တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish7 710
Obunachilar
-424 soatlar
-337 kun
-11530 kun
Postlar arxiv
ကိုယ့်အိမ်ရှေ့ကိုယ် မနက်ခင်း လမ်းလျှောက်ထွက်နေကြဆိုပြီး ပေါ့ဆလို့ မရပါဘူး။
ခွေးဝဲစားတွေ အမြဲချောင်းနေတာပါ။ အိမ်နီးချင်းတွေလဲ အပြည့်အဝ မယုံကြည်ရဲပါ။
ဂရုစိုက်ကြပါ 🙏
တပ်သားလေးဖိုးထောင်
Repost from D.I Thameedaw 🇲🇲
ဝဏ္ဏကျော်ထင်ဘွဲ့ရ တေဇအပတ်စဥ် ၅ အငြိမ်းစား သံအမတ်ကြီး ဗမခ အဘချိုထွန်းအောင်
နေအိမ်ရှေ့ကနေ လမ်းလျှောက်နေချိန် စက်ဘီး လေးစီးနဲ့ ကိုယ်
မေကိုယ်လိုးတွေ လာပစ်သွားတာ
နှမြောတယ် ခွေးဝဲစားလာကိုက်ခံရတာ
သေနတ်တွေရော ခွေးတွေရော သာသာယာယာ ဝင်လို့ထွက်လို့ရနေကြတာ တနိုင်ငံလုံး
ဖမ်းဆီးရေး က ဘယ်လိုနိုင်မှာလဲ။
နေ့တိုင်း ဖမ်းဆီးရေး လုပ်နေတာပဲ။
https://t.me/difamily007
"ပသစ"ခေါင်းပေါင်းဇော်ယုထွန်းအား
ဖမ်းစီးလိုက်ခြင်းသည်.....
ထီလာ"ပသစ"ဖွဲ့စည်းပုံပြက်ပြယ်၍
တပ်မတော်အတွက်အင်အားတစ်ရပ်
လျော့နည်းသွားစေနိုင်ကြောင်း
အထူးသတိပေးပြေားကြားလိုပါတယ်။
ထီလာရဲ့ဗီဇက ဦးဆောင်သူကို
အလေးထားတယ်ဦးဆောင်သူနောက်
ဖြောင့်ဖြောင့်လိုက်ကြတယ်၄င်းဦးဆောင်သူက
အကြောင်းအမျိုးမျိုးကြောင့်လုပ်ငန်းစဉ်များ
ရပ်နားလိုက်လျှင်အားလုံးကလည်း
အကြောင်းအမျိုးမျိုးပြ၍ ရပ်နားသွားကြတယ်၊
စာရေးသူကိုယ်တိုင်ထီလာ"မဘသ"
စတင်ဖွဲ့စည်းစဉ်မှ ဖျက်သိမ်းခံရသည်အထိ
"မဘသ"အတွင်းရေးမှုးအဖြစ်နဲ့
အမျိုးသားရေး လုပ်ငန်းစဉ်များကို
လုပ်ဆောင်ခဲ့သူဖြစ်လို့
ထီလာအကြောင်းကောင်းကောင်းသိရှိ၍
ယခုလိုပြောဆိုရေးသားခြင်းဖြစ်သည်၊
ဖြစ်စဉ်အကျဉ်းချုပ်နှင့်မေတ္တာရပ်ခံခြင်း
~~~
"ပသစ"ခေါင်ပေါင်းဇော်ယုထွန်းသည်
တပ်မတော်ထောက်ခံပွဲများ အမျိုးသားရေး
ပွဲများကိုတက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူ၊...
တပ်မတော်လေတပ်သားဟောင်းတစ်ဦး
လည်းဖြစ်..စစ်မှုထမ်းဟောင်းတစ်ဦးလည်ဖြစ်သူ၊..
