တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish8 213
Obunachilar
-424 soatlar
-287 kunlar
-15930 kunlar
Postlar arxiv
နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများ မြင်အောင်ကြည့်ပါ။
ဂျပန် ဒုဝန်ကြီးက အကြမ်းဖက်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး အကူအညီပေးဖို့ကို တရားဝင်တောင် သတင်းထုတ်ပြန်နေပါပြီ။ ကန့်ကွက်အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိပါက ထိုင်ခုံပေါ်မှ ဖယ်ပေးပါ။
မေ ၁၄
ဂျပန်နိုင်ငံ လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးဒုတိယဝန်ကြီး မစ္စတာကိုမူရာမာဆာဟီရိုသည် မြန်မာနိုင်ငံမှ သောင်းကျန်းသူ ခေါင်းဆောင်ကိုယ်စားလှယ်များကို ယနေ့(မေလ ၁၄ရက်)တွင် လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး ယင်းလက်နက်ကိုင်အဖွဲ့များအတွက် စစ်ရေးမဟုတ်သည့် အကူအညီများနှင့် စစ်ဘေးရှောင်များအတွက်် အကူအညီများ ပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
IEC ဥက္ကဌ ခူဦးရယ်၊ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး မစ္စတာကိုမူရာတိုအားတွေ့ရစဉ်(ဝဲမှယာ)
အရင်က
ရန်သူကိုရှာတိုက်တဲ့တပ်မတော်ဟာ
အခု ကိုယ့်စခန်းကိုလာတိုက်မှ ပြန်ခုခံတယ်။
ခွာစစ်ပြုတယ်။တစ်ချို့ဆိုလက်နက်ချကြတယ်။
တပ်မတော်ရဲ့ စခန်းများစွာ ဆုံးရှုံးခဲ့ရသလို
ရှမ်းမြောက် နယ်မြေတော်တော်များများလည်း
အကြမ်းဖက်သူပုန်တွေရဲ့အုပ်ချုပ်မှုအောက်
ရောက်သွားခဲ့ရတယ်။
တပ်မတော်ရဲ့သဘောထားက
ပြည်တွင်းငြိမ်းချမ်းရေးကိုမျှော်မှန်းပြီး
အလျှော့ပေးဆက်ဆံနေတာ။
ဒါကိုအကြမ်းဖက်သမားသူပုန်တွေက
အခွင့်အရေးယူပြီးလက်နက်အဖြစ်ဖန်တီးခဲ့ကြတယ်။
အပစ်ရပ်စဲရေးဆိုလည်း ကြည့်လိုက်
တပ်မတော်ကပဲ တစ်ဘက်သတ်ကြီး
အပစ်ရပ်စဲပေးထားခဲ့ရတယ်။
ဒါကိုလည်း အကြမ်းဖက်သမားသူပုန်တွေက
အခွင့်ကောင်းအဖြစ်အသုံးချခဲ့ကြတယ်။
တပ်မတော်က
သူပုန်သေလည်း ပြည်သူသေတာ
PDF သေလည်း ပြည်သူသေတာ ဆိုတဲ့စိတ်နဲ့
ငဲ့ညှာထောက်ထားလွန်းသော
အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားဆိုပြီး
တုံ့ပြန်ခဲ့တော့ အခုဆိုရင်
အပ်နဲ့ထွင်းရမယ့်အနေအထားကနေ
ပုဆိန်နဲ့ပေါက်ရမယ့်ကိန်း ဖြစ်နေပြီ။
အပ်ကြီးကြီးနဲ့ထွင်မယ်လို့
သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ
အာပေါင်အာရင်းသန်သန်နဲ့ပြောခဲ့တော့
ပြည်သူတွေက အပ်ကြီးကြီးနဲ့
ဘယ်တော့ထွင်မလဲ ထွင်မလဲဆိုတာ
စောင့်ရင်းစောင့်ရင်းနဲ့အခုဆိုရင်
အပ်ကြီးကြီးတောင်မတိုးတော့ဘူး
ပုဆိန်အကြီးကြီးနဲ့ပေါက်မှ ရတော့မယ့်
အခြေအနေကို ရောက်နေပြီ။
စစ်ပွဲ တစ်ခုဆိုတာဟာ
မြေ ကို လိုချင်လို့တိုက်ကြတာပါ
စစ်ပွဲ တစ်ခုရဲ့ အဆုံးအဖြတ်ဟာလဲ
ဘယ်သူ့တပ်က ဘယ်မြေထိခြေချ
နိုင်လဲဆိုတာနဲ့ အောင်မြင်မူ့ ကို
တိုင်းတာကြတာပါ။
ဗုံးချလို့
ဘယ်လောက်ပျက်ဆီးသွားတယ်
ဘယ်လိုကျေမွသွားတယ်ဆိုတာ
နိုင်ငံချင်းစစ်ခင်းကြတဲ့ လက်နက်
အားပြိုင်တဲ့စစ်ပွဲတွေမှာ တိုင်းတာကြပြီး
ပြည်တွင်းစစ်မှာတော့ ခြေလျင်တပ်တွေက
ဘယ်လောက် အောင်မြေချဲ့နိုင်လဲ ဘယ်ထိ
သိမ်းပိုက်နိုင်လဲ ဆိုတာ မူတည်ပြီး
စစ်ပွဲရဲ့ အောင်မြင်မှုကို ဖွင့်ဆိုပါတယ်။
ပြည်တွင်းစစ်မှာတော့ ခြေလျင်တပ်ရဲ့
စွမ်းဆောင်မူသည်သာ စစ်ပွဲ၏အဖြေ ဖြစ်တယ်လို့
ကြားဖူးပါတယ်။
အခုအနေအထားကတပ်မတော်အနေနဲ့
ပြည်တွင်းငြိမ်းချမ်းရေးကိုမျှော်မှန်းသလို
သူပုန်သေလည်း ပြည်သူသေတာ
PDF သေလည်း ပြည်သူသေတာဆိုတဲ့စိတ်နဲ့
စစ်ရေးကို ချိုလိုက်တယ်၊စစ်ရေးကိုချိုလိုက်တော့
တည်ငြိမ်အေးချမ်းမှု ကြန့်ကြာနေပြီး
ပြည်သူတွေ ဒုက္ခရောက်ရတယ်။
ကဲ....စစ်ရေးကို မချိုပဲ
စစ်ရေးကိုပိုပြန်ရင်လည်း ဘာဖြစ်သွားမလဲ
စစ်ရေးကိုပိုလိုက်ပြန်ရင်လည်း
တိုင်းပြည်နဲ့ပြည်သူပဲဒုက္ခရောက်မှာသေချာတယ်။
ကျဥ်းထဲကြပ်ထဲ အခြေအနေဖြစ်နေတယ်
ဒီလိုအခြေအနေထိဖြစ်လာရတာကလည်း
အစ မကောင်းခဲ့လို့ပဲ ပြောရမလားမသိတော့ဘူး။
မည်သို့ပင် ဆိုစေကာမူ
အကြမ်းဖက်သမားသူပုန်ဟာ
အကြမ်းဖက်သမားသူပုန်ပါပဲ
လူမဟုတ်တဲ့ ရိုင်းစိုင်းတဲ့သားရဲတိရိစ္ဆာန်တွေကို
လိမ္မာယဥ်ကျေးအောင် လုပ်လို့ရပေမယ့်
လူဖြစ်တဲ့ အကြမ်းဖက်သူပုန်တွေကတော့
လိမ္မာယဥ်ကျေးအောင်လုပ်လို့ရမှာမဟုတ်ပါဘူး
သွန်သင်ဆုံးမလို့လည်းရမှာမဟုတ်ပါဘူး
အကြမ်းဖက်သူပုန်စိတ်ပဲ ရှိတာကိုမြင်ပြိး
အကြမ်းဖက်သူပုန်ကို အကြမ်းဖက်သူပုန်လို
နှိမ်နင်းသွားဖို့ လိုပါတယ်။
တပင်ရွှေထီးနဲ့ တပ်ချူပ်
ဘာတွေတူပြီး ဘာတွေကွာခြားလဲ??
တပင်ရွှေထီးက၁၅နှစ်သားမှာ
ဘုရင်ဖြစ်ပြီး
တပ်ချူပ်က ၆၅လောက်မှ စစ်ဘုရင်ဖြစ်တာ
တပင်ရွှေထီးကငယ်ငယ်ရွယ်ရွယ်နဲ့
ဘုရင်ဖြစ်တော့ဘယ်အရာကိုမှ အကြောက်အရွံ့မရှိဘူး
သူဘုရင်ဖြစ်တော့ သူနဲ့ခေတ်ပြိုင်
ပဒေသရါဇ်မင်းတွေက
သူ့ကိုအထင်သေးကြတယ်
အင်းဝက သိုဟန်ဘွားတို့/
ပြည်ဘုရင်နရပတိတို့ /ဟံသာဝတီက
သုရှင်တကာရွတ်ပိ/ မုတ္တမစားစောဗညား/
မော်လမြိုင်စား ဗညားဦးတို့က
တပင်ရွှေထီးဆိုတဲ့ ငချွတ်ကလေးရဲ့
တောင်ငူထီးနန်းကိုသိမ်းမလို့ကြံနေကြတာ
တပင်ရွှေထီးက ဘုရင်သာဖြစ်တာ
နားက
မထွင်းရသေးဘူး
မူးမတ်တွေက နားထွင်းဖို့အကြံပေးတော့
ဒါဆိုလည်း တပင်ရွှေထီးက
ရွှေမောဓောဘုရားမှာ နားထွင်းမင်္ဂလာ
လုပ်ကြတာပေါ့လို့
အမိန့်ချပါလေရော
မူးမတ်တွေကလန့်သွားတာပေါ့
မူးမတ်တွေလန့်တာလည်းမပြောနဲ့
ဟံသာဝတီဆိုတာအဲ့ဒီခေတ်က
ခေတ်ပြိုင်မင်းတွေထဲမှာအင်အား
အကြှီးဆုံး
ပြည်နဲ့တောင်ငူက အားအနည်းဆုံး
အင်းဝက ဟံသာဝတီနဲ့တန်းတူနီးပါး
အင်အားရှိတယ်
မူးမတ်တွေကတားတာ
ဟံသာဝတီဆိုတာတောင်ငူထက်အင်အားအဆမတန်ကြီးလို့မလုပ်သင့်တဲ့အကြောင်းပေါ့
တပင်ရွှေထီးကလည်း
အဲ့လိုအင်အားကြီးတာတွေ
သာလွန်အင်အားတွေနဲ့ဆင်ခြေပေးလာရင်အရမ်းမုန်းတဲ့သူ
ကြောက်တဲ့သူတွေကိုမခေါ်ဘူး
မကြောက်တဲ့သူတွေကို
ခေါ်သွားမယ်ဆိုပြီး
လက်သည်းကြားအပ်စိုက် တူနဲ့ထု
မတွန့်တဲ့သူတေ
ွကိုခေါ်တာ
၅၀၀ရတော့
မရွေးတော့ဘဲ ရပ်လိုက်တယ်
ဒါတေါင်အပ်စိုက်ခံမယ့်
သူတွေ အများကြီးကျန်သေးတယ်
အဲဒီငါးရာနဲ့ဟံသာဝတီနေပြည်တော်ထဲ
