွေက ပြည်သူတွေ ထိမှာဆိုးလို့ ရှောင်ခဲ့တာတွေရှိတယ်ဆိုတာ ဖားကန့်လူတွေ အကုန်သိတယ် KIA ကလည်း သူတို့ စီးပွားရေး သူတို့ဒေသကို လုပ်မယ် မထင်ဘူး၊ အဲတော့ ဘယ်သူလုပ်မလဲ? ရှင်းတယ်လေ ဖားကန့်မှာ နေရာမရမှာကြောက်တာ PDF ပဲ ရှိတယ်၊ အဲတော့ အထင်မှားအောင် ဒီကောင်တွေ လုပ်တာဖြစ်မယ်။
K ငြိမ်း (အညာမြေ)
တပ်သားလေးဖိုးထောင်
ပူးသတ်
နာမည်က ရှင်းပါတယ်။ အရင်လာ ပူးပေါင်းမယ်။ ပြီးရင် အသက်ဖြစ်စေ၊ ဘဝဖြစ်စေ၊ အလုပ်ဖြစ်စေ၊ လှုပ်ရှားမှုဖြစ်စေ သေအောင် သတ်မယ်။
အခုအချိန်မှာ အဓိပ္ပာယ်ဖွင့်ဆိုမှုကတော့ အဆန်းလေးဗျ။ ကိုယ်နဲ့မတည့်ရင် အုပ်စုဖွဲ့ပြီး ပူးသတ်လို့ သတ်မှတ်လိုက်တာပဲ။ ပူးသတ်လို့ စွပ်စွဲခံရသူက သတ်လို့ သေတဲ့ လူ၊ ဘဝ၊ အလုပ်၊ လှုပ်ရှားမှုဆိုတာလဲ တစ်ခုမှ မထောက်ပြနိုင်ဘူး။
လူများတဲ့အုပ်စုကတော့ အရင်က ပူးပေါင်းထားခဲ့တဲ့ ပူးသတ်လို့စွပ်စွဲခံရသူကို အသေသတ်နေတာတော့ တွေ့ရသဗျ။ လူမသေ၊ ဘဝမသေရင်တောင် ပြန်ထွက်လာရင် လှုပ်ရှားမှုတွေ သေသွားမှာပါ။
တော်သေးပြီ။
တပ်သားလေးဖိုးထောင်
ကိုဇော်ဘုန်းဟိန်း အရေးယူမှု ခံရသင့်လား။ အမျိုးတို့အမြင် သိလိုပါတယ်။
Repost from Ko Myo Win
ပရင်ဒါဂတ် နဲ့ တိုင်းတားမင်းကြီး
============================
သီပေါမင်း လက်ထက်မှာ နန်းတွင်းသြဇာ အသီးသီး ထူထောင်ကြရာမှာ တချိန်က ဒါးထက်ခဲ့တဲ့ ကင်းဝန်မင်းကြီး တယောက် သြဇာကျသွားပြီး တိုင်းတားမင်းကြီး ဒါးထက်လာတယ် ။
ဒါးထက်ဆို သူက စုဖုရားလတ် ကျောထောက်နောက်ခံရှိတာကိုး.....သူကတော့ရှင်းတယ် သီပေါမင်းဘက် တဖက်တည်းရပ်နေတဲ့ ကင်းဝန်မင်းကြီး ပြုတ်ကျဖို့ အားထုတ်တော့တာပဲ ။ သူတယောက်ထဲ နန်းတွင်းမှာ ကြီးစိုးချင်တာကိုးဗျ ။ ဒါတွေကို အင်္ဂလိပ် သူလျှိုတွေက သတင်းပို့နေတော့ နန်းတွင်းအခြေအနေကို ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်က အကုန်သိနေလေရဲ့ ။
တိုတိုပြောရရင်တော့ တတိယကျူးကျော်စစ်ဖြစ်ဖို့ တိုင်းတားမင်းကြီးက မြှောက်ပေးတယ် ။ နောက်ဆုံး သီပေါမင်းကို ဖမ်းပြီး အိန္ဒိယကို ပို့တယ် ။ နောက်ပြီး မြန်မာပြည် အုပ်ချုပ်ဖို့ အတွက် ယခင် မြန်မာဝန်ကြီး / ဝန်လေးတွေကို ဖိတ်ခေါ်ပြီး လွှတ်တော်ဆက်ထားဖို့ စီမံတယ်ဗျ ။
ဒီသတင်းအရ တိုင်းတားမင်းကြီးလည်း နန်းတွင်းထဲ အပြေးအလွှားသွားပါရော ။ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်က တိုင်းတားမင်းကြီးကိုလည်း မြင်ရော ရွံစရာ သတ္တဝါ တကောင်လို ကြည့်ပြီး အနားက အရာရှိကို အမိန့်ပေးလိုက်တယ် ။
ဒီတော့ အရာရှိက အင်္ဂလိပ်စစ်သားတွေကို ထပ်ဆင့်အမိန့်ပေးလို့ စစ်သားတွေက တိုင်းတားမင်းကြီးကို လှည်းပေါ်ဆွဲခေါ်သွားပြီး နန်းပြင်ခေါ်သွားတယ် ။ တိုင်းတားမင်းကြီးက ငါ့ကို သတ်မလို့လားလို့ မေးတော့ တခွန်းမှ ပြန်မဖြေပဲ သင်္ဘောဆီ တင်ပေးလိုက်တယ် ။ အမှန်က အိန္ဒိယကို ပြည်နှင်ဒဏ်ပေးလိုက်တာပဲ ။
အင်္ဂလိပ်အရာရှိက ဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်ကို မေးတယ်...
