တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish7 667
Obunachilar
Ma'lumot yo'q24 soatlar
-327 kun
-11830 kun
Postlar arxiv
ပအို၀် ပြည်သူ့စစ် PNA တဦး ၏ ရင်တွင်း စကားသံ,,
တပ်မတော်ကို တခု ပြောချင်တာ ရှိပါတယ်။
ရှမ်းတောင် မှာ ၀ တွေ ၀င်လာတာ ဘာမှ မလုပ်ဘူးလား,,
ရပ်စောက် ကျောက်ဂူမှာ ရှမ်း ၀တ်စုံနဲ့ ဓနု နဲ့ပေါင်းပြီး တပ်မတော်ကို တိုက်နေကြတာပါ။
ကျနော်တို့ နယ်မြေထဲ ၀င်လာရင်တော့,,
ပြောထားပြီး သားပါ၊
သူသေ ကိုယ်သေ ချမှာပါ၊ ကျနော်တို့ ပအို၀်က ဘယ်အစိုးရ တက်တက် လက်တွဲ နေမှာ ပါဘဲ,,
လက်ရှိ Pnla ကတော့ အရမ်းကြောက်နေပြီ
ကျနော်တို့ တက်လာတာနဲ့ ဆုတ်တော့တာဘဲ၊
ရပ်စောက်မှာ တပ်က ဓနု အဖွဲ့ကို တားနိုင်ရင်၊
ဒီဘက်ကို ပူစရာ မလိုပါဘူး,,
PNLA နဲ့ KNDF ကို ကျနော်တို့ တာ၀န်ထားပါ
ပင်းတယ နဲ့ ရွာငံ စစ်မီး မကူးဖို့ တပ်မတော်က တားထားဖို့ ပါဘဲ,,
တောင်ကြီး မြို့ကို ကာကွယ်ဖို့က၊
တပ်မတော်နဲ့ ကျနော်တို့ PNO မှာ တာ၀န် ရှိပါတယ်၊
ကျနော် ပြောမယ် ကျနော်တို့ ပအို၀်နဲ့ ဗမာက လူမျိုး မချစ်တတ်ကြဘူး အခု ဆီဆိုင်နဲ့ အညာကို ကြည့်ဗျာ၊ သူများ အသုံးချ ခံနေရမှန်း မသိတဲ့ လူငယ်တွေ
#SittNwayOo
https://t.me/privatephoehtaung
Repost from Thae Thae🇲🇲🇲🇲🇲🇲
ဒီအဖွဲ့ကို ဒေသနေ မွတ်စလင်တွေက
ကိုယ်စားမပြုသလို အားပေးထောက်
ခံမှုလည်း မလုပ်ဘူး။
ဒီ RSO ဆိုတဲ့ အဖွဲ့ဟာ ၁၉၈၀ ကတည်း
က ဘဂ်လားဒေရှ့်နိုင်ငံစစ်တကောင်းဒေ
သမှာ အခြေချပြီး ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။
ဒီအဖွဲ့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်ရေး
နဲ့ လူကုန်ကူးမှုး ၊ လက်ရှိ ဒုက္ခသည်စခန်း
တွေမှာ ဓါးပြ ၊ ပြန်ပြေးဆွဲမှု စတဲ့ လုပ်
ငန်းတွေ လုပ်နေတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ထိ အထူးသဖြင့် အကြမ်းဖက်
AA အထက်ပါ လုပ်ငန်းတွေ ပူးပေါင်းပြီး
လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ AA
နဲ့ သဘောထားကွဲလွှဲမှု ဖြစ်လာပြီး တင်း
မာမှုတွေ ဖြစ်ခဲ့တယ်။
အဲ့တော့ ဒေသနေ မွတ်စလင်တွေ ကိုယ်
စားမပြုတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရခိုင်အရေးနဲ့
ပတ်သက်ပြီး BBC က အဆိုပါ အဖွဲ့နဲ့
အင်တာဗျူး လုပ်နေတာ ဘာသဘော
လည်းတော့ မသိဘူး။
အဆိုပါ အင်တာဗျူးနဲ့ ပတ်သက်ပြီး
မွတ်စလင်ခေါင်းဆောင်ပိုင်းတွေက
လည်း BBC ကို မေးခွန်း ထုတ်လာ