သွားပြီးနားထွင်းပွဲလုပ်တာ
သုရှင်တကာရွတ်ပိကြားတော့
ရဲမက်သုံးထောင်လွှတ်ပြီး ဖမ်းခိုင်းတာ
မမိတဲ့အပြင် ရှုံးပြီးပြန်လာရတာ
ရွှေမောဓောဘုရားသွားပြီး
ဟံသာဝတီဘုရင်စိတ်တိုအောင်
နှုတ်ခမ်းမွှေးဆွဲခဲ့လို့ ဟံသာဝတီက
တောင်ငူကိုစစ်တိုက်ဖို့ အစီအစဥ်ဆွဲနေပြီ
ဒါကိုတပင်ရွှေထီးက
မူးမတ်တွေနဲ့တိုင်ပင်တာ
မူးမတ်တွေက ဟံသာဝတီကအင်အားကြီးလို့ တောင်ငူမှာ ခံစစ်အခိုင်အမာ
လုပ်ထားဖို့အကြံပေးကြတာပေါ့
တပင်ရွှေထီးကလည်း
အဲ့လိုအင်အားကြီးတာတို့
သာလွန်အင်အားတို့ထည့်ပြောရင်ကို
မကြိုက်တာ
ဒီမှါကျော်ထင်နော်ရထာက
ဝင်ပြောတယ်
အမတ်ကြီးတို့တဲ့
အဲ့လိုသာလွန်အင်အားတွေကို
တွေးပြီးစစ်တိုက်နေရင်
အဲ့ဒီစစ်ပွဲ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူးတဲ့
ပြီးတော့
တပင်ရွှေထီးဖက်ကိုလှည့်ပြီး
'
ဟံသာဝတီက လာမတိုက်ခင်
ကိုယ်ကဦးအောင်တိုက်သင့်ပါတယ်
အရှင်မင်းမြတ်'တဲ့
ကျော်ထင်နော်ရထာနဲ့
တပင်ရွေထီးက ရဲရင့်တာချင်းတူတော့သာလွန်အင်အားဆိုတာကို
ဂရုကိုမစိုက်တာ
အဲ့ဒါကြောင့်ဟံသာဝတီကိုတိုက်ကြတာ
နောက်ဆုံးတော့
အင်အားကြီးတယ်ဆို တဲ့သုရှင်တကာရွတ်ပိလည်း ပြည်ဖက်ကိုပြေးတော့တာပဲ
အင်အားကောင်းတဲ့ဟံသာဝတီကို
တောင်ငူသားတွေဘာလို့နိုင်တာလဲ
စိတ်ဓာတ်အားကောင်းလို့နိုင်တာ
သိုးအုပ်ကိုခြင်္သေ့တစ်ကောင်က
ခေါင်းဆောင်လာရင်
အဲ့ဒီအုပ်စုကကြောက်ဖို့ကောင်းတယ်တဲ့
အခုတောင်ငူတပ်မှာ
ငယ်သားတွေက ကြောက်ရွံ့နေပေမယ့်
ခေါင်းဆောင်က ရဲရင့်တော့
ငယ်သားတွေလည်း ရဲကုန်တာပေါ့
ဟံသာဝတီသားတွေကျတော့
အကျအဆုံးများတာနဲ့
သုရှင်တကာရွတ်ပိက တပ်ဆုတ်တော့တာ
ငယ်သားတွေကရဲရင့်ပေမယ့်
ခေါင်းဆောင်ကပျော့ညံ့ရင်လည်း
ရှုံးတာပဲ
ခြင်္သေ့အုပ်ကို
သိုးကခေါင်းဆောင်လာရင်
အဲ့ဒီအဖွဲ့ကပျက်တာပဲတဲ့
တပင်ရွှေထီးက
အသက်၁၇နှစ်ကစပြီး
ဟံသာဝတီကိုစစ်တိုက်တာ
အသက်၂၁နစ်မှာဟံသာဝတီမှာ
ဘိသိတ်ခံပြီးဘုရင်လုပ်တယ်
ပြည်တို့အင်းဝတို့က
အဲ့ဒီကတည်းက
တပင်ရွှေထီးကို ရှိန်သွားတာ
တောင်ငူကို သိမ်းဖို့မပြောနဲ့
သူတို့နေရာကို တပင်ရွှေထီးလာမသိမ်းဖို့ဆုတောင်းနေရတော့တာ
တပင်ရွှေထီးကပြည်ကိုလည်းသိမ်းတယ်
မုတ္တမမော်လမြိုင်တွေကိုလည်းသိမ်းတယ်
အင်းဝရဲ့နယ်တော်တော်များများကိုလည်းသိမ်းလိုက်တယ်
ရခိုင်ကိုတိုက်တော့
ရခိုင်ဘုရင်ကအညံ့ခံပြီး
ငြိမ်းချမ်းရေးကမ်းလှမ်းလို့
ရခိုင်ဘုရင်ကိုနေရာပြန်ပေးပြီး
ငြိမ်းချမ်းရေးလုပ်ခဲ့သလို
ယိုးဒယားဘုရင်လည်း
အညံ့ခံတဲ့အတွက်ငြိမ်းချမ်းရေးယူပြီး
ပြန်ခဲ့တယ်
'ငါတိုက်ရင်ဒီကမ္ဘာမှာ
ဘယ်နိုင်ငံက
တင်းပြီးခံနိုင်မှာလဲ'
ဆိုတဲ့
မိန့်ကြားချက်က
သာလွန်အင်အားတွေကို
ကြောက်စရာမလိုဘူးလို့
ရဲမက်တွေကိုစိတ်ဓာတ်မြင့်စေတဲ့စကားပဲ
ရန်သူက
ငြိမ်းချမ်းရေးကမ်းလှမ်းရင်တော့
ဆက်မတိုက်တော့ဘူး
တဲ့
တပင်ရွှေထီးနဲ့ဘုရင့်နောင်တို့သွေးမျိုးဆက်
အမျိုးဘာသာသနာကို
တကယ်စောင့်ရှောက်ခဲ့တဲ့ အဘိုးအောင်ဇေယျဟာ စစ်မတိုက်ခင်
သစ္စာ ဆိုလေ့ရှိခဲ့တယ်
'ဘာသာသာသနာကိုတကယ်စောင့်ရှောက်နိုင်သူသာ စစ်နိုင်ပါစေသတည်း'တဲ့
ငါလည်းဆုတောင်းမယ် ငါတို့ခေတ်မှာ
တပ်ချူပ် အမျိုးဘာသာသာသနာတကယ်စောင့်ရှောက်သူမှန်ရင် စစ်နိုင်ပါစေ
အမျိုးဘာသာသာသနာကို
လိမ်ညာနေရင်
ဦးအောင်ဇေယျကျိန်စာစူးပါစေ စေသတည်း
ဘာဆက်လုပ်မလဲ စစ်ဦးစီးချူပ်
KIA စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်
မေ ၁၃
ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် ယနေ့ညနေပိုင်းက အသည်းကင်ဆာ ရောဂါဖြင့် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားကြောင်း သိရပါသည်။
KIA အဖွဲ့အတွက် ထိုးနှက်မှုတစ်ခုပါပဲ။
+1
အနက်ရောင်သေမင်းတမန်တွေ အလုပ်လုပ်နေပြီ။ ဇောင်းထတဲ့ နီပိတ်တွေ သတိသာထားကြ။
ပေါင်းတလည်မြို့၊အနောက်ပိုင်းရပ်ကွက်၊ပြည်-ပေါက်ခေါင်းကားလမ်းမပေါ်တွင် အနက်ရောင်သေမင်းတမန်စာတမ်းချိတ်ဆွဲထားတဲ့ အကြမ်းဖက်နီပိတ်အားပေး အလောင်းတစ်လောင်းဒီနေ့တွေ့ရ။
အကြိမ်ကြိမ် စစ်ကူတောင်းခံနေသည့်ကြားမှ နခခ ၈ ကျဆုံးသွားပြီဟု ကနဦး သိရှိရပါသည် 😥
စစ်သည်များ ဘေးကင်းကြပါစေ 🙏🏻
https://t.me/KKM28640/3721
+9
ရှမ်းမြောက်တိိုက်ပွဲစဥ်များအတွင်း
ဖမ်းဆီးခံရသည့် စစ်သည် ၈၀၀ ကျော်အနက်မှ အိုမင်းမစွမ်း နာမကျန်း ၄၁ ဦးကိုပြန်လည်လွှတ်ပေးလိုက်ကြောင်း MNDAA က ကြေညာထားသည်။
ကျန်စစ်သည်များလဲ မိသားစုနဲ့ အမြန်ဆုံစည်းနိုင်ကြပါစေဗျာ 🙏🏻
သောက်နေကျ နည်းလမ်းလေးတစ်ခု မျှဝေပါရစေ။
- အာမီရမ်(စစ်စစ်) တစ်လုံးကို ဖောက်ပါ။
- ၂ ပက်စာခန့်ကို ဖယ်ပစ်ပါ။
- အဖုံးပြန်ပိတ်ပြီး နာနာလှုပ်ပေးပါ။
- အမြုပ်ငြိမ်သွားပြီဆိုလျှင် အဖုံးပြန်ဖွင့်ပြီး ဆားချိုသီး များကို အရက်လယ်ဗယ်(၂ ပက် မဖယ်ထုတ်မီ အော်လယ်ဗယ် ပြန်ရောက်သည်ထိ) ထည့်ပါ။
ဆားငန်သီးနှင့် ဆားချိုသီး အချိုးကျ မျှသုံးနိုင်လျှင် ပိုကောင်းသည်။
- အဖုံးပြန်ပိတ်ပြီး နာနာလှုပ်ပေးပါ။ (အဖုံးကို ပါကင်အတိုင်း ခပ်ကျပ်ကျပ် ပြန်ပိတ်ထားရန် လိုသည်)
- မူလပုလင်းထဲမှာပင် လုပ်ရန် အထူးသတိပြုစေ လိုသည်။ ရေသန့်ဘူးထဲသို့ ထည့်၍ စိမ်ခြင်းမျိုး မပြုလုပ်ရပါ။ မူရင်းပုလင်းထဲမှာ စိမ်သော အရသာနှင့် အတော်ကွဲပြားကာ အရသာ အတော်ပျက်သွားတတ် ကြောင်း သုတေသနပြု သိရှိပြီးဖြစ်သည်။
ထိုသို့ စိမ်ပြီး ၅ ရက်ကြာလျှင် အနံ့အရသာနှင့် ပြီးပြည့်စုံသော အာမီရမ်တစ်လုံးကို သောက်သုံးနိုင် ပါပြီ။ Alcohol % လည်း အနည်းငယ် မြင့်တက်သွား သလို အဝင်ဆိုးခြင်း၊ အနည်းငယ်မူးရုံဖြင့် အန်ခြင်း၊ ချွေးထွက်လျှင် အာမီနံ့ တထောင်းထောင်းထွက်ခြင်း၊ အမူးနာခြင်းများလည်း အတော်လျော့ကျသွားကြောင်း တွေ့ရှိရသည်။
နိုင်ငံခြားဖြစ်ယမကာများနှင့် မလဲနိုင်လောက် အောင်ပင် အထူးကောင်းမွန်ပါသည်။
+6
ရခိုင်မြောက်ပိုင်းမှာ ပိတ်ဆို့ခံနေရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို တစ်ချက်တော့ စောင်းငဲ့ကြည့်ပေးပါဦး ပြည်ထဲရေးဝန်ကြီးခင်ဗျာ။ လနဲ့ချီပြီး ကြာနေတာတောင် စစ်ကူမရောက်။ လေယာဉ်ပစ်ကူလဲ ဟန်ပြပဲ လာပါတယ်။ ထိရောက်မှု မရှိပါ။