တပ်မတော်မှ အာဏာထိန်းပြီးနောက်ပိုင်း
ထီလာနယ်အတွင်း အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်
သူများနှင့်PDFများကို ထီလာတပ်နယ်မှုး
အဆက်ဆက်တို့နှင့်လက်တွဲကာ
ဆယ်ငါးဦးထက်မနဲ ကိုယ်တိုင်လိုက်ပါ
ဖမ်းစီးပေးခဲ့သူ၊...
ထီလာမှာ"ပသစ"ဖွဲ့စည်းနိုင်ရန်အတွက်
စာရေးသူထံသို့ တက်ကြွစွာလာရောက်
လျှောက်ထားခဲ့သူ၊..
စာရေးသူကိုယ်တိုင်တိုင်း"ပသစ"ဌာနေရုံးအထိ
လိုက်ပါဆောင်ရွက်ပြုလုပ်ပေးခဲ့ခြင်းဖြင့်
ထီလာ"ပသစ"အဖွဲ့ကြီးကို
ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သူ၊...
၄င်းထီလာ"ပသစ"အဖွဲ့ကြီးတွင်ခေါင်းပေါင်း
အနေဖြင့်အလုပ်တကယ်လုပ်နေသူ၊...
စစ်မှုထမ်းကိစ္စနှင့်ပက်သက်၍ငွေယူ လူလွှတ်
ကိစ္စရပ်များကို ကန့်ကွက်ရှုံ့ချယုံတင်မက
အွင်လိုင်းပေါ်အထိ တင်၍ထိုသူများကို
သတိပေး တားမြစ်ခဲ့သူ၊...
ထိုကဲ့သို့သော အမျိုးချစ်နိုင်ငံချစ်တပ်မတော်
ချစ်သူကိုမှ ဖမ်းစီးအရေးယူခြင်းဟာ
မှန်ကိုကန်လို့ ကွဲသွားခြင်းလား?...
မှန်ကိုမကန်ဖို့ သတိပေးခြင်းလား?၊..
ယခုလို အမှန်တရားမြတ်နိုးသူကို ဖမ်းစီးခြင်းသည်
နစကအုပ်ချုပ်ရေးစနစ်ကို သိက္ခာကျဆင်းစေခြင်း
တစ်ဖက်ရန်သူများ ဝမ်းသာအားရ ဖြစ်စေခြင်း
မိမိတို့ဘက်မှ အင်းအားယုက်လျော့သွားစေခြင်း
တပ်မတော်ချစ်သူများမှ တပ်မတော်အပေါ်
အမြင်စောင်းလာနိုင်ခြင်း....စသည်များ
ဖြစ်သွားမည်ကို ထည့်မစဉ်းစားတက်တာလား?...
(သို့)တမင်ရည်ရွယ်လုပ်ဆောင်လိုက်တာလား?.
မေးခွန်းထုတ်ရမလို ဖြစ်နေပြီ၊
ဇာတ်တူသားစားရမှ ချိုတယ်လို့
ထင်နေကြတဲ့ သူတချို့ကို
ဗန်းမော်ရခိုင်စသည့်ရှေ့တန်းများသို့
ပို့ဆောင်လိုက်မှ ဇာတ်တူသားဆိုတာ
မစားသင့်"မစားကောင်းမှန်း ထိုသူတချို့
သိရှိနားလည်မည်ဟု ထင်ပါသည်၊..
ထီလာ တပ်မ၉၉.တပ်နယ်မှုးအဆက်ဆက်
တို့နှင့်ပူးပေါင်း၍ အကြမ်းဖက်များအား
ကိုယ်တိုင်ဖမ်းစီးပေးခဲ့ခြင်း
တပ်မတော်ထောက်ခံပွဲများအောင်မြင်အောင်
ကိုယ်တိုင်ကြိုးစား ဆောင်ရွက်ခဲ့သလို
ကိုယ်တိုင်ဟောပြောခြင်း...