တာ ရှိတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းက
ဗမာ တိုင်းရင်းသားတစ်ချို့တွေက
လည်း ဝေဖန်မှုးတွေ လုပ်နေတာလဲ
တွေ့ရတယ်။
ရခိုင်နဲ့ ပတ်သက်ပြီး မွတ်စလင်တွေ
ကို ဝေဖန်ချင်တယ်ဆိုလို့ ရှိရင် မြေပြင်
အခြေအနေကို သေချာ စုံစမ်းပြီးမှ ဝေ
ဖန်ကြပါလို့ ပြောလို ချင်ပါတယ်။
@ThetNaingTun124
Repost from Ma Mi Mi
+1
သိပ့်သိတာပေါ့
စကခ ၂ လက်အောက်ခံ
၂၈၇ တပ်ရင်းကအောက်ခြေစစ်သည်တစ်ဦးပါ
၂၀၂၃က ဖိုင် အဲ့လို ပုံတူ သူ၂ကြိမ်လုပ်ခဲ့တယ် အဲ့ဖိုင်ကို ရိုက်ထားတာလည်း မိမိဘက်ကမဟုတ် ကရင်နီတွေက အံ့သြပြီးလေးစားလို့ရိုက်ထားတာ ဒေါညေးခူ ထဲ စက ထိုးတော့ ရန်သူ ပတ်လည်ဝိုင်းထားခံရတဲ့ အချိန် အစားနဲ့ရေ ပြတ်လပ်နေတဲ့အချိန် သေမထူး နေမထူး ဖြစ်နေချိန် သူလည်းဒဏ်ရာရထားတယ်
သူတို့ စက အဖွဲ့တွေကို အမွှေစိန်ကိုယ်တိုင် အထက်ကို တင်ပြပြီး အသင့်စားဖို့
ပေါင်မုန့်နဲ့ သောက်ရေ ဝေဟင်ကောင်နဲ့
ချပေးဖို့ အကြံပြု တင်ပြခဲ့တာပါ
ဒီ post ကို ဖတ်မိရင် စစ်သည်တွေ ပေါင်မုန့်နဲ့ရေ အဟာရ အဖြစ်စားသောက်ခဲ့ရတဲ့
သူတွေ သိမှာပါ
အဲ့ ချိန်က ဒေါညေးခူ နဲ့ ဒေါတမ ကြီးဂွင်မှာ မိမိ ဘက်က သောက်လောက်လဲ
တပ်ရင်းလိုက် အဖြုတ်ခံရတဲ့ အချိန်ပေါ့
ပထမ တစ်ကြောမှာ သူတို့ ကို ကယ်ထုတ်နိုင်ခဲ့တယ် ဒုတိယတကြောမှာ သူ ကျသွားခဲ့ရတယ် စိတ်လည်းမကောင်းဖြစ်ရသလို လေးစားဂုဏ်ယူမိတယ် ဒီနေ့ ချိန်ထိလည်း သူ့မိခင်တပ်ရင်းက ကျန်ရှိ စစ်သည်တွေ သူ့ကို အမှတ်ရ ပြောနေကြတုန်းပါဘဲ
တပ်မတော်မှာ လူသာသေသွားပေမဲ့
အမည် မသေဘူးဆိုတဲ့ စစ်သားစိတ်ရှိတဲ့
စစ်သည် စစ်စစ်တွေပေါ့
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/+zwYKvcWlC605Mjk1
နစက ခေါင်းဆောင်တွေ အနေနဲ့
ကရင် ကျားဖြန့်တွေနဲ့ ဆက်နွယ်နေတဲ့ အကျိုးစီးပွားတွေကို မက်ပြီး BGF ခေါင်းဆောင်တွေ၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့တွေ၊ ရတခ လောက်ကောင် အရာရှိတွေကို အရေးမယူပဲ အကာအကွယ်ဆက်ပေးထားမလား။
ကရင်ပြည်နယ်ကြီးနဲ့ ကရင်က တပ်တွေ၊ ပြည်သူတွေကို ထိုးကျွေးမလား။
နှစ်ခုထဲက တစ်ခု ပြတ်ပြတ်သားသားရွေးရမဲ့ အချိန်ရောက်နေပါပြီ။
လောက်ကိုင်တုန်းက တရုတ်တောင်းဆိုပေမဲ့ မလုပ်ခဲ့တဲ့အတွက် တစ်ခါခံရပြီးပါပြီ။ အကျိုးဆက်က လက်ရှိအမြင်ပါပဲ။ တစ်ခါခံရရင် အလစ်အငိုက်လို့ ဖြည့်တွေးပေးလို့ရပေမဲ့ နှစ်ခါခံရရင် ညံ့တာပါ။