ကိုကျော်စိုးဦး၊ ကိုနောင်တော်လေးတို့ကို ဖမ်းဆီးဖို့ကျ ညတွင်းချင်းရောက်ပြီး စစ်ကူပေးဖို့ကျ လနဲ့ချီကြာတာကျ လွန်တာပေါ့ခင်ဗျာ။
- ကိုယ်က အင်းအားတစ်ခု စုစည်းတဲ့အခါမယ် အတွင်းစည်းလုံးညီညွတ်မှုရှိဖို့ အရေးကြီးတယ်။ အတွင်းစည်းလုံးညီညွတ်မှုမရှိတဲ့အခါ အရေးကြုံတော့ သူ့ကိုယ်မကူနိုင် ကိုယ့်သူမကူနိုင်ဘဲ အကုန်ဒုက္ခရောက်သွားရော။
- စစ်ကို အားစမ်းရုံလောက်တိုက်ချင်ပြီး ခံစစ်ဗျူဟာ အသေအချာဆွဲမထားလျှင် အဖတ်ဆည်မရအောင် ရှုံးတတ်တယ်။
- အာဏာ၊ နေရာ၊ အကျိုးစီးပွားနဲ့ ပတ်သက်လာလျှင် လူမျိုးချင်းတူလည်း ရန်သူအဖြစ်နဲ့ တိုက်တာပဲ။
- အတိုက်ခံရတဲ့ဘက်ကလည်း ရှမ်း(၈) နိုင်ငံ။ လာတိုက်တဲ့ ဟံသာဝတီတပ်မှာပါလာတာကလည်း ရှမ်း(၄)နိုင်ငံ။ အမျိုးတူလည်း ခေါင်းကိုင်အဖေချင်းမတူလျှင်
အချင်းချင်း မညှာမတာ ဆော်ပလော်တီးခဲ့ကြတာဟာလွန်ခဲ့တဲ့ နှစ်၆၀၀ကျော်ကတည်းကနော် ။ ။ ]
ဒါလောက်တော့ မြင်ကြမယ်ထင်တယ်။ အဲလောက်မြင်တတ်လျှင်ပဲ သင်ခန်းစာအများကြီး ယူနိုင်တယ်။အနည်းဆုံးတော့ သမိုင်းအဆက်ဆက်မှာ ကိုယ်ညံ့ဖူးတာကို သတိထားမိတာပေါ့။ သတိထားမိရက်နဲ့ ဆက်ညံ့တော့လည်း သဗ္ဗေသတ္တာ ကမ္မသကာ ထဲထည့်လိုက်ရုံပဲ ကျန်မယ်မဟုတ်လား။
------------------------------------------------------
[လင်းဇင်းဘုရင်က သူ့တပ်နဲ့ ဇင်းမယ်နိုင်ငံထဲ ဝင်တိုက်တယ်ဆိုတာ ပင့်တဲ့သူရှိလို့။
ဘယ်သူတွေကပင့်တာလဲဆိုတော့ ဟံဟာဝတီနိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံအဖြစ် ကျရောက်သွားတာကို မလိုလားကြတဲ့ မြို့စားတွေဖြစ်တယ်။ နန်[Nan]မြို့စားဆို လင်းဇင်းနိုင်ငံနဲ့ နယ်ချင်းကလည်း ထိစပ်နေတော့ အလွယ်တကူ လင်းဇင်းဘုရင်ဘက် ရောက်သွားတယ်။
လင်းဇင်းမင်းဘက် ရောက်သွားသူများဘက်ကကြည့်တော့ ဇင်းမယ်ဘုရင်ဟာ သိက္ခာမဲ့ပြီး ဟံသာဝတီနိုင်ငံကို လက်နက်ချခဲ့တဲ့သူ။ ငါတို့က နိုင်ငံကို ကယ်တင်မယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ။ အဲလိုပဲ ဇင်းမယ်ဘုရင်ဘက်ကကြည့်တော့ လင်းဇင်းမင်းဆီ ဘက်ပြောင်းသစ္စာခံသူများဟာ ငါ့ကိုသစ္စာဖောက်သွားတဲ့သူတွေ။ ငါ့နန်းပလ္လင်ကို ကိုင်လှုပ်ကြမယ့် ရန်သူတွေ။ သည်လို မြင်ကြမှာပါပဲ။
အမြင်နှစ်ခု ပွတ်တိုက်မှုဖြစ်တဲ့အခါ လိုအပ်တဲ့လောင်စာက ဟံသာဝတီနိုင်ငံ။ သူရထားတဲ့ ဇင်းမယ်နိုင်ငံကို လာကျူးကျော်တာဟာ သူ့ကိုစော်ကားတာပဲလို့ မှတ်ယူပြီး။ ပထမအဆင့် စစ်ရေးဗျူဟာချတယ်။ ဒါကတော့ ကျူးကျော်လာတဲ့ လင်းဇင်းမင်းရဲ့ စစ်သည်တွေကို သာလွန်အင်အားနဲ့ ဖိနင်းပြီး တိုက်ထုတ်လိုက်တာပဲ။
လင်းဇင်းမင်း ညံ့သွားတာက သူ့ဘက်ကို မြို့စားတွေ ဘက်ပြောင်းလာတာနဲ့ပဲ ဇင်းမယ်နိုင်ငံကို အလွယ်တကူနိုင်မယ် မှတ်တာ။ နောက်ထပ် သူ့ဆီဘက်ပြောင်းလာနိုင်သေးတဲ့ မြို့စားတွေရှိလာလျှင် ဇင်းမယ်ကို လွယ်လွယ်နဲ့သိမ်းနိုင်ပြီထင်ခဲ့တာကိုး။
ဒါပေမယ့် တကယ့်အန္တရာယ်က သူတပ်ချထားတဲ့ အနီးဆုံးနေရာဖြစ်တဲ့ မိုးနဲနိုင်ငံကနေဖြတ်ပြီး ရုတ်တရက် ပေါ်လာတဲ့အခါ ခါးလယ်ကဖြတ်ရိုက်ခံရတဲ့ မြွေဘဝရောက်သွားတယ်။ ဟံသာဝတီတပ် အဲလောက်မြန်မြန် သူ့ဆီရောက်လာမယ်လို့ တွက်ဆထားဟန် မရှိခဲ့ရှာဘူး။ သူ့တပ်မပါ ကျွံမသွားမိတာပဲ ကံကောင်းတယ်။ မဟုတ်လျှင် ဇင်းမယ်ကလာမယ်တပ်နဲ့ ဟံသာဝတီတပ်ရဲ့ ညှပ်ဖမ်းတာ ခံရလိမ့်မယ်။
သို့သော် ဘုရင့်နောင်အတွက်ကတော့ လင်းဇင်းကို စသတိထားမိသွားခဲ့ပြီ။ သူသိမ်းထားတဲ့ ဇင်းမယ်နိုင်ငံရယ်၊ သည်ဘက်က မိုးနဲနိုင်ငံရယ် တည်ငြိမ်ဖို့၊ ဟံသာဝတီနဲ့ ဆက်သွယ်ရေးမပျက်ဖို့၊ စစ်လမ်းကြောင်းတွေ လုံခြုံဖို့ လင်းဇင်းနိုင်ငံကို အသေအချာစောင့်ကြည့်ပြီး သိမ်းပိုက်ရမယ်ဆိုတဲ့ အကြောင်းပြချက်ရသွားခဲ့ပြီ။
မပိုင်နိုင်၊ မပြည့်စုံတဲ့ စစ်ဗျူဟာနဲ့မို့ စစ်ဦးစစ်စမှာတင် ရှုံးခဲ့ရတဲ့ လင်းဇင်းမင်းအတွက်တော့ ဟံသာဝတီနိုင်ငံကလာမယ့် အန္တရာယ်ကို သူ့တိုင်းပြည်အထိရောက်ဖို့ တမင်သွားခေါ်မိသလို ဖြစ်ခဲ့ရပြီဆိုတာ သိမှသိရှာခဲ့ရဲ့လား မပြောတတ်ဘူး။]
------------------------------------------------------
[တရုတ်က ယူနန်နယ်အတွင်းက ရှမ်းနယ်တွေကို သူပိုင်တယ်တဲ့ပဏ္ဏာဆက်နိုင်ငံတွေအဖြစ် သတ်မှတ်ပေမယ့် သည်နိုင်ငံတွေတကယ်ဒုက္ခရောက်တဲ့အခါ သူ့ကိုယ်ကျိုးစီးပွားက အဓိကမို့ မကူတော့ဘူး။
သည်နိုင်ငံတွေကို ကူလို့ဆုံးရှုံးမှာထက် သည်နိုင်ငံတွေလည်း အင်အားလျော့၊ လာတိုက်တဲ့ဟံသာဝတီနိုင်ငံနဲ့ ရှမ်းနိုင်ငံတွေလည်းစစ်ပန်းချိန်မှ အားလုံးအပေါ် သူကသြဇာပေးဖို့ ကြံစည်တာ။
ကုန်သည်ကူးသန်းရောင်းဝယ်မှုမှာ ဟံသာဝတီနိုင်ငံကို ရေကြောင်းကနေ ကွေ့ပတ်ပြီး တပင်တပန်း ဆက်သွယ်ရမှာထက် ယူနန်နယ်ကလေ ဗန်းမော်အထိ လွတ်လွတ်လပ်လပ် ဆင်းလာပြီး ဧရာဝတီမြစ်လမ်းကနေ ဟံသာဝတီအထိ စုန်ဆင်းရမယ့်လမ်းက ပိုအကျိုးရှိတယ်ဆိုတာ တရုတ်ကသိတယ်။ ဒါကြောင့်လည်း သူ့ကိုပဏ္ဏာဆက်နေကျ ရှမ်းနိုင်ငံတွေကို မကူဘဲ ကူမင်းနားအထိ ဟံသာဝတီတပ် ကပ်မလာဖို့ပဲ အာရုံစိုက်တယ်။
ပြီးတော့ မင်တရုတ်မင်းဆက်အတွက် ဟံသာဝတီနိုင်ငံထက် ပိုအလေးထားရတဲ့ မန်ချူးပြဿနာက တရုတ်ပြည်မြောက်ပိုင်းမှာ ဖြစ်နေပြီ။ တောင်ဘက်ကပြဿနာကို လှည့်ရှင်းနေတုန်း မြောက်ဘက်ကနေ မန်ချူးတွေ ဝင်သိမ်းလျှင် သူ့မင်းဆက်ဒုက္ခရောက်မယ်ဆိုတာသိတဲ့အတွက် ယူနန်နယ်တွင်းပြဿနာကို ယူနန်ဘုရင်ခံကိုပဲ လွှဲထားလိုက်တယ်။ အလုံးစုံ လိုက်ကြည့်မနေတော့ဘူး။
ကိုယ်ပဏ္ဏာဆက်နေရတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပြဿနာ၊ စစ်ရေးမဟာဗျူဟာတွေ၊ သည်ဘက်က တက်သစ်စ အင်အားထူထောင်စ ဟံသာဝတီနိုင်ငံရဲ့ စစ်ရေးမဟာဗျူဟာတွေကို ယူနန်နယ်ထဲက ရှမ်းနိုင်ငံငယ်တွေ လုံးဝသတိမမူမိခဲ့ဘူး။
မိုးမိတ်ရှမ်းနိုင်ငံနယ်ကို သူတို့လို ရှမ်းစော်ဘွားနိုင်ငံ ထင်မိပြီး သွားအစမှာ ရှမ်းအချင်းချင်းဆိုပေမယ့် အာဏာ၊ နေရာ၊ အကျိုးစီးပွားကို ထိပါးလာတဲ့အခါ မိုးမိတ်စော်ဘွားဘယ်ငြိမ်ခံလိမ့်မလဲ။
ဟံသာဝတီနိုင်ငံကို စစ်ကူတောင်းပြီး တက်တိုက်တဲ့အခါကျမှ ဝက်ဝက်ကွဲအောင် ရှုံးကြရတယ်။
---------------------------------------------------
ဒါကြီးဖတ်ပြီး ဘာရလိုက်သလဲ?