အမျိုးသားရေးပွဲများ၌ တတ်ကြွစွာ
ပူးပေါင်းပါဝင်ခြင်း စသည်များကို
ယခင်ကလုပ်ခဲ့သလို ယခုလဲလုပ်နေဆဲ
ထိုသို့သောသူကိုမှ ဖမ်းစီးထိန်းသိမ်းတယ်
ဆိုတာ မဖြစ်သင့်သော ဖြစ်ရပ်တစ်ခုကို
မလုပ်သင့်ပဲ လုပ်နေသည်ဟု
ထင်မြင်ယူဆမိပါသည်၊..
ထီလာ"ပသစ"ခေါင်းပေါင်းဇော်ယုထွန်းအား
ဖမ်းစီးခြင်းကိစ္စမှာ အောက်ဖော်ပြပါ
Videoဖိုင်ကိစ္စနဲ့လည်း
ပက်သက်ယှက်နွယ်မှု ရှိနိုင်ကြောင်း
ပြည်သူအများစုကဝေဖန်
သုံးသပ်နေကြပါတယ်၊..
အထက်ပါ အကြောင်းအရာများနှင့်
ပက်သက်၍ နိုင်ငံအပေါ်သစ္စာရှိပြီး
နိုင်ငံတော်အတွက်အသက်ကိုပင်
ပဓာနမထားပဲ တာဝန်မရှိသော်လည်း
တာဝန်သိ ပြည်တစ်ယောက်အနေနဲ့
နိုင်ငံ့တာဝန်ထမ်းဆောင်နေသော
ပြည်သူကိုချစ်သော ပြည်သူ့စစ်သား
ကောင်းကြီးအား....
အထက်လူကြီးမင်းများအနေဖြင့်
မေတ္တာရှေ့ထား စာနာထောက်ထား
သောအားဖြင့်၎င်း...ထီလာ"ပသစ"ဖွဲ့စည်းပုံ
မပြက်ပြယ်ရေးနှင့်
တပ်မတော်အတွက်အင်အားတစ်ရပ်
မယုက်လျော့စေခြင်းကိုရှေ့ရှု၍သော်၎င်း..
အဖက်ဖက်မှ ငဲ့ညှာထောက်ထားကာ
ထီလာ"ပသစ"ခေါင်းပေါင်းဇော်ယုထွန်းအား
ပြန်လည်လွှတ်ပေးသင့်ကြောင်း
အထူးမေတ္တာရပ်ခံ အကြံပြု
တောင်းဆိုအပ်ပါသည်၊..
အထက်လူကြီးမင်းများအနေနဲ့
အောက်ခြေ အကျင့်ပျက်ချစားမှုများ...
အာဏာအလွဲသုံးစား ပြုလုပ်နေသူများ..
တပ်မတော်နဲ့ "ပသစ"များကို ဂုဏ်သိက္ခာ
ကျဆင်းအောင်ရည်ရွယ်လုပ်ေဆောင်
နေသူများကိုလည်း တိကျမှန်ကန်စွာ
စစ်ဆေးအရေးယူ ဆောင်ရွက်သင့်ပါကြောင်း
အသိပေး တိုက်တွန်းအပ်ပါသည်။
တောင်သာလေး
21-5-2025
တပ်သားလေးဖိုးထောင်
မိတ္ထီလာ ပသစ ကိစ္စ
ရှုပ်တော့ အတော်ရှုပ်တယ်။ ဖရဲသီးတွေတော့ အတော်များနေတာပဲ။
ပသစဖက်က မှန်နေတာသိသိနဲ့ ကိုယ့်ဖက်ကိုယ်ယက်ပြီး ပသစကို ဖိနှိပ်တဲ့သူတွေရယ်။
အထက်ကို တင်ပြရမဲ့အစား ဗီဒီယိုကို အနီမီဒီယာတွေဆီ အရင်ပို့လိုက်တဲ့ ပသစတွေရယ်။
ခွဲရမဲ့ ဖရဲသီးပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ သဘောပါပဲ။
တပ်သားလေးဖိုးထောင်
Repost from Warlens Myanmar
Mi-17 သတင်းက ပစ်ချခံရတာလား စက်ချို့ယွင်းပြီးပျက်ကျတာလားဆိုတာ တော်တော်များများမေးခွန်းထုတ်နေကြတယ်။
အမှန်တော့ တစ်ဖက်ကကြည့်ရင် ပစ်ချခံရတာလို့ပြောလို့ရသလို တစ်ဖက်ကကြည့်ရင်လည်း စက်ချို့ယွင်းတာလို့ပြောလို့ရတယ်။
Video ထဲမှာဆိုရင် တတိယမြောက် Mi-17 ရဲ့ အင်ဂျင်တစ်ဝိုက်နားမှာ Damage ထိသွားတာကိုတွေ့ရတယ်။ ပုံမှန် Mi-17 တစ်စင်းအနေနဲ့ကတော့ အဲ့လောက် Damage က ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ပျက်ကျသွားတဲ့ Mi-17 ကိုကြည့်မယ်ဆိုရင် အဲ့ Damage ကဘဲ ရဟတ်ယာဉ်ကို အဓိကပျက်ကျနိုင်တဲ့အကြောင်းပြချက်လို့ပြောလို့ရတယ်။