'' မြန်မာ အရာရှိဟောင်းတွေကို စည်းရုံးပြီး လွှတ်တော်သစ်နဲ့ အုပ်ချုပ်မယ် ဆိုပြီး အခု တိုင်းတားမင်းကြီးကို ဘာကြောင့် ပြည်နှင်ဒဏ်ပေးလိုက်ရတာလည်း ဗိုလ်ချုပ်ကြီး ''
'' အေးကွ လောကမှာ ကိုယ့်ကိုယ်ကျိုးအတွက် မိမိအရှင်သခင် ဆုံးရှုံးရမယ်မှန်း သိနေတဲ့ အလုပ်ကို လုပ်စေဖို့ တိုက်တွန်းတဲ့ ကျေးကျွန်ယုတ်ရယ် ၊ ငါနဲ့မတူ ငါ့ရန်သူ စိတ်ထားထက် ယုတ်ညံ့တဲ့ { ငါ နဲ့ တူလည်း ရန်သူပဲ } ဆိုတဲ့ စိတ်ထားနဲ့လူကို အနားမှာ မထားတာ အကောင်းဆုံးကွ မှတ်ထား ''
မြန်မာ့သမိုင်းကတော့ ယူတတ်ရင် ပညာချည်းပဲ......
ကိုရွှေမျိုးဝင်း
{ အေးရာ အေးကြောင်း သမိုင်းလေးတွေပဲ ရေးနေတာ ကောင်းမယ်ထင်ပါ့ }
Repost from Ma Mi Mi
ကိုဇော်ဘုန်းဟိန်း နဲ့ ပတ်သပ်လို့
postတင်တဲ့သူတွေ အပေါင်းပါတွေအားလုံးက ပူးသတ်ဆိုရင်
တကယ် အကုန် Save မှာလား သိချင်ပါတယ်
Save မှာ သေချာရင် လူတွေထားဖို့
နေရာရယ် ကျွေးဖို့ အတွက်ရယ်
အရင် အသင့်ပြင်ထားဖို့ တော့ လိုပါလိမ့်မယ်
စကားတွေကို လျှာရိုးမရှိတိုင်း
ပေါက်လို့ ပဲစာ မတင်ကြပါနဲ့
စည်းဆိုတာ ထားရပါမယ်
ဘာကြောင့် ဒီစကားမျိုး ပြောရသလဲဆိုရင်
ZBH ကို ထောက်ခံသူ အများစုက
တပ်မတော်ရဲ့ ရှေ့တန်းရောက်
စစ်သည် တွေရော ဇနီးမယားတွေပါတဲ့ အပြင် မျိုးချစ်အတော်သားများလည်းပါသလို
တပ်မတော်မှ အကြီးပိုင်း လူကြီး
တော်တော်များများလည်းပါတာကြောင့် စာအရေးအသားလေးတွေ
သတိထားစေချင်ပါတယ်
ငါမာန်တက်နေလို့ မရပါဘူးရှင့်
ZBH လမ်းမှားရင် ZBH ကိုSave
သူနဲ့ အကျိုးတူ ပူးပေါင်းသူတွေဆိုရင်လည်း ဗိုလ်ချုပ်တွေက အစ Save ပါ
ဒါပေမဲ့ ခင်များတို့ ရေးတင်ထားတဲ့
စာတွေကမှ တပ်မတော်ထဲက
တပ်မိသားစုတွေ အထိပါ ရိုက်ခက်သွားမယ်ဆိုတာ သတိချပ်စေချင်ပါတယ်
အခုလို မျိုး မင်းဘာကောင်လဲ
ငါဘာကောင်လဲ စိန်ခေါ်ပြီး
ခြံထဲက ကြက်ကို ခြေရိုက်ချိုးပြသလိုမျိုး
ခင်များတို့တွေ ရန်သူတွေရဲ့
ခြေထောက်တွေကိုလည်း ရိုက်ချိုးပေးပါလို့ ကျမကတပ်မိသားစုတွေ ကိုယ်စား
အားကိုးပြီး တောင်းဆိုပါတယ်ရှင့်
အမွှေစိန်က တော့ သတင်းသမား
မဟုတ်ပေမဲ့ အမှန်တရားဘက်တော်သားမို့ အမှန်တရားအတွက် လုပ်သူအားလုံးကို လေးစားပြီး တန်ဖိုးထားတယ်
အမှန်းတရားအတွက်ဆိုရင်
ဘယ်လို လူမျိုးကိုမှလည်း ကြောက်နေမည့်သူ မဟုတ်သည့် အတွက်
အမွှေစိန် တင်တဲ့ post တိုင်းကို
အမွှေစိန် တာဝန်ယူပါတယ်ရှင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/+zwYKvcWlC605Mjk1