- စစ်ဦးစစ်စမကောင်းတဲ့အခါ စစ်အဆုံးသတ် မလှတတ်ဘူး။
- ကျောထောက်နောက်ခံ မဟာမိတ်က အင်အားကောင်းသားပဲဆိုတဲ့ အားကိုးစိတ်ကို အရင်းခံထားပြီး ကိုယ်ပိုင်အင်အားကို ခိုင်မာအောင် မတည်ဆောက်ဘဲ တစ်ဘက်ရန်သူကို သွားမစနဲ့။
- ကိုယ်ကစားချင်တဲ့ စစ်ရေး၊ နိုင်ငံရေးကစားကွက်ကို ပုံဖော်တဲ့အခါ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကိုလည်း သတိထားကြည့်ပြီး ပုံဖော်ရတယ်။
ပြည်ဘုရင်ခံသတိုးဓမ္မရာဇာ၏ တပ်မ(၁၂)တပ်သည် စည်ခွင်[Sae Hkwng/ Mueng Hkwng]ရှမ်းနိုင်ငံသို့ဝင်၍ ကျေးလက်မြို့ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးကာ လူသူသုံ့ပန်းဖမ်းဆီးသည်။ ထို့နောက် စည်ခွင်မြို့[Sae Hkwng/ Mueng Hkwng]ကို တပ်ဖြင့် ပိတ်ဆို့ဝန်းရံသည်။
အင်းဝဘုရင်ခံသတိုးမင်းစောနှင့် ရှမ်းစော်ဘွားတပ်တို့ပါဝင်သော တပ်မ(၉)တပ်သည် စန္ဒာ[Sanda]ရှမ်းနိုင်ငံသို့ဝင်၍ ကျေးလက်မြို့ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးကာ လူသူသုံ့ပန်းဖမ်းဆီသည်။ ထို့နောက်
စန္ဒာမြို့[Mueng Sanda]ကို တပ်ဖြင့် ပိတ်ဆို့ဝန်းရံသည်။
တောင်ငူဘုရင်ခံမင်းခေါင်ဦးဆောင်သော တပ်မ(၁၁)တပ်သည် မိုင်းန[Mueng Na/ Mueng La]ရှမ်းနိုင်ငံသို့ဝင်၍ ကျေးလက်မြို့ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးကာ လူသူသုံ့ပန်းဖမ်းဆီသည်။ ထို့နောက် မိုင်းန[Mueng Na/ Mueng La]မြို့ကို တပ်ဖြင့် ပိတ်ဆို့ဝန်းရံသည်။
မိုင်းဆည်[Mueng Se/ Yunan Fu]ဘုရင်ခံထံမှစစ်ကူများမရောက်သဖြင့် မိုင်းမော[Mong Mao] နိုင်ငံ၏ စော်ဘွားမှာ လက်ဆောင်များဆက်သ၍
အိမ်ရှေ့မင်း(နန္ဒဘုရင်)၏ ဟံသာဝတီတပ်ထံ လက်နက်ချသည်။
အိမ်ရှေ့မင်း(နန္ဒဘုရင်)သည် မိုင်းမော[Mueng Mao]စော်ဘွား၏ သားတော်နှင့်သမီးတော်ကို ဗန်းမော်သို့ပို့၍ ဗန်းမော်မှတဆင့် ဟံသာဝတီသို့ ဖောင်နှင့်ပို့စေခဲ့သည်။
ဗန်းမော်>
{မၢၼ်ႈမေႃ= မၢၼ်ႈ + မေႃႈ
= ရွာ + အိုး / ရတနာတွင်း
= ရတနာတွင်း/အိုးကို ပိုင်စိုးရသည့်
နိုင်ငံ။
= ဗန်းမော်မြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်နိုင်ငံ။}
မိုင်းမောစော်ဘွား လက်နက်ချကြောင်း သိရသည့်အခါ
စည်ခွင်[Sae Hkwng/ Mueng Hkwng]စော်ဘွားသည် ပြည်ဘုရင်ခံသတိုးဓမ္မရာဇာထံတွင်လည်းကောင်း၊
မိုင်းန[Mueng Na/ Mueng La] စော်ဘွားသည် တောင်ငူဘုရင်ခံမင်းခေါင်ထံတွင်လည်းကောင်း၊
စန္ဒား[Santa]စော်ဘွားသည် အင်းဝဘုရင်ခံသတိုးမင်းစောထံတွင်လည်း အသီးသီး လက်နက်ချကြသည်။
အိမ်ရှေ့မင်း(နန္ဒဘုရင်)သည် မိုင်းန[Mueng Na/ Mueng La] စော်ဘွား၏ တူမတော်ကို ဗန်းမော်သို့ပို့စေ၍ ဗန်းမော်မှတဆင့် ဟံသာဝတီသို့ ကလေးစော်ဘွားအား ဦးဆောင်၍ ပို့စေခဲ့သည်။
ကလေး>
{ၵၢတ်ႇလီ= ၵၢတ်ႇ+ လီ
= စျေး + ကောင်းသော
= ရောင်းဝယ်ဖောက်ကား၍ကောင်းသော
စျေးရှိသည့် နိုင်ငံ
= ကလေးမြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်နိုင်ငံ။}
ထို့နောက် အိမ်ရှေ့မင်း(နန္ဒဘုရင်)သည် ဟိုသာ[Hosa]ရှမ်းနိုင်ငံသို့လည်းကောင်း၊
ပြည်ဘုရင်ခံသတိုးဓမ္မရာဇာသည် လသာ[Lasa] ရှမ်းနိုင်ငံသို့လည်းကောင်း၊တောင်ငူဘုရင်ခံမင်းခေါင်
သည် မိုးဝန်းကြီး[Mueng Wan]ရှမ်းပြည်သို့လည်းကောင်း၊ အင်းဝဘုရင်ခံသတိုးမင်းစောသည်
မိုင်းလျဉ်းကြီး[Mueng Lemg]သို့လည်းကောင်း
ဆက်လက်ချီတက်ကြသည်။
ထိုသို့ချီတက်လာသည်ကို ကြားသိရသဖြင့် ဟိုသာ[Hosa]စော်ဘွားသည် ၄င်း၏သားတော်ကို အိမ်ရှေ့မင်း(နန္ဒဘုရင်)ထံစေလွှတ်၍ ကြိုတင်လက်နက်ချခဲ့သည်။
ဟိုသာ[Hosa]စော်ဘွား လက်နက်ချကြောင်း သိရသည့်အခါ လသာ[Lasa]စော်ဘွားသည် ၄င်း၏ သားတော်နှင့်ညီတော်ကို ပြည်ဘုရင်ခံသတိုးဓမ္မရာဇာထံလွှတ်၍ လက်နက်ချတော့သည်။
မိုးဝန်းကြီး[Mueng wan]စော်ဘွားသည် လက်နက်မချဘဲ ဆင်တပ်၊ မြင်းတပ်များဖြင့် တောင်ငူဘုရင်ခံ၏ ဟံသာဝတီတပ်ကို အပြင်းအထန် ခုခံတိုက်ခိုက်သည်။ ဟံသာဝတီတပ်များ အထိအခိုက်များသဖြင့် ဆောင်ငူဘုရင်ခံသည် မီးရှူး၊ မီးပန်းများ၊
မီးပေါက်သေနတ်များကို အများအပြားသုံးစေ၍ တိုက်ခိုက်မှသာ မိုးဝန်းကြီး[Mueng Wan]စော်ဘွားတပ်မှာ ရှုံးနိမ့်ရသည်။
ထိုသို့ရှုံးနိမ့်သည့်အခါ မိုးဝန်းကြီး[Mueng Wan]စော်ဘွားသည် မိုင်းလျဉ်းကြီး[Mueng Lemg]စော်ဘွားနှင့်အတူ တောင်ငူဘုရင်ခံမင်းခေါင်ထံ လက်နက်ချသည်။
အိမ်ရှေ့မင်း(နန္ဒဘုရင်)သည် မိုးဝန်းကြီး[Mueng Wan]စော်ဘွား၏ သမီးတော်အား ဖောင်ဖြင့်တင်၍
မိုးမိတ်စော်ဘွားကို ဦးဆောင်စေလျက် ဟံသာဝတီသို့ ပို့စေသည်။
ထို့နောက် ဟံသာဝတီတပ်မကြီးများသည်
စန္ဒား[Sanda]၊ မိုင်းန[Mueng Na/ Mueng La]၊
မိုးဝန်းကြီး[Mueng Lemg]တို့တွင်ရှိသော ပန်း၁၀မျိုးပညာရှင်များ၊ အနုသုခုမပညာရှင်များ၊ ဆေးဝါးပညာရှင်များ၊ ဆင်အတတ်,မြင်းအတတ် ကျွမ်းကျင်သူများအပါအဝင် သုံ့ပန်းပေါင်းများစွာကို ဟံသာဝတီသို့ ဖမ်းဆီးခေါင်ဆောင်သွားခဲ့ကြသည်။
ဘုရင့်နောင်မင်းသည် ဟံသာဝတီတပ်များ ဖမ်းဆီးခေါ်ဆောင်လာသည့်
မိုင်းမော[Mueng Mao]၊
စည်ခွင်[Sae Hkwng/ Mueng Hkwng]၊
ဟိုသာ[Hosa]၊
လသာ[Lasa]၊
မိုင်းန[Mueng Na/ Mueng La]၊
စန္ဒား[Santa]
မိုးဝန်းကြီး[Mueng Wan]
မိုင်းလျဉ်းကြီး[Mueng Lemg]
တို့မှ ဖမ်းယူလာသည့် သုံ့ပန်းများကို ဒိုင်းကိုင်အင်းတရော်တပ်စုဖွဲ့စည်း၍ လကွန်းဗျည်းမြို့ကသည် မြဝတီအထိ လူဦးရေနှစ်သောင်း၊ စစ်တောင်းမြို့ကသည် မုတ္တမမြို့အထိ လူဦးရေတစ်သောင်း၊ တောင်ငူနယ်အစပ်မှသည် ရွာသစ်ကြီး ဇေယျဝတီနယ်စပ်အထိ လူဦးရေတစ်သောင်း စသဖြင့် စုစုပေါင်းလူဦးရေ လေးသောင်းကို နေရာခွဲ၍ နေစေခဲ့တော့သည်။ ။
မိုးမိတ်>
{မိူင်းမိတ်ႈ
= မိူင်း + မိတ်ႈ
= နိုင်ငံ+ ဓားမြှောင်
= မူလ(ရှမ်း၃ပြည်ထောင်)တွင် ပါဝင်
ဖူးသည့် ဓားမြှောင်နိုင်ငံ
= မိုးမိတ်မြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်နိုင်ငံ။}
{မိုင်းမော[Mueng Mao]၊
စည်ခွင်[Sae Hkwng/ Mueng Hkwng]၊
ဟိုသာ[Hosa]၊ လသာ[Lasa]၊
မိုင်းန[Mueng Na/ Mueng La]၊
စန္ဒား[Santa] = ယူနန်နယ်အတွင်း တည်ရှိ
သည့် ရှမ်းနိုင်ငံငယ်များ။
= လက်ရှိ ယူနန်ပြည်နယ်၊
တရုတ်နိုင်ငံ။ }
ဤတွင် ဘုရင့်နောင်မင်းသည် ၄င်းရှမ်းနိုင်ငံများသို့ ချီတက်တိုက်ခိုက်ရန် ညီတော် အင်းဝဘုရင်ခံသတိုးမင်းစော ဦးဆောင်သည့် ဟံသာဝတီတပ်၊ မိုးကောင်း[Mueng Gaung]ရှမ်းနိုင်ငံ စော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ မိုးမိတ်[Mueng Mit]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ သီပေါ[Hsipaw]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ မိုးနဲ[Mueng Nai]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်တို့ပါဝင်သည့် တပ်မ(၉)တပ်ကို မိုးမိတ်လမ်းကြောင်းက ချီတက်စေခဲ့သည်။