အဲ့တာကြောင့်ဘဲ ပစ်ချတာရော စက်ချို့ယွင်းတာရော နှစ်ခုလုံးကမှားတယ်လို့ပြောလို့မရဘူး။
တပ်က Mi-17 တွေကိုကြည့်မယ်ဆိုရင် လိုအပ်ချက်တွေ ရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ ဘာလိုအပ်ချက်တွေလဲဆိုတော့ မပြောတော့ဘူး။ လေတပ်က Pilot တွေကတော့ အသိဆုံးပေါ့။
နောက်ပြီး စစ်ဖြစ်နေတဲ့ စစ်မြေပြင်မှာ Mi-17 သုံးစင်းတစ်ပြိုက်နက်ဆင်းပြီး ဘာအစောင့် ရဟတ်ယာဉ်မှ မပါတာကို နည်းနည်းအံ့ဩမိတယ်။ မတည်ငြိမ်သေးတဲ့စစ်မြေပြင်တစ်ခုကို USလို နိုင်ငံမျိုးတောင် ရဟတ်ယာဉ်မဆင်းရဲဘူး။ အဲ့လိုဆင်းခဲ့လို့ဘဲ Black Hawk နှစ်စင်း ပျက်ချဖူးတဲ့ ဥပမာတွေရှိတယ်။
မနှစ်ကနဲ့ ယှဉ်ရင်တော့ ဒီနှစ်မှာ လေတပ်ရဲ့ ထိခိုက်မှုက တော်တော်လေး နည်းသွားတယ်လို့ ဆိုလို့ရပါတယ်။
#writtenbyausten
#TatmadawObservation
https://t.me/Tatmadawobservation
+2
ဗျူဟာမှူးမကျပါ။ ရဟတ်ယာဉ် အဖွဲ့သားများသာ ကျဆုံးပါတယ်။
ဗီဒီယိုကြည့်ရင် ရဟတ်ယာဉ် ၃ စီးလာပါတယ်။ Helicopter 1 က လွတ်ပါတယ်။
Helicopter 2 က လူအတင်အချ လုပ်နေတုန်း Helicopter 3 ရောက်လာပါတယ်။ 3 က မြေပေါ်မဆင်းခင် ပစ္စည်းများ ပစ်ချနေချိန် တိုက်ခိုက်ခံလိုက်ရပါတယ်။ ဒလက်မှာ ပေါက်ကွဲမှုတွေ့ရပါတယ်။
3 က မရပ်ပဲ ချက်ချင်းပြန်တက်သွားတဲ့ အတွက် လူမပါသွားပါဘူး။ 2 က အထိအခိုက်မရှိ ပြန်တက်သွားနိုင်ပါတယ်။ 3 က အကွာအဝေးတစ်ခုမှာ ပျက်ကျခဲ့ပါတယ်။
အဲ့ဒါကြောင့် ရန်သူထုတ်ပြန်တဲ့ ဓာတ်ပုံများအတိုင်း လေယာဉ်အဖွဲ့သားများသာ ကျဆုံးခဲ့ပါတယ်။ ဗျူဟာမှူး ကျဆုံးခြင်းမရှိပါ။
တပ်သားလေးဖိုးထောင်
Repost from တိုက်ပွဲသတင်းစုံ
မင်းခေါင်စစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်သွားမည်
ဗန်းမော်၊ မေ ၂၀ ရက်
ဗန်းမော်မြို့တွင်း ကျန်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူများကို အပြီးသတ်ရှင်းလင်းသွားရန် လေကြောင်းမှ အင်အားထပ်မံ ဖြည့်တင်းထားတဲ့ မင်းခေါင်စစ်ကြောင်းမှ စစ်ဆင်ရေးအရှိန်မြှင့်မှာ ဖြစ်လို့ KIA/AA/PDF လူငယ်များ မြေပြင်အခြေအနေမှန်ကို နားလည်ပြီး လက်နက်ချရန် လက်ကမ်းစာစောင်များ လေယာဉ်ပေါ်မှ ကျဲချဖြန့်ဝေထားကြောင်း သိရှိရသည်။
-
တိုက်ပွဲသတင်းစုံ
တစ်စီးပျက်ရင် ဆယ်စီးဝယ်မယ်။ သူပုန်ဌာနချုပ်ကို အခါ တစ်ရာ ဗုံးကြဲမယ်။