အခြေအနေက ရှောင်ရှားလို့ ရတဲ့အခြေအနေပါ။ မပြတ်သားလို့ ကရင်ပြည်နယ် ရန်သူ့လက်အောက်ရောက်ခဲ့ရင် သမိုင်းတရားခံက နစက ပါ။
ဖိုးထောင်
https://t.me/privatephoehtaung
Repost from ဖုံးကွယ်မှုမရှိသောသတင်းမှန်များ
မြဝတီက ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံဖြတ်ကျော်နှိမ်နင်းဖို့ တရုတ်က ထိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးနေချိန်မှာ ဦးစောချစ်သူက တရုတ်လုပ်ငန်းရှင်တွေကို မြဝတီမှာတရား မဝင်လုပ်ငန်းတွေ မလုပ်ကြဖို့ပြောဆိုတဲ့စကားဟာ ဘာအဓိပ္ပါယ်မှမရှိတဲ့ပြောဆိုချက်ဖြစ်ပါတယ်။ရွှေကုက္ကိုလ်မြို့သစ်က တရုတ်ကျားဖြန့်လုပ်ငန်းတွေဆီက တလကို သိန်းသောင်းချီရနေတဲ့ စောချစ်သူရဲ့ BGFအဖွဲ့ဟာ အင်အား၂၀၀၀ ဝန်းကျင်ရှိပါတယ်။
တရုတ်က နိုင်ငံတကာရဲတပ်ဖွဲထံမှာဖမ်းဝရမ်းထုတ်ခဲ့တဲ့ကျားဖြန့်ခေါင်းဆောင် ရှယ်ကျစ်ကျန်းကို ထိုင်းရဲတပ်ဖွဲ့က၂၀၂၂ခုနှစ်မှာ ထိုင်းနိုင်ငံထဲမှာဖမ်းဆီးခဲ့သော်လည်း ရှယ်ကျစ်ကျန်း က သူကိုတရုတ်ကိုလွဲပေးလိုက်ရင်တရုတ်က သေဒဏ်ပေးမှာဆိုပြီးထုတ်ဖော်ပြောဆိုခဲ့လို့ အခုအချိန်ထိ တရုတ်ဆီကို မလွဲပြောင်းသေးတာသိရှိရပါတယ်။အခုဆိုကျားဖြန့်လုပ်ငန်းတွေကို ရှယ်ကျစ်ကျန်းရဲ့မျိုးဆက်တွေကဆက်လက်ဦးစီးလုပ်ဆောင်လျက်ရှိပါတယ်။
တချိန်ကတရုတ်အစိုးရရဲ့ သူလျိုအဖြစ်နဲ့ လုပ်ကိုင်ခဲ့သော်လည်း ရှယ်ကျစ်ကျန်းရဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံကိုထိခိုက်လာချိန်မှာ တရုတ်အစိုးရကရှယ်ကျစ်ကျန်းကိုဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘဒီးယား၊လာအိုစတဲ့နိုင်ငံတွေမှာလည်းရှယ်ကျစ်ကျန်းကလုပ်ငန်းတွေလုပ်ခဲ့ဖူးသလိုအဲဒီနိုင်ငံတွေမှာ သူဟာအလှူ
အတန်းရက်ရောလို့ အဲဒီနိုင်ငံတွေဂုဏ်ထူးဆောင်ဆု တွေရရှိခဲ့ဖူးသူဖြစ်ပါတယ်။မြန်မာနိုင်ငံကိုလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကရောက်ရှိနေခဲ့တာကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇင်းဘီးလူး၊ ဦးစောချစ်သူ၊ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးမောင်စိုးတိုနဲ့တွဲရိုက်ခဲ့တဲ့ဓါတ်ပုံတွေကိုကြည့်ရင်သိန်ုင်ပါတယ်။