မိုးကောင်း>
{မိူင်းၵွင်
= မိူင်း + ၵွင်
= နိုင်ငံ + စည်တော်
= မူလ(ရှမ်း၃ပြည်ထောင်)တွင် ပါဝင်
ဖူးသည့် စည်တော်နိုင်ငံ
= မိုးကောင်းမြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်နိုင်ငံ။}
သီပေါ>
{သီႇပေႃႉ/သႅင်ပေႃႉ
= သႅင် + ပေႃႉ
= ပတ်တမွား+ သွဇာအာဏာ
= ပတ္တမြားမြေကို သြဇာလွှမ်း
မိုးပိုင်ဆိုင်သည့်နိုင်ငံ
= သီပေါမြို့၊ ရှေးက ရှမ်း၉ပြည်ထောင်ဝင်
နိုင်ငံ။}
ထို့အပြင် ဘုရင့်နောင်မင်းသည် ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ဦးဆောင်သည့် ဟံသာဝတီတပ်မ (၁၁)တပ်ကို ရွာငံလမ်းကြောင်းကတဆင့် သီပေါသို့ ဦးတည်ချီတက်စေခဲ့သည်။
ဆက်လက်၍ ဘုရင့်နောင်မင်းသည် ညီတော် ပြည်ဘုရင်ခံသတိုးဓမ္မရာဇာဦးဆောင်သည့် ဟံသာဝတီတပ်မ (၁၂)တပ်ကို ရွာငံလမ်းကြောင်းကတဆင့် သီပေါသို့ ဦးတည်ချီတက်စေခဲ့သည်။
ဆက်လက်၍ ဘုရင့်နောင်မင်းသည် သားတော်အိမ်ရှေ့မင်း{နန္ဒဘုရင်}ကို ဟံသာဝတီတပ်မ (၁၂)တပ်အပ်၍ မိုးမိတ်လမ်းကြောင်းသို့ ဆက်လက်ချီတက်စေသည်။
၄င်းတပ်မကြီးများအားလုံးသည် မိုးဝန်းငယ်တွင် တပ်ချ၍ စစ်မှုရေးရာများတိုင်ပင်ကာ တာဝန်အသီးအသီး ခွဲဝေယူကြသည်။
မိုးဝန်းငယ်>
{မိူင်းဝၼ်း = လွယ်ဂျယ်မြို့နယ်ခွဲအတွင်းရှိ
ရှမ်းမြို့ဟောင်း။
ယခု ရွာဖြစ်နေပြီ။}
အိမ်ရှေ့မင်း(နန္ဒဘုရင်)၏ တပ်မ(၁၂)တပ်မှာ မိုးဝန်းငယ်မှ မိုင်းမော[Mueng Mao]သို့ ချီတက်သည်။
အင်းဝဘုရင်ခံသတိုးမင်းစော ဦးဆောင်သည့် ဟံသာဝတီတပ်၊ မိုးကောင်း[Mueng Gaung]ရှမ်းနိုင်ငံ စော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ မိုးမိတ်[Mueng Mit]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ သီပေါ[Hsipaw]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ မိုးနဲ[Mueng Nai]ရှမ်းနိုင်ငံစော်ဘွားဦးဆောင်သည့် ရှမ်းတပ်တို့ပါဝင်သည့် တပ်မ(၉)တပ်တို့မှာ မိုးဝန်းငယ်မှ စန္ဒား[Sanda]သို့ ချီတက်သည်။
ပြည်ဘုရင်ခံသတိုးဓမ္မရာဇာဦးဆောင်သည့် တပ်မ(၁၂)တပ်တို့မှာ မိုးဝန်းငယ်မှ စည်ခွင်[Sae Hkwng/ Mueng Hkwng]သို့ ချီတက်သည်။
တောင်ငူဘုရင်ခံမင်းခေါင်ဦးဆောင်သည့် တပ်မ(၁၁)တပ်ကို မိုးဝန်းငယ်မှ မိုင်းန[Mueng Na/ Mueng La]သို့ ချီတက်သည်။
ဟံသာဝတီနိုင်ငံနှင့် လက်အောက်ခံ ရှမ်းနိုင်ငံတို့ ပူးပေါင်းချီတက်လာသည်ကို ကြားသိရသဖြင့်
မိုင်းမော[Mueng Mao]၊
စည်ခွင်[Sae Hkwng/ Mueng Hkwng]၊
ဟိုသာ[Hosa]၊
လသာ[Lasa]၊
မိုင်းန[Mueng Na/ Mueng La]၊
စန္ဒား[Santa]
မိုးဝန်းကြီး[Mueng Wan]
မိုင်းလျဉ်းကြီး[Mueng Lemg]
ရှမ်းစော်ဘွားတို့မှာ တစ်ဘက်တွင် စစ်ရေးပြင်ဆင်ကြသကဲ့သို့ တစ်ဘက်တွင်လည်း တရုတ်နိုင်ငံ၊ မင်မင်းဆက်က ခန့်အပ်ထားသည့် မိုင်းဆည်[Mueng Se/ Yunan Fu]ဘုရင်ခံထံ စစ်ကူတောင်းကြသည်။
မိုင်းဆည်>
{မိူင်းသျေႇ= ယူနန်ဘုရင်ခံအုပ်ချုပ်သည့်မြို့။ လက်ရှိ ကူမင်းမြို့။ }
မိုင်းဆည်[Mueng Se Loong/ Yunan Fu]ဘုရင်ခံ
က
မိုင်းမော[Mueng Mao]၊
စည်ခွင်[Sae Hkwng/ Mueng Hkwng]၊
ဟိုသာ[Hosa]၊
လသာ[Lasa]၊
မိုင်းန[Mueng Na/ Mueng La]၊
စန္ဒား[Santa]
မိုးဝန်းကြီး[Mueng Wan]
မိုင်းလျဉ်းကြီး[Mueng Lemg]
ရှမ်းစော်ဘွားတို့ စစ်ကူတောင်းလာကြောင်း တရုတ်ဘုရင်ထံ တမန်လွှတ်၍ လျှောက်တင်သည်။
တရုတ်ဘုရင်က ၄င်းရှမ်းစော်ဘွားတို့ကို စစ်ကူမပို့ရန်နှင့် တရုတ်ဘုရင်ပိုင် မိုင်းဆည်နယ်စပ်အနားသို့ ဟံသာဝတီတပ်များ ကျူးကျော်လာမှသာ လျင်မြန်စွာ အကြောင်းကြားရန် ညွှန်ကြားလွှာပြန်၍ပို့သည်။
ဤကာလအတွင်း အိမ်ရှေ့မင်း(နန္ဒဘုရင်)၏ ဟံသာဝတီတပ်မ(၁၂)တပ်သည် မိုင်းမောရှမ်းနိုင်ငံ[Mueng Mao]သို့ ဝင်၍ ကျေးလက်မြို့ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးကာ လူသူသုံ့ပန်းဖမ်းဆီးသည်။ ထို့နောက် မိုင်းမောမြို့[Mueng Mao]ကို တပ်ဖြင့် ပိတ်ဆို့ဝန်းရံသည်။
ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၃
လင်းဇင်းဘုရင်ဗြစဲစစ်{Phra Chaochai Chestar>ဖရာ့စဝ်စိုင်း ချီစတာ}သည် ဇင်းမယ်သို့ ချီတက်တိုက်ခိုက်သည်။ ထိုကာလတွင် ဇင်းမယ်နိုင်ငံ[ Muang Chiang Mai]သည် ဟံသာဝတီနိုင်ငံ၏ ပြည့်ရှင် ဘုရင်နောင်၏ လက်အောက်ခံဖြစ်နေသည်။ ထို့ကြောင့် ဘုရင့်နောင်၏ လက်အောက်ခံအဖြစ် မနေလိုခဲ့ကြသော ဇင်းမယ်နိုင်ငံ[Muang Chiang Mai]အတွင်းရှိ ဗြဲ(Phrae)၊ နန်(Nan)၊ လကွန်(Lankhon)၊ တုရိုင် (Tarai)၊ ကျိုင်းလော(Chiang Lao)၊ မုံးဗျော (Muang Bre)၊ ဇင်းခေါင်(Chiang Khong) စသည့်မြို့များကိုအုပ်ချုပ်သော မြို့စားများသည်
လင်းဇင်းမင်းထံ သစ္စာခံယူ၍ ပူးပေါင်းသွားကြသည်။
လင်းဇင်း >
{လၢၼ်ႉၸၢင်ႉ= လၢၼ်ႉ + ၸၢင်ႉ
= (တစ်)သန်း+ ဆင်
= ဆင်တစ်သန်းနိုင်ငံ
= ယခု လာအိုနိုင်ငံ[Laos]}
ဇင်းမယ်>
{ၵဵင်းမႂ်ႇ= ၵဵင်း + မ်ႂႇ
=မြို့ရိုး/ခံတပ်ပါသောမြို့+ အသစ်
=မြို့ရိုး/ခံတပ်ပါသောမြို့သစ်
= ယခု ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။}
ဇင်းမယ်ဘုရင်ဗြသံ{Mekuti>မေကူတိ}သည် လင်းဇင်းမင်း၏ ကျူးကျော်လာမှုနှင့် ပတ်သက်၍ ၄င်း၏လက်အောက်ခံမြို့စားများမှာ လင်းဇင်းမင်းနှင့် ပူးပေါင်းသွားသောကြောင့်လည်းကောင်း၊ မိမိအုပ်ချုပ်သောဇင်းမယ်နိုင်ငံမှာ ဟံသာဝတီနိုင်ငံ၏ လက်အောက်ခံ ဖြစ်နေသောကြောင့်လည်းကောင်း ဟံသာဝတီဘုရင် ဘုရင့်နောင်ထံ စစ်ကူလွှတ်ပေးရန်တိုင်ကြားတော့သည်။
ထို့ကြောင့် ဘုရင့်နောင်သည် ညီတော်အင်းဝဘုရင်ခံသတိုးမင်းစောဦးဆောင်သည့် ဟံသာဝတီတပ်၊ လက်အောက်ခံ ညောင်ရွှေနိုင်ငံ[Mueng Yawnghwe]၏စော်ဘွားဦးဆောင်သည့် ရှမ်းတပ်၊ လက်အောက်ခံ မိုးနဲနိုင်ငံ[Mueng Nai]၏စော်ဘွား ဦးဆောင်သည့် ရှမ်းတပ်တို့ကို စုပေါင်းလိုက်သည်။ ထို့နောက် ရွာငံလမ်းကြောင်းမှတဆင့် ညောင်ရွှေသို့လည်းကောင်း၊ ညောင်ရွှေမှ မိုးနဲသို့လည်းကောင်း၊ မိုးနဲမှ ဇင်းမယ်နိုင်ငံသို့လည်းကောင်း အဆင့်ဆင့် ချီတက်စေခဲ့သည်။
ညောင်ရွှေ>
{ယွင်ႁူၺ်ႈ= ယွင် + ႁူၺ်ႈ
= ကျီ(စပါး)+ ချိုင့်ဝှမ်း
= စပါးကျီသဖွယ်
စားရေရိက္ခာရိက္ခာကြွယ်ဝ
သည့် ချိုင့်ဝှမ်းနိုင်ငံ
= ညောင်ရွှေမြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်နိုင်ငံ။}
မိုးနဲ>
{မိူင်းၼၢႆး/မိူင်းၽၢႆး= မိူင်း + ၽၢႆး
= နိုင်ငံ + ဘီလူး
= ဘီလူးနိုင်ငံ
= မိုးနဲမြို့၊
ရှေးက ရှမ်း၉ပြည်ထောင်ဝင်
နိုင်ငံ။}
သတိုးမင်းစောဦးဆောင်သည့် ဟံသာဝတီတပ်၊ ညောင်ရွှေစော်ဘွား၊ မိုးနဲစော်ဘွားတို့ ဦးဆောင်သည့် ရှမ်းတပ်များသည် ထားစင်(တႃႇၸၢင်ႉ= ဆင်ဆိပ်ကမ်း)ဆိပ်ကမ်းမှတဆင့် သံလွင်မြစ်(ၼမ်ႉသႃႇလဝဵၼ်ႇ = ဆာလဝင်မြစ်[ထိုင်း/လာအိုဘာသာစကားရင်းမြစ်])ကိုကူး၍ ဇင်းမယ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