Repost from Ma Mi Mi
ပူးသတ်ဆိုတာ ဘယ်လို အရာလဲဆိုတာ ကွဲပြားအောင် ခွဲခြားတက်ဖို့ လိုပါတယ်
တပ်မတော်ကို
ထောက်ခံရင် အခုလိုဘဲ
အတိုက်ခိုက်ခံရပါမယ်
အမှန်ပြောရင် သံတိုင်းကြားထဲရောက်မယ်
ဘယ်ချန်နယ်တွေ အဂတိလိုက်စားထားသလဲ ဆိုတဲ့ အချက်လက်တွေ
လိုအပ်ရင် ချပြသွားပါမယ်
အခုတော့ မလိုအပ်သေးလို့
အိပ်လိုက်ပါအုံးမယ်ရှင့်
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
Repost from Ko Myo Win
သတင်းကောင်း / သတင်းဆိုး
=========================
မနေ့က ရခိုင်မီဒီယာမှာ တင်ထားတာ တွေ့လိုက်ပါတယ် ။ ကျောက်ဖြူမှာ လေယာဥ် ၆ စင်း နဲ့ ဗုံးကြဲနေပြီး ဒရုန်း အစင်းရေ ၁၀၀ လောက်နဲ့ ဒရော့ဗုံးချနေသတဲ့ ။ မြေပြင်ကလည်း ခြေလျှင်တပ်တွေ ချေမှုံးရေး ဝင်နေလို့ AA တို့ အခြေအနေမကောင်းပဲ သိမ်းထားတဲ့ စခန်းတွေ လက်လွှတ်ထွက်ပြေးနေရသတဲ့ ။
နောက် video ဖိုင် တခုတက်လာပြန်တယ် ။ ရေထဲမှာ ကူးပြေးနေတဲ့ လူတွေကို အပေါ်က ပစ်နေတဲ့ video ဖိုင်ပေါ့ ။
ရန်သူ့ဘက်က တင်ထားပေမယ့် မယုံရဲသေးဘူး ။ သို့သော် ယနေ့ 3 - 6 - 2025 မနက်ခင်းသတင်းအရ မင်းတပ်တောင်ကုန်းကို တပ်မတော်က ပြန်လည်ထိမ်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်း ထွက်လာလို့ ဝမ်းသာရပါတယ် ။
နောက်သတင်းတခုကတော့ ပြောရမှာ စိတ်မကောင်းပါဘူး ကိုဇော်ဘုန်းဟိန်းကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းပါပဲ ။ လိုင်းပေါ်မှာ ဟို.ပုဒ်မ ၊ ဒီပုဒ်မ တွေ ပြောနေကြပေမယ့် ဒီလောက် မမြန်ပါဘူး ။ ရုံးတင်တရားစွဲ အပြီးမှ အတိအကျ သိရပါမယ် ။
ပြည်သူတွေအတွက်တော့ ဒီပွဲမှာ ဘယ်မီဒီယာသမားက ဘယ်လို စိတ်ထားရှိတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ကြရတဲ့ ပွဲပါပဲ ။ ဘာပဲ ပြောပြော ကျနော်ကတော့ စိတ်မကောင်းပါဘူး ။ ပြည်သူအတွက်အကျယ်လောင်ဆုံးသော ပါးစပ်တပေါက် ( အကျိုးဆက်အဖြစ် ပြည်သူ့ပါးစပ်ပေါင်းများစွာ ဆုံးရှုံးပါအုံးမယ်) ၊ နစက အတွက် နားတဖက် ဆုံးရှုံးသွားရတယ်လို့ ယူဆပါတယ် ။
ဒီပွဲမှာ ပြည်သူရှုံးတယ် ၊ နစက ရှုံးတယ် ၊ တပ်မတော်ထောက်ခံသူတွေ ရှုံးတယ် ကြားထဲက ပြည်ဖျက်တွေအတွက် တပ်မတော် နဲ့ ပြည်သူကို သွေးခွဲ ထိုးနှက်ဖို့ ကြီးမားထိရောက်တဲ့ လက်နက်ကြီးရသွားတယ် ။
ကိုရွှေမျိုးဝင်း
ဒီနေ့ကျောက်ဖြူ သတင်းကောင်းစောင့်ပါ၊ ဘိန်းစား ဆေးသမား နိုင်ငံရူးအကြမ်းဖက်တွေ ဟိုတကွက် ဒီတစ်ကွက်ဆိုတော့။ ဆက်ရန်....