အခုဆို မြန်မာပြည်ထဲမှာ နစက အစိုးရကတာဝန်ယူရှင်းလင်းပေးမှုမရှိတဲ့ကျားဖြန့်ကို တရုတ်ကသူ့နည်းသူဟန်နဲ့ နှိမ်နင်းခဲ့တာကိုရှမ်းမြောက်မှာ မြင်တွေ့ခဲ့ရသလို တရုတ်နယ်စပ်နဲ့အလှမ်းဝေးတဲ့ ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်တွေကို ထိုင်းစစ်တပ်၊KNU ၊KTLA၊တို့နဲ့အတူ တရုတ်က ရှမ်းမြောက်မှာကိုးကန့်တပ်နောက်ကွယ်ကပါဝင်တိုက်ခိုက်စေခဲ့တဲ့ တရုတ်နည်းပညာတပ်ဖွဲ့၊ဒရုန်းတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးအဖွဲ့တွေဟာ ကျားဖြန်စစ်ဆင်ရေးအတွက်ခေါင်းချင်းဆိုင်နေပြီဆိုတာ မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေသိဖို့ သတင်းစကားပါးလိုက်ပါတယ်။
Repost from ဖုံးကွယ်မှုမရှိသောသတင်းမှန်များ
+3
ကျားဖြန့်ခေါင်းဆောင်ကြီး
ရှယ်ကျစ်ကျန်း၏မှတ်တမ်းပုံတချို
Repost from Tha Din Ga Bar🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
လားရှိုး ကိုးကန့် MNDAA တွေကိုင်ထားတဲ့ ကညန မှာအခွန်ဆောင် သက်တမ်းတိုးဖို့ တန်းစီနေကြတာတဲ့ ဘိုးတော်ကြီးက ဒီလိုဘဲ ရှမ်းမြောက်မြို့တော်ကိုပေးလိုက်တော့မှာလား ကိုယ့်မြို့ကိုယ့်ရွာမှာနေခြင်တဲ့ ပြည်သူတွေမှာအပစ်မရှိပါဘူး သူပုန်ကို သူပုန်လိုမကျင့်ကြံတဲ့အစိုးရမှာသာအပစ်ရှိတာပါ ဗုံးကြဲရင်လဲ ထိရောက်တဲ့ ဌာနချုပ်ကိုကြဲပါ စစ်သားဆိုရင် စစ်သားစိတ်နဲ့ ပြောရင်ပြတ်ပြတ် လုပ်ရင်ပြတ်ပြတ် အရှင်းလုပ်ပါ..
👵🏻 ; ကျွန်မ အမျိုးသားက စစ်မှုထမ်းဟောင်း၊ သက်ပြည့် ပင်စင်နဲ့ အငြိမ်းစား ယူထားတာ ဆရာ...
ကျွန်မမှာ သားနှစ်ယောက် ရှိတယ်၊ သားအကြီးက လက်ရှိ တပ်မတော်မှာ တာဝန် ထမ်းဆောင်နေတယ်...
အဲတာ သားအငယ်ကိုလည်း စစ်မှုထမ်းစာရင်းမှာပါတယ် ဆိုပြီး လစဉ် ပိုက်ဆံထည့်နေရပါတယ်...
အဲ့ဒီ သားအငယ် အတွက်ရော ကင်းလွတ်ခွင့် မရနိုင်ဘူးလားဟင်???
-----------------------------------------
👨🏼⚕️; ကျနော် ဖတ်မိသလောက်တော့ မိဘ စစ်မှုထမ်းက #ကျဆုံးမှ သားသမီးက ကင်းလွတ်ခွင့် ရတာဗျ...
မိဘ စစ်မှုထမ်း၊ အကို စစ်မှုထမ်းမို့ သားအငယ် ကင်းလွတ်ခွင့် ရတယ်လို့တော့ မတွေ့မိဘူး...
-----------------------------------------
👵🏻 ; အဲ့တာဆို ဘယ်လိုလုပ်ရမလဲ ဆရာရယ်...
ကျွန်မတို့မှာ ဒီသားငယ်လေး တစ်ယောက်ပဲ ရှိတော့တာပါ 😥
-----------------------------------------
👨🏼⚕️; ဒီလို လုပ်ဗျာ...
အမကြီး သားလေးကို မင်းသား၊ သရုပ်ဆောင် ဖြစ်ဖြစ်၊ အဆိုတော် ဖြစ်ဖြစ်၊ ဆယ်လီဖြစ်ဖြစ်...
တစ်ခုခု ဖြစ်အောင် လုပ်ခိုင်းဗျာ...
အနုပညာလိုင်းထဲ ဘယ်နေရာဖြစ်ဖြစ် ရအောင်သာ ထည့်ပစ်...
ဒီနိုင်ငံမှာ အဲ့ဟာတွေကတော့ စစ်မှုထမ်း ကင်းလွတ်ခွင့် ရထားတယ် ထင်တယ်...
ခုချိန်ထိ တစ်ယောက်မှတော့ စစ်မှုထမ်းတာ မတွေ့ရသေးဘူး...