၄င်းကာလတွင် လင်းဇင်းဘုရင်သည် ဇင်းသေဉ်[Chiang Hsaen]မြို့တွင် တပ်ကြီးချ၍ တုရိုင်[Tarai]မြို့စား ဖရာ့တုရိုင် {Phra Tarai}ကို လက်နက်အင်အား၊ လူအင်အား၊ ဆင်၊မြင်းအင်အားပေး၍ ၄င်း၏မြို့တွင် အခိုင်အမာနေစေသည်။
သို့သော် သတိုးမင်းစော၏ ဟံသာဝတီတပ်သည် တုရိုင်[Tarai]မြို့ကို ချီတက်တိုက်ခိုက်သည့်အခါ မြို့ရိုးပျက်၍ တုရိုင်မြို့စားဖရာ့တုရိုင်{Phra Tarai}အပြင် လင်းဇင်းဘုရင်က စစ်ကူထည့်ပေးလိုက်သည့် စစ်သူကြီး ဗညားကင်{Phra Ken}နှင့် စစ်ကဲနှစ်ဦးတို့ကိုပါ ဖမ်းဆီးရမိခဲ့သည်။
တုရိုင်မြို့[Tarai]ပျက်ကြောင်း လင်းဇင်းဘုရင်ကြားရသည့်အခါ ဇင်းသေဉ်မြို့ [Chiang Hsaen]မှ လင်းဇင်းနိုင်ငံသို့ ပြန်လည်ဆုတ်ခွာသည်။ ထိုအခါ ဗြဲ(Phrae)၊ နန်(Nan)၊ ဇင်းခေါင်(Chiang Khong)နှင့် ဇင်းသေဉ်[Chiang Hsaen] စသည့်မြို့စားတို့မှာ သားမယားတို့နှင့်တကွ လင်းဇင်းနိုင်ငံသို့ လိုက်ပါသွားခဲ့ကြသည်။
လင်းဇင်းဘုရင်ဆုတ်ခွာသွားသည့်နောက်တွင် ဘုရင့်နောင်မင်းသည် ဟံသာဝတီမှနေ၍ ဇင်းမယ်နိုင်ငံသို့ မြို့စားအသစ်များ ခန့်အပ်ခဲ့သည်။
ဤတွင်
နန်[Nan]မြို့စားအဖြစ်
ဗညားသေဉ်လုံ{Phra Hseng Loong}၊
ဗြဲ[Phrae]မြို့စားအဖြစ်
ဗညားသဲ{Phra Hsai}၊
ကျိုင်းသေဉ်[Chiang Hsaen]မြို့စားအဖြစ် ဗညားသံပိုက်{Phra Hsam Pai}၊
တုရိုင်[Tarai]မြို့စားအဖြစ်
{Phra Hseng}တို့ကို ခန့်အပ်ခဲ့လေသည်။
ဟံသာဝတီနိုင်ငံ၏ လက်အောက်ခံ မိုးမိတ်ရှမ်းနိုင်ငံ[Mueng Mit]နှင့် မိုင်းမော[Mueng Mao]၊ စည်ခွင်[Sae Hkwng/ Mueng Hkwng]၊ ဟိုသာ[Hosa]၊ လသာ[Lasa]၊ မိုင်းန[Mueng Na/ Mueng La]၊ စန္ဒား[Santa] စသည့်ရှမ်းစော်ဘွားနိုင်ငံများအကြား မကျေလည်မှုများဖြစ်ပွားသည်။ ဤတွင် ၄င်းရှမ်းစော်နိုင်ငံများက မိုးမိတ်နိုင်ငံ[Mueng Mit]၏ နယ်ပယ်အချို့ကို ကျူးကျော်ကြောင်း မိုးမိတ်စော်ဘွားက ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်ထံ တိုင်ကြားတော့သည်။
( မိုးနဲအုပ်ချုပ်ခဲ့သော သီပေါစော်ဘွား၏တူတော် စဉ့်ကူးမြို့စားဟောင်းသည် သီပေါနယ်ကို ပြန်၍တိုက်ခိုက်စဉ် သိန္နီနယ်အတွင်းရှိ အချို့ဒေသများကိုပါ သိမ်းယူထားဟန်ရှိသည်။ သိန္နီစော်ဘွား၏ တောင်းခံမှုအရ ဘုရင့်နောင်မင်းက အသာတကြည်ပြန်ပေးသည်ကလည်း စစ်မျက်နှာထပ်မဖွင့်လို၍လား၊ သိန္နီစော်ဘွားနောက်က တရုတ်မင်း၏ ပါဝင်လာနိုင်မှုကို ကြို၍မြင်မိသလား ဆိုတာကိုတော့ ဆက်လက်ရှာဖွေရပါဦးမည်။)
......................................................................
ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ဆီတိုက်ရိုက်ဒုက္ခမပေးနိုင်အောင် အလွယ်ကူဆုံးလုပ်တဲ့နည်းဟာ (၂)ချက်ရှိတယ်။
၁။ နိုင်အောင်တိုက်ပြီးတော့ သူ့လူကိုယ့်ဘက်သားဖြစ်အောင်ထားတာမျိုး
၂။ မတူညီတဲ့ အခွင့်အရေးတွေကို ပြိုင်တူပေးပြီး အချင်းချင်း ပြန်ချခိုင်းတာမျိုး
သည်နှစ်နည်းလုံးကို ဘုရင့်နောင်မင်းသုံးသွားတယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသလိုနဲ့ သူ့လူကိုယ့်ဘက်သားတွေမွေးပြီး အုပ်ချုပ်ထားတာက ကိုယ့်အင်အားကို အများကြီး သက်သာစေတယ် မဟုတ်ပါလား။
စစ်ဘက်ရေးရာမှာဆို အများကြီး အမြတ်ထွက်တယ်။
သူ့လူကိုယ့်ဘက်သားရှိတဲ့အခါ စစ်ပွဲတွေတိုင်းမှာ သူ့အင်အားကိုအသုံးချပြီး တိုက်ခိုက်ရုံပါပဲ။ ရိက္ခာပို့ခိုင်းရုံပါပဲ။ အင်အားအနည်းအများနဲ့ စစ်ပွဲတွေရဲ့ အနိုင်အရှုံးကို အများဆုံး ဆုံးဖြတ်တဲ့ခေတ်မှာ သည်စနစ်ဟာ ကိုယ်အသက်သာဆုံးစနစ်ပေါ့။
ပြီးတော့ စစ်ပွဲတွေအနိုင်ရပြီးနောက် စစ်သုံ့ပန်းတွေများများရှိလာတာဟာ နိုင်ငံအတွက် အကျိုးအမြတ်၄ချက်ရှိတယ်။
၁။ သုံ့ပန်းတွေကို အစုခွဲပြီး စားကျက်မြေသစ်တွေချပေးတော့ နိုင်ငံအတွက် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးခိုင်းလို့ရတာပေါ့။
၂။ သုံ့ပန်းတွေကို အစုတွေခွဲပြီး ရပ်ဝေးဒေသတွေဆီ ပို့ထားတဲ့အခါ ရေရှည်မှာ ဒေသခံတွေနဲ့ သွေးနှောသွားကြပြီး အကုန်လုံးဟာ သည်နိုင်ငံသားတွေပဲ ဖြစ်လာကြတာပေါ့။
၃။ သုံးပန်းတွေဆီက စားနပ်ရိက္ခာတွေအပြင် စိုက်ပျိုးမြေခွန်တွေလည်းရတယ်လေ။
၄။ စစ်ပွဲသစ်တွေ ဖြစ်လာတဲ့အခါမှာ အစုခွဲထားတဲ့ သုံ့ပန်းတွေဆီကနေ စစ်သည်အင်အားပြန်ကောက်ပြီး
လျင်မြန်စွာ အင်အားစုစည်းနိုင်တယ်။
သည်လို နိုင်ငံရေးနည်းစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆၂နှစ်ကစပြီး ဘုရင့်နောင်မင်းသုံးသွားနိုင်တာ အံ့သြစရာပါပဲ။ သူ့နည်းကလည်း အံ့သြစရာကောင်းလောက်အောင် အခုထိ အသုံးဝင်နေတုန်း။
ဘုရင့်နောင်မင်းကပဲ ခေတ်မီလွန်းသလား ကျွန်တော်တို့ကပဲ ခေတ်နောက်ကျလွန်းနေသလား။ စဉ်းစားစရာကြီးပေါ့ခင်ဗျာ။
အပိုင်း ၃ ကျန်ပါတယ်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ မိုးနဲမြို့မှတဆင့် ဆက်လက်ချီတက်ရာ မိုးနဲစော်ဘွားမှာ နာမကျန်းဖြစ်သည်ဟုဆိုကာ တပ်ကူမလိုက်ဘဲနေသည်။ ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)မှာမူ တပ်ကူလိုက်ရန်အတွက် လက်နက်လူသူ စုရုံးမည်ဟုဆိုကာ ညောင်ရွှေသို့ ပြန်သည်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ ချီတက်ရာ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ မိုးမိတ်စော်ဘွားတို့အပြင် တပ်ကူအဖြစ် မိုးနဲစော်ဘွား၏သားတော်ကြီး မိုင်းကိုင်မြို့စား၊ သားတော်ငယ် ကျိုင်းတောင်းမြို့စား၊ ညီတော် စဝ်မော်ခမ်း(္ပဝျှုမြှေု္ဓမျး)၊ ယောက်ဖတော် သိုခံ(သိူဝျ္ဓမျး)နှင့် မိုးဗြဲစော်ဘွား၊ နောင်မွန်မြို့စား၊ လဲချားမြို့စားတို့ကို ခေါ်ယူသွားပြီး သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)မှတဆင့် ချီတက်သည်။
သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကိုအုပ်ချုပ်ရသော
ဗြသံမင်း(Phra Mekuti)သည် ဘုရင့်နောင်မင်းကို မြို့တော်ဖြစ်သော ဇင်းမယ်မြို့(Ching Mai)မှထွက်၍ ခုခံတိုက်ခိုက်ရန် စစ်ပြင်ဆင်သော်လည်း ဗညားငသဉ်လုံအမတ်( Phya Hseng Long)၏ လျှောက်တင်ချက်အရ ဇင်းမယ်မြို့တော်တွင်း၌သာ ခုခံရန် ပြင်ဆင်သည်။
ဘုရင့်နောင်မင်းသည် ဇင်းမယ်မြို့တော်ကို ဝန်းရံထားစဉ်
ဗြသံမင်း(Phra Mekuti)သည် မြို့ရံ၅၇မြို့မှ စစ်ကူများကို စောင့်ဆိုင်းရင်း ခုခံသော်လည်း မြို့ရိုးပြိုကျအောင် တိုက်ခိုက်ခြင်းခံရသဖြင့် ဘုရင့်နောင်မင်းထံထွက်၍ သစ္စာခံရသည်။
ဘုရင့်နောင်မင်းသည် မြို့ရံပေါင်း၅၇မြို့ရှိသော သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကို အုပ်ချုပ်ရန် ဗြသံမင်း(Phra Mekuti)ကိုပင် မြင်းမိုရ်တံဆိပ်နှင့် အဆောင်အယောင်များအပ်ကာ အုပ်ချုပ်စေပြီး ဟံသာဝတီတပ်၂တပ်နှင့် တပ်မှူး၂ဦးကို အစောင့်ထားခဲ့သည်။