03.06.2025
#KoMaungMaung
တပ်သားလေးဖိုးထောင်
ကိုဇော်ဘုန်းဟိန်း Vs တယ်လီဂရမ်လောက
ထိန်းသိမ်းခံထားရတဲ့ သတင်းမှန်ပါတယ်။ သူမှန်ရင် ပြန်လွတ်လာပါလိမ့်မယ်။ ဆဲဆိုမိတဲ့ အပြစ်တွေတော့ ရှိပါတယ်။
လောလောဆယ်တော့ သူ့ဖက်က ထောက်ခံရင် ပူးသတ် လို့ စွပ်စွဲခံရပါမယ်။ အခန့်မသင့်ရင် ထိန်းသိမ်းခံရပါမယ်။
အဲ့ဒါကြောင့် ကိုဇော်ဘုန်းဟိန်းနဲ့ ရင်းနှီးတဲ့ ချန်နယ်တွေ အသံတိတ်သွားတာတွေ့ရပါတယ်။ အငြိုးအတေးမရှိတဲ့ ချန်နယ်တွေလဲ အခုမှ နိုင်မြင်းလောင်း ဆွမ်းကြီးလောင်းကြတာတွေ့ရပါတယ်။
တရားရစရာတွေပါပဲ။ ကိုဇော်ဘုန်းဟိန်းနဲ့ ပတ်သက်လို့ ဒါနောက်ဆုံးရေးခြင်းပါပဲ။
ဒီစာရေးလို့ ပူးသတ်အဖြစ် စွပ်စွဲကြပါလိမ့်မယ်။ ကိုယ်မှန်ခေါင်းဘယ်ရွေ့မလဲဗျာ။ ပူးသတ်ချင်ရင် တပ်မတော်ဖက်ကလူ ထောင်ကျမှာ ငြိမ်နေယုံပဲလေ။
တပ်သားလေးဖိုးထောင်
Repost from K S News
နောက်ဆုံးတော့ ငါ ရယ် မင်းရယ် ပဲ
ကျန်တော့မည့် နေရာ ဖြစ်နေပြီ
စည်းလုံးညီညာအောင်ကြောင်းဖြာပေါ့
ချစ်သူငယ်ချင်းရယ်။
https://t.me/kyawswar49111
သဗ္ဗေ သတ္တာ ကမ္မသကာ
ဘေးရန်ကင်းကွာပါစေ။ မတရားအမှုဆင်ခြင်းများ ကင်းလွတ်ပါစေပဲ ဆုတောင်းပေးနိုင်ပါတယ် 🙏
တပ်သားလေးဖိုးထောင်
မြေရှားသတ္တု
နိုင်ငံတွေက မြေရှားထွက်ကြတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ထိခိုက်လွန်းလို့ မထုတ်ကြဘူး။
တရုတ်က ကချင်မှာ လာထုတ်တယ်။ ကမ္ဘာ့မြေရှားထွက်နှုန်းရဲ့ ၃ ပုံ ၂ ပုံရှိပါတယ်။
အမေရိကန်ကလဲ ငွေအကြီးအကျယ်လိုနေတဲ့ ယူကရိန်းမှာ ထုတ်ဖို့ကြိုးစားနေတယ်။
ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာတဲ့နိုင်ငံတွေရဲ့ အသုံးချခံပါပဲ။ ပတ်ဝန်းကျင်ပျက်စီးခံပြီး ရောင်းရပေမဲ့ ငွေကစစ်ပွဲထဲပဲရောက်တော့ တိုင်းပြည်လဲ မတိုးတက်လာပါဘူး။
တပ်သားလေးဖိုးထောင်
Without Car
တိုင်းပြည်အတွက် ဘာမှ အကျိုးရှိတာမရှိဘူး။ အခွန်ရှုံးတယ်။ တိုက်ရင်ပြေးလို့ ဥပဒေစိုးမိုးမှု ဆုံးရှုံးတယ်။ ဥပဒေအတိုင်း ကားဝယ်စီးတဲ့သူတွေနဲ့ တန်းတူနေလို့ သူတို့လဲဆုံးရှုံးတယ်။ အကြမ်းဖက်တွေလဲ W ပဲစီးလို့ စစ်ရေးလဲ ဆုံးရှုံးတယ်။