အဲ့လိုလေးသာ လုပ်ကြည့်ဗျာ...
-----------------------------------------
အ ကြံ ကောင်း လေး ပေး လိုက် ပါ တယ်... 😌
စစ်သတင်း
https://t.me/privatephoehtaung
Repost from SittNweOo
ဧရာ၀တီ တိုင်း ရွှေသောင်ယံ
အနီးမှာ AA နဲ့ တပ်တို့ကြား တိုက်ပွဲ
ဖြစ်နေပါတယ်။
AA ကို တပ်က အစွမ်းကုန် ချေမှုန်းနေ၍၊
AA ဘက်က စစ်ကူ ဆက်တိုက် ပို့နေရတဲ့ အထိ အသေပျောက် များနေခဲ့ပါတယ်။
မကြာသေးခင်က၊
ရေးခဲ့ဖူးပါတယ်၊ AA က တပ်မတော်ရဲ့ ထိုးစစ်ကို ဟန့်တား နိုင်ရန် အတွက်၊ ဟန်ပြ တိုက်ပွဲ ဖော်ဆောင်ခြင်း ဖြစ်ပါတယ်၊ ဧရာ၀တီ တိုင်းကို တိုက်ရလောက်သည် အထိ AA အင်အား အလုံးလောက် မရှိတော့ပါဘူး။
ဒီပွဲက အဆုံးဖြတ်ပေးပါလိမ့်မယ်၊ AA ရှုံးရင် သိမ်းထားတဲ့ မြို့တွေကို ထား၍ တောထဲ ပြန်ပြေးရမှာပါ။
https://t.me/boost/Sittnweoo
ဘောမိချောင်း ဘေးပတ်ဝန်းကျင် ဘောမိဒေသတွင် အထိနာပုန်းအောင်းနေသော အေအေသူပုန်များအား လေကြောင်း ကြည်းကြောင်းမှ အပြင်း အထန် သမနေပါကြောင်း။
ပန်းချစ်သူ
https://t.me/privatephoehtaung
အမည်မပြောလဲသိမယ့်သူခိုး
အမျိုးသမီးတစ်ဦးသည် ခိုးရာဝှက်ရာတွင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ကြောင်း၊မည်သူမျှ မရိပ်မိနိုင်အောင် ပိရိလွန်းကြောင်း အမေရီးကားရှိ စတိုးဆိုင်တစ်ခုရှေ့တွင် လမ်းသွားလမ်းလာများကို စိတ်အနှောက်အယှက်ဖြစ်လောက်အောင် ကြွားနေသည်။
အမြင်ကပ်လာသောလူတစ်ယောက်မှ
"နင်အဲ့လောက်အခိုးကျွမ်းရင် နင့်အနောက်က စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုလောက် အခုပဲ ခိုးလာပြစမ်းဟာ"
ထိုအခါ အမျိုးသမီးသည် စိန်ခေါ်မှုကိုလက်ခံသည့်အနေဖြင့် စတိုးဆိုင်ထဲဝင်သွားလေသည်။ ခဏကြာသောအခါ မရမ်းသီးထောင်းတစ်ဗူး ယူလာပြသည်။
"ဟာ.....နင် ပိပိရိရိနဲ့ အခိုးတော်တယ် ဆိုတာတော့ ငါလက်ခံသွားပါပြီ။ ဒါပေမဲ့ ငါဝန်ခံစရာရှိတယ်။ ငါက ဒီနယ်ကရဲတစ်ယောက်ပဲ။ အခု နင့်ကိုခိုးမှုနဲ့ဖမ်းမယ်။"
"ဒါဆိုကျမလည်း ဝန်ခံစရာရှိတယ်။ ကျမက ဒီစတိုးဆိုင်ရဲ့ ပိုင်ရှင်ပဲ"
စိန်မှန်
Repost from နေပြည်တော်✍
ကလေး
ကလေးမြို့နယ်တစ်နေရာတွင်ဂျက်ဖိုက်တာ၃စီးဖြင့်မနက်(7:10AM)အချိန်လေကြောင်းတိုက်ခိုက်သုတ်သင်ထားသလို၁၂၂နဲ့လိုက်လံထုထားကြောင်းသိရပါသည်။