ဘုရင့်နောင်မင်းသည် ဟံသာဝတီသို့ ပြန်ရာတွင် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)မှ ပန်း၁၀မျိုးပညာရှင်များ၊ ဆင်ထိန်း၊မြင်းထိန်း ကျွမ်းကျင်သူများ၊ အလှအပပြင်ဆင်တတ်သူများ၊ အချက်အပြုတ်ကျွမ်းကျင်သူများ၊ အနုသုခုမပညာရှင်များကိုလည်းကောင်း၊ မြို့ရံ၅၇မြို့မှ မြို့စားများ၏ သားသမီးများကိုလည်းကောင်း၊ မယုံကြည်ရသောမြို့စားများကိုလည်းကောင်း ခေါ်ဆောင်သွားသည်။
မိုးနဲမြို့တွင် ကျန်ရှိနေသောမိုးနဲစော်ဘွားသည် ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့နှင့် ပူးပေါင်းလျက် မိုးနဲမြို့တွင် ဘုရင့်နောင်မင်းထားခဲ့သော ဟံသာဝတီတပ်မှ တပ်သား၃၀၀ကျော်ကိုသတ်ကာ ဘုရင့်နောင်မင်း ပြန်လာမည့် စစ်လမ်းဖြစ်သော သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတားကို ဖျက်ဆီးနှင့်သည်။
ဘုရင့်နောင်မင်းနှင့် ရှမ်းစော်ဘွား၊ မြို့စားများပါဝင်သောဟံသာဝတီတပ်သည် သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတား ပျက်နှင့်သဖြင့် ကျိုင်းတောင်းဆိပ်ကမ်းမှကူးပြီး မိုးနဲမြို့သို့ အမြန်ချီတက်သည်။
မိုးနဲစော်ဘွားသည် ဘုရင့်နောင်မင်းထံ လျင်မြန်စွာ ဝင်ရောက်လာ၍ ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကသာ ဦးဆောင်ပုန်ကန်သဖြင့် လိုက်ပါပုန်ကန်ရပါကြောင်း လျှောက်ထားသော်လည်း အကျဉ်းချခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် သားတော်အိမ်ရှေ့မင်း(နန္ဒဘုရင်)နှင့် အင်းဝဘုရင်ခံတို့ကို စေလွှတ်၍
ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကို ဖမြးဆီိးစရော ညောင်ရွှေစော်ဘွားနှင့် ရောက်စောက်မြို့စားတို့ကမိုးနဲစော်ဘွားကသာ ဦးဆောင်ပုန်ကန်ပါကြောင်း လျှောက်ထားသော်လည်း မိုးနဲမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို အရာကချ၍ မိုးနဲစော်ဘွား၏ ညီတော်ဖြစ်သော သိုခဲ(သိူဝျ္ဓ္လမျှူ)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်ယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)ကို အရာကချ၍ ၄င်း၏သားတော် စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ညောင်ရွှေစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးဖြစ်သော မိုင်းကိုင်မြို့စားကို အရာချ၍ မိုးနဲစော်ဘွားသစ်သိုခဲ(သိူဝျ္ဓ္လမျှူ)၏ ညီတော်စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မိုင်းကိုင်မြို့စားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၊ ညောင်ရွှေစော်ဘွားဟောင်း စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)၊ ရောက်စောက်မြို့စားဟောင်း၊ မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးမိုင်းကိုင်မြို့စားဟောင်းတို့နှင့် ၄င်းတို့၏ သားမယားတို့ကိုပါ ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဘုရင့်နောင်မင်း မိုးနဲမှ ဟံသာဝတီသို့ ပြန်စဉ် တီကျစ်အရောက်တွင် သိန္နီစော်ဘွားသည် ဘုရင့်နောင်မင်းထံ လာရောက်တွေ့ဆုံပြီး မိုးနဲစော်ဘွားဟောင်း သိမ်းယူထားသော မိမိနယ်မြေများကို ပြန်လည်တောင်းခံရာ ဘုရင့်နောင်မင်းက စိစစ်၍ ပြန်ပေးစေသည်။
ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂
ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။
ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather)
တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။
ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်
(ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။
မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)
သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ဖမ်းဆီးကာ ဘုရင့်နောင်မင်းထံပို့၍ အညံ့ခံသည်။
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ရရှိပြီးနောက် မိုးကောင်းမြို့သို့ချီတက်သိမ်းပိုက်ပြီး မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ၄၅လုံးမိုင်း(ဢုပ်ႉငၢမ်းမိူင်း45မိူင်း>မြို့ရံပေါင်း၄၅မြို့)ကို အုပ်ချုပ်ရသော မိုးကောင်းစော်ဘွားအရာပြန်ခန့်သည်။
(အထက်ချင်းတွင်းနယ်ကိုပါ အုပ်ချုပ်ရစဉ် မိုးကောင်းသျှမ်းပြည်သည် မြို့ရံပေါင်း၉၉မြို့ ရှိသည်။)
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)ကို အရာချ၍ ဝန်ဆင်(ဝဵငျး္ပ္ဂငျှု)မြို့စားအရာ ခန့်ပြီး ၄င်း၏သားတော်ကို မိုးလုံ(မိူင်းလူင်)ဟူသောဘွဲ့ဖြင့် ဒီပဲယင်းမြို့စားအရာ ခန့်ထားသည်။
ဘုရင့်နောင်မင်းသည် မိမိထံ ဦးစွာသစ္စာခံသည့် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ ယောက်ဖတော်ဖြစ်သော ပုခန်းကြီးမြို့စား သီဟပတေ့(ဒီပဲယင်းမြို့စားဟောင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ ၃၅လုံးမိုင်း(ဢုပျှူငမျး 35မိူင်း>မြို့ရံပေါင်း၃၅မြို့)ကို အုပ်ချုပ်ရသော မိုးညှင်းစော်ဘွားအရာ ခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းမြို့မှ ဟံသာဝတီသို့ ပြန်သည့်အခါ မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၏ သားတော်၂ပါး(စဝ်တာမိုင်း(္ပဝျှုတမြိူငျး)နှင့် ညီတော်)၊ သမီးတော်၁ပါး၊ မြေးတော်၂ပါးကိုလည်းကောင်း၊ မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ သားတော်၁ပါး(္ပဝျှုမြှေု္ဓမျး>ကော်တော်ရန္တမိတ်- မဟာရာဇဝင်ကြီးကိုပြုစုသူ ဦးကုလား၏ဘီ)၊ သမီးတော်၁ပါးတို့ကိုလည်းကောင်း ခေါ်ယူသွားသည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၊ မိုးညှင်းစော်ဘွားသစ်(ပုခန်းကြီး
မြို့စားဟောင်း)၊ မိုးမိတ်စော်ဘွားသစ်(မိုင်းလုံမြို့စားဟောင်း)တို့ကို ခေါ်ယူလျက် မိုးနဲသျှမ်းပြည်သို့ ချီတက်သည်။
ဘုရင့်နောင်မင်းချီတက်လာကြောင်းကို မိုးနဲစော်ဘွားသိသောအခါ လက်အောက်ခံ မိုးဗြဲစော်ဘွား၊ စကားမြို့စား၊
နောင်မွန်မြို့စားနှင့် ရောက်စောက်(ရပ်စောက်)မျွို့စားတို့ကို တပ်ပေါင်းစေလျက် ရောက်စောက်မြို့က ခုခံတိုက်ခိုက်စေသည်။
ပြည်ဘုရင်ခံဦးဆောင်သော ဟံသာဝတီတပ်တိုက်သဖြင့်
ရောက်စောက်မြို့ပျက်စီးပြီး မိုးဗြဲစော်ဘွား၊ ရောက်စောက်မြို့စား၊ စကားမြို့စား၊ နောင်မွန်မြို့စားတို့မှာ မိုးနဲမြို့သို့ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း၏ ရှေ့ကြောင်းချီတပ်ဖြစ်သော
ပြည်ဘုရင်ခံ၏ ဟံသာဝတီမြင်းတပ်ကို မိုးနဲစော်ဘွား၏တပ်သည် တောင်ကြားလမ်းမှ ဖြတ်၍ တိုက်ခိုက်ရာ ဟံသာဝတီမြင်းတပ်သည် ထိခိုက်ကျဆုံးမှုများနှင့် ပြန်ဆုတ်ခွာရသည်။
ပြည်ဘုရင်ခံသည် မိုးနဲစော်ဘွား၏တပ်ကို ဆင်တပ်၈တပ်ဖြင့် အပြင်းအထန်တိုက်ခိုက်ရာ မိုးနဲစော်ဘွားတပ်ပျက်၍ မိုးနဲမြို့အတွင်းသို့ ဆုတ်ခွာရသည်။