အစထဲက ဘယ်တုန်းကမှ ခွင့်မပြုထားတဲ့ ကြီးလေးတဲ့အမှု။ အခုမှ ကလေးကျောင်းဖွင့်ချိန်ဘာညာ လာမပြောနဲ့။ လုံးဝ သက်ညာစရာမလိုပါ။
ဖိုးထောင်လဲ မစီးဘူး။ စိတ်တောင်မကူးဖူးဘူး။ ကားမစီးနိုင်ရင် လမ်းလျှောက်မယ်။
ဥပဒေချိုးဖောက်မှုမို့လို့ ဥပဒေအတိုင်းသွားပါ။ ငွေယူပြီး ကားပြန်ပေးတဲ့ ဖမ်းဆီးရေးအမည်ခံတွေလဲ အရေးယူပါ။
တပ်သားလေးဖိုးထောင်
Repost from Ko Maung Maung
ကျောက်ဖြူမှာ ဗျူဟာမှူး၊ G1၊ 2IC ၃ရက် ဆက်တိုက် သုံးယောက်ထိတော့ ကာချုပ်ကိုတော်တော် စိတ်ပျက်လာတယ်။ လေယာဥ်အုပ်လိုက်ကြဲမှရမယ်လို့ ဖြစ်ချင်တာလေးကို ပို့စ်ထတင်မိတယ်။ သိပ်မကြာ လိုင်းပေါ်မှာပို့စ် တစ်ခုတွေ့တယ် ကျောက်ဖြူမှာ စစ်တပ်က လေယာဥ် ၆စီးနဲ့ ဗုန်းကြဲ ဒရုန်းတွေနဲ့ဆော်၊ မြေပြင်စစ်ကြောင်းထိုးတယ်ဆိုပြီး ရေးထားတယ်။
တကယ်ဟုတ်မယ်ထင်ခဲ့တာ။ အဲ့ဒီလိုသာပြတ်ပြန်သားသားလုပ်လိုက်ရင် နိုင်ငံရူးအကြမ်းဖက်သူပုန်တွေ ကျောက်ဖြူကတောင်ထွက်ပြေးသွားလောက်ပြီ၊ စခန်းကုန်းတွေအကုန်ပြန်ရနေပြီ၊ ကျောက်ဖြူကို လာတောင်စမ်းရဲမှာမဟုတ်ဘူး။
အမှန်တကယ် ကျောက်ဖြူအခြေအနေက ဒီနေ့မိုးအရမ်းရွာပြီးတိုက်ပွဲငြိမ်နေတယ်။ ဒီနေ့လေယာဥ်လည်းမလာဘူး။ မင်းတပ်တောင်ကာကင်းစခန်းကုန်းတွေ နိုင်ငံရူးအကြမ်းဖက်အေအေ လက်ထဲမှာ ရှိနေတုန်းပါပဲ။
02.06.2025
#KoMaungMaung
https://t.me/KoMaunMaung
တချို့ကိစ္စတွေက လူကြီးပြောမှ လိုက်လုပ်ကြတာ ရုပ်ဆိုးပါတယ်။
တပ်ချုပ်က Without Car ကိစ္စပြောမှ အကြီးအကျယ်ထဖမ်းကြတယ်။ ယခင်ကတော့ တာဝန်ရှိသူတွေ ကိုယ်တိုင် W ခိုးစီးကြတာ။
အထက်လယ်အောက် တာဝန်ကျေမှ တိုင်းပြည်သက်သာမှာပါ။
တပ်သားလေးဖိုးထောင်
Repost from SittNweOo
ကျနော်တို့ လိုချင်တာဒီလိုခေါင်းဆောင်မျိုး
ကျနော်တို့ နိုင်ငံမှာရှိသင့်တာ ဒီလိုပုဂ္ဂိုလ်မျိုးမို့လေးစားအားထားလို့ ဦးလှဆွေကိုရွေးချယ်ပါတယ်
#SittNwayOo
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