ထိခိုက်သေကြေတိုပြတ်ဖွါတွေအတည်ပြုနေဆဲ။
https://t.me/kkm2967097
ဆီကုန်သည်ကြီးများလိပ်ပြာလုံလား
=======================
မူဆယ်မြို့မှာ စက်သုံးဆီတစ်လီတာ ၁၀၀၀၀ကျပ်။ သူပုန်တွေရှိတဲ့ လားရှိုးမှာ တစ်လီတာ ၇၆၀၀ကျပ်။ မူဆယ်ထက်တောင်လားရှိူးကဆီစျေးသက်သာနေတယ်။
ဘာဖြစ်လို့ဒီလိုဖြစ်သလဲ? ရှင်းရှင်းလေးပဲလေ ယဉ်ယဉ်ကျေးကျေးပြောရရင် ဆီမှောင်ခိုကူးလို့ရနေလို့။ ရိုင်းရိုင်းပြောရရင် ဆီခိုးပို့လို့ရနေလို့ပေါ့ဗျာ။
လုပ်နည်းကရှင်းရှင်းလေးပဲလေ ကန့်သတ်ထားတဲ့ ဒေသ ဆီပို့ရင် ပို့တဲ့လုပ်ငန်းရှင်ရဲ့လုပ်ငန်း အကုန်ပြည်သူပိုင်သိမ်း ထောင်နှစ်ရှည်ချပလိုက်။ သူပုန်ကို ရန်ငါပြတ်မှ သူပုန်မျိုးတုံးမှာပါ။
ဝါစိမ်းနီ
Repost from D.I Thameedaw 🇲🇲
ကကထုတ် ညွှန်ကြားရေးမှုး
အဘအား လိပ်မှုပါတယ်။
စက်ရုံမှုး ဗဟမ ရင်းမှုး အဆင့်ဆင့်ကနေ တပ်ရေးဗက စီမံရေး စစ်ဆေးရေး ထုတ်လုပ်ရေး အထိ ဆင်းကြည့်ပေးပါ အဘရှင်
ဖွဲ့စည်းပုံအင်အား ပြောင်းလဲလို့မရပါဘူး ဖဲ့ထုတ်လို့လည်းမရမယ့်အပြင် ပိုတောင် တိုးချထားသင့်ပါတယ်
ရိက္ခာမပြတ်အောင်လည်း ကရုစိုက်ပေးပါရှင် လစာကနောက်ကျတယ်လို့ကြားထားပေမယ့် အဆင်ပြေချိန်ပြန်ရတာမို့ Complain မတက်လိုပါ။
ရိက္ခာပြတ်တောက်ကြာမြင့်အောင်စီမံသူများ နှင့် ရဲဘော်ရဲဘက်ချင်း သစ္စာမရှိသောသူများအား စိစစ်ဖော်ထုတ် အရေးယူပေးပါ။
တိုင်စာရောက်လျှင် အရေးတယူ စစ်ဆေးပေးပါရှင်
ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်ပါတယ်။
တပ်မတော်ရဲ့အသက်သွေးကြောသဖွယ် တပ်ဖွဲ့အား ဂုဏ်သိက္ခာရှိ ပညာသည် တပ်ဖွဲ့အဖြစ် နောင်အစဉ်အဆက်အထိ ထိမ်းသိမ်းသွားစေချင်ပါတယ်။
DI Thameedaw 🇲🇲
စခန်းထဲက မထွက်တော့ ဘယ်သိမလဲ။ တပ် ၃ ခုကြားထဲတောင် သူပုန်က တက်စစ်နေပြီ။
မလုပ်မရှုပ်မပြုတ်တွေကြောင့် ရှက်ဖို့ အတော်ကောင်းပါတယ်။
ရဲရင့် စစ်သည်
တောကြီး ခေါင်ခေါင်
လျိူမြောင် နက်ရှိုင်း
ချောက်များ ဝိုင်းပါတ်
ပိုင်းပြတ် တောင်စွယ်
သွားမလွယ်လည်း
ဖယ်ရှင်း ထိုးဖေါက်
အရောက် သွား၏
ရိက္ခာ သေနတ်
ကိုယ်မယ် ကပ်လျက်
ဝိုင်းပတ် ရန်စွယ်
ချေမှုန်း အောင်ပွဲခံ
ပြည်ချစ် စစ်သား
ဇာနည် ဘွားတို့
တိုက်ပွဲ တိုင်းမှာ
အောင်ပါစေ။
ခင်ယုသစ္စာပြည်မြန်မာ🇲🇲
https://t.me/privatephoehtaung
လူကြောက်ရင်
===============