ဘုရင့်နောင်မင်း၏တပ်မကြီးသည် မိုးနဲမြို့သို့ နီးကပ်စွာ ချီတက်လာရာ မိုးနဲစော်ဘွားမှာ မခုခံဝံ့သဖြင့် မြို့တွင်းမှ ဆုတ်ခွာသွားရာ ဘုရင့်နောင်မင်းမှာ မိုးနဲမြို့ကို လွယ်ကူစွာ ဝင်ရောက်သိမ်းပိုက်သည်။
မိုးနဲစော်ဘွားသည် သားတော်မိုင်းကိုင်မြို့စားကို ဘုရင့်နောင်မင်းထံ စေလွှတ်၍ သစ္စာခံယူစေသည်။ ထို့နောက်မှ မိုးနဲစော်ဘွားသည် ဆင်၁၀စီး၊ ရွှေ၅ပိဿာ၊ ငွေခွက်၅၀တို့ကို ဘုရင့်နောင်မင်းထံ လက်ဆောင်ဆက်၍ သစ္စာခံသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအဖြစ် ပြန်၍ခန့်သည်။
စဝ်ဆိုင်လုံသား မိုင်းလုံမြို့စား မကြေနပ်။ ဘုရင့်နောင် အင်းဝသို့ ချီတက်သိမ်းပိုက်ချိန် အင်းဝသို့ဆင်း၍ ဘုရင့်နောင်ထံ သစ္စာခံ။
ဘုရင့်နောင်က မိုင်းလုံမြို့စားကို တပ်ဦးကချီတက်စေ၍ မိုးမိတ်မြို့ကိုသိမ်း။ မိုးမိတ်စော်ဘွားကို အရာကချ၍ မိုင်းလုံမြို့စားကို မိုးမိတ်စော်ဘွားအရာခန့်။
မိုးညှင်းစော်ဘွားနှင့် တူတော်ဝန်းသိုမြို့စားကို
ကိုယ်တိုင်ဖမ်းပေးမည်ဟု ဘုရင့်နောင်ထံ သစ္စာခံကြသော
မိုးညှင်းစော်ဘွား၏ယောက်ဖ ပုခန်းကြီးမြို့စားနှင့်
မိုးညှင်းစော်ဘွား၏ တူတော်အမြင့်မြို့စားတို့က
ဘုရင့်နောင်ထံ အာမခံ။
ဘုရင့်နောင်ခွင့်ပြုသဖြင့် ၄င်းတို့၂ဦး မိုးညှင်းသို့ စစ်ချီ။
အပိုင်း ၂ နဲ့ ၃ လာပါမယ်။
ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၁
သီပေါမှာ ခုံမှိုင်းကြီး(ခွန်မိန်းလုံ) နန်းတက်။
အင်းဝမင်းကို စစ်ကူခဏခဏပေး။
ခုံမှိုင်းကြီးနတ်ရွာစံတော့
သီပေါမှာ ခုံမှိုင်းငယ်(ခွန်မိန်းနွိုင့်)နန်းတက်။
အင်းဝမင်းကို စစ်ကူခဏခဏပေး။
အင်းဝကို စစ်ကူခဏခဏပေးသဖြင့်
မိုးညှင်းစော်ဘွား မကြေနပ်၍ သီပေါစော်ဘွားပိုင်
ဗန်းမော်နယ်ကို စစ်ဆင်ရေးပြု။
ဗန်းမော်နယ်ရောက် မိုးညှင်းစော်ဘွားတပ် ပြန်ဆုတ်စေရန်
မိုးညှင်း-အင်းဝနယ်စပ်ရှိ မိုးညှင်းစော်ဘွားပိုင် မြေဒူးမြို့ကို
တိုက်ခိုက်ရန် အင်းဝမင်းထံ သီပေါစော်ဘွားက အကြောင်းကြား။
အင်းဝမင်း မြေဒူးကို တိုက်ခိုက်။ မြို့စောင့် မိုးညှင်းတပ်က
သေနတ်အများနှင့်ပစ်၍ အဝေးက ဝိုင်းထား။ မိုးသည်းညတွင် မိုးညှင်းစော်ဘွားလက်အောက်ခံ ကလေးစော်ဘွား
မင်းကင်းမြို့စား တောင်တွင်းချောင်မြို့စားတို့ ဝိုင်းတိုက်သဖြင့် အင်းဝမင်း တပ်ပျက်ပြီး ပြန်ပြေးရ။
မိုးညှင်းစော်ဘွား ကနီ ဗဒုံ အမြင့် စသည့်မြို့များကို သိမ်းပြီးစစ်ကိုင်းအထိ ဆင်းသိမ်း။
မိုးညှင်းစော်ဘွား ပုခန်းကြီးမြို့ကိုသိမ်းပြီး သရက်မြို့အထိ ဆင်းတိုက်။ စကု စလင်း ဘောင်းလင်း လယ်ကိုင်း စသည့်မြို့စားများ အင်းဝဆင်းပြေးကြ။
ပြည်မြို့စား မိုးညှင်းစော်ဘွားထံ သစ္စာခံ။ ပြည်မြို့စားနှင့်ပေါင်း၍ မိုးညှင်းစော်ဘွား အင်းဝကိုသိမ်း။ အင်းဝမင်းထံ
သီပေါစော်ဘွားခုံမှိုင်းငယ် စစ်ကူဆင်း။ အင်းဝမြို့အသိမ်းခံရ၍ အင်းဝမင်းနှင့် သီပေါစော်ဘွားခုံမှိုင်းငယ်
ဆင်ခေါင်းဝက်ဝင်(ပြင်ဦးလွင်အနီး)အထိ ထွက်ပြေးရ။
ပြည်မြို့စားကို အင်းဝတွင်နန်းတင်ပြီး မိုးညှင်းစော်ဘွားပြန်။
မိုးညှင်းစော်ဘွားပြန်သည်နှင့် ပြည်မြို့စားလည်း အင်းဝမှ ပြည်သို့ပြန်။
အင်းဝမင်းနှင့် သီပေါစော်ဘွားခုံမှိုင်းငယ်တို့ အင်းဝပြန်ဝင်။
ခုံမှိုင်းငယ် အင်းဝမှ သီပေါပြန်။
ကလေးစော်ဘွားက မိုးညှင်းစော်ဘွားကို ပုန်ကန်၍ အင်းဝမင်းထံ သစ္စာခံ။ ကလေးစော်ဘွားပိုင် ပန်းချီ(ဗန့်ချီ)၁၀ရွာ
(မုံရွာမြို့ အနောက်ဘက်ကမ်း) ကို အင်းဝမင်း စတင်ပိုင်ဆိုင်။ အင်းဝမင်းက ကလေးစော်ဘွားကို အမြင့်မြို့စားအရာပေး။
မိုးညှင်းစော်ဘွား ဒုတိယအကြိမ် အင်းဝကိုဆင်းတိုက်။
သားသိုဟန်ဘွားနှင့် တူတော်တို့ပါခေါ်လာ။ အင်းဝကို တိုက်ခိုက်။
မိုးညှင်းစော်ဘွား၏ တပ်များက ကလေးမြို့ မင်းကင်းမြို့
ဗဒုံမြို့ ကနီမြို့ အမြင့်မြို့တို့ကို ပြန်သိမ်း။ မိုးညှင်းစော်ဘွား စစ်ကိုင်းမှ အင်းဝသို့ ကူးပြီးတိုက်။
အင်းဝမြို့ပေါက်ချိန် ဆင်စီး၍ ထွက်ပြေးသော အင်းဝမင်းအမြောက်ဆံမှန်ပြီး နတ်ရွာစံ။
မိုးညှင်းစော်ဘွားသား သိုဟန်ဘွား အင်းဝမှာ နန်းတက်။
အင်းဝကိုကူရန်ဆင်းလာသော သီပေါစော်ဘွားခုံမှိုင်းငယ် အင်းဝပျက်ကြောင်းသိလျှင် ဆင်းမလာဝံ့၍ လှည့်ပြန်။
မိုးညှင်းပြန်သော မိုးညှင်းစော်ဘွား မြေဒူးတွင် လုပ်ကြံခံရ။
မိုးညှင်းကို သားတော်အငယ် သိုဟန်ဘွား၏ညီတော်က ဆက်အုပ်ချုပ်။
သိုဟန်ဘွားကို မင်းကြီးရန်နောင်က လုပ်ကြံ။
အင်းဝကိုအုပ်ချုပ်ရန် သီပေါစော်ဘွား ခုံမှိုင်းငယ်ကိုပင့်။
ခုံမှိုင်းငယ်က ညီစဝ်ဖပေါ် ကိုသီပေါစော်ဘွားအရာအပ်။ သားကို မိုးဗြဲစော်ဘွားအရာအပ်၍ အင်းဝသို့ဆင်း၍ မင်းလုပ်။ သားတော်ငယ်ကို စဉ့်ကူးမြို့စားအရာပေးထား။
ခုံမှိုင်းငယ် အင်းဝတွင်နတ်ရွာစံ။ သားတော် မိုးဗြဲစော်ဘွား
အင်းဝသို့ဆင်း၍ နန်းတက်။ ရှမ်းစော်ဘွားများကို အဆက်အဆံမလုပ်။
သိုဟန်ဘွား၏ညီတော် မိုးညှင်းစော်ဘွားက ခုံမှိုင်းငယ်ကို
မကြေနပ်ရင်းစွဲရှိ။ စလင်းမြို့စား စည်သူကျော်ထင်ကို လက်နက်လူသူထောက်ပံ့၍ စစ်ကိုင်းတွင် မင်းပြိုင်အုပ်ချုပ်ခိုင်း။ နောက် မိုးညှင်းစော်ဘွားကူ၍ အင်းဝကိုတိုက်ခိုက်။
ရှမ်းစော်ဘွားများ စစ်ကူမလာသောကြောင့် အင်းဝမင်းဖြစ်သောမိုးဗြဲစော်ဘွား ဘုရင့်နောင်ထံ ပြေးဝင်ခိုလှုံ။ အင်းဝကို စည်သူကျော်ထင် အုပ်ချုပ်။
ဘုရင့်နောင်နှင့် သားတော်ညီတော်များတိုက်၍ အင်းဝပျက်။
အင်းဝမင်း စည်သူကျော်ထင် ဟံသာဝတီသို့ပါတော်မူ။
အင်းဝမင်းထံ စစ်ကူဆင်းလာသော မိုးညှင်းစော်ဘွား မိုးကောင်းစော်ဘွား ကလေးစော်ဘွားတို့ကို ဘုရင့်နောင်၏တပ်က မြေဒူးမြို့တွင် တိုက်ခိုက်။
စော်ဘွားတို့ တပ်ဆုတ်၍ ပြန်။
မိုးညှင်းစော်ဘွားယောက်ဖ မြေဒူးမြို့စားမှာ ဘုရင့်နောင်ထံ သစ္စာခံ။ ဘုရင့်နောင်က ပုခန်းကြီးမြို့စားအရာပေး။
မိုးညှင်းစော်ဘွား၏တူ စည်ပုတ္တရာမြို့စား ဘုရင့်နောင်ထံ သစ္စာခံ။ ဘုရင့်နောင်က အမြင့်မြို့စား အရာပေး။
စဉ့်ကူးမြို့ အသိမ်းခံရသဖြင့် အင်းဝမင်းဟောင်းခုံမှိုင်းငယ်၏သား စဉ့်ကူးမြို့စား သီပေါပြန်ပြေး။
စဉ့်ကူးမြို့စားကို ဦလေးဖြစ်သူ သီပေါစော်ဘွား စဝ်ဖပေါ်
(အင်းဝမင်းဟောင်း ခုံမှိုင်းငယ်၏ ညီတော်)က မိုးနဲနယ်တွင် စော်ဘွားဆက်ပြတ်စဉ် မိုးနဲနယ်ကို စော်ဘွားအရာဖြင့် အုပ်ချုပ်ခိုင်း။
သီပေါတွင် စဝ်ဖပေါ် နတ်ရွာစံ။ ညီတော်စဝ်ဆိုင်လုံက သီပေါတွင်နန်းတက်။ မိုးနဲတွင်စော်ဘွားအဖြစ်အုပ်ချုပ်နေသော စဉ့်ကူးမြို့စားဟောင်းက မကြေနပ်သဖြင့် သီပေါကိုဝင်တိုက်။
သီပေါမြို့အသိမ်းခံရ၍ သီပေါစော်ဘွား စဝ်ဆိုင်လုံ နတ်ရွာစံ။ မိုးနဲစော်ဘွားဖြစ်သည့် စဉ့်ကူးမြိုစားဟောင်းက
သီပေါတွင် နန်းတက်။
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