နှစ်စီးပျက်ရင် အစီး နှစ်ဆယ်ဝယ်မယ်။ အခါ သူပုန်ဌာနချုပ်ကို နှစ်ရာ ဗုံးကြဲမယ်။
အဲ့ဒီလို လုပ်နိုင်တဲ့ ခေါင်းဆောင်ပဲလိုပါတယ်။
တပ်သားလေးဖိုးထောင်
( ခ ) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်း ပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း။
( ဂ ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
( င ) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း။
တပ်သားလေးဖိုးထောင်
ပြည်သူ့စစ်မှုထမ်းတာဝန်မှ
#ကင်းလွတ်ခွင့်။
===============================
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) သာသနာ့ဝန်ထမ်းများ။
( ခ ) အိမ်ထောင်သည်အမျိုးသမီးများ ( အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။
( ဂ ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အ ဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့် လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။
( င ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ
(က) ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။
( ခ ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
( ဂ ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။
( င ) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
( စ ) နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။
(ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ။
( ဇ ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။
#လျှော့ပေါ့ခွင့်
=============
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။
( ခ ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက်တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။
( ဂ ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်။
#ရွှေ့ဆိုင်းခွင့်
==========
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅ (က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) ယာယီအားဖြင့်စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
( ခ ) နိုင်ငံ့ဝန်ထမ်းများ။
( ဂ ) ပညာသင်ကြားနေသူများ။
(ဃ) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။
( င ) မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။