ကချင်ပြည်နယ်မှာ တိုင်းမှူး အယ်လ်ကွန်ဖန် လုပ်ကြံခံရတော့ နာမည်ကျော် ဗိုလ်ချုပ်ကျော်ဘ ရောက်လာတယ် ။
မိုးပေါ်မှာ မာဃ
ရုပ်ရှင်မှာ ရွှေဘ
စစ်တပ်မှာ ကျော်ဘ
လို့ နာမည်ကြီးတာ အလကားမဟုတ်ဖူးဗျ ။ သူလေယာဥ်ကွင်းရောက်တော့ လာကြိုတဲ့ ဒု တိုင်းမှူးကို ဘာမပြော ညာမပြော တန်းပြီး ဆွဲထိုးတယ် ။ ပြီးမှ မင်း စောက်သုံးမကျလို့ ဒီလို ဖြစ်တာဆိုပြီး ပြောတယ် ။ ဒု တိုင်းမှူးက နယ်မြေလုံခြုံရေး တာဝန်ယူရတာကိုး ။
အဲဒီနောက် သူ မှာထားတဲ့ ပွှိုင့် 5 တင်ထားတဲ့ ကားပေါ်တက်ပြီး ဗိုလ်ချုပ်အယ်လ်ကွန်ဖန်ကို ချောင်းပစ်ခဲ့တဲ့ စျေးဆိုင်တန်းဘက်သွားတယ် ။ ပွှိုင့် 5 နဲ့ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်တော့တာပဲ ။
နောက် မကြာဘူး KIA ဌာနချုပ် နားဖော့ကို ဝင်တိုက်တာပဲ ။ တပ်ရင်းမှူးတွေ ဗျူဟာမှူးတွေကို မင်းတို့ရအောင်တိုက်မလား ထွက်စာတင်မလား မေးပြီး ဆော်တာပဲ ။ တကယ်လုပ်တော့ KIA ဌာနချုပ် နားဖော့ ကျသွားပြီး အခုလက်ရှိ လိုင်ဇာထိ ထွက်ပြေးကြရတယ် ။
အဲဒီနောက် မြစ်ကြီးနား တမြို့လုံး မီးခိုးတိတ်ပဲ ။ လမ်းပေါ်တွေ့တဲ့ ကချင်လူငယ်ဆိုရင် အကုန်စစ်ဆေးတယ် ။ ဒါး တွေ့ရင်တောင် မချောင်ဘူး ကောင်းကောင်း သမတယ် ။ သေနတ်ဆိုရင်တော့ ဘုရားသခင်ဆီ တိုက်ရိုက်ပို့ပေးလိုက်သတဲ့ ။
ဒီလိုနဲ့ ၈၈ အရေးအခင်း ဖြစ်တော့ မြစ်ကြီးနားက မလှုပ်ရဲကြဘူး ကျော်ဘကြီးကို ကြောက်ကြလို့ ။ သူက ဆန္ဒပြချင် ပြကြလို့ သွေးတိုးစမ်း ပြောတော့မှ ဆန္ဒထပြရဲကြတယ် ။ ဆန္ဒပြပြီး ၃ / ၄ ရက်လောက် ကြာတော့ နေဝင် မီးငြိမ်းအမိန့် ထုတ်လိုက်တယ် ။
လမ်းကြို လမ်းကြားမကျန် စစ်သားတွေ လျှောက်သွားကြတယ် ။ မီးရောင်မြင်တဲ့အိမ် ဖုန်း ဒိုင်း နဲ့ ပစ်တာပဲ ။ ဘာမှ မမေးဘူးနော် ။ မနက်လင်းတာနဲ့ လော်စပီကာနဲ့ လိုက်ကြေညာတယ် ။
'' မနေ့ညက လမ်းတွေမှာ မိုင်းတွေ ထောင်ထားတယ် ။ ဆန္ဒထွက်ပြလို့ မိုင်းနင်းမိရင် နင်းမိသူရဲ့ မိသားစုက မိုင်းဖိုးလျှော်ရမယ် ''
တကယ်ထောင်လား မထောင်လား ဘယ်သူမှ မသိဘူး ၊ နဂို စဝင်လာကတည်းက ဘီလူးဆိုင်းတီးဝင်လာသူဆိုတော့ ကျော်ဘစကား မိုးကြိုးသွားပဲ ။ မြို့သူမြို့သားတွေ ဆန္ဒပြဖို့ အသာထား စျေးတောင် ထွက်မဝယ်ဘူးတဲ့ ။
သူ့ မိတိဆွေတွေက ဗိုလ်ချုပ် မြို့ထဲ လူရှင်းနေတယ်လို့ ပြောတော့ ...