( စ ) ထောင်ဒဏ်ကျခံနေသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်း ခွင့်ပြု သူများ
(က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်း ကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက် သေဆုံးသွားခြင်း။
ဂိတ်ပေါင်းစုံ အဖွဲ့ပေါင်းစုံ
ဒီငွေတွေပေးရတာ ကားသမားမဟုတ်ပါဘူး။ ဒီကားပေါ် သယ်လာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူမဲ့ ပြည်သူတွေပါ။
တိုင်းပြည်အေးချမ်း၊ အဖွဲ့ပေါင်းစုံ ကုန်မှ ကုန်ဈေးနှုန်းလဲ ကျတော့မဲ့ သဘောရှိပါတယ်။
တပ်သားလေးဖိုးထောင်
အမ်း(နပခ)စစ်ဌာနချုပ်နဲ့အမ်းမြိုသိမ်းတိုက်ပွဲတွေမှာစစ်ကိုင်းတိုင်းပကဖ ၁၅ ဦးသေဆုံးခဲ့
မေ ၁၀၊ ၂၀၂၅
ရက္ခီး AA နဲ့အတူ အမ်းမြို့သိမ်းတိုက်ပွဲမှာ သေဆုံးများကို ဒီနေ့မေ ၉ မှသာထုတ်ပြန်ထားကြပါတယ်ခမျာ။
အမ်းတိုက်ပွဲများအတွင်း ယင်းမာပင်ခရိုင်ပကဖ ၃၂ ဦးပါဝင်တိုက်ခိုက်ခဲ့ပြီးအသေ ၂ ဦးပေးခဲ့ရကာ တစ်ဦးခြေတစ်ဖက်တိုပြတ်ဆုံးရှုံးခဲ့ရပါတယ်။စစ်ကိုင်းတိုင်းပကဖ တပ်ရင်း(၁)ရင်းပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၅ ဦးသေဆုံး ၇၀ ကျော်ထိခိုက် တိုပြတ်ဖွါလန်စုတ်ချာဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်းနောက်ကျ ထုတ်ပြန်လိုက်ပါတယ်။
Truth Media
တပ်သားလေးဖိုးထောင်
+1
သူများနိုင်ငံတွေ စစ်တိုက်ပုံ
တစ်ခါထဲ ဂေါင်ကို ရှင်းပစ်လိုက်တယ်။ နယ်နိမိတ်ကျော်လဲ ကျော်ပစေ။ ကိုယ့်ဖက်က လေယာဉ်ဆုံးရှုံးရင်လဲ ဆုံးရှုံးပစေ။ အကြမ်းဖက်ရဲ့ အရင်းမြစ်ကို ချေမှုန်းပစ်လိုက်တယ်။
ရှေ့တန်းစခန်းလေးတွေ ဗုံးကြဲရုံနဲ့ အကြမ်းဖက်မှု ရပ်မသွားဘူးဆိုတာ သိနေတာ။
တပ်သားလေးဖိုးထောင်
Repost from Vijaya
သေချာကြည့်ကြည့်
တမင် သေချာမြင်ရအောင်
အနှေးကွက် ပြထားပေးတယ်
အခမ်းအနားမှာ ဘိုးတော် နဲ့ ရှီ
လက်ဆွဲ မနုတ်ဆက်ဘူး
ဘိုးတော်က လက်မကမ်းဘူး
ကျန်တဲ့သူ အကုန်လုံးနဲ့
နုတ်ဆက်တယ်
ဒဲ့ဘဲနော် လက်ကို
သိမ်းထားတာ
နိုင်ငံတကာ က
ခေါင်းဆောင်တွေ
တပုံကြီး ရှေ့မှာ
ပုပေမယ့် စွာသား 🤣
မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတွင်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
မြန်မာ့တပ်မတော်စစ်ရေးပြစစ်ကြောင်းမှ အလေးပြုနေခြင်းဖြစ်ပါတယ်။
တပ်သားလေးဖိုးထောင်
ကိုဇော်ဘုန်းဟိန်းက သတင်းသမားသက်သက် မကဘူး။ ရှေ့တန်းရောက် အောက်ခြေတပ်မတော်သားတွေကို ထိထိရောက်ရောက် ထောက်ပို့နေတဲ့သူ။ ဖိုးထောင် လေးစားတဲ့သူ။
မယုံရင် သူ့ဗီဒီယိုတွေကြည့်ပါ။ ကိုယ်တိုင် အိတ်စိုက်လုပ်နေတာ။