'' ခွေးကြောက်လို့ပြေးရင် ထွက်ပြေးပြီး ခပ်လှမ်းလှမ်းကနေ နောက်ကို တချက်တော့ ပြန်လှည့်ကြည့်တတ်သေးတယ်ဗျ ၊ လူကတော့ ကြောက်လို့ ပြေးရင် နောက်ကို တချက်မှ ပြန်မကြည့်ရဲအောင် ကြောက်တတ်တဲ့ သဘာဝရှိတယ် ဒါကို သိရင် ငြိမ်ဝပ်ပိပြားရေးအတွက် အုပ်ချုပ်ရ လွယ်ပါတယ် '' တဲ့ ဗျာ ။
တခေတ်တခါက အဘတွေ အကြောင်း ကြားရတာ အတုခိုးစရာ အားကျစရာ လေးစားစရာတွေ အများသားဗျ ။
ကိုရွှေမျိုးဝင်း
https://t.me/privatephoehtaung
အမျိုးတွေ
မဂ်လာပါ။
ထူးဆန်းတာလေး
သုံးသပ်မိ။
မနေ့က
ဗခက မောင်မောင်အေး
ဟုမ္မလင်း ဘက်သွားတော့
ဒုဗခက စိုးတင့် ပါ လိုက်ပါ
တာတွေ့ရ။
လားရှိူး ကျ တုံးက
ကိုးကန့်ထံ လက်နက်ချတဲ့
စိုးတင့်
သက်ထင်စိုး
မျိုးမင်းထွေး တို့၃ ယောက်။
အပေးအယူ
ဘာတွေနဲ့ပြန်လွတ်လာလဲ?
စိုးတင့် က တဆင့်မြင့် နဲ့
စစ်ရုံး ဒုဗခက။
သက်ထင်စိုးတော့
ဘယ်ရောက် မကြားမိ။
မျိုးမင်းထွေး က
ခု တဆင့်မြင့်နဲ့
မုံရွာတိုင်းမှူး။
(သူရောက်မှ မုံရွာ
စစ်ကိုင်း pdf အကြမ်းဖက်
တွေ အတော်အထိနာတဲ့
ရလာပ်ကောင်းတော့
ဝမ်းသာစရာပါ။)
ဟို လောက်ကိုင် က
ခွက်တိုက်ပြန်လာတဲ့
မိုးကျော်သူ ထွန်းထွန်းမြင့်
တို့ ၇ ယောက် ကျ
ဘာတာဝန်မှ မပေးပဲ
ပုသိမ် ထောင်မှာ သေဒဏ်။
လက်နက်အပ် ပြန်လာတဲ့
သူတွေက သေဒဏ်။
ရန်သူထံလက်နက်ချ
အဖမ်းခံရသူ၃ယောက်က
တဆင့်မြင့်ရာထူးတွေနဲ့။
နားမလယ်မိတာ
ငါ တယောက်ထဲလားမသိ။
တရားသောစစ်
အောင်ရမည်။
Credit - ko sit
https://t.me/privatephoehtaung
မြန်မာကို လျှော့တော့မတွက်စေချင်။ ထိုင်းဝန်ကြီးချုပ်ကိုတောင် ငွေသွားလိမ်တာဟ 😂
စတာပါဗျာ။
စောချစ်သူတို့ ကျားဖြန့်အုပ်စုကို ဖြိုခွဲမဲ့ အုပ်စုမှာ တရုတ်အပြင် ထိုင်းပါ ပါလာမှာမို့လို့ အမှုတွေ ဆင်နေကြတာပါ။
နစက နှေးရင် ရောယောင်ခံရမယ်လို့ ဖိုးထောင်ကတော့ သတိပေးထားပါတယ်။
👇👇👇
https://t.me/privatephoehtaung/2510
ပြည်မြို့ဖက်မှာ လှုပ်လှုပ်အသံကြားပြီး စိတ်ပူနေကြတဲ့ပြည်သူများ
ပြည်မြို့အကြောင်း သတင်းမှန်ဖတ်ချင်ရင်တော့ ဒီချန်နယ် ၂ ခုသာ ဝင်ထားလိုက်။ မြေပြင်သတင်းမှန် သူတို့အသိဆုံး
ကိုအောင်စစ်သည် - https://t.me/aungsatthi
ပြည်သတင်းမှန် - https://t.me/pyaytruenews
https://t.me/privatephoehtaung