အခုတပ်မတော်ဖက် သတင်းသမားတွေထဲမှာ ဘယ်သူ သူ့လိုရှေ့တန်းနီးနီးကပ်ကပ်သွားပြီး ထောက်ပို့ရဲသလဲ။ သတင်းယူရဲသလဲ။ လုံခြုံတဲ့နေရာကနေ သတင်းရေးနေတဲ့သူ အများစုပါ။ ဖိုးထောင်လဲပါပါတယ်။
အရင်က ဒါမျိုး ကိုရဲမိုး လုပ်ခဲ့တယ်။ သူဆုံးပြီးနောက်ပိုင်း ကိုဇော်ဘုန်းဟိန်းပဲ မြင်မိတယ်။
လောလောဆယ် တရားရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ရှုံးတာနိုင်တာ နောက်ထား။ သူထောက်ပို့နေတဲ့ ကိစ္စတွေ အကုန်ရပ်သွားပါလိမ့်မယ်။ ရှေ့တန်းရောက် တပ်မတော်သားများ ရရှိမဲ့ ပစ္စည်းအချို့ လျော့နည်းသွားပါလိမ့်မယ်။
ဒီလိုဖြစ်အောင် အချို့ ပေါင်းကြံကြတယ်။ အချို့ အောင်ပွဲခံပျော်နေကြတယ်။
ခင်ဗျားတို့ တကယ်တပ်မတော်ချစ်ရဲ့လား သံသယဝင်မိပါတယ်။ တော်ယုံဒါမျိုး မရေးချင်ပေမဲ့ တပ်မတော်အတွက် တကယ်အားကိုးရတဲ့သူတစ်ယောက် ဒုက္ခရောက်တော့မှာ ပျော်နေကြတဲ့ စိတ်ဓာတ်ကို ရွံရှာမိလို့ ရေးပါတယ်။
ကိုဇော်ဘုန်းဟိန်းလောက် မလုပ်နိုင်ရင်တောင် ကိုဇော်ဘုန်းဟိန်း လုပ်နေတဲ့ အလုပ်တွေကို မနှောက်ယှက်သင့်ပါဘူး။
တပ်သားလေးဖိုးထောင်
မေ ၉ အောင်ပွဲနေ့ တက်ရောက်ရန် ရောက်ရှိလာသော မြန်မာ၊ဗီယက်နမ်၊ တရုတ်၊ ဆားဘီးယား၊ ဗင်နီဇွဲလား၊ ဘရာဇီးလ်၊အာမေးနီးယား၊ မွန်ဂိုလီးယား ၊ အီဂျစ်နှင့် ဘူကီနာဖာဆို အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ တောင်အမေရိကမှ ကမ္ဘာ့ခေါင်းဆောင်များကို သမ္မတပူတင်က ကရင်မလင်နန်းတော်၌ ညစာစားပွဲဖြင့် ကြိုဆို တည်ခင်းဧည့်ခံ။
ဒီခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ တပ်ချုပ်ကြီး အခွင့်အရေးကြီး ရရှိသွားပါပြီ။
တပ်သားလေးဖိုးထောင်
ပုပ်ရဟန်းမင်း အသစ်အဖြစ် အမေရိကန် နိုင်ငံသား ကာဒီနယ် Robert Prevost ကို ရွေးချယ်လိုက်ပါတယ်။
သမိုင်းမှာ ပထမဆုံး အမေရိကန်ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။
ထရမ့်တော့ ပျော်တော့မှာပဲ။
တပ်သားလေးဖိုးထောင်
ယနေ့ည ပျော်နေကြတဲ့ သူများစာရင်း။
ပျော်နေကြကြောင်း တင်ထားကြလို့ လူအများသိအောင် ပြန်တင်ပေးတာနော်။ သူတို့က အနီတွေထက် ပိုပျော်နေကြတော့ ခက်သား။
ကျန်တာတော့ စိတ်ကုန်လို့ ဖိုးထောင် မပြောချင်တော့ပါ။
ကိုအောင်မင်း
https://t.me/aung09min/2191
ကိုသက်
https://t.me/kothetjournalist9000/81609
တပ်သားလေးဖိုးထောင်
Repost from ဇော်ဘုန်းဟိန်း
ကျွန်တော့်အတွက် ဘာမှစိတ်မပူကြပါနဲ့ ကျွန်တော်အားလုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိပါတယ်
